< ယောဟန် 11 >
1 ၁ ညီအစ်မ မာရိ နှင့် မာသ တို့နေသော ဗေသနိ ရွာသား ၊ လာဇရု အမည်ရှိသော သူတစ် ယောက်သည် နာ လျက်နေလေ၏။
To, an yi wani mutum mai suna Lazarus wanda ya yi rashin lafiya. Shi daga Betani ne, ƙauyen su Maryamu da’yar’uwarta Marta.
2 ၂ နာ လျက်နေသောလာဇရု ၏နှမမာရိ ကား၊ သခင် ဘုရားကို ဆီမွှေး နှင့်လိမ်း ၍ ခြေ တော်ကို မိမိ ဆံပင် နှင့် သုတ် သောမာရိဖြစ် သတည်း။
Maryamun nan kuwa, wadda ɗan’uwanta Lazarus yake rashin lafiya, ita ce ta zuba wa Ubangiji turare ta kuma goge ƙafafunsa da gashin kanta.
3 ၃ ညီအစ်မ တို့သည် အထံ တော်သို့ စေလွှတ် ၍ ၊ သခင် ၊ ကိုယ်တော်ချစ် တော်မူသောသူ သည် နာ လျက် နေပါသည်ဟုလျှောက် ကြ၏။
Saboda haka’yan’uwansa mata suka aika da saƙo wa Yesu cewa, “Ubangiji, wannan da kake ƙauna yana rashin lafiya.”
4 ၄ ထိုစကားကို ယေရှု သည် ကြား တော်မူလျှင် ၊ ထို အနာ သည် သေ နာမ ဟုတ်။ ဘုရားသခင် ၏ ဘုန်း တော်ကို ထင်ရှားစေသောအနာဖြစ် ၏။ ထို အနာကြောင့် ဘုရားသခင် ၏သား တော်သည် ဘုန်း ထင်ရှားခြင်း ရှိလိမ့်မည် ဟု မိန့် တော်မူ၏။
Sa’ad da ya ji haka, sai Yesu ya ce, “Wannan rashin lafiya ba zai kai ga mutuwa ba. A’a, sai dai don a ɗaukaka Allah a kuma ɗaukaka Ɗan Allah ta wurin wannan.”
5 ၅ ယေရှု သည် မာသ ကို၎င်း ။ သူ ၏ညီမ နှင့် လာဇရု ကို၎င်း ချစ် တော်မူ၏။
Yesu kuwa yana ƙaunar Marta da’yar’uwarta da kuma Lazarus.
6 ၆ လာဇရု နာ သည်ကိုကြား တော်မူလျှင် ၊ ကြွတော်မမူဘဲ ထိုအရပ် ၌ နှစ် ရက် နေ တော်မူ၏။
Duk da haka sa’ad da ya ji Lazarus ba shi da lafiya, sai ya ƙara kwana biyu a inda yake.
7 ၇ ထိုနောက် တပည့် တော်တို့အား၊ ယုဒ ပြည်သို့ တစ်ဖန် သွား ကြကုန်အံ့ ဟု မိန့် တော်မူလျှင်၊
Sai ya ce wa almajiransa, “Mu koma Yahudiya.”
8 ၈ တပည့် တော်တို့က၊ အရှင် ဘုရား၊ ယုဒ လူတို့သည်ယခုပင် ကိုယ်တော် ကိုခဲ နှင့်ပစ်ခြင်းငှာရှာကြံ လျက်ပင်ထို အရပ်သို့တစ်ဖန် ကြွ တော်မူဦးမည်လောဟု လျှောက် ကြ၏။
Sai suka ce, “Rabbi, ba da daɗewa ba ne Yahudawa suka nemi su jajjefe ka, duk da haka za ka koma can?”
9 ၉ ယေရှု ကလည်း၊ တစ်နေ့ တွင်တဆယ့်နှစ် နာရီ ရှိ သည်မ ဟုတ်လော။ လူ သည်နေ့ အချိန်၌ သာ သွားလာ လျှင် ၊ နေရောင်အလင်း ကို မြင် ရသောကြောင့် ထိမိ ၍ မ လဲတတ်။
Yesu ya amsa ya ce, “Ba sa’a goma sha biyu ce yini guda ba? Mutumin da yake tafiya da rana ba zai yi tuntuɓe ba gama yana ganin hasken duniyan nan.
10 ၁၀ ညဉ့် အချိန်၌ သွားလာလျှင် မူကား ၊ အလင်း မ ရှိ သောကြောင့် ထိမိ ၍လဲတတ်၏ ဟု မိန့် တော်မူပြီးမှ၊
Sai a sa’ad da yake tafiya da dare ne zai yi tuntuɓe, don ba shi da haske.”
11 ၁၁ ငါ တို့အဆွေ လာဇရု သည် အိပ်ပျော် ၏။ သူ့ ကို နိုး ခြင်းအလိုငှာ ငါ သွားမည် ဟု မိန့် တော်မူ၏။
Bayan ya faɗa haka, sai ya ƙara ce musu, “Abokinmu Lazarus ya yi barci, amma za ni in tashe shi.”
12 ၁၂ တပည့် တော်တို့ကလည်း ၊ သခင် ၊ သူသည် အိပ်ပျော် လျှင် သက်သာ ရလိမ့်မည်ဟု လျှောက် ကြ၏။
Almajiransa suka ce, “Ubangiji, in barci ne yake, to, ai, zai sami sauƙi.”
13 ၁၃ ယေရှု သည် လာဇရု သေ ကြောင်း ကိုမှတ်၍ မိန့် တော်မူသော်လည်း ၊ ပကတိ အိပ်ပျော် ကြောင်းကို မိန့် တော်မူသည်ဟု တပည့် တော်တို့သည် ထင်မှတ် ကြ၏။
Yesu kuwa yana magana mutuwarsa ce, amma almajiransa suka ɗauka yana nufin barcin gaskiya ne.
14 ၁၄ ထိုကြောင့် ယေရှု က၊ လာဇရု သေ ပြီ။ သင်တို့သည် ယုံကြည် မည်အကြောင်း ၊
Saboda haka sai ya gaya musu a fili cewa, “Lazarus ya mutu,
15 ၁၅ ထို အရပ်၌ ငါမ ရှိ သည်ကိုထောက်၍ သင် တို့အတွက် ငါဝမ်းမြောက် ခြင်းရှိ၏။ သူ့ ဆီသို့ ငါတို့သွား ကြ ကုန်အံ့ ဟု အတည့်အလင်း မိန့် တော်မူ၏။
amma saboda ku na yi farin ciki da ba na can, domin ku gaskata. Amma mu dai je wurinsa.”
16 ၁၆ ဒိဒုမု အမည် ရှိသောသောမ က၊ အကျွန်ုပ် တို့လည်း လိုက် ၍ သခင် နှင့်အတူ အသေခံ ကြကုန်အံ့ဟု တပည့် တော်ချင်းတို့အား ပြောဆို ၏။
Sai Toma (wanda ake kira Didaimus) ya ce wa sauran almajiran, “Mu ma mu je, mu mutu tare da shi.”
17 ၁၇ ယေရှု သည် ရောက် တော်မူသောအခါ ၊ လာဇရု ကို သင်္ဂြိုဟ်၍ သင်္ချိုင်း တွင်း၌ လေး ရက် လွန် လေပြီ။
Da isowarsa, Yesu ya tarar Lazarus ya riga ya yi kwana huɗu a kabari.
18 ၁၈ ဗေသနိ ရွာသည် ယေရုရှလင် မြို့နှင့် တစ် တိုင်လောက် သာကွာဝေး သည်ဖြစ် ၍၊
Betani bai kai mil biyu ba daga Urushalima,
19 ၁၉ မာသ နှင့် မာရိ တို့ ၏မောင် သေသောကြောင့် ၊ သူ တို့ကို နှစ်သိမ့် စေလိုသောငှာ ယုဒ လူများ တို့သည် လာ ကြ၏။
Yahudawa da yawa kuwa suka zo wurin Marta da Maryamu don su yi musu ta’aziyya, saboda rasuwar ɗan’uwansu.
20 ၂၀ ယေရှု ကြွလာ တော်မူကြောင်း ကို မာသ သည်ကြား လျှင် ၊ ကိုယ်တော် ကို ခရီးဦးကြိုပြု ခြင်းငှာသွား၏။
Sa’ad da Marta ta ji cewa Yesu yana zuwa, sai ta fita don ta tarye shi, amma Maryamu ta zauna a gida.
21 ၂၁ မာရိ မူကား အိမ် ၌ ထိုင် လျက်နေရစ်၏။ မာသ က၊ သခင် ၊ ကိုယ်တော်ရှိ တော်မူလျှင် ကျွန်မ ၏မောင် မ သေ ပါ။
Sai Marta ta ce wa Yesu, “Ubangiji, da kana nan da ɗan’uwana bai mutu ba.
22 ၂၂ ယခု သေလျက်ရှိသော်လည်း ကိုယ်တော် သည် ဘုရားသခင် ကို ဆုတောင်း တော်မူသမျှ အတိုင်း ဘုရားသခင် ပေး တော်မူမည်ကို ကျွန်မသိ ပါသည်ဟုလျှောက် ၏။
Amma na san cewa ko yanzu ma Allah zai ba ka duk abin da ka roƙa.”
23 ၂၃ ယေရှု ကလည်း၊ သင် ၏မောင် သည် ထမြောက် လိမ့်မည် ဟု မိန့် တော်မူ၏။
Yesu ya ce mata, “Ɗan’uwanki zai sāke tashi.”
24 ၂၄ မာသ ကလည်း၊ နောက်ဆုံး သောနေ့ တည်းဟူသောထမြောက် ရာကာလ၌ သူသည် ထမြောက် လိမ့်မည်ကို ကျွန်မသိ ပါသည်ဟု လျှောက် ၏။
Marta ta amsa ta ce, “Na sani zai sāke tashi a tashin matattu a rana ta ƙarshe.”
25 ၂၅ ယေရှု ကလည်း၊ ငါ သည် ထမြောက် ခြင်းအကြောင်း၊ အသက် ရှင်ခြင်းအကြောင်းဖြစ် ၏။ ငါ့ ကို ယုံကြည် သောသူ သည်သေ လွန်သော်လည်း ရှင် လိမ့်မည်။
Yesu ya ce mata, “Ni ne tashin matattu da kuma rai. Duk wanda ya gaskata da ni zai rayu, ko ya mutu;
26 ၂၆ ငါ့ ကိုယုံကြည် ၍ အသက် ရှင်သောသူရှိသမျှ တို့သည်လည်း သေ ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် လိမ့်မည်။ ငါ့စကားကိုယုံ သလော ဟု မေး တော်မူလျှင်၊ မာသက၊ ဟုတ် ပါ၏သခင် ။ (aiōn )
kuma duk wanda yake raye ya kuma gaskata da ni ba zai taɓa mutuwa ba. Kin gaskata wannan?” (aiōn )
27 ၂၇ ကိုယ်တော် သည် ခရစ်တော် တည်းဟူသောဤလောက သို့ ကြွ တော်မူသော ဘုရားသခင် ၏သား တော် ဖြစ် တော်မူသည်ကို ကျွန်မ ယုံ ပါသည်ဟု လျှောက် ၏။
Sai ta ce masa, “I, Ubangiji, na gaskata kai ne Kiristi, Ɗan Allah, mai zuwa cikin duniya.”
28 ၂၈ ထိုသို့ လျှောက် ပြီးမှ မာသသည်သွား ၍ မိမိ ညီမ မာရိ အား၊ အရှင် ဘုရားရောက်လာ တော်မူပြီ။ သင့် ကို ခေါ် တော်မူသည်ဟု တိတ်ဆိတ် စွာခေါ် လေ၏။
Bayan ta faɗa haka kuwa, sai ta koma ta je ta kira’yar’uwarta Maryamu a gefe. Ta ce, “Ga Malam ya zo, kuma yana kiranki.”
29 ၂၉ မာရိ သည် ထိုစကားကိုကြား လျှင် အလျှင်တဆော ထ ၍ အထံ တော်သို့ သွား လေ၏။
Sa’ad da Maryamu ta ji haka sai ta yi wuf ta tafi wurinsa.
30 ၃၀ ထိုအခါ ယေရှု သည် ရွာ ထဲသို့ မ ဝင် သေး။ မာသ ခရီးဦးကြိုပြု သောအရပ် ၌ ရှိ တော်မူသတည်း။
Yesu dai bai riga ya shiga ƙauyen ba tukuna, har yanzu yana inda Marta ta tarye shi.
31 ၃၁ ထိုကြောင့် နှစ်သိမ့် သောစကားကိုပြောလျက် မာရိနှင့်အတူ အိမ် ၌ ရှိ သော ယုဒ လူတို့သည် မာရိ အလျင်တဆော ထ ၍ ထွက်သွား သည်ကိုမြင် ကြလျှင်၊ ငိုကြွေး ခြင်းငှာ သင်္ချိုင်း သို့ သွား ပြီဟုဆို၍ သူ့ နောက် သို့လိုက်ကြ၏။
Da Yahudawan da suke tare da Maryamu a cikin gida, suke mata ta’aziyya, suka ga ta yi wuf ta fita, sai suka bi ta, suna tsammani za tă kabarin ne tă yi kuka a can.
32 ၃၂ မာရိ သည် ယေရှု ရှိ တော်မူရာအရပ် သို့ရောက် ၍ ကိုယ်တော် ကိုမြင် လျှင် ခြေ တော်ရင်း၌ ပြပ်ဝပ် လျက်၊ သခင် ၊ ကိုယ်တော်ရှိ တော်မူလျှင် ကျွန်မ ၏ မောင် မ သေ ပါဟုလျှောက် ၏။
Sa’ad da Maryamu ta kai inda Yesu yake, ta kuma gan shi, sai ta fāɗi a gabansa ta ce, “Ubangiji, da kana nan, da ɗan’uwana bai mutu ba.”
33 ၃၃ မာရိ မှစ၍လိုက် လာသောယုဒ လူတို့သည် ငိုကြွေး သည်ကို ယေရှု သည်မြင် တော်မူသောအခါ ၊ အလွန် ညှိုးငယ် ခြင်း၊ စိတ် ပူပန် ခြင်းရှိ၍ ၊
Da Yesu ya ga tana kuka, Yahudawan da suka zo tare da ita ma suna kuka, sai ya yi juyayi ƙwarai a ruhu ya kuma damu.
34 ၃၄ အလောင်း ကို အဘယ်မှာ ထား ကြသနည်း ဟုမေး တော်မူလျှင်၊ သခင် ကြွ ၍ ကြည့် တော်မူပါဟု လျှောက် ကြ၏။
Sai ya yi tambaya ya ce, “Ina kuka sa shi?” Suka amsa suka ce, “Ubangiji zo ka gani.”
35 ၃၅ ယေရှု သည်မျက်ရည် ကျတော်မူ၏။
Yesu ya yi kuka.
36 ၃၆ ယုဒ လူတို့က၊ ကြည့် ပါ၊ လာဇရု ကို အလွန်ချစ် တော်မူပါသည်တကားဟု ဆို ကြ၏။
Sai Yahudawa suka ce, “Dubi yadda yake ƙaunarsa!”
37 ၃၇ အချို့ တို့က၊ မျက်စိ ကန်းသောသူ ကို မြင် စေတော်မူသော ဤ သခင်သည်၊ လာဇရု ကို မ သေ စေခြင်းငှာ မ တတ်နိုင် လောဟုဆို ကြ၏။
Amma waɗansunsu suka ce, “Anya, wanda ya buɗe wa makahon nan idanu, ba zai iya yin wani abu yă hana wannan mutum mutuwa ba?”
38 ၃၈ တစ်ဖန် ယေရှု သည် အလွန်ညှိုးငယ် သောစိတ်နှင့် သင်္ချိုင်း တွင်းသို့ ရောက် တော်မူ၏။ ထို တွင်းသည် မြေတွင်း ဖြစ်၏။ ကျောက် နှင့်ပိတ် ထား၏။
Yesu, har yanzu cike da juyayi, ya zo kabarin. Kogo ne da aka rufe bakin da dutse.
39 ၃၉ ကျောက် ကိုရွှေ့ ကြလော့ ဟု ယေရှု သည်မိန့် တော်မူလျှင်၊ သေ လွန်သောသူ နှမ မာသ က၊ သခင် ၊ ယခု ဖြစ်လျှင်နံ လိမ့်မည်။ လေး ရက်ရှိပါပြီဟုလျှောက် ၏။
Sai Yesu ya ce, “Ku kawar da dutsen.” Marta,’yar’uwan mamacin ta ce, “Ubangiji, yanzu, ai, zai yi wari, don yau kwanansa huɗu ke nan a can.”
40 ၄၀ ယေရှု ကလည်း၊ သင် သည်ယုံ လျှင် ဘုရားသခင် ၏ဘုန်း အာနုဘော်တော်ကို မြင် ရလိမ့်မည်၊ ငါပြော ပြီ မ ဟုတ်လော ဟု မိန့် တော်မူ၏။
Sai Yesu ya ce, “Ban gaya miki cewa in kin gaskata za ki ga ɗaukakar Allah ba?”
41 ၄၁ ထိုအခါ သေလွန်သောသူ၏သင်္ချိုင်းမှကျောက် ကိုရွှေ့ ကြ၏။ ယေရှု သည်လည်း အထက် သို့မျှော်ကြည့်လျက်၊ အဘ ၊ ကိုယ်တော် သည် အကျွန်ုပ် စကားကို နားထောင် တော်မူသောကြောင့် ကျေးဇူး တော်ကြီးလှပါ၏။
Saboda haka suka kawar da dutsen. Sa’an nan Yesu ya dubi sama ya ce, “Uba, na gode maka da ka saurare ni.
42 ၄၂ ကိုယ်တော်သည် အကျွန်ုပ် စကားကိုအစဉ်မပြတ် နားထောင် တော်မူသည်ကို အကျွန်ုပ် သိ ပါ၏။ သို့သော်လည်း ကိုယ်တော် သည် အကျွန်ုပ် ကို စေလွှတ် တော်မူသည်ကို ဝန်းရံ လျက်ရှိသောဤလူ အပေါင်းတို့သည် ယုံကြည် စေခြင်းငှာ သူတို့၏အကျိုးကိုထောက်၍ ဤသို့အကျွန်ုပ်လျှောက် ပါ၏ ဟု မိန့်မြွတ် တော်မူပြီးမှ၊
Na san kullum kakan saurare ni, na dai faɗa haka ne saboda amfanin mutanen nan da suke tsaitsaye, don su gaskata cewa kai ka aiko ni.”
43 ၄၃ လာဇရု ထွက် ၍လာ လော့ ဟု ကြီးစွာ သောအသံ နှင့် ဟစ်ခေါ် တော်မူ၏။
Sa’ad da ya faɗa haka, sai Yesu ya yi kira da babbar murya ya ce, “Lazarus, ka fito!”
44 ၄၄ ထိုအခါသေ လွန်သောသူ သည် မိမိ ခြေ လက် ၌ပုဆိုး နံငယ်နှင့် ရစ်ပတ် လျက်၊ မျက်နှာ ကိုလည်း ပုဝါ နှင့် စည်း လျက်ထွက်လာ ၏။ ယေရှု ကလည်း၊ သူ့ ကိုဖြည် ၍ လွှတ် ကြလော့ ဟု မိန့် တော်မူ၏။
Sai mamacin ya fito, hannuwansa da ƙafafunsa a daure da ƙyallayen lilin, fuskarsa kuwa an naɗe da mayafi. Yesu ya ce musu, “Ku tuɓe kayan bizo, ku bar shi yă tafi.”
45 ၄၅ ထိုအခါ မာရိ ဆီသို့ လာ သော ယုဒ လူအများ တို့သည် ယေရှုပြု တော်မူသောအမှု ကိုမြင် လျှင် ၊ ကိုယ်တော် ကို ယုံကြည် ကြ၏။
Saboda haka Yahudawa da yawa da suka zo don su ziyarci Maryamu, suka kuma ga abin da Yesu ya yi, suka ba da gaskiya gare shi.
46 ၄၆ အချို့ မူကား ၊ ဖာရိရှဲ တို့ထံသို့ သွား ၍ ယေရှု ပြု တော်မူသောအမှု ကို ကြားပြော ကြ၏။
Amma waɗansunsu suka je wurin Farisiyawa suka gaya musu abin da Yesu ya yi.
47 ၄၇ ထိုအခါ ယဇ်ပုရောဟိတ် အကြီးတို့နှင့် ဖာရိရှဲ များသည်လွှတ် အရာရှိတို့ကို စည်းဝေး စေပြီးလျှင်၊ ငါတို့ သည် အဘယ်သို့ ပြု လျက်နေကြသနည်း။ ထို သူ သည်များစွာ သော နိမိတ် လက္ခဏာကိုပြ ၏။
Sai manyan firistoci da Farisiyawa suka kira taron Majalisa. Suka yi tambaya suna cewa, “Me muke yi ne? Ga mutumin nan yana yin abubuwan banmamaki masu yawa.
48 ၄၈ သူ့ ကိုဤသို့ စေလွတ် ထားလျှင် လူခပ်သိမ်း တို့သည် ယုံကြည် ကြလိမ့်မည်။ ရောမ လူတို့သည်လည်း လာ ၍ ငါ တို့အရပ် ဌာနကို၎င်း ၊ ငါတို့အမျိုး ကို၎င်း သုတ်သင် ပယ်ရှင်းကြလိမ့်မည်ဟု ပြောဆို ကြ၏။
In fa muka ƙyale shi ya ci gaba da haka, kowa zai gaskata da shi, Romawa kuma su zo su karɓe wurinmu su kuma ƙwace ƙasarmu.”
49 ၄၉ ထိုသူ တို့အဝင် ။ ထို နှစ် တွင် ယဇ်ပုရောဟိတ် မင်းဖြစ် သော ကယာဖ အမည်ရှိသောသူ က၊ သင် တို့အလျှင်း မ သိ ကြ။
Sai waninsu, mai suna Kayifas, wanda ya kasance babban firist a shekarar ya ce, “Ku dai ba ku san kome ba!
50 ၅၀ ယုဒလူမျိုး အကုန်အစင် ပျက်စီး သည်ထက်၊ လူ တစ် ယောက်သည် လူ များတို့အတွက် သေ သော်သာ၍ကောင်း သည်ကို သင် တို့သည် မ ဆင်ခြင် ပါတကားဟုပြောဆို ၏။
Ba ku gane ba, ai, gwamma mutum ɗaya yă mutu saboda mutane da duk ƙasar ta hallaka.”
51 ၅၁ ထို စကားကို ကိုယ်အလိုအလျောက် ပြောဆို သည်မ ဟုတ်။ ထို နှစ် တွင် ယဇ်ပုရောဟိတ် မင်းဖြစ် လျက်၊ ယေရှု သည် ထိုအမျိုး အတွက် သေ ရမည်ဟူ၍၎င်း ၊
Bai faɗa haka bisa nufinsa ba, sai dai a matsayinsa na babban firist a shekarar, ya yi annabci ne cewa Yesu zai mutu saboda ƙasar Yahudawa,
52 ၅၂ ထိုအမျိုး အတွက် သာမက အရပ်ရပ်တို့၌ ကွဲပြား လျက်ရှိသော ဘုရားသခင် ၏သား များကို အတူစုဝေး စေခြင်းငှာ သေရမည်ဟူ၍၎င်း၊ ပရောဖက်ဥာဏ်နှင့်ဟောပြော ၏။
ba don ƙasan nan kaɗai ba amma don yă tattaro’ya’yan Allah da suke warwatse ma, su zama ɗaya.
53 ၅၃ ထို နေ့ မှစ၍ ကိုယ်တော် ၏အသက်ကိုသတ် ခြင်းငှာ တိုင်ပင် ကြံစည်ကြ၏။
Saboda haka, daga wannan rana suka ƙulla su ɗauke ransa.
54 ၅၄ ထိုကြောင့် ၊ ယေရှု သည် နောက်တဖန်ယုဒ လူတို့တွင် ထင်ရှား စွာ မ လှည့်လည် ဘဲ၊ ထိုအရပ် မှထွက် ၍ တော နှင့်အနီး ဧဖရိမ် အမည် ရှိသောမြို့ သို့ ကြွ၍ တပည့် တော်တို့နှင့်အတူ နေ တော်မူ၏။
Saboda haka Yesu bai ƙara tafiya a cikin Yahudawa a sarari ba. A maimako haka sai ya janye zuwa yankin kusa da hamada, a wani ƙauye da ake kira Efraim, inda ya zauna da almajiransa.
55 ၅၅ ယုဒ ပသခါ ပွဲခံခါနီး တွင် လူ များတို့သည်မိမိ တို့ကိုသန့်ရှင်း စေခြင်းငှာ ပွဲ မ ခံမှီအရပ်ရပ် တို့မှ ယေရုရှလင် မြို့သို့ လာ ကြ၏။
Sa’ad da lokaci ya yi kusa a yi Bikin Ƙetarewa na Yahudawa, da yawa suka haura daga ƙauyuka zuwa Urushalima, don su tsarkake kansu kafin Bikin Ƙetarewa.
56 ၅၆ ထိုသူတို့သည် ယေရှု ကိုရှာဖွေ ၍ ၊ အချင်း တို့အဘယ်သို့ ထင် ကြသနည်း။ သူသည်ပွဲ သို့ မ လာ သလောဟု ဗိမာန် တော်၌ ရပ် လျက် အချင်းချင်း မေးမြန်း ကြ၏။
Suka yi ta neman Yesu, da suke a tsaitsaye a filin haikali kuwa suka dinga tambayar juna, suna cewa, “Me kuka gani? Anya, zai zo Bikin kuwa?”
57 ၅၇ ထိုအခါ အဘယ်သူ သည် ယေရှုရှိ ရာအရပ် သို့ သူ့ ကိုဘမ်းဆီး စေခြင်းငှာ ပြညွှန် ရမည်ဟု ယဇ်ပုရောဟိတ် အကြီးတို့နှင့် ဖာရိရှဲ တို့သည်မှာခဲ့ ကြပြီ။
Manyan firistoci da Farisiyawa tuni sun riga sun yi umarni cewa duk wanda ya san inda Yesu yake, yă faɗa don su kama shi.