< ယောဟန် 12 >

1 ပသခါ ပွဲခံချိန်ခြောက် ရက် လိုသောအခါ ၊ အထက်ကသေလွန်၍ သေ ခြင်းမှ ထမြောက် စေတော်မူသော လာဇရု နေရာအရပ် ၊ ဗေသနိ ရွာသို့ ယေရှု သည်ရောက် တော်မူ၏။
Then six days before the Passover, Yeshua came to Bethany, where Lazarus was, whom Yeshua raised from the dead.
2 ထိုကြောင့် ထိုသူတို့သည်ပွဲ လုပ် ကြသဖြင့် မာသ သည်လုပ်ကျွေးမှု ကိုဆောင်၍၊ လာဇရု သည် ကိုယ်တော် နှင့်အတူ လျောင်း သောသူ တို့ အဝင် ဖြစ် ၏။
So they prepared a dinner for him there; and Martha served, but Lazarus was one of those reclining at the table with him.
3 ထိုအခါ မာရိ သည် အဘိုး များစွာထိုက်သောနာဒု ဆီမွှေး စစ် အကျပ် သုံးဆယ်ကိုယူ ၍၊ ယေရှု ၏ခြေ တော် ကို လိမ်း ပြီးလျှင်မိမိ ဆံပင် နှင့်သုတ် သဖြင့် ၊ ထိုဆီ ၏ အမွှေး သည် တစ်အိမ် လုံးကိုနှံ့ပြား ၏။
Miriam, therefore, took a pound of ointment of pure nard, very precious, and anointed the feet of Yeshua, and wiped his feet with her hair. And the house was filled with the fragrance of the ointment.
4 တပည့် တော်တို့ အဝင် ဖြစ်၍ကိုယ်တော် ကိုအပ်နှံ မည့်သူ ၊ ရှိမုန်၏သား ယုဒ ရှကာရုတ် က၊
Then Judah the Iskriot, one of his talmidim, who would betray him, said,
5 ထို ဆီမွှေး ကို ဒေနာရိ အပြားသုံးရာ အဘိုးနှင့်ရောင်း ၍ ဆင်းရဲ သောသူတို့အားအဘယ်ကြောင့် မ ပေး သနည်းဟုဆို ၏။
"Why was this ointment not sold for three hundred denarii, and given to the poor?"
6 ထိုသို့ဆိုသော်၊ ဆင်းရဲ သောသူတို့အကျိုး ကို ထောက် ၍ဆိုသည်မ ဟုတ်။ မိမိ သည် သူခိုး ဖြစ် လျက်၊ တပည့်တော်များသုံးရန်ငွေအိတ် ကိုဆောင် ၍ နှိုက် ယူ တတ်သောကြောင့် သာ ဆို သတည်း။
Now he said this, not because he cared for the poor, but because he was a thief, and having the money box, used to steal what was put into it.
7 ယေရှု သည်လည်း၊ ထိုမိန်းမကိုရှိ စေတော့။ ငါ ၏အလောင်းကိုသင်္ဂြိုဟ် ခြင်းငှာ ပြင်ဆင်သောနေ့ တိုင်အောင် သူ သည်ဤ ဆီမွှေးကို သိုထား ပြီး။
But Yeshua said, "Leave her alone, that she may keep this for the day of my burial.
8 ဆင်းရဲ သောသူတို့ကား သင် တို့၌ အစဉ် ရှိ ကြ၏။ ငါ မူကား ၊ အစဉ် ရှိ သည်မ ဟုတ် ဟု မိန့် တော်မူ၏။
For you always have the poor with you, but you do not always have me."
9 ထို အရပ်၌ ယေရှုရှိ တော်မူသည်ကို ယုဒ လူ များအပေါင်း တို့သည်သိ လျှင် ၊ ကိုယ်တော် ကြောင့် သာ လာ သည်မ ဟုတ်။ သေ ခြင်းမှ ထမြောက် စေတော်မူသော လာဇရု ကိုမြင် ခြင်းငှာ လာကြ၏။
A large crowd therefore of the Judeans learned that he was there, and they came, not for Yeshua's sake only, but that they might see Lazarus also, whom he had raised from the dead.
10 ၁၀ ထိုသို့ ယုဒ လူများ တို့သည် လာဇရု ကိုအကြောင်း ပြုသဖြင့် ထွက်သွား ၍၊
But the chief cohanim plotted to kill Lazarus also,
11 ၁၁ ယေရှု ကို ယုံကြည် သောကြောင့် ၊ ယဇ်ပုရောဟိတ် အကြီးတို့သည် လာဇရု ကိုလည်း သတ် ခြင်းငှာ တိုင်ပင် စီရင်ကြ၏။
because on account of him many of the Jewish people went away and believed in Yeshua.
12 ၁၂ နက်ဖြန် နေ့၌ ယေရှု သည် ယေရုရှလင် မြို့သို့ ကြွလာတော်မူသည်ကို၊ ထိုပွဲ သို့ လာ သော လူအစုအဝေး အပေါင်း တို့သည် ကြား ရလျှင်၊
On the next day the large crowd that had come to the feast heard that Yeshua was coming to Jerusalem,
13 ၁၃ စွန်ပလွံ ခက် များကိုကိုင် လျက်၊ ကိုယ်တော် ကို ခရီးဦးကြိုပြု အံ့သောငှာ ထွက်သွား ကြ၍ ၊ ဟောရှဏ္ဏ ဖြစ်စေသတည်း။ ထာဝရ ဘုရား၏အခွင့် နှင့် ကြွလာ တော်မူသော ဣသရေလ ရှင်ဘုရင် သည် မင်္ဂလာ ရှိစေသတည်းဟု ကြွေးကြော် ကြ၏။
they took the branches of the palm trees, and went out to meet him, and were shouting, "Hosanna. Blessed is he who comes in the name of the Lord, the King of Israel."
14 ၁၄ ကျမ်းစာ၌လာသည်ကား၊
And Yeshua, having found a young donkey, sat on it. As it is written,
15 ၁၅ အိုဇိအုန် သတို့သမီး ၊ မ စိုးရိမ် နှင့်။ သင် ၏အရှင် မင်းကြီးသည် မြည်းကလေး ကိုစီး ၍ သင်ရှိရာသို့ ကြွ တော်မူသည်ကို ကြည့်ရှု လော့ဟု ရေး ထားသည်နှင့်အညီ၊ ယေရှု သည်မြည်းကလေး ကိုတွေ့ ၍ စီး တော်မူ၏။
"Do not be afraid, daughter of Zion. Look, your King comes, sitting on a donkey's colt."
16 ၁၆ ထိုအကြောင်းအရာကိုတပည့် တော်တို့သည် အစဦး ၌နား မ လည်သော်လည်း၊ ကိုယ်တော် ကိုရည်မှတ် ၍ ထိုသို့ ရေး ထားသည်ကို၎င်း ၊ ကိုယ်တော် အား ထိုသို့ ပြု ကြသည်ကို၎င်း၊ ဘုန်းပွင့် တော်မူသည်နောက် သတိရ ၍ မှတ်မိကြ၏။
His talmidim did not understand these things at first, but when Yeshua was glorified, then they remembered that these things were written about him, and that they had done these things to him.
17 ၁၇ နောက်တော်သို့လိုက်သော လူ အစုအဝေးတို့သည်ကား၊ လာဇရု ကိုသင်္ချိုင်း တွင်းမှ ခေါ် ၍ သေ ခြင်းမှ ထမြောက် စေတော်မူသည်အကြောင်းကို သက်သေခံ ကြ၏။
The crowd therefore that was with him when he called Lazarus out of the tomb, and raised him from the dead, was testifying about it.
18 ၁၈ ထို နိမိတ် လက္ခဏာကိုပြ တော်မူသည်ဟု လူ များတို့သည်သိတင်းကြား သောကြောင့် ၊ ခရီးဦးကြိုပြု အံ့သောငှာထွက်သွားကြ၏။
For this cause also the crowd went and met him, because they heard that he had done this sign.
19 ၁၉ ဖာရိရှဲ အချင်းချင်း တို့လည်း၊ သင်တို့သည်အလျှင်း မ တတ်နိုင် ။ ဤလောက သည် ထိုသူ နောက် သို့ လိုက် သွား ပါပြီတကားဟု ပြောဆို ကြ၏။
The Pharisees therefore said among themselves, "See how you accomplish nothing. Look, the whole world has gone after him."
20 ၂၀ ကိုးကွယ် ခြင်းအမှုနှင့် ထို ပွဲ သို့ ရောက်လာ သောသူ တို့တွင် ဟေလသ လူအချို့ ပါ ၏။
Now there were certain Greeks among those that went up to worship at the feast.
21 ၂၁ ထိုသူ တို့သည် ဂါလိလဲ ပြည်ဗက်ဇဲဒ မြို့သားဖြစ်သော ဖိလိပ္ပု ထံသို့သွား ၍ အကျွန်ုပ် တို့သည် ယေရှု ကို မြင် ချင်ပါသည်၊ ခင်ဗျား ဟု တောင်းပန် ကြ၏။
These, therefore, came to Philip, who was from Beit Tzaidah of Galil, and asked him, saying, "Sir, we want to see Yeshua."
22 ၂၂ ဖိလိပ္ပု သည်သွား ၍ အန္ဒြေ ကို ကြားပြော ပြီးမှ၊ ထို သူနှစ်ယောက်တို့သည် ယေရှု ကိုလျှောက် ၏။
Philip came and told Andrew, and in turn, Andrew came with Philip, and they told Yeshua.
23 ၂၃ ယေရှု ကလည်း၊ လူ သား သည် ဘုန်းပွင့် ရသောအချိန် ရောက် ပြီ။
And Yeshua answered them, "The time has come for the Son of Man to be glorified.
24 ၂၄ ငါအမှန်အကန် ဆို သည်ကား၊ မြေ ၌ ကျ သောစပါး စေ့ သည် မ ပျက် လျှင် တစ်ခု တည်းနေ ၏။ ပျက် လျှင် မူကား များစွာ သောအသီး ကို သီး တတ်၏။
Truly, truly, I tell you, unless a grain of wheat falls into the earth and dies, it remains by itself alone. But if it dies, it bears much fruit.
25 ၂၅ မိမိ အသက် ကို နှမြော သောသူ သည် အသက် ဆုံး လိမ့်မည်။ ဤ လောက ၌ မိမိ အသက် ကိုမုန်း သော သူ မူကား၊ ထာဝရ အသက် ကို စောင့်ရှောက် လျက်နေ၏။ (aiōnios g166)
He who loves his life loses it, and he who hates his life in this world will keep it to everlasting life. (aiōnios g166)
26 ၂၆ ငါ ၏အမှု ကို ဆောင်ရွက်သောသူ ဖြစ်လျှင်ငါ့ နောက်သို့လိုက် ရမည်။ ငါ ၏အမှုဆောင် သည်လည်း ငါ ရှိ ရာအရပ် ၌ ရှိ ရလိမ့်မည်။ ငါ ၏အမှုကိုဆောင်ရွက် သောသူ ဖြစ်လျှင် ထိုသူ ကိုခမည်းတော် သည် ချီးမြောက် တော်မူလတံ့။
If anyone serves me, let him follow me; and where I am, there will my servant also be. If anyone serves me, the Father will honor him.
27 ၂၇ ငါ သည် ယခု စိတ် နှလုံးပူပန် ခြင်းရှိ၏။ အဘယ်သို့ ငါလျှောက် ရမည်နည်း။ ထို အချိန် မှစ၍ အကျွန်ုပ် ကို ကယ်တင် တော်မူပါ၊ အဘ ဟုလျှောက်ရမည်လော။ အကြောင်းရှိ၍သာ ထို အချိန် သို့ ရောက်လာ ပြီ။
"Now my soul is troubled; and what shall I say? 'Father, save me from this hour?' But for this cause I came to this hour.
28 ၂၈ အိုအဘ ၊ ကိုယ်တော် ၏နာမ တော်ကို ချီးမြှောက် တော်မူပါ ဟု မိန့်မြွတ် တော်မူ၏။ ထိုအခါကောင်းကင် မှ စကား သံကား၊ ငါချီးမြှောက် ခဲ့ပြီ၊ တဖန် ချီးမြှောက် ဦး မည်ဟုလာ ၏။
Father, glorify your name." Then there came a voice out of the sky, saying, "I have both glorified it, and will glorify it again."
29 ၂၉ ဝန်းရံ လျက်ရှိသောလူ အစုအဝေးတို့သည်ကြား လျှင် မိုဃ်းချုန်း သည်ဟုဆို ကြ၏။ အချို့ ကလည်းကိုယ်တော် အား ကောင်းကင်တမန် မြွက် သည်ဟု ဆို ကြ၏။
The crowd therefore, who stood by and heard it, said that it had thundered. Others said, "An angel has spoken to him."
30 ၃၀ ယေရှု က၊ ထို စကား သံသည် ငါ အဘို့ အလိုငှာလာသည်မ ဟုတ်၊ သင် တို့အဘို့ အလို့ငှာလာ ၏။
Yeshua answered, "This voice hasn't come for my sake, but for your sakes.
31 ၃၁ ယခု တွင်ဤ လောက သည်တရား စီရင်ခြင်းကိုခံရ ၏။ ယခု တွင် ဤ လောက ကို အစိုးရ သောမင်းသည် ပြင် သို့ နှင်ထုတ် ခြင်းကိုခံရလိမ့်မည်။
Now is the judgment of this world. Now the prince of this world will be cast out.
32 ၃၂ ငါ သည်လည်းမြေကြီး နှင့်ခွာ၍ မြှောက် ထားခြင်းကို ခံရလျှင် ။ လူအပေါင်း တို့ကို ငါ့ ထံသို့ ငါဆွဲ မည် ဟု မိန့် တော်မူ၏။
And I, when I am lifted up from the earth, will draw everyone to myself."
33 ၃၃ ထိုသို့ မိန့် တော်မူသော်၊ မိမိ သည်အဘယ်သို့ သေ ရမည်အရိပ် ကို ပေးတော်မူ၏။
But he said this, signifying by what kind of death he should die.
34 ၃၄ လူ များတို့ကလည်း၊ ခရစ်တော် သည် အစဉ်အမြဲ တည် သည်ဟု ပညတ္တိ ကျမ်း၌ လာကြောင်း ကို အကျွန်ုပ် တို့ ကြားသိ ရပြီ။ သို့ဖြစ်လျှင် လူ သား သည်မြှောက် ထားခြင်းကိုခံရမည်ဟု သင် သည် အဘယ်သို့ ဆို သနည်း။ ထို လူ သား သည် အဘယ်သို့ သောသူနည်းဟု ဆို ကြ၏။ (aiōn g165)
The crowd answered him, "We have heard out of the law that the Messiah remains forever. Then how can you say, 'The Son of Man must be lifted up?' Who is this Son of Man?" (aiōn g165)
35 ၃၅ ယေရှု ကလည်း၊ အလင်း သည် သင် တို့တွင်ခဏ သာရှိ ၏။ အလင်း ရှိ စဉ်အခါ သွားလာ ကြလော့။ သို့မဟုတ် လျှင် မှောင်မိုက် သည် သင် တို့မှီ လိမ့်မည်။ မှောင်မိုက် ၌ သွား သောသူ သည် အဘယ် ဆီသို့မိမိသွား သည်ကိုမိမိမ သိ ။
Yeshua therefore said to them, "Yet a little while the light is with you. Walk while you have the light, that darkness does not overtake you. He who walks in the darkness does not know where he is going.
36 ၃၆ အလင်း ရှိ စဉ်အခါအလင်း ၏ သား ဖြစ် အံ့သောငှာ အလင်း ကိုယုံကြည် ကြလော့ ဟု မိန့် တော်မူ၏။ ထိုသို့ မိန့် တော်မူပြီးမှယေရှု သည်ထွက်ကြွ ၍ ထိုသူ တို့ကို တိမ်းရှောင် လျက်နေတော်မူ၏။37
While you have the light, believe in the light, that you may become children of light." Yeshua said these things, and he departed and hid himself from them.
37 ၃၇ ထိုမျှလောက်ကြီးစွာ သော နိမိတ် လက္ခဏာတို့ကို သူ တို့မျက်မှောက် ၌ ပြ တော်မူသော်လည်း သူတို့သည် ယုံကြည် ခြင်းသို့ မ ရောက်ကြ။
But though he had done so many signs before them, yet they did not believe in him,
38 ၃၈ ပရောဖက် ဟေရှာယ ဟော ဘူးသည်ကား၊ အိုထာဝရ ဘုရား၊ အကျွန်ုပ် တို့ဟောပြောသော သိတင်း စကားကို အဘယ်သူ ယုံ ပါသနည်း။ ထာဝရ ဘုရား၏ လက် တော်သည်အဘယ်သူ အား ထင်ရှား တော်မူသနည်း ဟူသောစကား သည် ပြည့်စုံ ခြင်းသို့ရောက်သတည်း။
that the word of Isaiah the prophet might be fulfilled, which he spoke, "Lord, who has believed our report, and to whom has the arm of the Lord been revealed?"
39 ၃၉ တစ်ဖန် ပရောဖက်ဟေရှာယ ဟော ပြန်သည်ကား၊
For this cause they could not believe, for Isaiah said again,
40 ၄၀ သူတို့မျက်စိ မ မြင် ၊ စိတ် နှလုံးနား မလည်၊ အကျင့်မပြောင်းလဲ ၊ သူ တို့အနာ ရောဂါကို ငါမငြိမ်းစေသည် တိုင်အောင်သူ တို့မျက်စိ ကိုကွယ် စေတော်မူ၏။ သူ တို့ စိတ်နှလုံး ကိုမိုက် စေတော်မူ၏ဟူသောစကားကြောင့် ထိုသူတို့သည်ယုံကြည် ခြင်းသို့ မ ရောက်နိုင် ကြ။
He has blinded their eyes and hardened their heart, lest they should see with their eyes, and understand with their heart, and turn, and I would heal them.
41 ၄၁ ဟေရှာယ သည် ဘုန်း အာနုဘော်တော်ကိုမြင် ၍ ဗျာဒိတ်တော်ကိုပြန် စဉ်တွင် ထိုစကား ကို ဟောပြော သတည်း။
Isaiah said these things because he saw his glory, and spoke of him.
42 ၄၂ သို့သော်လည်း အရာရှိ အများ တို့သည် ကိုယ်တော် ကိုယုံကြည် ကြ၏။ တရားစရပ် မှဖာရိရှဲ တို့သည် နှင်ထုတ်မည်ကို စိုးရိမ်သောကြောင့် ထင်ရှား စွာဝန် မ ခံကြ။
Nevertheless even of the rulers many believed in him, but because of the Pharisees they did not confess it, so that they would not be put out of the synagogue,
43 ၄၃ အကြောင်းမူကား ၊ ဘုရားသခင် ပေးတော်မူသော ဘုန်း အသရေထက် လူ တို့ပေးသော ဘုန်း အသရေကို သာ၍ နှစ်သက် ကြ၏။
for they loved praise from people more than praise from God.
44 ၄၄ ယေရှု ကလည်း၊ ငါ့ ကိုယုံကြည် သောသူ သည် ငါ့ ကိုသာယုံကြည် သည်မ ဟုတ်၊ ငါ့ ကိုစေလွှတ် တော်မူသော သူ ကိုယုံကြည်၏။
Then Yeshua shouted out and said, "Whoever believes in me, believes not in me, but in him who sent me.
45 ၄၅ ငါ့ ကို ကြည့် မြင်သောသူ သည် ငါ့ ကို စေလွှတ် တော်မူသောသူ ကိုကြည့် မြင်၏။
And he who sees me sees him who sent me.
46 ၄၆ ငါ့ ကို ယုံကြည် သမျှသောသူတို့သည် မှောင်မိုက် ၌ မ နေ စေခြင်းငှာ ငါ သည်အလင်း ဖြစ်လျက် ဤလောက သို့ ကြွလာ ပြီ။
I have come as a light into the world, that whoever believes in me may not remain in the darkness.
47 ၄၇ ငါ့ စကား ကိုကြား သောသူ သည် မ ယုံကြည် ဘဲနေလျှင် ထိုသူ ကို ငါ သည်အပြစ် မ စီရင်။ လောကီသား တို့ကို အပြစ် စီရင်အံ့သောငှာ ငါလာ သည်မ ဟုတ်၊ လောကီသား တို့ကို ကယ်တင် အံ့သောငှာ ငါလာ၏။
And if anyone hears my words and does not keep them, I do not judge him. For I came not to judge the world, but to save the world.
48 ၄၈ ငါ့ ကိုပယ် ၍ ငါ့ စကား ကို နာ မ ခံသောသူ အားအပြစ် စီရင်သောသူ ရှိ သေး၏။ ငါဟောပြော သော စကား ပင် နောက်ဆုံး သောနေ့ ၌ ထိုသူ အားအပြစ် စီရင်လိမ့်မည်။
He who rejects me, and does not accept my words, has one who judges him. The word that I spoke will judge him on the last day.
49 ၄၉ အကြောင်းမူကား ၊ ငါ သည် ကိုယ် အလိုအလျောက်ဟောပြော သည်မ ဟုတ်၊ ငါ့ ကို စေလွှတ် သော ခမည်းတော် သည် အဘယ်သို့ ငါ ဆုံးမဟောပြော ရမည်ကို ပညတ် ပေး တော်မူပြီ။ ခမည်းတော် ၏ပညတ် တော် သည် ထာဝရ အသက် ဖြစ် သည်ကို ငါသိ ၏။
For I spoke not from myself, but the Father who sent me, he gave me a commandment, what I should say, and what I should speak.
50 ၅၀ ထိုကြောင့် ဟောပြောသမျှ တို့ကို ခမည်းတော် မှာထား တော်မူသည် အတိုင်းငါ ဟောပြောသည် ဟု ကြွေးကြော် ၍ မိန့် တော်မူ၏။ (aiōnios g166)
I know that his commandment is everlasting life. The things therefore which I speak, even as the Father has said to me, so I speak." (aiōnios g166)

< ယောဟန် 12 >