< ယောဟန် 21 >
1 ၁ တဖန်ယေရှု သည် တိဗေရိ အိုင် နားမှာ တပည့် တော်တို့အား ကိုယ်ကိုပြ တော်မူ၏။ ပြ တော်မူသည် အကြောင်းအရာဟူမူကား၊
Later Jesus appeared again to the disciples by the Sea of Galilee. This is how it happened.
2 ၂ ရှိမုန် ပေတရု နှင့် ဒိဒုမု ဟုအမည် ရှိသော သောမ ၊ ဂါလိလဲ ပြည် ကာန မြို့သားနာသနေလ ၊ ဇေဗေဒဲ ၏ သား နှစ်ယောက်၊ အခြား သောတပည့် တော်နှစ် ယောက်တို့သည် အတူ ရှိ ကြ၏။
Simon Peter, Thomas the Twin, Nathanael of Cana in Galilee, and Zebedee's sons, and two other disciples were together.
3 ၃ ရှိမုန် ပေတရု က၊ ကျွနု်ပ်သည် ငါး ဘမ်းသွားမည် ဟုဆို လျှင်၊ ထိုသူတို့က၊ အကျွန်ုပ် တို့လည်း လိုက် မည်ဟု ပြောဆို သည်နှင့်ထွက်သွား ကြ၏။ ချက်ခြင်းလှေ ထဲသို့ ဝင် ၍ ထို ညဉ့် တွင် တစ် ကောင်ကိုမျှမရ ကြ။
“I'm going fishing,” Simon Peter said to them. “We'll come with you,” they replied. So they left and went out in the boat, but all night they caught nothing.
4 ၄ နံနက် ရောက် သောအခါ ယေရှု သည်ကမ်း နားမှာ ရပ် တော်မူ၏။ သို့ရာတွင် ယေရှု ဖြစ် တော်မူသည်ကို တပည့် တော်တို့သည် မ သိ ကြ။
When dawn came Jesus was standing on the shore, but the disciples didn't know it was him.
5 ၅ ယေရှု ကလည်း၊ ချစ်သား တို့၊ စားစရာတစုံတစ်ခု ရှိ သလော ဟု မေး တော်မူလျှင်၊ မ ရှိပါဟုပြန်ပြော ကြ၏။
Jesus called to them, “My friends, haven't you caught anything?” “No,” they replied.
6 ၆ တဖန် ယေရှုက၊ လှေ လက်ျာ ဘက် ၌ ပိုက်ကွန် ကိုပစ်ချ လော့။ ထိုသို့ပြုလျှင်ရ လိမ့်မည် ဟု မိန့် တော်မူသည်အတိုင်း၊ ထိုသူတို့သည် ပစ်ချ ၍ များစွာ သောငါး တို့ကို အုပ်မိသောကြောင့်၊ ပိုက်ကွန်ကိုဆွဲ ၍မ ရ နိုင်။
“Throw the net out on the right side of the boat, and you'll find some,” he told them. So they threw out the net, and they weren't able to haul it in because it had so many fish.
7 ၇ ထိုအခါ ယေရှု ချစ် တော်မူသောတပည့် တော်က၊ ငါတို့သခင် ပေတည်းဟု ပေတရု အားပြောဆို ၏။ သခင် ဖြစ် ကြောင်း ကို ရှိမုန် ပေတရု သည် ကြား လျှင်၊ အဝတ်ကို မ ခြုံဘဲ ရှိ လျက်အပေါ်အင်္ကျီ ကိုသာဝတ် စည်း၍ အိုင် ထဲသို့ ဆင်း လေ၏။
The disciple Jesus loved said to Peter, “It's the Lord.” When Peter heard it was the Lord, he put some clothes on since he was naked, and jumped into the sea.
8 ၈ အခြား သော တပည့် တော်တို့သည် ကမ်း နှင့်မနီးမဝေး အလံ ငါးဆယ် လောက် ကွာသည်ဖြစ်၍၊ ငါး များ နှင့်ပိုက်ကွန် ကို ဆွဲငင် လျက်လှေစီး ၍ လာကြ၏။
The other disciples followed in the boat, pulling the net full of fish, because they were not far from the shore, only about a hundred yards.
9 ၉ ကုန်း ပေါ်သို့ ရောက်သောအခါ မီးခဲ ပုံကို၎င်း ၊ ကင်ထားသောငါး ကို၎င်း ၊ မုန့် ကို၎င်းတွေ့မြင် ကြ၏။
Once they'd landed they saw a fire with fish cooking on it, and some bread.
10 ၁၀ ယေရှု ကလည်း၊ ယခု ရ သောငါး အချို့ကို ယူခဲ့ ကြ ဟုမိန့် တော်မူ၏။
Jesus told them, “Bring some of the fish you've just caught.”
11 ၁၁ ရှိမုန် ပေတရု သည် လှေပေါ်သို့တက် ၍၊ ငါး ကြီး တစ်ရာ ငါးဆယ် သုံး ကောင်နှင့် ပြည့် လျက်ရှိသော ပိုက်ကွန် ကို ကုန်း ပေါ်သို့ ဆွဲတင် လေ၏။ ထိုမျှလောက်များ သော်လည်း ပိုက်ကွန် သည် မ စုတ် မပြတ်ရှိ ၏။
Simon Peter went aboard and pulled the net full of fish ashore. There were 153 large fish, yet even so the net hadn't torn.
12 ၁၂ ယေရှု ကလည်း၊ လာ ၍နံနက်စာ ကိုစားကြလော့ ဟု မိန့် တော်မူ၏။ သခင် ဖြစ် တော်မူကြောင်း ကို တပည့် တော်တို့သည် သိ ကြသောကြောင့် ကိုယ်တော် သည် အဘယ်သူ နည်းဟူ၍တစ်စုံတစ်ယောက် မျှမမေး မလျှောက်ဝံ့ ကြ။
“Come and eat some breakfast,” Jesus said to them. None of the disciples was brave enough to ask him, “Who are you?” They knew it was the Lord.
13 ၁၃ ယေရှု သည် လာ ၍မုန့် နှင့် ငါး ကိုယူ ပြီးလျှင် သူ တို့အား ပေး တော်မူ၏။
Jesus took the bread and gave it to them and the fish as well.
14 ၁၄ ထို ပြတော်မူခြင်းကား၊ ယေရှု သည်သေ ခြင်းမှ ထမြောက် တော်မူသည်နောက်၊ တပည့် တော်တို့အား ကိုယ်ကို သုံး ကြိမ်မြောက်သော ပြ တော်မူခြင်းဖြစ်သတည်း။
This was the third time Jesus had appeared to the disciples after being raised from the dead.
15 ၁၅ နံနက်စာကို စား ကြသည်နောက် ၊ ယေရှု က၊ ယောန ၏သား ရှိမုန် ၊ ဤ သူတို့သည် ငါ့ ကို ချစ်သည်ထက် သင်သည်သာ၍ချစ် သလော ဟု ရှိမုန် ပေတရု အားမေး တော်မူလျှင်၊ ဟုတ် ပါ၏သခင် ။ ကိုယ်တော် ကို အကျွန်ုပ်ချစ် သည်ကို ကိုယ်တော် သိ တော်မူ၏ဟု လျှောက် သော်၊ ငါ ၏သိုးသူငယ် တို့ကို ကျွေးမွေး လော့ ဟု မိန့် တော်မူ၏။
After breakfast, Jesus asked Simon Peter, “Simon, son of John, do you love me more than these?” “Yes, Lord,” he replied, “you know I love you.”
16 ၁၆ တစ်ဖန် ယေရှုက၊ ယောန ၏သားရှိမုန် ၊ သင်သည် ငါ့ ကိုချစ် သလော ဟု ဒုတိယ အကြိမ်မေး တော်မူလျှင်၊ ဟုတ် ပါ၏သခင် ။ ကိုယ်တော် ကို အကျွန်ုပ်ချစ် သည်ကို ကိုယ်တော် သိ တော်မူ၏ဟုလျှောက် သော်၊ ငါ ၏ သိုး တို့ကို ထိန်း လော့ ဟုမိန့် တော်မူ၏။
“Take care of my lambs,” Jesus told him. “Simon, son of John, do you love me?” he asked for the second time. “Yes, Lord,” he answered, “you know I love you.”
17 ၁၇ ယေရှုကလည်း၊ ယောန ၏သားရှိမုန် ၊ သင်သည် ငါ့ ကိုချစ် သလော ဟု တတိယ အကြိမ်မေး တော်မူလျှင်၊ သင်သည်ငါ့ ကိုချစ် သလောဟု သုံး ကြိမ်မြောက်အောင် မေး တော်မူသောကြောင့် ပေတရု သည်စိတ်နာ သဖြင့်၊ သခင် ၊ ကိုယ်တော် သည်ခပ်သိမ်း သောအရာတို့ကိုသိ တော်မူ၏။ ကိုယ်တော် ကို အကျွန်ုပ်ချစ် သည်ကို ကိုယ်တော် သိ တော်မူ၏ဟု လျှောက် သော်၊ ယေရှု က၊ ငါ ၏သိုး တို့ကို ကျွေးမွေး လော့။
“Look after my sheep,” Jesus said to him. “Simon, son of John, do you love me?” he asked a third time. Peter was saddened that Jesus had asked him for the third time if he loved him. “Lord, you know everything. You know I love you,” Peter told him. “Take care of my sheep,” said Jesus.
18 ၁၈ ငါအမှန်အကန် ဆို သည်ကား၊ သင်သည်ပျို သော အသက်ရှိ စဉ်ကိုယ်ကိုကိုယ် ပတ်စည်း ၍ အလိုရှိ ရာအရပ် သို့ သွားလာ တတ်၏။ သင်သည် အို သောအခါ လက် နှစ်ဘက်ကိုဆန့် ပြီးလျှင်၊ သူတစ်ပါး သည် သင့် ကို ပတ်စည်း ၍ သင်အလို မ ရှိရာအရပ် သို့ ယူသွား လိမ့်မည် ဟု မိန့် တော်မူ၏။
“I tell you the truth,” said Jesus, “when you were young, you dressed yourself and went wherever you wanted. But when you're old, you'll hold out your hands and someone will dress you and take you where you don't want to go.”
19 ၁၉ ထိုသို့ မိန့် တော်မူသော်၊ အဘယ်သို့ သောသေ ခြင်းအားဖြင့်ပေတရုသည် ဘုရားသခင် ၏ဘုန်း တော်ကို ထင်ရှားစေမည်အရိပ် ကို ပေးတော်မူ၏။ ထိုသို့ မိန့် တော်မူပြီးမှ ၊ ငါ့ နောက် သို့လိုက်လော့ ဟု ပေတရု အား မိန့် တော်မူပြန်၏။
Jesus said this to explain the kind of death by which he would glorify God. Then he said to Peter, “Follow me.”
20 ၂၀ ယေရှု ချစ် တော်မူ၍ အထက်က ညစာ စားသောအခါ၌ ရင် တော်ကိုမှီ ၍လျောင်း လျက်၊ သခင် ၊ ကိုယ်တော် ကို အပ်နှံ သောသူ ကား အဘယ်သူ နည်းဟု မေး သောတပည့် တော်သည်လည်း နောက် တော်သို့ လိုက် သည်ကို ပေတရု သည်လှည့် ၍မြင် လျှင်၊
As Peter turned round, he saw the disciple Jesus loved following them, the one who had leaned over to Jesus during the supper and asked, “Lord, who is going to betray you?”
21 ၂၁ သခင် ၊ ဤ သူ၌ အဘယ်သို့ ဖြစ်ပါလိမ့်မည်နည်းဟု မေးလျှောက် သော်၊
Peter asked Jesus, “What about him, Lord?”
22 ၂၂ ယေရှု က၊ ငါကြွလာ သည်ကာလတိုင်အောင် ထိုသူ ကိုနေ စေခြင်းငှာငါအလိုရှိ လျှင် သင် သည် အဘယ်သို့ ဆိုင်သနည်း။ သင် မူကားငါ့ နောက် သို့လိုက်လော့ ဟု မိန့် တော်မူ၏။
Jesus told him, “If I want him to remain alive here until I return, why is that your concern? You follow me!”
23 ၂၃ ထို စကားတော်ကိုထောက် လျှင်၊ ညီအစ်ကို တို့က၊ ထို တပည့် တော်သည် မ သေ ရဟုအနှံ့အပြားပြောဆို ကြ၏။ သို့သော်လည်း ထိုသူ သည်မ သေ ရဟု ယေရှု မိန့် တော်မူသည်မ ဟုတ်။ ငါကြွလာ သည် ကာလတိုင်အောင် ထိုသူ ကိုနေ စေခြင်းငှာငါအလိုရှိ လျှင် သင် သည် အဘယ်သို့ ဆိုင်သနည်းဟု မိန့်တော်မူသတည်း။
This is why the saying spread among the believers that this disciple would not die. But Jesus didn't say to him that he wouldn't die, just that “If I want him to remain alive here until I return, why is that your concern?”
24 ၂၄ ထို တပည့် တော်ကား၊ ဤ အကြောင်း အရာတို့ကို သက်သေခံ ၍ ရေး ထားသောသူ ဖြစ် ၏။
This disciple confirms what happened and wrote all this down. We know that what he says is true.
25 ၂၅ သူ ၏သက်သေခံ ချက်မှန် သည်ကို ငါတို့သိ ကြ၏။ ယေရှု ပြု တော်မူသော အခြား အမှုအရာအများ ရှိ သေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေး ထားလျှင် ၊ မြေကြီး မ ဆံ့ နိုင်အောင် ကျမ်းစာ များပြားလိမ့်မည်ဟု ထင်မှတ် ခြင်းရှိ၏။
Jesus did many other things as well, and if it all was written down, I doubt the whole world could hold all the books that would be written.