< ယောဟန် 17 >

1 ထိုသို့မိန့်တော်မူပြီးမှယေရှု သည်ကောင်းကင် သို့ ကြည့်မျှော် ၍၊ အိုအဘ ၊ အကျွန်ုပ်အချိန် ရောက် ပါပြီ။
ထိုသို့ မိန့်တော်မူပြီးမှ ယေရှုသည်ကောင်းကင်သို့ကြည့်မျှော်၍၊ အိုအဘ၊ အကျွန်ုပ်အချိန်ရောက်ပါပြီ။
2 ကိုယ်တော်သည် သားတော်လက်သို့ အပ်ပေး တော်မူသမျှ သောသူ တို့အား ထာဝရ အသက် ကို ပေး စေခြင်းငှာ ၊ လူမျိုး အပေါင်း တို့ကို အစိုးရသောအခွင့် တန်ခိုးကိုသား တော်အား ပေး တော်မူသည်နှင့်အညီ ၊ သား တော် သည် ကိုယ်တော် ၏ဘုန်း ကို ထင်ရှားစေပါမည်အကြောင်း သား တော်၏ဘုန်း ထင်ရှားစေတော်မူပါ။ (aiōnios g166)
ကိုယ်တော်သည် သားတော်လက်သို့ အပ်ပေးတော်မူသမျှသောသူတို့အား ထာဝရအသက်ကို ပေးစေ ခြင်းငှါ၊ လူမျိုးအပေါင်းတို့ကို အစိုးရသောအခွင့်တန်ခိုးကိုသားတော်အား ပေးတော်မူသည်နှင်အညီ၊ သားတော် သည် ကိုယ်တော်၏ဘုန်းကို ထင်ရှားစေပါမည်အကြောင်း သားတော်၏ဘုန်းထင်ရှားစေတော်မူပါ။ (aiōnios g166)
3 ထာဝရ အသက် ဟူမူကား၊ မှန် သောဘုရားသခင် တစ်ဆူတည်း ဖြစ်တော်မူသော ကိုယ်တော် ကို၎င်း ၊ စေလွှတ် တော်မူသော ယေရှု ခရစ် ကို၎င်းသိကျွမ်း ခြင်းတည်း။ (aiōnios g166)
ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင် တဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကို၎င်း၊ စေ လွှတ်တော်မူသော ယေရှုခရစ်ကို၎င်း၊ သိုကျွမ်းခြင်းတည်း။ (aiōnios g166)
4 အကျွန်ုပ် သည် မြေကြီး ပေါ်မှာ ကိုယ်တော် ကို ဘုန်း ထင်ရှားစေပါပြီ။ အကျွန်ုပ်ဆောင်ရွက် စရာဘို့ အကျွန်ုပ် အပ်ပေး တော်မူသောအမှု ကို အကျွန်ုပ်ဆောင်ရွက်၍ ပြီး ပါပြီ။
အကျွန်ုပ်သည် မြေကြီးပေါ်မှာကိုယ်တော်ကို ဘုန်းထင်ရှားစေပါပြီ။ အကျွန်ုပ်ဆောင်ရွက်စရာဘို့ အကျွန်ုပ်အပ်ပေတော်မူသောအမှုကို အကျွန်ုပ်ဆောင်ရွက်၍ ပြီးပါပြီ။
5 အိုအဘ ၊ ဤကမ္ဘာ မတည် မရှိမှီ အထံတော်၌ အကျွန်ုပ်ခံစားရသောဘုန်း အသရေနှင့် ယခု တွင်လည်း အကျွန်ုပ် ကိုအထံ တော်၌ ချီးမြောက် တော်မူပါ၏။
အိုအဘ၊ ဤကမ္ဘာမတည်မရှိမှီအထံတော်၌ အကျွန်ုပ်ခံစားရသောဘုန်းအသရေနှင့် ယခုတွင်လည်း အကျွန်ုပ်ကိုအထံတော်၌ ချီးမြောက်တော်မူပါ၏။
6 ဤလောက ထဲမှ ယူ၍ အကျွန်ုပ် ၌ အပ်ပေး တော်မူသောသူ တို့အား အကျွန်ုပ်သည် ကိုယ်တော် ၏ နာမ ကိုပြပါ ပြီ။ ထိုသူတို့ကို ကိုယ်တော် သည်ပိုင်တော်မူသဖြင့် အကျွန်ုပ် အား ပေး တော်မူ၏။ ကိုယ်တော် ၏ နှုတ်ကပတ် တရားကို သူတို့သည်စောင့် ကြ၏။
ဤလောကထဲမှယူ၍ အကျွန်ုပ်၌ အပ်ပေးတော်မူသောသူတို့အား အကျွန်ုပ်သည် ကိုယ်တော်၏ နာမကိုပြပါပြီ။ ထိုသူတို့ကို ကိုယ်တော်သည်ပိုင်တော်မူသဖြင့် အကျွန်ုပ်အား ပေးတော်မူ၏။ ကိုယ်တော်၏ နှုတ်ကပတ်တရားကို သူတို့သည်စောင့်ကြ၏။
7 အကျွန်ုပ် အား ပေး တော်မူသမျှ တို့သည် ကိုယ်တော် မှ ဖြစ် ကြောင်း ကို သူတို့သည်ယခု သိ ကြပါ၏။
အကျွန်ုပ်အား ပေးတော်မူသမျှတို့သည် ကိုယ်တော်မှဖြစ်ကြောင်းကို သူတို့သည်ယခုသိကြပါ၏။
8 အကြောင်းမူကား ၊ အကျွန်ုပ် အား ပေး တော်မူသမျှ သောအရာ တို့ကို သူ တို့အားအကျွန်ုပ်ပေး ၍ သူ တို့သည် ခံယူ သဖြင့်၊ အကျွန်ုပ်သည် အထံ တော်မှကြွလာ သည်ကို အတပ် သိ ကြသည်နှင့် ကိုယ်တော် သည် အကျွန်ုပ် ကို စေလွှတ် တော်မူသည်ကို ယုံ ကြပါ၏။
အကြောင်းမူကား၊ အကျွန်ုပ်အား ပေးတော်မူသမျှသောအရာတို့ကို သူတို့အားအကျွန်ုပ်ပေး၍ သူတို့ သည် ခံယူသဖြင့်၊ အကျွန်ုပ်သည် အထံတော်မှကြွလာသည်ကို အတပ်သိကြသည်နှင့် ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူသည်ကို ယုံကြပါ၏။
9 သူ တို့အဘို့ အလို့ငှာအကျွန်ုပ် ဆုတောင်း ပါ၏။ လောကီသား တို့အဘို့ အလို့ငှာဆုတောင်း သည်မ ဟုတ်ပါ၊ အကျွန်ုပ် အား ပေး တော်မူသောသူတို့သည် ကိုယ်တော် ၏လူဖြစ် သောကြောင့် ၊ ထိုသူ တို့အဘို့ အလို့ငှာဆုတောင်း ပါ၏။
သူတို့အဘို့အလို့ငှါ အကျွန်ုပ်ဆုတောင်းပါ၏။ လောကီသားတို့အဘို့အလို့ငှါ ဆုတောင်းသည်မဟုတ်ပါ၊ အကျွန်ုပ်အား ပေးတော်မူသောသူတို့သည် ကိုယ်တော်၏လူဖြစ်သောကြောင့်၊ ထိုသူတို့အဘို့အလို့ငှါ ဆုတောင်း ပါ၏။
10 ၁၀ အကျွန်ုပ် နှင့်စပ်ဆိုင်သောအရာ ရှိသမျှ တို့သည် ကိုယ်တော် နှင့် စပ်ဆိုင် ကြပါ၏။ ကိုယ်တော် နှင့်စပ်ဆိုင်သောအရာ ရှိသမျှတို့သည်လည်း ၊ အကျွန်ုပ် နှင့်စပ်ဆိုင်၍ ထိုအရာ တို့အားဖြင့် အကျွန်ုပ်သည် ဘုန်း ထင်ရှားပါ၏။
၁၀အကျွန်ုပ်နှင့်စပ်ဆိုင်သောအရာရှိသမျှတို့သည် ကိုယ်တော်နှင့် စပ်ဆိုင်ကြပါ၏။ ကိုယ်တော်နှင့်စပ်ဆိုင် သောအရာရှိသမျှတို့သည်လည်း၊ အကျွန်ုပ်နှင့်စပ်ဆိုင်၍ ထိုအရာတို့အားဖြင့် အကျွန်ုပ်သည် ဘုန်းထင်ရှား ပါ၏။
11 ၁၁ ယခုမှစ၍ အကျွန်ုပ်သည် ဤလောက ၌ မ ရှိ ပါ၊ ဤသူ တို့မူကား ၊ ဤလောက ၌ ရှိ ရစ်ကြပါမည်။ အကျွန်ုပ် သည် ကိုယ်တော် ထံသို့ သွား ရပါမည်။ သန့်ရှင်း တော်မူသောအဘ ၊ ကိုယ်တော် နှင့်အကျွန်ုပ်သည် တစ်လုံးတစ်ဝတည်း ဖြစ်သကဲ့သို့ အကျွန်ုပ် အား ပေး တော်မူသော ဤသူတို့သည် ဖြစ် ရပါမည်အကြောင်း ၊ သူ တို့ကို ကိုယ်တော် ၏ နာမ ၌ တည် စေတော်မူပါ။
၁၁ယခုမှစ၍အကျွန်ုပ်သည် ဤလောက၌မရှိပါ၊ ဤသူတို့မူကား၊ ဤလောက၌ရှိရစ်ကြပါမည်။ အကျွန်ုပ် သည် ကိုယ်တော်ထံသို့ သွားရပါမည်။ သန့်ရှင်းတော်မူသောအဘ၊ ကိုယ်တော်နှင့်အကျွန်ုပ်သည် တလုံးတဝ တည်းဖြစ်သကဲ့သို့ အကျွန်ုပ်အား ပေးတော်မူသော ဤသူတို့သည် ဖြစ်ရပါမည်အကြောင်း၊ သူတို့ကို ကိုယ်တော်၏ နာမ၌တည်စေတော်မူပါ။
12 ၁၂ အကျွန်ုပ် သည် ဤလောက၌ ဤသူ တို့နှင့်တကွ ရှိ စဉ် ကာလ၊ သူ တို့ကိုကိုယ်တော် ၏နာမ ၌ တည် စေပါ ပြီ။ အကျွန်ုပ် အား ပေး တော်မူသောသူတို့ကို အကျွန်ုပ်စောင်မ ပါပြီ။ ထိုသူ တို့တွင် ပျက်စီး ခြင်း၏သား တစ် ယောက်မှတစ်ပါး အဘယ်သူ မျှပျက်စီး ခြင်းသို့မ ရောက်ပါ၊ ထိုသူသည် ပျက်စီးခြင်းသို့ ရောက်သည်အကြောင်း ကား၊ ကျမ်းစာ ပြည့်စုံ မည်အကြောင်း တည်း။
၁၂အကျွန်ုပ်သည် ဤလောက၌ ဤသူတို့နှင့်တကွရှိစဉ်ကာလ၊ သူတို့ကိုကိုယ်တော်၏နာမ၌ တည်စေပါ ပြီ။ အကျွန်ုပ်အား ပေးတော်မသောသူတို့ကို အကျွန်ုပ်စောင်မပါပြီ။ ထိုသူတို့တွင် ပျက်စီးခြင်း၏သား တ ယောက်မှတပါး အဘယ်သူမျှပျက်စီးခြင်းသို့မရောက်ပါ၊ ထိုသူသည် ပျက်စီးခြင်းသို့ ရောက်သည်အကြောင်း ကား၊ ကျမ်းစာပြည့်စုံမည်အကြောင်းတည်း။
13 ၁၃ ယခု တွင် အကျွန်ုပ်သည် ကိုယ်တော် ထံသို့ သွားရ မည်ဖြစ်၍ ၊ ဤသူသည် အကျွန်ုပ်ကို အမှီပြုသဖြင့် ဝမ်းမြောက် ခြင်းနှင့် ပြည်စုံ မည်အကြောင်း ၊ ဤ စကားကို ဤလောက ၌ အကျွန်ုပ်ပြော ပါ၏။
၁၃ယခုတွင် အကျွန်ုပ်သည် ကိုယ်တော်ထံသို့သွားရမည်ဖြစ်၍၊ ဤသူသည် အကျွန်ုပ်ကို အမှီပြုသဖြင့် ဝမ်းမြောက်ခြင်းနှင့် ပြည်စုံမည်အကြောင်း၊ ဤစကားကို ဤလောက၌ အကျွန်ုပ်ပြောပါ၏။
14 ၁၄ ကိုယ်တော် ၏နှုတ်ကပတ် တရားကို ဤသူ တို့အား အကျွန်ုပ် ပေး ပါပြီ။ အကျွန်ုပ် သည် ဤလောက နှင့် မ ဆက်ဆံသကဲ့သို့ ဤသူတို့သည် မ ဆက်ဆံသောကြောင့် ၊ လောကီသား တို့သည် ဤသူ တို့ကို မုန်း ကြပါ၏။
၁၄ကိုယ်တော်၏နှုတ်ကပတ်တရားကို ဤသူတို့အား အကျွန်ုပ်ပေးပါပြီ။ အကျွန်ုပ်သည် ဤလောကနှင့် မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံသောကြောင့်၊ လောကီသားတို့သည် ဤသူတို့ကို မုန်းကြပါ၏။
15 ၁၅ ဤသူ တို့ကို ဤလောက မှ နှုတ်ယူ တော်မူမည်အကြောင်း အကျွန်ုပ်တောင်း သည်မ ဟုတ်ပါ။ မကောင်း သော အမှုအရာနှင့် ကင်းလွတ်စေခြင်းငှာစောင့်မ တော်မူမည်အကြောင်း ကိုသာ တောင်းပါ၏။
၁၅ဤသူတို့ကို ဤလောကမှ နှုတ်ယူတော်မူမည်အကြောင်း အကျွန်ုပ်တောင်းသည်မဟုတ်ပါ။ မကောင်း သော အမှုအရာနှင့်ကင်းလွတ်စေခြင်းငှါ စောင့်မတော်မူမည်အကြောင်းကိုသာ တောင်းပါ၏။
16 ၁၆ အကျွန်ုပ် သည် ဤလောက နှင့်မ ဆက်ဆံ သကဲ့သို့ ဤသူ တို့သည် မ ဆက်ဆံကြပါ။
၁၆အကျွန်ုပ်သည် ဤလောကနှင့်မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံကြပါ။
17 ၁၇ ကိုယ်တော်၏သမ္မာတရား အားဖြင့် သူ တို့ကိုသန့်ရှင်း စေတော်မူပါ။ ကိုယ်တော် ၏နှုတ်ကပတ် သည် သမ္မာတရား ဖြစ် ပါ၏။
၁၇ကိုယ်တော်၏သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။
18 ၁၈ ကိုယ်တော်သည်အကျွန်ုပ် ကို ဤလောက သို့ စေလွှတ်တော်မူ သည်နည်းတူ ၊ အကျွန်ုပ် သည် ဤသူ တို့ကို စေလွှတ် ပါ၏။
၁၈ကိုယ်တော်သည်အကျွန်ုပ်ကို ဤလောကသို့ စေလွှတ်တော်မူသည်နည်းတူ၊ အကျွန်ုပ်သည် ဤသူတို့ကို စေလွှတ်ပါ၏။
19 ၁၉ သမ္မာတရား အားဖြင့် သူ တို့ကို သန့်ရှင်း စေမည်အကြောင်း ၊ အကျွန်ုပ် သည် သူ တို့အဘို့ အလိုငှာ ကိုယ် ကိုသန့်ရှင်း စေပါ၏။
၁၉သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေမည်အကြောင်း၊ အကျွန်ုပ်သည် သူတို့အဘို့အလိုငှါ ကိုယ် ကို သန့်ရှင်းစေပါ၏။
20 ၂၀ ထို သူတို့အဘို့ ကိုသာ အကျွန်ုပ်ဆုတောင်း သည် မ ဟုတ်ပါ၊ သူ တို့ ဟောပြော ခြင်းအားဖြင့် အကျွန်ုပ် ကို ယုံကြည် သောသူ တို့အဘို့ ကိုလည်း ဆုတောင်းပါ၏။
၂၀ထိုသူတို့အဘို့ကိုသာ အကျွန်ုပ်ဆုတောင်းသည် မဟုတ်ပါ၊ သူတို့ ဟောပြောခြင်းအားဖြင့် အကျွန်ုပ်ကို ယုံကြည်သောသူတို့အဘို့ကိုလည်း ဆုတောင်းပါ၏။
21 ၂၁ ကိုယ်တော် သည် အကျွန်ုပ် ကိုစေလွှတ် တော်မူသည်ကို လောကီသား တို့သည် ယုံ ကြမည်အကြောင်း ထို သူအပေါင်း တို့သည် တလုံးတဝတည်း ဖြစ် လျက်၊ အဘ ၊ ကိုယ်တော် သည် အကျွန်ုပ် ၌ ရှိတော်မူ၍ အကျွန်ုပ် သည် လည်း ကိုယ်တော် ၌ ရှိသကဲ့သို့ ၊ ထိုသူ အပေါင်းတို့သည် ငါ တို့၌ တလုံးတဝတည်းဖြစ် စေခြင်းငှာ ဆုတောင်းပါ၏။
၂၁ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူသည်ကို လောကီသားတို့သည် ယုံကြမည်အကြောင်း ထို သူအပေါင်းတို့သည် တလုံးတဝတည်းဖြစ်လျက်၊ အဘ၊ ကိုယ်တော်သည် အကျွန်ုပ်၌ရှိတော်မူ၍ အကျွန်ုပ်သည် လည်း ကိုယ်တော်၌ရှိသကဲ့သို့၊ ထိုသူအပေါင်းတို့သည် ငါတို့၌တလုံးတဝတည်းဖြစ်စေခြင်းငှါ ဆုတောင်းပါ၏။
22 ၂၂ ငါ တို့သည် တလုံးတဝတည်း ဖြစ် သကဲ့သို့ ၊ အကျွန်ုပ် သည်သူ တို့၌ ရှိ၍ ၊
၂၂ငါတို့သည် တလုံးတဝတည်းဖြစ်သကဲ့သို့၊ အကျွန်ုပ်သည်သူတို့၌ရှိ၍၊
23 ၂၃ ကိုယ်တော် သည်လည်း၊ အကျွန်ုပ် ၌ ရှိတော်မူသောအားဖြင့်သူတို့သည်တလုံးတဝတည်း ဖြစ်၍၊ တလုံးတဝတည်း ၌ စုံလင် စေခြင်းငှာ ၎င်း၊ ကိုယ်တော် သည် အကျွန်ုပ် ကိုစေလွှတ် တော်မူကြောင်း နှင့် အကျွန်ုပ် ကို ချစ် တော်မူသကဲ့သို့ သူ တို့ကိုလည်းချစ် တော်မူကြောင်း ကို လောကီသား တို့သည် သိ စေခြင်းငှာ၎င်း၊ ကိုယ်တော်သည် အကျွန်ုပ် အားပေး တော်မူသောဘုန်း အသရေကို အကျွန်ုပ်သည်သူ တို့အား ပေးပါ ပြီ။
၂၃ကိုယ်တော်သည်လည်း၊ အကျွန်ုပ်၌ ရှိတော်မူသောအားဖြင့် သူတို့သည်တလုံးတဝတည်းဖြစ်၍၊ တလုံး တဝတည်း၌ စုံလင်စေခြင်းငှါ၎င်း၊ ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူကြောင်းနှင့် အကျွန်ုပ်ကို ချစ် တော်မူသကဲ့သို့ သူတို့ကိုလည်းချစ်တော်မူကြောင်းကို လောကီသားတို့သည် သိစေခြင်းငှါ၎င်း၊ ကိုယ်တော်သည် အကျွန်ုပ်အားပေးတော်မူသော ဘုန်းအသရေကို အကျွန်ုပ်သည်သူတို့အား ပေးပါပြီ။
24 ၂၄ အိုအဘ ၊ ကိုယ်တော်သည် ဤကမ္ဘာ မ တည် မရှိမှီအကျွန်ုပ် ကိုချစ် ၍ အကျွန်ုပ် အား ပေး တော်မူသော ဘုန်း တော်ကို အကျွန်ုပ် အား ပေး တော်မူသောသူ တို့သည် ရှုမြင် ရမည်အကြောင်း ၊ အကျွန်ုပ် ရှိ ရာ အရပ် ၌ အကျွန်ုပ် နှင့်အတူ ရှိ နေစေခြင်းငှာ အကျွန်ုပ်အလိုရှိ ပါ၏။
၂၄အိုအဘ၊ ကိုယ်တော်သည် ဤကမ္ဘာမတည်မရှိမှီ အကျွန်ုပ်ကိုချစ်၍ အကျွန်ုပ်အား ပေးတော်မူသော ဘုန်းတော်ကို အကျွန်ုပ်အား ပေးတော်ပေးတော်မူသောသူတို့သည် ရှုမြင်ရမည်အကြောင်း၊ အကျွန်ုပ်ရှိရာ အရပ်၌ အကျွန်ုပ်နှင့်အတူ ရှိနေစေခြင်းငှါ အကျွန်ုပ်အလိုရှိပါ၏။
25 ၂၅ တရား တော်မူသောအဘ ၊ လောကီသား တို့သည် ကိုယ်တော် ကိုမ သိ သော်လည်း အကျွန်ုပ် သိ ပါ၏။ ကိုယ်တော် သည် အကျွန်ုပ် ကို စေလွှတ် တော်မူကြောင်း ကို ထိုသူ တို့သည်သိ ကြပါ၏။
၂၅တရားတော်မူသောအဘ၊ လောကီသားတို့သည် ကိုယ်တော်ကိုမသိသော်လည်း အကျွန်ုပ်သိပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူကြောင်းကို ထိုသူတို့သည်သိကြပါ၏။
26 ၂၆ ကိုယ်တော်သည်အကျွန်ုပ် ကိုချစ် တော်မူသောမေတ္တာ သည် သူ တို့၌ ရှိစေခြင်းငှာ ၎င်း၊ အကျွန်ုပ် သည် သူ တို့၌ ရှိ စေခြင်းငှာ၎င်း၊ ကိုယ်တော် ၏နာမ ကို အကျွန်ုပ်သည် သူ တို့အားပြညွှန် ပါပြီဖြစ်၍အစဉ်ပြညွှန်ပါမည် ဟု မိန့်မြွတ် တော်မူ၏။
၂၆ကိုယ်တော်သည်အကျွန်ုပ်ကိုချစ်တော်မူသောမေတ္တာသည် သူတို့၌ရှိစေခြင်းငှါ၎င်း၊ အကျွန်ုပ်သည် သူ တို့၌ရှိစေခြင်းငှါ၎င်း၊ ကိုယ်တော်၏နာမကို အကျွန်ုပ်သည် သူတို့အားပြညွှန်ပါပြီဖြစ်၍ အစဉ်ပြညွှန်ပါမည်ဟု မိန့်မြွတ်တော်မူ၏။

< ယောဟန် 17 >