< ယောဟန် 20 >
1 ၁ ခုနစ် ရက်တွင် ပဌမ နေ့ရက်၊ မိုဃ်း မလင်းမှီ စောစော အချိန်၌ မာဂဒလ မာရိ သည် သင်္ချိုင်း တော်သို့ သွား ၍ တွင်း ဝ၌ပိတ်သော ကျောက် သည် ရွှေ့ လျက်ရှိသည်ကိုမြင် လျှင်၊
Le premier jour de la semaine, Marie de Magdala vint le matin au sépulcre, comme il faisait encore obscur; et elle vit la pierre ôtée du sépulcre.
2 ၂ ရှိမုန် ပေတရု နှင့် ယေရှု ချစ် တော်မူသော အခြား တပည့် တော်ဆီသို့ ပြေးသွား ၍ ၊ သင်္ချိုင်း တော်မှ သခင် ကိုယူသွား ကြပြီ။ အဘယ်မှာ ထား ကြသည်ကို မ သိ ဟုပြောဆို ၏။
Elle courut donc et vint vers Simon Pierre, et vers l'autre disciple que Jésus aimait; et elle leur dit: On a enlevé du sépulcre le Seigneur, et nous ne savons où on l'a mis.
3 ၃ ထိုအခါပေတရု နှင့် အခြား သောတပည့် တော်သည်ထွက် ၍ သင်္ချိုင်း တော်သို့ သွား ကြ၏။
Alors Pierre sortit avec l'autre disciple, et ils allèrent au sépulcre.
4 ၄ ထိုသူနှစ် ယောက်တို့သည် အတူ ပြေး သည်တွင် အခြား သောတပည့် တော်သည် ပေတရု ကိုလွန် ၍ သင်္ချိုင်း တော်သို့ အရင် ရောက် သည်ရှိသော်၊ ငုံ့ ၍ကြည့်သဖြင့်၊
Et ils couraient tous deux ensemble; mais cet autre disciple courut plus vite que Pierre, et arriva le premier au sépulcre.
5 ၅ ပိတ် ပုဆိုးရှိ ရစ်သည်ကိုမြင် လျှင်၊ မ ဝင် ဘဲ နေ၏။
Et s'étant baissé, il vit les bandelettes qui étaient à terre; mais il n'entra point.
6 ၆ ရှိမုန် ပေတရု သည်နောက် သို့လိုက်၍ ရောက် သောအခါ တွင်း ထဲသို့ ဝင် လျှင်၊ ပိတ် ပုဆိုးရှိ ရစ်သည်ကို၎င်း ၊
Mais Simon Pierre, qui le suivait, étant arrivé, entra dans le sépulcre, et vit les bandelettes qui étaient à terre,
7 ၇ ခေါင်း တော်၌ ရှိ သောပုဝါ သည် ပိတ် ပုဆိုးနှင့်အတူ မ ရှိဘဲ တခြားစီ လိပ် လျက်ရှိ သည်ကို၎င်း မြင် လေ၏။
Et le suaire qu'on lui avait mis sur la tête, lequel n'était pas avec les autres linges; mais plié dans un endroit à part.
8 ၈ ထိုအခါ သင်္ချိုင်း တော်သို့ အရင် ရောက် သောအခြား တပည့် တော်သည် ဝင် ၍ မြင် သဖြင့် ယုံ လေ၏။
L'autre disciple, qui était arrivé le premier au sépulcre, entra aussi, et il vit, et il crut.
9 ၉ ကိုယ်တော် သည် သေ ခြင်းမှ ထမြောက် ရမည်ဟူသောကျမ်း စကားကို တပည့်တော်တို့သည် နား မ လည် ကြသေး။
Car ils n'avaient pas encore compris l'Écriture, portant qu'il fallait que Jésus ressuscitât des morts.
10 ၁၀ နောက်မှထိုသူနှစ်ယောက်တို့သည် မိမိ တို့အပေါင်းအသင်းရှိရာသို့ ပြန်သွား ကြ၏။
Et les disciples retournèrent chez eux.
11 ၁၁ မာရိ သည် သင်္ချိုင်း တော်အနားမှာ ငိုကြွေး လျက်ရပ် နေ၏။ ငိုကြွေး စဉ် ငုံ့ ၍တွင်း ထဲသို့ ကြည့်လျှင် ၊
Cependant Marie se tenait dehors, près du sépulcre, en pleurant; et comme elle pleurait, elle se baissa dans le sépulcre,
12 ၁၂ ကောင်းကင်တမန် နှစ် ပါးတို့သည် ဖြူ သောအဝတ်ကိုဝတ်ဆင်လျက်၊ ယေရှု ၏အလောင်း တော် လျောင်း ရာအရပ် ၊ ခေါင်း ရင်း၌ တစ်ပါး ၊ ခြေ ရင်း၌ တစ်ပါး ထိုင် ကြသည်ကိုမြင် လေ၏။
Et elle vit deux anges vêtus de blanc, assis l'un à la tête, et l'autre aux pieds, au lieu où le corps de Jésus avait été couché.
13 ၁၃ ထိုသူ တို့က၊ အချင်းမိန်းမ ၊ အဘယ်ကြောင့် ငိုကြွေး သနည်းဟုမေး လျှင်၊ ကျွန်မ ၏သခင် ကို ယူသွား ကြပြီ။ အဘယ်မှာ ထား ကြသည်ကို မ သိ ပါဟုပြောဆို ၏။
Et ils lui dirent: Femme, pourquoi pleures-tu? Elle leur dit: Parce qu'on a enlevé mon Seigneur, et je ne sais où on l'a mis.
14 ၁၄ ထိုသို့ ဆို ပြီးမှနောက် သို့လှည့် လျှင်၊ ယေရှု ရပ် လျက်နေတော်မူသည်ကို မြင် သော်လည်း ယေရှု ဖြစ် တော်မူသည်ကို မ သိ ။
Et ayant dit cela, elle se retourna, et vit Jésus debout; mais elle ne savait point que c'était Jésus.
15 ၁၅ ယေရှု ကလည်း၊ အချင်းမိန်းမ ၊ အဘယ်ကြောင့် ငိုကြွေး သနည်း။ အဘယ်သူ ကို ရှာ သနည်းဟု မေး တော်မူ၏။ မာရိ က၊ သင် သည်သူ့ ကို ဆောင်သွား သည်မှန်လျှင် အဘယ်မှာ ထား သည်ကို ကျွန်မ အားပြော ပါ။ ကျွန်မ ယူသွား ပါမည်အရှင် ဟု၊ ထိုသူ ကို ဥယျာဉ်စောင့် ဖြစ် သည်ဟု ထင်မှတ် လျက်ဆို ၏။
Jésus lui dit: Femme, pourquoi pleures-tu? Qui cherches-tu? Elle, croyant que c'était le jardinier, lui dit: Seigneur, si tu l'as emporté, dis-moi où tu l'as mis, et je le prendrai.
16 ၁၆ ယေရှု ကလည်း၊ မာရိ ဟုခေါ် တော်မူလျှင်၊ မာရိ သည်လှည့် ၍ ရဗ္ဗုနိ ဟု ထူး လေ၏။ ရဗ္ဗုနိအနက် ကား၊ အရှင် ဘုရားဟု ဆိုလိုသတည်း။
Jésus lui dit: Marie! Et elle, s'étant retournée, lui dit: Rabbouni! c'est-à-dire, mon Maître!
17 ၁၇ ယေရှု ကလည်း၊ ငါ့ ကိုမ ဘက် နှင့်ဦး။ ငါသည် ငါ့ခမည်းတော် ထံသို့ မ တက် ရသေး။ ငါ့ ညီ တို့ရှိရာသို့ သွား လော့။ ငါ ၏ခမည်းတော် တည်းဟူသောသင် တို့၏ခမည်းတော် ၊ ငါ ၏ဘုရားသခင် တည်းဟူသောသင် တို့၏ ဘုရားသခင် ထံတော်သို့ ငါတက် ရမည်အကြောင်းအရာကို ကြားပြော လော့ ဟု မိန့် တော်မူသည်နှင့်အညီ၊
Jésus lui dit: Ne me touche point, car je ne suis pas encore monté vers mon Père; mais va vers mes frères, et dis-leur que je monte vers mon Père et votre Père, vers mon Dieu et votre Dieu.
18 ၁၈ မာဂဒလ မာရိ သည် သွား ၍မိမိသည်သခင် ကိုတွေ့မြင် သည်ကို၎င်း ၊ ထိုသို့မိန့် တော်မူသည်ကို၎င်း၊ တပည့် တော်တို့အားကြားပြော လေ၏။
Et Marie de Magdala vint annoncer aux disciples qu'elle avait vu le Seigneur, et qu'il lui avait dit cela.
19 ၁၉ ခုနစ် ရက်တွင် ပဌမ နေ့ရက် ဖြစ်သော ထို နေ့၌ ည အချိန်ရောက် သောအခါ၊ ယုဒ လူတို့ကိုကြောက် ၍ တံခါး များကိုပိတ် ထားလျက်၊ တပည့် တော်တို့သည် စည်းဝေးကြသောအရပ် သို့ ယေရှု သည်ကြွလာ ၍ အလယ် မှာ ရပ် တော်မူလျက်၊ သင် တို့၌ ငြိမ်သက် ခြင်းရှိစေသတည်း ဟု မိန့် တော်မူ၏။
Le soir de ce jour, qui était le premier de la semaine, les portes du lieu où les disciples étaient assemblés étant fermées, par crainte des Juifs, Jésus vint, et se présenta au milieu d'eux et leur dit: La paix soit avec vous!
20 ၂၀ ထိုသို့ မိန့် တော်မူပြီးမှ လက် တော်နှင့် နံဖေး တော်ကိုပြ တော်မူ၏။ တပည့် တော်တို့သည် သခင် ကိုမြင် လျှင် ဝမ်းမြောက် ခြင်းရှိကြ၏။
Et quand il eut dit cela, il leur montra ses mains et son côté. Les disciples donc, voyant le Seigneur, eurent une grande joie.
21 ၂၁ တစ်ဖန် ယေရှု က၊ သင် တို့၌ ငြိမ်သက် ခြင်းရှိစေသတည်း။ ခမည်းတော် သည် ငါ့ ကို စေလွှတ် တော်မူသည် နည်းတူ ၊ သင် တို့ကို ငါ စေလွှတ် သည် ဟု မိန့် တော်မူပြီးလျှင်၊
Il leur dit de nouveau: La paix soit avec vous! Comme mon Père m'a envoyé, je vous envoie aussi.
22 ၂၂ ထိုသူ တို့အပေါ်၌ မှုတ် လျက် ၊ သင်တို့သည် သန့်ရှင်း သောဝိညာဉ် တော်ကို ခံ ကြလော့။
Et quand il eut dit cela, il souffla sur eux et leur dit: Recevez le Saint-Esprit.
23 ၂၃ အကြင်သူ ၏အပြစ် ကို သင်တို့လွှတ် လျှင်၊ ထိုသူ သည်အပြစ်လွှတ် လျက်ရှိ၏။ အကြင်သူ၏အပြစ်ကို သင်တို့တည် စေလျှင်၊ ထိုသူသည် အပြစ်တည် လျက်ရှိ၏ ဟု မိန့် တော်မူ၏။
Ceux à qui vous pardonnerez les péchés, ils leur seront pardonnés; et ceux à qui vous les retiendrez, ils leur seront retenus.
24 ၂၄ ထိုသို့ ယေရှု သည်ကြွလာ တော်မူသောအခါ တမန်တော်တကျိပ် နှစ်ပါးအဝင် ၊ ဒိဒုမု ဟုအမည် ရှိသော သောမ သည်ထိုတပည့် တော်တို့နှင့်အတူ မ ရှိ ။
Or, Thomas, l'un des douze, appelé Didyme, n'était pas avec eux lorsque Jésus vint.
25 ၂၅ ထိုသူ တို့ကလည်း၊ အကျွန်ုပ်တို့သည်သခင် ကို မြင်ရ ကြပြီဟုသောမ အားပြောဆို ကြလျှင်၊ သောမ က၊ လက် တော်၌ သံ ရိုက်ရာချက် ကိုမ မြင် ၊ သံ ရိုက်ရာချက် ကို လက်ညှိုး နှင့်မတို့ မစမ်း၊ နံဖေး တော်ကိုလည်း လက် နှင့် မစမ်း မသပ်ရလျှင် အကျွန်ုပ်မ ယုံ ဟုဆို ၏။
Les autres disciples lui dirent donc: Nous avons vu le Seigneur. Mais il leur dit: Si je ne vois la marque des clous dans ses mains, et si je ne mets mon doigt dans la marque des clous, et si je ne mets ma main dans son côté, je ne le croirai point.
26 ၂၆ ထိုနောက်ရှစ် ရက်မြောက်သောနေ့ ၌ တပည့် တော်တို့သည် တစ်ဖန် အထဲ မှာရှိ ကြ၍ သောမ လည်းပါ ၏။ တံခါး များကို ပိတ် ထားစဉ်အခါ၊ ယေရှု သည်ကြွလာ ၍ အလယ် မှာ ရပ် တော်မူလျှက်၊ သင် တို့၌ငြိမ်သက် ခြင်းရှိစေ သတည်း ဟု မိန့် တော်မူ၏။
Huit jours après, ses disciples étaient de nouveau dans la maison, et Thomas était avec eux. Jésus vint, les portes étant fermées, et se tint au milieu d'eux et dit: La paix soit avec vous!
27 ၂၇ ထိုအခါ သောမ အား၊ သင် ၏လက်ညှိုး ကိုဆန့် ၍ ငါ့ လက် ကိုကြည့် လော့။ သင် ၏လက် ကိုဆန့် ၍ ငါ့ နံဖေး ကို စမ်းသပ် လော့။ ယုံမှား ခြင်းမ ရှိ နှင့်။ ယုံ လော့ ဟု မိန့် တော်မူ၏။
Puis il dit à Thomas: Mets ici ton doigt, et regarde mes mains; avance aussi ta main, et la mets dans mon côté, et ne sois pas incrédule, mais croyant.
28 ၂၈ သောမ ကလည်း ၊ အကျွန်ုပ် ၏အရှင် ၊ အကျွန်ုပ် ၏ ဘုရားသခင် ပါတကားဟု ပြန်၍လျှောက် ၏။
Thomas répondit et lui dit: Mon Seigneur et mon Dieu!
29 ၂၉ ယေရှု ကလည်း၊ သင်သည်ငါ့ ကိုမြင် သောကြောင့် ယုံ ခြင်းရှိ၏။ ငါ့ကိုမ မြင် ဘဲယုံ သောသူတို့သည် မင်္ဂလာ ရှိကြ၏ ဟု မိန့် တော်မူ၏။
Jésus lui dit: Parce que tu m'as vu, Thomas, tu as cru. Heureux ceux qui n'ont pas vu, et qui ont cru!
30 ၃၀ ဤ ကျမ်းစာ ၌ ရေး ၍မ ထား သောအခြား နိမိတ် လက္ခဏာအများ တို့ကိုလည်း ယေရှု သည်တပည့် တော်တို့ မျက်မှောက် ၌ပြ တော်မူ၏။
Jésus fit encore en présence de ses disciples plusieurs autres miracles, qui ne sont pas écrits dans ce livre.
31 ၃၁ ယေရှု သည် ခရစ်တော် တည်း ဟူသော ဘုရားသခင် ၏သား တော်ဖြစ် တော်မူသည်ကို သင်တို့သည် ယုံ မည်အကြောင်း ၊ ထိုသို့ ယုံ ၍နာမ တော်အားဖြင့် အသက် ကိုရ မည်အကြောင်း ၊ ဤမျှလောက်ရေး ထားလျက် ရှိသတည်း။
Et ces choses ont été écrites, afin que vous croyiez que Jésus est le Christ, le Fils de Dieu, et qu'en croyant vous ayez la vie par son nom.