< ယောဟန် 2 >

1 သုံး ရက်မြောက်သောနေ့ ၌ ဂါလိလဲ ပြည်ကာန မြို့တွင် မင်္ဂလာဆောင် ပွဲကိုခံ ကြစဉ်၊ ထို ပွဲ၌ယေရှု ၏ မယ်တော် ရှိ ၏။
And [on] the third day a wedding happened in Cana of Galilee, and the mother of Jesus was there,
2 ယေရှု နှင့် တပည့် တော်တို့ကိုလည်း ထိုပွဲ သို့ ခေါ်ပင့် ကြ၏။
and also Jesus was called, and His disciples, to the wedding;
3 စပျစ်ရည် ကုန် သောအခါ ၊ ယေရှု ၏မယ်တော် က၊ စပျစ်ရည် မ ရှိ ဟုကြားပြော ၏။
and wine having failed, the mother of Jesus says to Him, “They have no wine”;
4 ယေရှု ကလည်း ၊ အချင်းမိန်းမ ၊ သင် သည် ငါ နှင့် အဘယ်သို့ ဆိုင်သနည်း။ ငါ့ အချိန် မ ရောက် သေး ဟု မိန့် တော်မူ၏။
Jesus says to her, “What [is that] to Me and to you, woman? My hour is not yet come.”
5 မယ်တော် ကလည်း၊ သူ စေခိုင်း သမျှတို့ကိုပြု ကြလော့ဟု အစေခံ တို့အားဆို လေ၏။
His mother says to the servants, “Whatever He may say to you—do.”
6 ယုဒ ဘာသာအလျောက် စင်ကြယ် ခြင်းအဘို့ အလိုငှာ၊ ထို အရပ်၌ နှစ် တင်းသုံး တင်းခန့် ဝင်သော ကျောက် အိုး စရည်းခြောက် လုံး ထား လျက်ရှိ၏။
And there were six water-jugs of stone there, placed according to the purifying of the Jews, holding each two or three measures.
7 ယေရှု ကလည်း၊ ဤရေ အိုးတို့ကိုရေ ဖြည့် ကြ ဟု အစေခံ တို့အားမိန့် တော်မူလျှင်၊ ထိုသူ တို့သည် လျှံ မတတ်ဖြည့် ကြ၏။
Jesus says to them, “Fill the water-jugs with water”; and they filled them—to the brim;
8 ယခု ခပ် ၍ ပွဲအုပ် ထံသို့သွင်း ကြလော့ဟု မိန့် တော်မူသည်အတိုင်း သွင်း ကြ၏။
and He says to them, “Draw out, now, and carry to the headwaiter”; and they bore.
9 ပွဲအုပ် သည် စပျစ်ရည် ဖြစ် စေသောရေ ကို မြည်းစမ်း ၍ ၊ ထို ရေ ကို ခပ် သောအစေခံ တို့သည် စပျစ်ရည်ကို အဘယ်မှာ ရသည်ကိုသိ သော်လည်း ၊ ပွဲအုပ် သည် မ သိ သောကြောင့်၊ မင်္ဂလာဆောင် လုလင်အား အသံကို လွှင့် ၍၊
And as the headwaiter tasted the water become wine, and did not know where it is from (but the servants knew, who have drawn the water), the headwaiter calls the bridegroom,
10 ၁၀ အခြားသောသူ မည်သည်ကား ၊ ရှေးဦးစွာ ကောင်း သောစပျစ်ရည် ကို ထည့် ၍ ဝစွာသောက် ကြပြီးမှ ညံ့ သောစပျစ်ရည်ကိုထည့်လေ့ရှိ၏။ သင်မူကား၊ ကောင်း သောစပျစ်ရည် ကို ယခု တိုင်အောင် သိုထား ပြီဟုဆို ၏။
and says to him, “Every man, at first, sets forth the good wine; and when they may have drunk freely, then the inferior; you kept the good wine until now.”
11 ၁၁ ထိုသို့ ယေရှု သည် ရှေးဦးစွာ သော ဤ နိမိတ်လက္ခဏာကိုဂါလိလဲ ပြည်၊ ကာန မြို့၌ ပြ ၍ မိမိ ဘုန်း တော် ကိုထင်ရှား စေတော်မူ၏။ တပည့် တော်တို့သည်လည်း ယုံကြည် ကြ၏။
This [is the] beginning of the signs Jesus did in Cana of Galilee, and revealed His glory, and His disciples believed in Him;
12 ၁၂ ထိုနောက် မယ်တော် မှစ၍ ညီ တော်၊ တပည့် တော်တို့နှင့်တကွ ၊ ကပေရနောင် မြို့သို့ ကြွ တော်မူ၏။ ထို မြို့မှာ ကြာမြင့် စွာမ နေ ဘဲ၊
after this He went down to Capernaum, He, and His mother, and His brothers, and His disciples; and they did not remain there many days.
13 ၁၃ ယုဒ ပသခါ ပွဲခံချိန် နီး သည်ရှိ သော်၊ ယေရုရှလင် မြို့သို့ ကြွ တော်မူ၏။
And the Passover of the Jews was near, and Jesus went up to Jerusalem,
14 ၁၄ ဗိမာန် တော်၌ သိုး ၊ နွား ၊ ချိုးငှက် ရောင်း သောသူ တို့ကို ၎င်း၊ ပွဲစား များထိုင် လျက်ရှိသည်ကို ၎င်း တွေ့ တော်မူလျှင်၊
and He found in the temple those selling oxen, and sheep, and doves, and the money-changers sitting,
15 ၁၅ ရိုက် စရာဘို့ ကြိုး သေးများကို ပြုပြင် ပြီးမှ၊ ထိုသူအပေါင်း တို့ကို၎င်း၊ သိုး ၊ နွား များကို၎င်း၊ ဗိမာန် တော်မှ နှင်ထုတ် တော်မူ၍ ၊ ပွဲစား တို့၏ ငွေ တင်ခုံ များကို တွန်းပစ် မှောက် ထားတော်မူ၏၊
and having made a whip of small cords, He put all forth out of the temple, also the sheep, and the oxen; and He poured out the coins of the money-changers, and He overthrew the tables,
16 ၁၆ ချိုးငှက် ရောင်း သောသူ တို့အားလည်း ၊ ဤ ဥစ္စာ ကို ယူသွား ကြ။ ငါ့ အဘ ၏ အိမ် တော်ကို ပွဲ တဲမ လုပ် ကြ နှင့် ဟု မိန့် တော်မူ၏။
and He said to those selling the doves, “Take these things from here; do not make the house of My Father a house of merchandise.”
17 ၁၇ ကိုယ်တော် ၏အိမ် တော်၌ စွဲလမ်း ပူပန်ခြင်းစိတ်သည် အကျွန်ုပ် ကိုးစား ပါ၏ဟူ၍ကျမ်းစာလာ သည်ကို၊ ထိုအခါတပည့် တော်တို့သည် မှတ်မိ ကြ၏။
And His disciples remembered that it is written: “The zeal of Your house ate Me up”;
18 ၁၈ ယုဒ လူတို့ကလည်း ၊ သင်သည် ဤသို့ ပြု လျှင် အဘယ် နိမိတ် လက္ခဏာကို ငါ တို့အား ပြ မည်နည်းဟု ဆို ကြ၏။
the Jews then answered and said to Him, “What sign do You show to us—that You do these things?”
19 ၁၉ ယေရှု ကလည်း ၊ ဤ ဗိမာန် တော်ကို ဖြိုဖျက် ကြလော့။ သုံး ရက် အတွင်း တွင် ငါတည်ဆောက် မည် ဟု မိန့် တော်မူ၏။
Jesus answered and said to them, “Destroy this temple, and in three days I will raise it up.”
20 ၂၀ ယုဒ လူတို့က၊ အနှစ် လေးဆယ် ခြောက် နှစ်ပတ်လုံးဤ ဗိမာန် တော်ကို တည်ဆောက် ကြ၏။ သင် မူကား ၊ သုံး ရက် တည်း နှင့် တည်ဆောက် မည်လောဟု ဆို ကြ၏။
The Jews, therefore, said, “This temple was built [in] forty-six years, and will You raise it up in three days?”
21 ၂၁ ထိုသို့ မိန့် တော်မူရာ၌ မိမိ ကိုယ် တည်းဟူသောဗိမာန် ကိုအမှတ် ပြု၍မိန့်တော်မူ၏။
But He spoke concerning the temple of His body;
22 ၂၂ ထိုကြောင့် သေ ခြင်းမှ ထမြောက် တော်မူသည် နောက်။ ထို စကား တော်ကို တပည့် တော်တို့သည် မှတ်မိ ကြသဖြင့်၊ ကျမ်းစာ ကို၎င်း ၊ ယေရှု ၏ နှုတ်ကပတ် တော်ကို၎င်း ယုံ ကြ၏။
when, then, He was raised out of the dead, His disciples remembered that He said this to them, and they believed the Writing, and the word that Jesus said.
23 ၂၃ ပသခါ ပွဲ အတွင်း တွင် ယေရှုသည် ယေရုရှလင် မြို့၌ ရှိ ၍ ၊ ပြ တော်မူသော နိမိတ် လက္ခဏာတို့ကို များစွာ သောသူတို့သည် မြင် ရသဖြင့် ကိုယ်တော် ကို ယုံကြည် ခြင်းသို့ ရောက်ကြ၏။
And as He was in Jerusalem, in the Passover, in the celebration, many believed in His Name, beholding His signs that He was doing;
24 ၂၄ သို့သော်လည်း ယေရှု သည် ထိုသူ တို့၌ ကိုယ် ကိုအပ် တော်မ မူ။ အကြောင်းမူကား ၊ ခပ်သိမ်း သောသူတို့ကို သိ တော်မူ၏။
and Jesus Himself was not trusting Himself to them, because of His knowing all [men],
25 ၂၅ လူ ၏အထဲ ၌ရှိ သမျှ ကို သိ တော်မူသောကြောင့် ၊ လူ ၏အကြောင်း ကို သက်သေခံ စေခြင်းငှာ အဘယ်သူ ကိုမျှအလို တော်မ ရှိ။
and because He had no need that any should testify concerning man, for He Himself was knowing what was in man.

< ယောဟန် 2 >