< ယောဟန် 10 >

1 ငါအမှန်အကန် ဆို သည်ကား၊ သိုး ခြံ ထဲသို့ တံခါးဝ ဖြင့် မ ဝင် အခြား လမ်းဖြင့်ကျော်ဝင် သောသူ သည် သူခိုး ဓားပြ ဖြစ် ၏။
“Gaskiya nake gaya muku, mutumin da bai shiga inda ake ajiye garken tumaki ta ƙofa ba, amma ya hau ta katanga, ɓarawo ne, ɗan fashi kuma.
2 သိုးထိန်း မူကား၊ တံခါးဝ ဖြင့် ဝင် တတ်၏။
Mutumin da ya shiga ta ƙofa makiyayin tumakinsa ne.
3 ထိုသူ အားတံခါးစောင့် လည်းဖွင့် တတ်၏။ သူ၏ စကား သံကိုသိုး တို့သည် နားထောင် တတ်ကြ၏။ သူ သည် မိမိ သိုး တို့ကို နာမည် ဖြင့် ခေါ် ၍ ပြင် သို့ ထုတ်ဆောင်တတ်၏။
Mai gadin yakan buɗe wa makiyayin ƙofa, tumakin kuma sukan saurari muryarsa. Yakan kira tumakinsa da suna, yă kuma fid da su waje.
4 သိုးများကိုထုတ် သောအခါ သိုးတို့ရှေ့ မှာသွား ၍ သိုး များသည် သူ၏ စကား သံကို ကျွမ်း သောကြောင့် လိုက် တတ်ကြ၏။
Sa’ad da ya fitar da dukan nasa waje, sai ya ja gabansu, tumakinsa kuma sukan bi shi domin sun san muryarsa.
5 မဆိုင်သောသူတို့၏စကား သံကို မ ကျွမ်း သောကြောင့် ၊ မဆိုင်သောသူနောက် သို့မ လိုက်ဘဲ ပြေး တတ် ကြသည် ဟု မိန့်တော်မူ၏။
Amma ba za su taɓa bin baƙo ba; sai dai ma su guje masa don ba su san muryar baƙo ba.”
6 ထို ဥပမာ ပုံကို ယေရှု ဟော တော်မူသည်တွင်၊ ပရိသတ် တို့သည် မိန့်တော်မူသောစကား တော်၏ အနက် အဓိပ္ပါယ်ကိုနား မ လည်ကြ။
Yesu ya yi musu wannan misali, amma ba su fahimci abin da yake faɗa musu ba.
7 ထိုကြောင့် တစ်ဖန် ယေရှု က၊ ငါအမှန်အကန် ဆို သည်ကား၊ ငါ သည် သိုး ဝင်သောတံခါးဝ ဖြစ် ၏။
Saboda haka Yesu ya sāke cewa, “Gaskiya nake gaya muku, ni ne ƙofar tumakin.
8 ငါ ရှေ့ ၌ပေါ်လာ သောသူ ရှိသမျှ တို့သည် သူခိုး ဓားပြ ဖြစ် ကြ၏။ ထိုသူ တို့၏စကားသံကို သိုး တို့သည် နား မ ထောင်ကြ။
Duk waɗanda suka riga ni zuwa ɓarayi ne,’yan fashi kuma, amma tumakin ba su saurare su ba.
9 ငါ သည်တံခါးဝ ဖြစ် ၏။ ငါ ဖြင့် ဝင် သောသူ သည် ဘေး နှင့်ကင်းလွှတ်လျက် ထွက် ဝင် ၍ ကျက်စား ရာကို တွေ့ ရလိမ့်မည်။
Ni ne ƙofar; duk wanda ya shiga ta wurina zai sami ceto. Zai riƙa shiga yă fita yă kuwa sami wurin kiwo.
10 ၁၀ သူခိုး သည်ခိုး ခြင်း၊ သတ် ခြင်း၊ ဖျက်ဆီး ခြင်းငှာ သာ လာ တတ်၏။ ငါ မူကား၊ သိုး တို့သည် အသက် လွတ်ရုံ မျှမက အထူးသဖြင့်အသက်နှင့် ပြည့်စုံ စေခြင်းငှာ လာ သတည်း။
Ɓarawo yakan zo don yă yi sata ne kawai da kisa da kuma ɓarna. Ni kuwa na zo ne don su sami rai, su kuma same shi a yalwace.
11 ၁၁ ငါ သည် ကောင်း သောသိုးထိန်း လည်းဖြစ် ၏။ ကောင်း သောသိုးထိန်း သည် သိုး တို့အဘို့ အလိုငှာ မိမိ အသက် ကို စွန့် တတ်၏။
“Ni ne makiyayi mai kyau. Makiyayi mai kyau yakan ba da ransa domin tumakin.
12 ၁၂ သိုး များကိုပိုင် သောသိုးထိန်း မ ဟုတ် ၊ သူငှား ဖြစ်သောသူ မူကား၊ တောခွေး လာ သည်ကိုမြင် လျှင်၊ သိုး တို့ကို ပစ် ထား၍ ထွက်ပြေး တတ်၏။ တောခွေး သည်လည်း၊ သိုး တို့ကို လုယက် ၍ ကွဲလွင့် စေ၏။
Wanda aka ɗauko haya ba shi ne makiyayi mai tumakin ba. Saboda haka sa’ad da ya ga kyarkeci yana zuwa, sai yă sheƙa da gudu yă bar tumakin. Sai kyarkecin yă kai wa garken hari, yă kuma watsar da su.
13 ၁၃ သူငှား သည် သူငှားဖြစ်၍သိုး တို့၏အကျိုး ကို မ မှတ် သောကြောင့် ထွက်ပြေးတတ်၏။
Mutumin yakan gudu don shi ɗan haya ne kawai, bai kuwa damu da tumakin ba.
14 ၁၄ ငါ သည် ကောင်း သောသိုးထိန်း ဖြစ် ၏။ ခမည်းတော် သည် ငါ့ ကိုသိ တော်မူ၍၊ ငါ သည်လည်း ခမည်းတော် ကို သိ သကဲ့သို့ ငါ ၏သိုးကိုလည်း ငါသိ ၏။ ငါ့ သိုးတို့သည်လည်း ငါ့ ကိုသိ ကြ၏။
“Ni ne makiyayi mai kyau; na san tumakina, tumakina kuma sun san ni,
15 ၁၅ ငါသည် ကိုယ် အသက် ကို သိုး တို့အဘို့ အလိုငှာ စွန့်၏ ။
kamar yadda Uba ya san ni, ni kuma na san Uba, ina kuwa ba da raina domin tumakin.
16 ၁၆ ဤ သိုးခြံ သို့ မ ဝင်သောအခြား သိုး တို့ကိုလည်း ငါပိုင် သေး၏။ ထို သိုးတို့ကို ငါ ဆောင်ခဲ့ ရ မည်။ သူတို့ သည်လည်း ငါ့ စကား သံကို နားထောင် သဖြင့်၊ သိုး ခြံတစ်ခု သိုးထိန်း တစ်ပါးတည်း ရှိ ရလိမ့်မည်။
Ina da waɗansu tumaki da ba na wannan garken ba ne. Dole ne in kawo su su ma. Za su saurari muryata, za su kasance garke guda ɗaya, makiyayi guda kuma.
17 ၁၇ ငါ သည် ကိုယ် အသက် ကိုစွန့် ၍ နောက် တဖန်ယူ ဦးမည်ဖြစ်သောကြောင့် ၊ ငါ့ ခမည်းတော် သည် ငါ့ကို ချစ် တော်မူ၏။
Abin da ya sa Ubana yake ƙaunata ke nan, domin ina ba da raina, in ɗauko shi kuma.
18 ၁၈ ငါ့ အသက် ကို အဘယ်သူ မျှမလု မယူ။ ကိုယ် အလိုအလျောက်ငါ စွန့် ၏။ ကိုယ်အသက် ကို စွန့် ရသော အခွင့် နှင့် နောက် တဖန်ကိုယ်အသက် ကို ယူ ပြန်ရသောအခွင့် သည် ငါ၌ရှိ ၏။ ထို အခွင့် ကိုခမည်းတော် သည် ပေး တော်မူပြီ ဟု မိန့် တော်မူ၏။
Ba mai karɓe mini rai, ina dai ba da shi. Ina da iko in ba da shi, ina da iko in ɗauko shi kuma. Wannan umarni kuwa daga wurin Ubana na karɓo shi.”
19 ၁၉ ထို စကား တော်ကြောင့် ယုဒ လူတို့သည် တစ်ဖန် ကွဲပြား ခြင်းရှိ ကြ၏။
Saboda waɗannan kalmomi fa, sai ɓaraka ta sāke shiga cikin Yahudawa.
20 ၂၀ လူ များ တို့က၊ သူသည်နတ်ဆိုး စွဲ ၍ အရူး ဖြစ်၏။ သူ့ စကားကို အဘယ်ကြောင့် နားထောင် သနည်းဟု ဆို ကြ၏။
Da yawa daga cikinsu suka ce, “Yana da aljani, yana kuma hauka. Don me za ku saurare shi?”
21 ၂၁ အချို့ တို့က၊ သူ့ စကား သည် နတ်ဆိုးစွဲ သောသူ၏စကားမ ဟုတ် ။ နတ်ဆိုး သည် မျက်စိ ကန်း သောသူ တို့ကို မြင်စေခြင်းငှာတတ်နိုင် သလောဟုဆို ကြ၏။
Amma waɗansu suka ce, “Kai, waɗannan kalmomi ba na mai aljani ba ne. Anya, aljani yana iya buɗe idanun makaho?”
22 ၂၂ ဆောင်း ကာလဖြစ် ၍ အင်္ကဲနိ ပွဲကိုယေရုရှလင် မြို့၌ခံ ကြသောအခါ၊
Bikin Miƙawa a Urushalima ya kewayo, lokacin sanyin hunturu ne kuwa.
23 ၂၃ ယေရှု သည် ဗိမာန် တော်နားမှာ ရှောလမုန် ကနားပြင် ၌ စင်္ကြံသွား တော်မူစဉ်တွင်၊
Sai ga Yesu a filin haikali yana zagawa a Shirayin Solomon,
24 ၂၄ ယုဒ လူတို့သည် ကိုယ်တော် ကိုဝန်းရံ ၍ ၊ သင် သည် အဘယ်မျှ ကာလပတ်လုံးငါ တို့ကို ယုံမှား စေမည်နည်း။ ခရစ်တော် မှန် လျှင် အတည့်အလင်း ပြော ပါဟုဆို ကြ၏။
sai Yahudawa suka taru kewaye da shi, suka ce masa, “Har yaushe za ka bar mu da shakka? In kai ne Kiristin, ka faɗa mana a fili mana.”
25 ၂၅ ယေရှု ကလည်း၊ ငါပြော ပြီ။ သင် တို့သည် မ ယုံ ကြ။ ငါ့ ခမည်းတော် ၏အခွင့်နှင့် ငါ ပြု သောအမှု တို့သည် ငါ ၏သက်သေ ဖြစ်ကြ၏။
Yesu ya amsa ya ce, “Na faɗa muku, amma ba ku gaskata ba. Ayyukan da nake yi cikin sunan Ubana su suke nuna ko wane ne ni.
26 ၂၆ သို့သော်လည်း သင် တို့သည် မ ယုံ ကြ။ အဘယ်ကြောင့်မယုံသနည်းဟူမူကား ၊ သင်တို့သည် ငါ့ သိုး တို့ အဝင် မ ဟုတ် ။ အထက်က ငါပြောသည်အတိုင်း၊
Amma ba ku gaskata ba domin ku ba tumakina ba ne.
27 ၂၇ ငါ့ သိုး တို့သည် ငါ့ စကား သံကိုနားထောင် ၍ ငါ့ နောက် သို့လိုက်ကြ၏။ ထိုသိုး တို့ကို ငါ သိ ၏။
Tumakina sukan saurari muryata; na sansu, suna kuma bi na.
28 ၂၈ ထာဝရ အသက် ကိုလည်း ငါ ပေး ၏။ သိုးတို့သည် ပျက်စီး ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် ကြလိမ့်မည်။ အဘယ်သူ မျှထိုသိုး တို့ကို ငါ့ လက် မှ မ နှုတ် မယူရာ။ (aiōn g165, aiōnios g166)
Ina ba su rai madawwami, ba za su taɓa hallaka ba; ba kuma mai ƙwace su daga hannuna. (aiōn g165, aiōnios g166)
29 ၂၉ ထိုသိုးတို့ကို ငါ့ ၌အပ်ပေး တော်မူသောငါ့ ခမည်းတော် သည် ခပ်သိမ်း သောသူတို့ထက် ကြီးမြတ်တော်မူသည်ဖြစ် ၍၊ အဘယ်သူ မျှထိုသိုးတို့ကို ငါ့ခမည်းတော် ၏ လက် မှ မနှုတ် မယူနိုင် ရာ။
Ubana, wanda ya ba ni su, ya fi duka girma, ba mai ƙwace su daga hannun Ubana.
30 ၃၀ ငါ သည် ငါ့ခမည်းတော် နှင့် တလုံးတဝတည်း ဖြစ် သည် ဟု မိန့် တော်မူ၏။
Da ni da Uba ɗaya ne.”
31 ၃၁ ထိုအခါ ယုဒ လူတို့သည် ကိုယ်တော် ကို ခဲနှင့်ပစ် ခြင်းငှာ တစ်ဖန် ကျောက်ခဲ တို့ကို ကောက်ယူ ကြ၏။
Sai Yahudawa suka sāke ɗebo duwatsu don su jajjefe shi,
32 ၃၂ ယေရှု ကလည်း၊ ငါသည် ငါ့ခမည်းတော် ၏အခွင့် နှင့် ကောင်း သောအမှု အများ တို့ကို သင် တို့အားပြ ပြီ။ ထိုအမှု တို့တွင် အဘယ် မည်သောအမှု ကြောင့် ငါ့ ကို ခဲ နှင့်ပစ်ကြမည်နည်း ဟု မေး တော်မူလျှင်၊
amma Yesu ya ce musu, “Na nuna muku ayyukan alheri masu yawa da Uba ya aiko ni in yi, a kan wanne kuke so ku jajjefe ni?”
33 ၃၃ ယုဒ လူတို့က၊ ကောင်း သောအမှု ကြောင့် ခဲနှင့်ပစ် မည်မ ဟုတ်။ သင် သည် လူ ဖြစ် လျက်ပင် ဘုရားသခင် ဖြစ်ယောင်ဆောင်၍ ဘုရားသခင်ကို လွန်ကျူး သောစကားကြောင့် ခဲနှင့်ပစ်မည်ဟု ဆို ကြ၏။
Yahudawa suka amsa suka ce, “Ai, ba don wani daga cikin waɗannan ayyukan alheri ne muke so mu jajjefe ka ba, amma don saɓon da kake yi, kai da kake mutum kawai, kana mai da kanka Allah.”
34 ၃၄ ယေရှု ကလည်း၊ သင်တို့သည် ဘုရား ဖြစ် ကြ၏၊ ငါ ဆို သည်ဟု သင် တို့၏ ပညတ္တိ ကျမ်းစာ၌ လာ သည် မ ဟုတ် လော။
Yesu ya amsa musu ya ce, “Ba a rubuce yake a cikin Dokarku ba cewa, ‘Na ce ku alloli ne’?
35 ၃၅ ဘုရားသခင် ၏ဗျာဒိတ် တော်ကို ခံရသောသူ တို့ကို ဘုရား ဟူ၍ခေါ် ရလျှင် ၎င်း ၊ ကျမ်း စကားကို မ ပယ် ရ လျှင်၎င်း၊
Mun dai san Nassi ba ya ƙarya, In har ya kira su waɗanda maganar Allah ta zo musu, ‘alloli,’
36 ၃၆ ခမည်းတော် သည်သန့်ရှင်း စေ၍ ၊ ဤလောက သို့ စေလွှတ် တော်မူသောသူ က၊ ငါသည်ဘုရားသခင် ၏ သား တော်ဖြစ် သည်ဟုဆို သောကြောင့် ၊ သင် သည် ဘုရားသခင်ကို လွန်ကျူး ၍ပြောသည်ဟု ထိုသူအား ဆို ရာ သလော။
to, game da wanda Uba ya keɓe a matsayin nasa ne ya kuma aiko shi duniya. Don me kuke ce saɓo nake, domin na ce, ‘Ni Ɗan Allah ne?’
37 ၃၇ ငါသည် ငါ့ ခမည်းတော် ၏အမှု တို့ကို မ ပြု လျှင် ငါ့ ကိုမ ယုံ ကြနှင့်။
In ba ayyukan da Ubana yake yi ne nake yi ba, to, kada ku gaskata ni.
38 ၃၈ ပြု လျှင်ငါ့ ကိုမ ယုံသော်လည်း ထိုအမှု တို့ကို ယုံ ကြလော့။ ထိုသို့ ယုံလျှင် ခမည်းတော် သည် ငါ ၌ ရှိတော်မူသည်ကို၎င်း၊ ငါ သည်ခမည်းတော် ၌ ရှိသည်ကို၎င်း ယုံ၍ သိမှတ် ကြလိမ့်မည် ဟု မိန့်တော်မူ၏။
Amma in su nake yi, ko ba ku gaskata ni ba, to, ku gaskata ayyukan, don ku sani, ku kuma gane, Uban yana cikina, ni kuma ina cikin Uban.”
39 ၃၉ ထိုအခါ ကိုယ်တော် ကိုဘမ်းဆီး ခြင်းငှာတစ်ဖန် ရှာ ကြပြန်လျှင်၊ ထိုသူ တို့၏လက် မှ ထွက်ကြွ တော်မူ၏။
Sai suka sāke yin ƙoƙari su kama shi, amma ya kuɓuce musu.
40 ၄၀ ယောဟန် သည် ဗတ္တိဇံ ကို ရှေးဦးစွာ ပေးရာအရပ် ၊ ယော်ဒန် မြစ်တစ်ဘက် သို့ တစ်ဖန် ကြွ ၍ ထို အရပ်၌ နေ တော်မူ၏။
Sa’an nan Yesu ya sāke koma ƙetaren Urdun inda dā Yohanna yake baftisma. A can ya zauna
41 ၄၁ လူအများ တို့သည် အထံ တော်သို့ ရောက်လာ လျှင် ၊ ယောဟန် သည် နိမိတ် လက္ခဏာကိုမ ပြ ။ သို့သော်လည်း ဤသူ ၏အကြောင်း ကို ယောဟန် ပြော သမျှ မှန် ပေ၏ဟု ဆို ကြသဖြင့်၊
mutane da yawa suka zo wurinsa. Suka ce, “Ko da yake Yohanna bai yi wani abin banmamaki ba, duk abubuwan da Yohanna ya faɗa game da mutumin nan gaskiya ne.”
42 ၄၂ ထို အရပ်၌ လူများ တို့သည် ကိုယ်တော် ကိုယုံကြည် ကြ၏။
A nan kuwa mutane da yawa suka gaskata da Yesu.

< ယောဟန် 10 >