< ယောဟန် 19 >

1 ထိုအခါ ပိလတ် မင်းသည် ယေရှု ကိုယူ ၍ ရိုက် ပြီးမှ၊
Then Pilate tooke Iesus and scourged him.
2 စစ်သူရဲ တို့သည် ဆူးပင် နှင့် ရက် သော ဦးရစ် ကိုခေါင်း တော်၌တင် ၍၊ နီမောင်း သောဝတ်လုံ နှင့် ခြုံ စေ ပြီးလျှင် ၊
And the souldiers platted a crowne of thornes, and put it on his head, and they put on him a purple garment,
3 ယုဒ ရှင်ဘုရင် ၊ ကိုယ်တော်သည် မင်္ဂလာ ရှိစေသတည်းဟုဆို ၍ ရိုက်ပုတ် ကြ၏။
And saide, Haile, King of the Iewes. And they smote him with their roddes.
4 ပိလတ် မင်းကလည်း ၊ ဤသူ ၌ အဘယ် အပြစ် ကိုမျှ ငါမတွေ့ ကြောင်း ကို သင်တို့သိ စေခြင်းငှာ ၊ သူ့ ကို သင် တို့ရှိရာသို့ ငါထုတ်ပြ သည်ဟုဆို ၏။
Then Pilate went foorth againe, and said vnto them, Behold, I bring him forth to you, that ye may knowe, that I finde no fault in him at all.
5 ထိုအခါ ယေရှု သည် ဆူး ပင်ဦးရစ် နှင့် နီမောင်း သောဝတ်လုံ တို့ကိုဝတ် လျက် အပြင် သို့ထွက်ကြွ တော်မူ၏။ ပိလတ်မင်းကလည်း သူ့ ကိုကြည့် ကြလော့ဟုဆို ၏။
Then came Iesus foorth wearing a crowne of thornes, and a purple garment. And Pilate said vnto them, Beholde the man.
6 ယဇ်ပုရောဟိတ် အကြီးတို့နှင့် လုလင် များတို့က၊ ထိုသူကိုလက်ဝါးကပ်တိုင် မှာ ရိုက်ထားပါ၊ ရိုက် ထားပါ ဟု ဟစ်ကြော် ကြ၏။ ပိလတ် မင်းကလည်း၊ သင် တို့သည် သူ့ ကိုယူ ၍ လက်ဝါးကပ်တိုင် မှာရိုက်ထားကြ။ ငါ သည် သူ ၌ အပြစ် ကို မ တွေ့ ဟုဆို လျှင်၊
Then when the hie Priests and officers sawe him, they cried, saying, Crucifie, crucifie him. Pilate said vnto them, Take yee him and crucifie him: for I finde no fault in him.
7 ယုဒ လူတို့က၊ ဤသူသည်ဘုရားသခင် ၏သား တော်ဖြစ်ယောင်ဆောင်သောကြောင့် အကျွန်ုပ် တို့၌ ရှိ သောဓမ္မသတ် အတိုင်း သေ ထိုက် ပါသည်ဟုလျှောက် ကြ၏။
The Iewes answered him, We haue a lawe, and by our law he ought to die, because he made himselfe the Sonne of God.
8 ထို စကား ကိုကြား လျှင် ပိလတ် မင်းသည်သာ၍ ကြောက် သဖြင့် ၊ အိမ်တော်ဦး ထဲသို့ ဝင် ပြန် ၍ ၊
When Pilate then heard that woorde, he was the more afraide,
9 ယေရှု အား၊ သင် သည် အဘယ် ကဖြစ် သနည်းဟုမေး လျှင်၊ တစ်ခွန်းကိုမျှပြန် တော်မ မူ၊
And went againe into the common hall, and saide vnto Iesus, Whence art thou? But Iesus gaue him none answere.
10 ၁၀ ပိလတ် မင်းကလည်း၊ ငါ နှင့်စကား မ ပြောသလော။ ငါ သည် သင့် ကိုလက်ဝါးကပ်တိုင် မှာ ရိုက်ထားပိုင် သည်ကို၎င်း ၊ လွှတ် ပိုင်သည်ကို၎င်း၊ သင်မ သိ လောဟုဆို သော်၊
Then saide Pilate vnto him, Speakest thou not vnto me? Knowest thou not that I haue power to crucifie thee, and haue power to loose thee?
11 ၁၁ အထက် အရပ်မှအခွင့် ကို မ ရ လျှင် မင်းကြီး သည် ငါ့ ကို အဘယ်သို့မျှ မပြုပိုင်။ ထိုကြောင့် ငါ့ ကို မင်းကြီး လက်သို့ အပ်နှံ သောသူ သည်သာ၍ကြီး သောအပြစ် ရှိ သည် ဟု မိန့် တော်မူ ၏။
Iesus answered, Thou couldest haue no power at all against me, except it were giuen thee from aboue: therefore he that deliuered me vnto thee, hath the greater sinne.
12 ၁၂ ထိုအခါ မှစ၍ ပိလတ် မင်းသည် ကိုယ်တော် ကိုလွှတ် ခြင်းငှာရှာကြံ လေ၏။ ယုဒ လူတို့ကလည်း ၊ ထို သူကို လွှတ် လျှင် ကိုယ်တော်သည် ကဲသာ ဘုရင်၏အဆွေ မ ဟုတ် ပါ။ ရှင်ဘုရင် လုပ် သောသူ မည်သည်ကား ၊ ကဲသာ ဘုရင်၏ရန်သူ ဖြစ်ပါသည်ဟု လျှောက် ကြ၏။
From thence foorth Pilate sought to loose him, but the Iewes cried, saying, If thou deliuer him, thou art not Cesars friende: for whosoeuer maketh himselfe a King, speaketh against Cesar.
13 ၁၃ ထို စကား ကိုကြား လျှင် ပိလတ် မင်းသည် ယေရှု ကိုပြင် သို့ထုတ် ပြီးမှ၊ ဟေဗြဲ စကားအားဖြင့်ဂဗ္ဗသ အမည်ရှိ၍ ကျောက် ခင်းဟုခေါ်ဝေါ်သောအရပ် ၌ တရားပလ္လင် ပေါ်မှာ ထိုင် လေ၏။
When Pilate heard this woorde, hee brought Iesus foorth, and sate downe in the iudgement seate in a place called the Pauement, and in Hebrewe, Gabbatha.
14 ၁၄ ထိုနေ့အချိန်ကား၊ ပသခါ အဘိတ်နေ့ တစ် ချက်တီးအချိန် လောက် ရှိ ၏။ ပိလတ်မင်းကလည်းသင် တို့၏ ရှင်ဘုရင် ကို ကြည့် ကြလော့ဟု ယုဒ လူတို့အား ပြောဆို လျှင် ၊
And it was the Preparation of the Passeouer, and about the sixt houre: and hee sayde vnto the Iewes, Beholde your King.
15 ၁၅ ထို သူ ကိုထုတ် ပါ။ ထုတ် ပါ။ လက်ဝါးကပ်တိုင် မှာ ရိုက်ထားပါဟု လူအများဟစ်ကြော် ကြ၏။ ပိလတ် မင်းကလည်း၊ သင် တို့၏ရှင်ဘုရင် ကို လက်ဝါးကပ်တိုင် မှာရိုက်ထားရမည်လောဟု မေး ပြန်လျှင်၊ ယဇ်ပုရောဟိတ် အကြီးတို့က၊ အကျွန်ုပ်တို့၌ ကဲသာ ဘုရင်မှတစ်ပါး အဘယ် ရှင်ဘုရင် မျှမရှိ ဟု ပြန်ပြော ကြ၏။
But they cried, Away with him, away with him, crucifie him. Pilate sayde vnto them, Shall I crucifie your King? The high Priestes answered, We haue no King but Cesar.
16 ၁၆ ထိုအခါ ပိလတ်မင်းသည် ယေရှု ကိုလက်ဝါးကပ်တိုင် မှာ ရိုက်ထားစေခြင်းငှာ ထိုသူ တို့လက်သို့ အပ် သဖြင့်၊ သူတို့သည် ကိုယ်တော် ကိုယူ၍ထုတ်သွား ကြ၏။
Then deliuered he him vnto them, to be crucified. And they tooke Iesus, and led him away.
17 ၁၇ ကိုယ်တော်သည် မိမိ လက်ဝါးကပ်တိုင် ကိုထမ်း လျှက် ဦးခေါင်းခွံ အရပ်ဟူ၍တွင် သောအရပ် သို့ ထွက် တော်မူ၏။ ထို အရပ် ကား၊ ဟေဗြဲ စကားအားဖြင့်ဂေါလဂေါသ အမည် ရှိ၏။
And he bare his owne crosse, and came into a place named of dead mens Skulles, which is called in Hebrewe, Golgotha:
18 ၁၈ ထိုအရပ် ၌ ကိုယ်တော် ကို အခြား သောသူနှစ် ယောက်နှင့်တကွ လက်ဝါးကပ်တိုင် မှာ ရိုက်ထားကြ၏။ ထိုသူနှစ်ယောက်အလယ် မှာ ယေရှု သည် နေရာကျသတည်း။
Where they crucified him, and two other with him, on either side one, and Iesus in the middes.
19 ၁၉ ပိလတ် မင်းသည်လည်း ကမ္ဗည်း လိပ်စာကိုရေး ၍ လက်ဝါးကပ်တိုင် တော်၌ တပ် လေ၏။ လိပ်စာချက်ဟူမူကား၊ ယုဒ ရှင်ဘုရင် ၊ နာဇရက် မြို့သားယေရှု ဟု ရေး ထားသတည်း။
And Pilate wrote also a title, and put it on the crosse, and it was written, JESUS OF NAZARETH THE KING OF THE JEWES.
20 ၂၀ ယေရှု ကိုလက်ဝါးကပ်တိုင် မှာ ရိုက်ထားသောအရပ် သည် မြို့ နှင့်နီး သည်ဖြစ်၍ ၊ ထိုလိပ်စာကို ဟေဗြဲ ဘာသာ၊ ဟေလသ ဘာသာ၊ ရောမ ဘာသာအားဖြင့်ရေး ထားသောကြောင့် ယုဒ လူများ တို့သည် ဖတ် ကြ၏။
This title then read many of the Iewes: for the place where Iesus was crucified, was neere to the citie: and it was written in Hebrewe, Greeke and Latine.
21 ၂၁ ထိုကြောင့် ယုဒ ယဇ်ပုရောဟိတ် အကြီးတို့သည် ပိလတ် မင်းထံသို့ဝင်၍၊ ယုဒ ရှင်ဘုရင် ဟု မ ရေး ပါနှင့်။ ငါသည်ယုဒ ရှင်ဘုရင် ဖြစ် သည်ဟု သူ ဆို ကြောင်း ကို ရေးတော်မူပါဟုလျှောက် ကြလျှင်၊
Then saide the hie Priests of the Iewes to Pilate, Write not, The King of the Iewes, but that he sayd, I am King of the Iewes.
22 ၂၂ ပိလတ် မင်းက၊ ငါရေး ပြီးသောအရာ ကို ငါရေး ပြီဟုပြန်ဆို ၏။
Pilate answered, What I haue written, I haue written.
23 ၂၃ စစ်သူရဲ တို့သည် ယေရှု ကိုလက်ဝါးကပ်တိုင် ၌ ရိုက်ထားပြီးမှ၊ အဝတ် တော်တို့ကို လေး ပိုင်း ပိုင်း၍ တစ်ယောက်တစ်ပိုင်း စီ ယူကြလေ၏။ အတွင်းအင်္ကျီ တော်ကား၊ မ ချုပ်ဘဲလျက် အထက် စွန်းမှသည်အောက်စွန်းတိုင်အောင် ရက် သောအင်္ကျီ ဖြစ်သောကြောင့် ၊
Then the souldiers, when they had crucified Iesus, tooke his garments (and made foure partes, to euery souldier a part) and his coat: and the coat was without seame wouen from the toppe throughout.
24 ၂၄ ထိုသူတို့က၊ အင်္ကျီ ကိုမ ဆုတ် ကြနှင့်။ အဘယ်သူ ယူ ရမည်ကို စာရေးတံ ချကြကုန်အံ့ဟု အချင်းချင်း ဆို ကြ၏။ ကျမ်းစာ လာသည်ကား ၊ သူတို့သည် အကျွန်ုပ် အဝတ် ကို အချင်းချင်း ဝေဖန် ၍ အကျွန်ုပ် အင်္ကျီ ကိုစာရေးတံ ချကြပါ၏ဟူသော အချက်စကား ကိုပြည့်စုံ စေ၍၊ စစ်သူရဲ တို့သည် ထိုသို့ ပြု ကြ၏။
Therefore they sayde one to another, Let vs not deuide it, but cast lots for it, whose it shall be. This was that the Scripture might be fulfilled, which sayth, They parted my garments among them, and on my coate did cast lots. So the souldiers did these things in deede.
25 ၂၅ ယေရှု ၏ လက်ဝါးကပ်တိုင် တော်နား မှာ မယ်တော် နှင့် မယ်တော် ၏ညီမ ဖြစ်သော ကလောဖ ၏မယား မာရိ နှင့် မာဂဒလ မာရိ တို့သည် ရပ် နေကြ၏။
Then stoode by the crosse of Iesus his mother, and his mothers sister, Marie the wife of Cleopas, and Marie Magdalene.
26 ၂၆ ထိုအခါမယ်တော် နှင့် ချစ် တော်မူသောတပည့် တော်သည် အနားမှာရပ် နေသည်ကို ယေရှု သည် မြင် တော်မူလျှင်၊ မယ်တော် အား၊ အချင်းမိန်းမ ၊ သင် ၏သား ကို ကြည့် ပါ ဟူ၍၎င်း ၊
And when Iesus sawe his mother, and the disciple standing by, whom he loued, he said vnto his mother, Woman, beholde thy sonne.
27 ၂၇ တပည့် တော်အားလည်း၊ သင် ၏အမိ ကိုကြည့် ပါ ဟူ၍၎င်း မိန့် တော်မူ၏။ ထို အခါ မှစ၍ ထိုတပည့် တော်သည် မယ်တော် ကိုမိမိ အိမ်၌ သိမ်းထား ၏။
Then saide he to the disciple, Beholde thy mother: and from that houre, the disciple tooke her home vnto him.
28 ၂၈ ထိုနောက်မှ ကျမ်းစာ ပြည့်စုံ စေခြင်းငှာ အမှုရှိသမျှ ကုန်စင် ပြီး သည်ကို သိ တော်မူလျှင်၊ ရေငတ် သည်ဟု မိန့် တော်မူ၏။
After, when Iesus knew that all things were performed, that the Scripture might be fulfilled, he said, I thirst.
29 ၂၉ ထိုအရပ်၌ပုံးရည် နှင့်ပြည့် သော အိုး တစ်လုံးရှိ သည်ဖြစ်၍၊ ထိုသူတို့သည် ရေမှို တထွေးကိုပုံးရည် နှင့် ပြည့် စေပြီးလျှင်၊ ဟုဿုပ် ပင် အကိုင်းဖျား၌တပ် ၍ ခံတွင်း တော်သို့ကပ် ထားကြ၏။
And there was set a vessell full of vineger: and they filled a spondge with vineger: and put it about an Hyssope stalke, and put it to his mouth.
30 ၃၀ ယေရှု သည် ပုံးရည် ကိုခံ ပြီးမှ၊ အမှုပြီး ပြီဟုမိန့် တော်မူလျက်၊ ခေါင်း တော်ကို ငိုက် ဆိုက်ညွှတ်၍ အသက် တော်ကို စွန့် တော်မူ၏။
Nowe when Iesus had receiued of the vineger, he saide, It is finished, and bowed his head, and gaue vp the ghost.
31 ၃၁ ထို နေ့သည် အဘိတ်နေ့ ဖြစ် ၍၊ နက်ဖြန်နေ့လည်း ကြီးမြတ် သောဥပုသ်နေ့ ဖြစ် သည်ကို ယုဒ လူတို့သည် ထောက်၍၊ အလောင်း ကောင်တို့ကို ဥပုသ်နေ့ ၌ လက်ဝါးကပ်တိုင် ပေါ်မှာ မ ရှိစေခြင်းငှာ ပိလတ် မင်းထံသို့ဝင် ပြီးလျှင်၊ ခြေ ကိုချိုး ၍ ထိုအလောင်းကောင်တို့ကို ယူသွား ရမည်အကြောင်း အခွင့်တောင်း ကြ၏။
The Iewes then (because it was the Preparation, that the bodies should not remaine vpon the crosse on the Sabbath day: for that Sabbath was an hie day) besought Pilate that their legges might be broken, and that they might be taken downe.
32 ၃၂ ထိုအခါ စစ်သူရဲ တို့သည် သွား ၍ကိုယ်တော် နှင့်အတူလက်ဝါးကပ်တိုင် မှာ ရိုက်ထားသောသူနှစ် ယောက်တို့၏ ခြေ ကိုချိုး လေ၏။
Then came the souldiers and brake the legges of the first, and of the other, which was crucified with Iesus.
33 ၃၃ ယေရှု ထံသို့ ရောက် ၍ အသက် မရှိကြောင်းကို မြင် လျှင်ခြေ ကို မ ချိုး ဘဲ၊
But when they came to Iesus, and saw that he was dead alreadie, they brake not his legges.
34 ၃၄ စစ်သူရဲ တစ် ယောက်သည် နံဖေး တော်ကို လှံ နှင့်ထိုးဖောက် ၍ သွေး နှင့် ရေ သည်ချက်ခြင်း ထွက်လာ ၏။
But one of the souldiers with a speare pearced his side, and foorthwith came there out blood and water.
35 ၃၅ ထိုအကြောင်းအရာကိုမြင် သောသူ သည် သက်သေခံ ၏။ သူ ၏သက်သေခံ ချက်သည်လည်း မှန် ပေ၏။ သင် တို့သည်ယုံကြည် မည်အကြောင်း ၊ သူပြော သောစကားမှန် သည် ကို သူ သိ ၏။
And he that sawe it, bare recorde, and his record is true: and he knoweth that he saith true, that ye might beleeue it.
36 ၃၆ ထို အကြောင်းအရာကား၊ သူ ၏အရိုး ကို မ ချိုး ရဟု ကျမ်းစာ လာချက်ပြည့်စုံ မည်အကြောင်း တည်း။
For these things were done, that the Scripture shoulde be fulfilled, Not a bone of him shalbe broken.
37 ၃၇ တစ်ဖန် ကျမ်းစာ လာသည်ကား၊ ထိုသူတို့သည် မိမိတို့ ထိုးဖောက် သောသူ ကို ရှုမြင် ရကြလိမ့်မည်ဟု လာ၏။
And againe an other Scripture saith, They shall see him whom they haue thrust through.
38 ၃၈ ထိုနောက်မှ အရိမသဲ မြို့သားယောသပ် သည် ယုဒ လူတို့ကိုကြောက် ၍ မထင်မရှား တပည့် တော်ဖြစ် သည်နှင့်၊ ပိလတ် မင်းထံသို့ဝင်၍ ယေရှု ၏အလောင်း တော်ကို ယူသွား မည်အကြောင်း အခွင့်တောင်း ၏။ ပိလတ် မင်းအခွင့် ပေးလျှင်၊ ထိုသူသည်သွား ၍ ယေရှု ၏အလောင်း တော်ကို ယူ လေ၏။
And after these things, Ioseph of Arimathea (who was a disciple of Iesus, but secretly for feare of the Iewes) besought Pilate that he might take downe the bodie of Iesus. And Pilate gaue him licence. He came then and tooke Iesus body.
39 ၃၉ အထက် ကညဉ့် အခါယေရှု ထံသို့ လာ သော နိကောဒင် သည်လည်း ၊ အခွက်သုံးဆယ်မျှလောက် အချိန် ရှိသောမုရန် နှင့် အကျော် ကို ရောနှော သော နံ့သာပျောင်းကို ဆောင် လျက်လာ ၏။
And there came also Nicodemus (which first came to Iesus by night) and brought of myrrhe and aloes mingled together about an hundreth pound.
40 ၄၀ ထိုသူတို့သည် ယေရှု ၏အလောင်း တော်ကိုယူ ၍ ၊ ယုဒ လူတို့၏ သင်္ဂြိုဟ် ခြင်းနှင့်ဆိုင်သောပြင်ဆင်ခြင်း ထုံးစံ ရှိ သည်အတိုင်း နံ့သာမျိုး နှင့်တကွ ပိတ် ပုဆိုးဖြင့် အလောင်း တော်ကို ပတ်ရစ် ကြ၏။
Then tooke they the body of Iesus, and wrapped it in linnen clothes with the odours, as the maner of the Iewes is to burie.
41 ၄၁ လက်ဝါးကပ်တိုင် မှာ ရိုက်ထားသောအရပ် တွင်ဥယျာဉ် ရှိ ၏။ ထိုဥယျာဉ် တွင် တစ်ယောက် ကိုမျှမ သင်္ဂြိုဟ်ဘူးသော သင်္ချိုင်း တွင်းသစ် ရှိ၏။
And in that place where Iesus was crucified, was a garden, and in the garden a newe sepulchre, wherein was neuer man yet laid.
42 ၄၂ ယုဒ လူတို့၏ အဘိတ်နေ့ ဖြစ်သောကြောင့် ၊ အနီးအပါး တွင်ရှိ သော ထိုသင်္ချိုင်း အတွင်း၌ အလောင်း တော်ကိုထား ကြ၏။
There then laide they Iesus, because of the Iewes Preparation day, for the sepulchre was neere.

< ယောဟန် 19 >