< ယောဟန် 20 >

1 ခုနစ် ရက်တွင် ပဌမ နေ့ရက်၊ မိုဃ်း မလင်းမှီ စောစော အချိန်၌ မာဂဒလ မာရိ သည် သင်္ချိုင်း တော်သို့ သွား ၍ တွင်း ဝ၌ပိတ်သော ကျောက် သည် ရွှေ့ လျက်ရှိသည်ကိုမြင် လျှင်၊
Now on the first day of the week Mary Magdalene comes early, while it was still darkness, to the sepulcher, and sees the stone taken away from the sepulcher.
2 ရှိမုန် ပေတရု နှင့် ယေရှု ချစ် တော်မူသော အခြား တပည့် တော်ဆီသို့ ပြေးသွား ၍ ၊ သင်္ချိုင်း တော်မှ သခင် ကိုယူသွား ကြပြီ။ အဘယ်မှာ ထား ကြသည်ကို မ သိ ဟုပြောဆို ၏။
Therefore she runs and comes to Simon Peter, and to the other disciple whom Jesus loved, and says to them, They have taken away the Lord out of the sepulcher, and we know not where they have laid him.
3 ထိုအခါပေတရု နှင့် အခြား သောတပည့် တော်သည်ထွက် ၍ သင်္ချိုင်း တော်သို့ သွား ကြ၏။
Peter therefore went forth, and the other disciple, and they went toward the sepulcher.
4 ထိုသူနှစ် ယောက်တို့သည် အတူ ပြေး သည်တွင် အခြား သောတပည့် တော်သည် ပေတရု ကိုလွန် ၍ သင်္ချိုင်း တော်သို့ အရင် ရောက် သည်ရှိသော်၊ ငုံ့ ၍ကြည့်သဖြင့်၊
And the two men ran together, and the other disciple ran ahead quicker than Peter and came first to the sepulcher.
5 ပိတ် ပုဆိုးရှိ ရစ်သည်ကိုမြင် လျှင်၊ မ ဝင် ဘဲ နေ၏။
And after stooping down, he sees the linen cloths lying, yet he entered not.
6 ရှိမုန် ပေတရု သည်နောက် သို့လိုက်၍ ရောက် သောအခါ တွင်း ထဲသို့ ဝင် လျှင်၊ ပိတ် ပုဆိုးရှိ ရစ်သည်ကို၎င်း ၊
Simon Peter therefore comes following him, and he entered into the sepulcher. And he sees the linen cloths lying,
7 ခေါင်း တော်၌ ရှိ သောပုဝါ သည် ပိတ် ပုဆိုးနှင့်အတူ မ ရှိဘဲ တခြားစီ လိပ် လျက်ရှိ သည်ကို၎င်း မြင် လေ၏။
and the face cloth that was on his head, not lying with the linen cloths, but wrapped up in one place separately.
8 ထိုအခါ သင်္ချိုင်း တော်သို့ အရင် ရောက် သောအခြား တပည့် တော်သည် ဝင် ၍ မြင် သဖြင့် ယုံ လေ၏။
Therefore then the other disciple who came first to the sepulcher, also entered in, and he saw and believed.
9 ကိုယ်တော် သည် သေ ခြင်းမှ ထမြောက် ရမည်ဟူသောကျမ်း စကားကို တပည့်တော်တို့သည် နား မ လည် ကြသေး။
For they had not yet known the scripture that he must rise from the dead.
10 ၁၀ နောက်မှထိုသူနှစ်ယောက်တို့သည် မိမိ တို့အပေါင်းအသင်းရှိရာသို့ ပြန်သွား ကြ၏။
So the disciples departed again to themselves.
11 ၁၁ မာရိ သည် သင်္ချိုင်း တော်အနားမှာ ငိုကြွေး လျက်ရပ် နေ၏။ ငိုကြွေး စဉ် ငုံ့ ၍တွင်း ထဲသို့ ကြည့်လျှင် ၊
But Mary had stood outside near the sepulcher weeping. So, as she wept, she stooped down to the sepulcher.
12 ၁၂ ကောင်းကင်တမန် နှစ် ပါးတို့သည် ဖြူ သောအဝတ်ကိုဝတ်ဆင်လျက်၊ ယေရှု ၏အလောင်း တော် လျောင်း ရာအရပ် ၊ ခေါင်း ရင်း၌ တစ်ပါး ၊ ခြေ ရင်း၌ တစ်ပါး ထိုင် ကြသည်ကိုမြင် လေ၏။
And she sees two agents in white, sitting, one at the head and one at the feet, where the body of Jesus was lain.
13 ၁၃ ထိုသူ တို့က၊ အချင်းမိန်းမ ၊ အဘယ်ကြောင့် ငိုကြွေး သနည်းဟုမေး လျှင်၊ ကျွန်မ ၏သခင် ကို ယူသွား ကြပြီ။ အဘယ်မှာ ထား ကြသည်ကို မ သိ ပါဟုပြောဆို ၏။
And those men say to her, Woman, why weep thou? She says to them, Because they have taken away my Lord, and I know not where they have laid him.
14 ၁၄ ထိုသို့ ဆို ပြီးမှနောက် သို့လှည့် လျှင်၊ ယေရှု ရပ် လျက်နေတော်မူသည်ကို မြင် သော်လည်း ယေရှု ဖြစ် တော်မူသည်ကို မ သိ ။
And having said these things, she turned backward, and sees Jesus standing. And she had not known that it is Jesus.
15 ၁၅ ယေရှု ကလည်း၊ အချင်းမိန်းမ ၊ အဘယ်ကြောင့် ငိုကြွေး သနည်း။ အဘယ်သူ ကို ရှာ သနည်းဟု မေး တော်မူ၏။ မာရိ က၊ သင် သည်သူ့ ကို ဆောင်သွား သည်မှန်လျှင် အဘယ်မှာ ထား သည်ကို ကျွန်မ အားပြော ပါ။ ကျွန်မ ယူသွား ပါမည်အရှင် ဟု၊ ထိုသူ ကို ဥယျာဉ်စောင့် ဖြစ် သည်ဟု ထင်မှတ် လျက်ဆို ၏။
Jesus says to her, Woman, why weep thou? Whom seek thou? That woman, supposing that he is the gardener, says to him, Sir, if thou have taken him, tell me where thou have laid him, and I will take him away.
16 ၁၆ ယေရှု ကလည်း၊ မာရိ ဟုခေါ် တော်မူလျှင်၊ မာရိ သည်လှည့် ၍ ရဗ္ဗုနိ ဟု ထူး လေ၏။ ရဗ္ဗုနိအနက် ကား၊ အရှင် ဘုရားဟု ဆိုလိုသတည်း။
Jesus says to her, Mary. After turning around, that woman says to him, Rabboni, which says, Teacher.
17 ၁၇ ယေရှု ကလည်း၊ ငါ့ ကိုမ ဘက် နှင့်ဦး။ ငါသည် ငါ့ခမည်းတော် ထံသို့ မ တက် ရသေး။ ငါ့ ညီ တို့ရှိရာသို့ သွား လော့။ ငါ ၏ခမည်းတော် တည်းဟူသောသင် တို့၏ခမည်းတော် ၊ ငါ ၏ဘုရားသခင် တည်းဟူသောသင် တို့၏ ဘုရားသခင် ထံတော်သို့ ငါတက် ရမည်အကြောင်းအရာကို ကြားပြော လော့ ဟု မိန့် တော်မူသည်နှင့်အညီ၊
Jesus says to her, Do not touch me, for I have not yet ascended to my Father. But go to my brothers, and say to them, I ascend to my Father and your Father, and my God and your God.
18 ၁၈ မာဂဒလ မာရိ သည် သွား ၍မိမိသည်သခင် ကိုတွေ့မြင် သည်ကို၎င်း ၊ ထိုသို့မိန့် တော်မူသည်ကို၎င်း၊ တပည့် တော်တို့အားကြားပြော လေ၏။
Mary Magdalene comes informing the disciples that she has seen the Lord, and he spoke these things to her.
19 ၁၉ ခုနစ် ရက်တွင် ပဌမ နေ့ရက် ဖြစ်သော ထို နေ့၌ ည အချိန်ရောက် သောအခါ၊ ယုဒ လူတို့ကိုကြောက် ၍ တံခါး များကိုပိတ် ထားလျက်၊ တပည့် တော်တို့သည် စည်းဝေးကြသောအရပ် သို့ ယေရှု သည်ကြွလာ ၍ အလယ် မှာ ရပ် တော်မူလျက်၊ သင် တို့၌ ငြိမ်သက် ခြင်းရှိစေသတည်း ဟု မိန့် တော်မူ၏။
Therefore being evening that day, the first day of the week, and the doors having been shut where the disciples were who assembled because of fear of the Jews, Jesus came and stood in the midst, and says to them, Peace to you.
20 ၂၀ ထိုသို့ မိန့် တော်မူပြီးမှ လက် တော်နှင့် နံဖေး တော်ကိုပြ တော်မူ၏။ တပည့် တော်တို့သည် သခင် ကိုမြင် လျှင် ဝမ်းမြောက် ခြင်းရှိကြ၏။
And having said this, he showed them his hands and side. His disciples therefore rejoiced when they saw the Lord.
21 ၂၁ တစ်ဖန် ယေရှု က၊ သင် တို့၌ ငြိမ်သက် ခြင်းရှိစေသတည်း။ ခမည်းတော် သည် ငါ့ ကို စေလွှတ် တော်မူသည် နည်းတူ ၊ သင် တို့ကို ငါ စေလွှတ် သည် ဟု မိန့် တော်မူပြီးလျှင်၊
Jesus therefore said to them again, Peace to you. As the Father has sent me, I also send you.
22 ၂၂ ထိုသူ တို့အပေါ်၌ မှုတ် လျက် ၊ သင်တို့သည် သန့်ရှင်း သောဝိညာဉ် တော်ကို ခံ ကြလော့။
And after saying this, he breathed on them, and says to them, Receive ye the Holy Spirit.
23 ၂၃ အကြင်သူ ၏အပြစ် ကို သင်တို့လွှတ် လျှင်၊ ထိုသူ သည်အပြစ်လွှတ် လျက်ရှိ၏။ အကြင်သူ၏အပြစ်ကို သင်တို့တည် စေလျှင်၊ ထိုသူသည် အပြစ်တည် လျက်ရှိ၏ ဟု မိန့် တော်မူ၏။
If ye forgive the sins of any, they are forgiven them. If ye retain of any, they are retained.
24 ၂၄ ထိုသို့ ယေရှု သည်ကြွလာ တော်မူသောအခါ တမန်တော်တကျိပ် နှစ်ပါးအဝင် ၊ ဒိဒုမု ဟုအမည် ရှိသော သောမ သည်ထိုတပည့် တော်တို့နှင့်အတူ မ ရှိ ။
But Thomas, one of the twelve, called Didymus, was not with them when Jesus came.
25 ၂၅ ထိုသူ တို့ကလည်း၊ အကျွန်ုပ်တို့သည်သခင် ကို မြင်ရ ကြပြီဟုသောမ အားပြောဆို ကြလျှင်၊ သောမ က၊ လက် တော်၌ သံ ရိုက်ရာချက် ကိုမ မြင် ၊ သံ ရိုက်ရာချက် ကို လက်ညှိုး နှင့်မတို့ မစမ်း၊ နံဖေး တော်ကိုလည်း လက် နှင့် မစမ်း မသပ်ရလျှင် အကျွန်ုပ်မ ယုံ ဟုဆို ၏။
The other disciples therefore said to him, We have seen the Lord. But he said to them, Unless I may see the mark of the nails in his hands, and put my finger into the mark of the nails, and put my hand into his side, I will, no, not believe.
26 ၂၆ ထိုနောက်ရှစ် ရက်မြောက်သောနေ့ ၌ တပည့် တော်တို့သည် တစ်ဖန် အထဲ မှာရှိ ကြ၍ သောမ လည်းပါ ၏။ တံခါး များကို ပိတ် ထားစဉ်အခါ၊ ယေရှု သည်ကြွလာ ၍ အလယ် မှာ ရပ် တော်မူလျှက်၊ သင် တို့၌ငြိမ်သက် ခြင်းရှိစေ သတည်း ဟု မိန့် တော်မူ၏။
And after eight days his disciples were again inside, and Thomas with them. Jesus comes, the doors being shut, and stood in the midst, and said, Peace to you.
27 ၂၇ ထိုအခါ သောမ အား၊ သင် ၏လက်ညှိုး ကိုဆန့် ၍ ငါ့ လက် ကိုကြည့် လော့။ သင် ၏လက် ကိုဆန့် ၍ ငါ့ နံဖေး ကို စမ်းသပ် လော့။ ယုံမှား ခြင်းမ ရှိ နှင့်။ ယုံ လော့ ဟု မိန့် တော်မူ၏။
Then he says to Thomas, Bring thy finger here, and see my hands, and bring thy hand, and put into my side, and do not become faithless, but believing.
28 ၂၈ သောမ ကလည်း ၊ အကျွန်ုပ် ၏အရှင် ၊ အကျွန်ုပ် ၏ ဘုရားသခင် ပါတကားဟု ပြန်၍လျှောက် ၏။
Thomas answered and said to him, My Lord and my God.
29 ၂၉ ယေရှု ကလည်း၊ သင်သည်ငါ့ ကိုမြင် သောကြောင့် ယုံ ခြင်းရှိ၏။ ငါ့ကိုမ မြင် ဘဲယုံ သောသူတို့သည် မင်္ဂလာ ရှိကြ၏ ဟု မိန့် တော်မူ၏။
Jesus says to him, Because thou have seen me, thou have believed. Blessed are those who have not seen, and have believed.
30 ၃၀ ဤ ကျမ်းစာ ၌ ရေး ၍မ ထား သောအခြား နိမိတ် လက္ခဏာအများ တို့ကိုလည်း ယေရှု သည်တပည့် တော်တို့ မျက်မှောက် ၌ပြ တော်မူ၏။
And indeed therefore many other signs Jesus did in the presence of his disciples, which are not written in this book.
31 ၃၁ ယေရှု သည် ခရစ်တော် တည်း ဟူသော ဘုရားသခင် ၏သား တော်ဖြစ် တော်မူသည်ကို သင်တို့သည် ယုံ မည်အကြောင်း ၊ ထိုသို့ ယုံ ၍နာမ တော်အားဖြင့် အသက် ကိုရ မည်အကြောင်း ၊ ဤမျှလောက်ရေး ထားလျက် ရှိသတည်း။
But these are written, so that ye may believe that Jesus is the Christ, the Son of God, and that believing ye may have life in his name.

< ယောဟန် 20 >