< ယောဟန် 2 >
1 ၁ သုံး ရက်မြောက်သောနေ့ ၌ ဂါလိလဲ ပြည်ကာန မြို့တွင် မင်္ဂလာဆောင် ပွဲကိုခံ ကြစဉ်၊ ထို ပွဲ၌ယေရှု ၏ မယ်တော် ရှိ ၏။
The third day, there was a wedding in Cana of Galilee. Yeshua’s mother was there.
2 ၂ ယေရှု နှင့် တပည့် တော်တို့ကိုလည်း ထိုပွဲ သို့ ခေါ်ပင့် ကြ၏။
Yeshua also was invited, with his disciples, to the wedding.
3 ၃ စပျစ်ရည် ကုန် သောအခါ ၊ ယေရှု ၏မယ်တော် က၊ စပျစ်ရည် မ ရှိ ဟုကြားပြော ၏။
When the wine ran out, Yeshua’s mother said to him, “They have no wine.”
4 ၄ ယေရှု ကလည်း ၊ အချင်းမိန်းမ ၊ သင် သည် ငါ နှင့် အဘယ်သို့ ဆိုင်သနည်း။ ငါ့ အချိန် မ ရောက် သေး ဟု မိန့် တော်မူ၏။
Yeshua said to her, “Woman, what does that have to do with you and me? My hour has not yet come.”
5 ၅ မယ်တော် ကလည်း၊ သူ စေခိုင်း သမျှတို့ကိုပြု ကြလော့ဟု အစေခံ တို့အားဆို လေ၏။
His mother said to the servants, “Whatever he says to you, do it.”
6 ၆ ယုဒ ဘာသာအလျောက် စင်ကြယ် ခြင်းအဘို့ အလိုငှာ၊ ထို အရပ်၌ နှစ် တင်းသုံး တင်းခန့် ဝင်သော ကျောက် အိုး စရည်းခြောက် လုံး ထား လျက်ရှိ၏။
Now there were six water pots of stone set there after the Jews’ way of purifying, containing two or three metretes apiece.
7 ၇ ယေရှု ကလည်း၊ ဤရေ အိုးတို့ကိုရေ ဖြည့် ကြ ဟု အစေခံ တို့အားမိန့် တော်မူလျှင်၊ ထိုသူ တို့သည် လျှံ မတတ်ဖြည့် ကြ၏။
Yeshua said to them, “Fill the water pots with water.” So they filled them up to the brim.
8 ၈ ယခု ခပ် ၍ ပွဲအုပ် ထံသို့သွင်း ကြလော့ဟု မိန့် တော်မူသည်အတိုင်း သွင်း ကြ၏။
He said to them, “Now draw some out, and take it to the ruler of the feast.” So they took it.
9 ၉ ပွဲအုပ် သည် စပျစ်ရည် ဖြစ် စေသောရေ ကို မြည်းစမ်း ၍ ၊ ထို ရေ ကို ခပ် သောအစေခံ တို့သည် စပျစ်ရည်ကို အဘယ်မှာ ရသည်ကိုသိ သော်လည်း ၊ ပွဲအုပ် သည် မ သိ သောကြောင့်၊ မင်္ဂလာဆောင် လုလင်အား အသံကို လွှင့် ၍၊
When the ruler of the feast tasted the water now become wine, and didn’t know where it came from (but the servants who had drawn the water knew), the ruler of the feast called the bridegroom
10 ၁၀ အခြားသောသူ မည်သည်ကား ၊ ရှေးဦးစွာ ကောင်း သောစပျစ်ရည် ကို ထည့် ၍ ဝစွာသောက် ကြပြီးမှ ညံ့ သောစပျစ်ရည်ကိုထည့်လေ့ရှိ၏။ သင်မူကား၊ ကောင်း သောစပျစ်ရည် ကို ယခု တိုင်အောင် သိုထား ပြီဟုဆို ၏။
and said to him, “Everyone serves the good wine first, and when the guests have drunk freely, then that which is worse. You have kept the good wine until now!”
11 ၁၁ ထိုသို့ ယေရှု သည် ရှေးဦးစွာ သော ဤ နိမိတ်လက္ခဏာကိုဂါလိလဲ ပြည်၊ ကာန မြို့၌ ပြ ၍ မိမိ ဘုန်း တော် ကိုထင်ရှား စေတော်မူ၏။ တပည့် တော်တို့သည်လည်း ယုံကြည် ကြ၏။
This beginning of his signs Yeshua did in Cana of Galilee, and revealed his glory; and his disciples believed in him.
12 ၁၂ ထိုနောက် မယ်တော် မှစ၍ ညီ တော်၊ တပည့် တော်တို့နှင့်တကွ ၊ ကပေရနောင် မြို့သို့ ကြွ တော်မူ၏။ ထို မြို့မှာ ကြာမြင့် စွာမ နေ ဘဲ၊
After this, he went down to Capernaum, he, and his mother, his brothers, and his disciples; and they stayed there a few days.
13 ၁၃ ယုဒ ပသခါ ပွဲခံချိန် နီး သည်ရှိ သော်၊ ယေရုရှလင် မြို့သို့ ကြွ တော်မူ၏။
The Passover in Judea was at hand, and Yeshua went up to Jerusalem.
14 ၁၄ ဗိမာန် တော်၌ သိုး ၊ နွား ၊ ချိုးငှက် ရောင်း သောသူ တို့ကို ၎င်း၊ ပွဲစား များထိုင် လျက်ရှိသည်ကို ၎င်း တွေ့ တော်မူလျှင်၊
He found in the temple those who sold oxen, sheep, and doves, and the changers of money sitting.
15 ၁၅ ရိုက် စရာဘို့ ကြိုး သေးများကို ပြုပြင် ပြီးမှ၊ ထိုသူအပေါင်း တို့ကို၎င်း၊ သိုး ၊ နွား များကို၎င်း၊ ဗိမာန် တော်မှ နှင်ထုတ် တော်မူ၍ ၊ ပွဲစား တို့၏ ငွေ တင်ခုံ များကို တွန်းပစ် မှောက် ထားတော်မူ၏၊
He made a whip of cords and drove all out of the temple, both the sheep and the oxen; and he poured out the changers’ money and overthrew their tables.
16 ၁၆ ချိုးငှက် ရောင်း သောသူ တို့အားလည်း ၊ ဤ ဥစ္စာ ကို ယူသွား ကြ။ ငါ့ အဘ ၏ အိမ် တော်ကို ပွဲ တဲမ လုပ် ကြ နှင့် ဟု မိန့် တော်မူ၏။
To those who sold the doves, he said, “Take these things out of here! Don’t make my Father’s house a marketplace!”
17 ၁၇ ကိုယ်တော် ၏အိမ် တော်၌ စွဲလမ်း ပူပန်ခြင်းစိတ်သည် အကျွန်ုပ် ကိုးစား ပါ၏ဟူ၍ကျမ်းစာလာ သည်ကို၊ ထိုအခါတပည့် တော်တို့သည် မှတ်မိ ကြ၏။
His disciples remembered that it was written, “Zeal for your house will eat me up.”
18 ၁၈ ယုဒ လူတို့ကလည်း ၊ သင်သည် ဤသို့ ပြု လျှင် အဘယ် နိမိတ် လက္ခဏာကို ငါ တို့အား ပြ မည်နည်းဟု ဆို ကြ၏။
The Judeans therefore answered him, “What sign do you show us, seeing that you do these things?”
19 ၁၉ ယေရှု ကလည်း ၊ ဤ ဗိမာန် တော်ကို ဖြိုဖျက် ကြလော့။ သုံး ရက် အတွင်း တွင် ငါတည်ဆောက် မည် ဟု မိန့် တော်မူ၏။
Yeshua answered them, “Destroy this temple, and in three days I will raise it up.”
20 ၂၀ ယုဒ လူတို့က၊ အနှစ် လေးဆယ် ခြောက် နှစ်ပတ်လုံးဤ ဗိမာန် တော်ကို တည်ဆောက် ကြ၏။ သင် မူကား ၊ သုံး ရက် တည်း နှင့် တည်ဆောက် မည်လောဟု ဆို ကြ၏။
The Judeans therefore said, “It took forty-six years to build this temple! Will you raise it up in three days?”
21 ၂၁ ထိုသို့ မိန့် တော်မူရာ၌ မိမိ ကိုယ် တည်းဟူသောဗိမာန် ကိုအမှတ် ပြု၍မိန့်တော်မူ၏။
But he spoke of the temple of his body.
22 ၂၂ ထိုကြောင့် သေ ခြင်းမှ ထမြောက် တော်မူသည် နောက်။ ထို စကား တော်ကို တပည့် တော်တို့သည် မှတ်မိ ကြသဖြင့်၊ ကျမ်းစာ ကို၎င်း ၊ ယေရှု ၏ နှုတ်ကပတ် တော်ကို၎င်း ယုံ ကြ၏။
When therefore he was raised from the dead, his disciples remembered that he said this, and they believed the Scripture and the word which Yeshua had said.
23 ၂၃ ပသခါ ပွဲ အတွင်း တွင် ယေရှုသည် ယေရုရှလင် မြို့၌ ရှိ ၍ ၊ ပြ တော်မူသော နိမိတ် လက္ခဏာတို့ကို များစွာ သောသူတို့သည် မြင် ရသဖြင့် ကိုယ်တော် ကို ယုံကြည် ခြင်းသို့ ရောက်ကြ၏။
Now when he was in Jerusalem at the Passover, during the feast, many believed in his name, observing his signs which he did.
24 ၂၄ သို့သော်လည်း ယေရှု သည် ထိုသူ တို့၌ ကိုယ် ကိုအပ် တော်မ မူ။ အကြောင်းမူကား ၊ ခပ်သိမ်း သောသူတို့ကို သိ တော်မူ၏။
But Yeshua didn’t entrust himself to them, because he knew everyone,
25 ၂၅ လူ ၏အထဲ ၌ရှိ သမျှ ကို သိ တော်မူသောကြောင့် ၊ လူ ၏အကြောင်း ကို သက်သေခံ စေခြင်းငှာ အဘယ်သူ ကိုမျှအလို တော်မ ရှိ။
and because he didn’t need for anyone to testify concerning man; for he himself knew what was in man.