< ယောဟန် 10 >
1 ၁ ငါအမှန်အကန် ဆို သည်ကား၊ သိုး ခြံ ထဲသို့ တံခါးဝ ဖြင့် မ ဝင် အခြား လမ်းဖြင့်ကျော်ဝင် သောသူ သည် သူခိုး ဓားပြ ဖြစ် ၏။
“I tell you the truth, anyone who doesn't come in through the gate of the sheepfold but climbs in some other way is a thief and a robber.
2 ၂ သိုးထိန်း မူကား၊ တံခါးဝ ဖြင့် ဝင် တတ်၏။
The one who comes in through the gate is the shepherd of the sheep.
3 ၃ ထိုသူ အားတံခါးစောင့် လည်းဖွင့် တတ်၏။ သူ၏ စကား သံကိုသိုး တို့သည် နားထောင် တတ်ကြ၏။ သူ သည် မိမိ သိုး တို့ကို နာမည် ဖြင့် ခေါ် ၍ ပြင် သို့ ထုတ်ဆောင်တတ်၏။
The gatekeeper opens it for him, and the sheep respond to his voice. He calls his own sheep by name, and leads them out.
4 ၄ သိုးများကိုထုတ် သောအခါ သိုးတို့ရှေ့ မှာသွား ၍ သိုး များသည် သူ၏ စကား သံကို ကျွမ်း သောကြောင့် လိုက် တတ်ကြ၏။
After bringing them out, he walks ahead of them, and the sheep follow him because they recognize his voice.
5 ၅ မဆိုင်သောသူတို့၏စကား သံကို မ ကျွမ်း သောကြောင့် ၊ မဆိုင်သောသူနောက် သို့မ လိုက်ဘဲ ပြေး တတ် ကြသည် ဟု မိန့်တော်မူ၏။
They won't follow strangers. In fact they run away from a stranger because they don't recognize the voice of strangers.”
6 ၆ ထို ဥပမာ ပုံကို ယေရှု ဟော တော်မူသည်တွင်၊ ပရိသတ် တို့သည် မိန့်တော်မူသောစကား တော်၏ အနက် အဓိပ္ပါယ်ကိုနား မ လည်ကြ။
When Jesus gave this illustration those who were listening to him didn't understand what he meant.
7 ၇ ထိုကြောင့် တစ်ဖန် ယေရှု က၊ ငါအမှန်အကန် ဆို သည်ကား၊ ငါ သည် သိုး ဝင်သောတံခါးဝ ဖြစ် ၏။
So Jesus explained again, “I tell you the truth: I am the gate of the sheepfold.
8 ၈ ငါ ရှေ့ ၌ပေါ်လာ သောသူ ရှိသမျှ တို့သည် သူခိုး ဓားပြ ဖြစ် ကြ၏။ ထိုသူ တို့၏စကားသံကို သိုး တို့သည် နား မ ထောင်ကြ။
All those who came before me were thieves and robbers, but the sheep didn't listen to them.
9 ၉ ငါ သည်တံခါးဝ ဖြစ် ၏။ ငါ ဖြင့် ဝင် သောသူ သည် ဘေး နှင့်ကင်းလွှတ်လျက် ထွက် ဝင် ၍ ကျက်စား ရာကို တွေ့ ရလိမ့်မည်။
I am the gate. Anyone who comes in through me will be healed. They will be able to come and go, and find the food they need.
10 ၁၀ သူခိုး သည်ခိုး ခြင်း၊ သတ် ခြင်း၊ ဖျက်ဆီး ခြင်းငှာ သာ လာ တတ်၏။ ငါ မူကား၊ သိုး တို့သည် အသက် လွတ်ရုံ မျှမက အထူးသဖြင့်အသက်နှင့် ပြည့်စုံ စေခြင်းငှာ လာ သတည်း။
The thief comes only to steal, kill, and destroy. I've come to bring you life, life full to overflowing.
11 ၁၁ ငါ သည် ကောင်း သောသိုးထိန်း လည်းဖြစ် ၏။ ကောင်း သောသိုးထိန်း သည် သိုး တို့အဘို့ အလိုငှာ မိမိ အသက် ကို စွန့် တတ်၏။
I am the good shepherd. The good shepherd lays down his life for the sheep.
12 ၁၂ သိုး များကိုပိုင် သောသိုးထိန်း မ ဟုတ် ၊ သူငှား ဖြစ်သောသူ မူကား၊ တောခွေး လာ သည်ကိုမြင် လျှင်၊ သိုး တို့ကို ပစ် ထား၍ ထွက်ပြေး တတ်၏။ တောခွေး သည်လည်း၊ သိုး တို့ကို လုယက် ၍ ကွဲလွင့် စေ၏။
The man paid to look after the sheep is not the shepherd and he runs away when he sees the wolf coming. He abandons the sheep because they're not his, and the wolf attacks and scatters the flock
13 ၁၃ သူငှား သည် သူငှားဖြစ်၍သိုး တို့၏အကျိုး ကို မ မှတ် သောကြောင့် ထွက်ပြေးတတ်၏။
for the man is only working for pay and doesn't care about the sheep.
14 ၁၄ ငါ သည် ကောင်း သောသိုးထိန်း ဖြစ် ၏။ ခမည်းတော် သည် ငါ့ ကိုသိ တော်မူ၍၊ ငါ သည်လည်း ခမည်းတော် ကို သိ သကဲ့သို့ ငါ ၏သိုးကိုလည်း ငါသိ ၏။ ငါ့ သိုးတို့သည်လည်း ငါ့ ကိုသိ ကြ၏။
I am the good shepherd. I know who are mine, and they know me,
15 ၁၅ ငါသည် ကိုယ် အသက် ကို သိုး တို့အဘို့ အလိုငှာ စွန့်၏ ။
just as the Father knows me and I know him. I lay down my life for the sheep.
16 ၁၆ ဤ သိုးခြံ သို့ မ ဝင်သောအခြား သိုး တို့ကိုလည်း ငါပိုင် သေး၏။ ထို သိုးတို့ကို ငါ ဆောင်ခဲ့ ရ မည်။ သူတို့ သည်လည်း ငါ့ စကား သံကို နားထောင် သဖြင့်၊ သိုး ခြံတစ်ခု သိုးထိန်း တစ်ပါးတည်း ရှိ ရလိမ့်မည်။
I have other sheep that are not in this sheepfold. I must bring them too. They will listen to my voice and there will be one flock with one shepherd.
17 ၁၇ ငါ သည် ကိုယ် အသက် ကိုစွန့် ၍ နောက် တဖန်ယူ ဦးမည်ဖြစ်သောကြောင့် ၊ ငါ့ ခမည်းတော် သည် ငါ့ကို ချစ် တော်မူ၏။
This is why the Father loves me, because I lay down my life so I may take it up again.
18 ၁၈ ငါ့ အသက် ကို အဘယ်သူ မျှမလု မယူ။ ကိုယ် အလိုအလျောက်ငါ စွန့် ၏။ ကိုယ်အသက် ကို စွန့် ရသော အခွင့် နှင့် နောက် တဖန်ကိုယ်အသက် ကို ယူ ပြန်ရသောအခွင့် သည် ငါ၌ရှိ ၏။ ထို အခွင့် ကိုခမည်းတော် သည် ပေး တော်မူပြီ ဟု မိန့် တော်မူ၏။
No one takes it from me; I choose to lay it down. I have the right to give it up, and I have the right to take it back. This is the command my Father gave me.”
19 ၁၉ ထို စကား တော်ကြောင့် ယုဒ လူတို့သည် တစ်ဖန် ကွဲပြား ခြင်းရှိ ကြ၏။
The Jews were again divided in their opinion about Jesus over these words.
20 ၂၀ လူ များ တို့က၊ သူသည်နတ်ဆိုး စွဲ ၍ အရူး ဖြစ်၏။ သူ့ စကားကို အဘယ်ကြောင့် နားထောင် သနည်းဟု ဆို ကြ၏။
Many of them said, “He's demon-possessed! He's mad! Why are you listening to him?”
21 ၂၁ အချို့ တို့က၊ သူ့ စကား သည် နတ်ဆိုးစွဲ သောသူ၏စကားမ ဟုတ် ။ နတ်ဆိုး သည် မျက်စိ ကန်း သောသူ တို့ကို မြင်စေခြင်းငှာတတ်နိုင် သလောဟုဆို ကြ၏။
Others said, “These aren't the words of someone who's demon-possessed. Besides, a demon can't open eyes that are blind.”
22 ၂၂ ဆောင်း ကာလဖြစ် ၍ အင်္ကဲနိ ပွဲကိုယေရုရှလင် မြို့၌ခံ ကြသောအခါ၊
It was winter, and the time of the Festival of Dedication in Jerusalem.
23 ၂၃ ယေရှု သည် ဗိမာန် တော်နားမှာ ရှောလမုန် ကနားပြင် ၌ စင်္ကြံသွား တော်မူစဉ်တွင်၊
Jesus was walking in the Temple through Solomon's porch. The Jews surrounded him, asking,
24 ၂၄ ယုဒ လူတို့သည် ကိုယ်တော် ကိုဝန်းရံ ၍ ၊ သင် သည် အဘယ်မျှ ကာလပတ်လုံးငါ တို့ကို ယုံမှား စေမည်နည်း။ ခရစ်တော် မှန် လျှင် အတည့်အလင်း ပြော ပါဟုဆို ကြ၏။
“How long are you going to keep us hanging in suspense? If you are the Messiah then tell us plainly!”
25 ၂၅ ယေရှု ကလည်း၊ ငါပြော ပြီ။ သင် တို့သည် မ ယုံ ကြ။ ငါ့ ခမည်းတော် ၏အခွင့်နှင့် ငါ ပြု သောအမှု တို့သည် ငါ ၏သက်သေ ဖြစ်ကြ၏။
Jesus replied, “I already told you but you refuse to believe it. The miracles I do in my Father's name prove who I am.
26 ၂၆ သို့သော်လည်း သင် တို့သည် မ ယုံ ကြ။ အဘယ်ကြောင့်မယုံသနည်းဟူမူကား ၊ သင်တို့သည် ငါ့ သိုး တို့ အဝင် မ ဟုတ် ။ အထက်က ငါပြောသည်အတိုင်း၊
You don't believe me because you are not my sheep.
27 ၂၇ ငါ့ သိုး တို့သည် ငါ့ စကား သံကိုနားထောင် ၍ ငါ့ နောက် သို့လိုက်ကြ၏။ ထိုသိုး တို့ကို ငါ သိ ၏။
My sheep recognize my voice; I know them, and they follow me.
28 ၂၈ ထာဝရ အသက် ကိုလည်း ငါ ပေး ၏။ သိုးတို့သည် ပျက်စီး ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် ကြလိမ့်မည်။ အဘယ်သူ မျှထိုသိုး တို့ကို ငါ့ လက် မှ မ နှုတ် မယူရာ။ (aiōn , aiōnios )
I give them eternal life; they shall never be lost, and no one can snatch them from me. (aiōn , aiōnios )
29 ၂၉ ထိုသိုးတို့ကို ငါ့ ၌အပ်ပေး တော်မူသောငါ့ ခမည်းတော် သည် ခပ်သိမ်း သောသူတို့ထက် ကြီးမြတ်တော်မူသည်ဖြစ် ၍၊ အဘယ်သူ မျှထိုသိုးတို့ကို ငါ့ခမည်းတော် ၏ လက် မှ မနှုတ် မယူနိုင် ရာ။
My Father who gave them to me is greater than anyone else; no one can snatch them from him.
30 ၃၀ ငါ သည် ငါ့ခမည်းတော် နှင့် တလုံးတဝတည်း ဖြစ် သည် ဟု မိန့် တော်မူ၏။
I and the Father are one.”
31 ၃၁ ထိုအခါ ယုဒ လူတို့သည် ကိုယ်တော် ကို ခဲနှင့်ပစ် ခြင်းငှာ တစ်ဖန် ကျောက်ခဲ တို့ကို ကောက်ယူ ကြ၏။
Once again the Jews picked up stones to stone him.
32 ၃၂ ယေရှု ကလည်း၊ ငါသည် ငါ့ခမည်းတော် ၏အခွင့် နှင့် ကောင်း သောအမှု အများ တို့ကို သင် တို့အားပြ ပြီ။ ထိုအမှု တို့တွင် အဘယ် မည်သောအမှု ကြောင့် ငါ့ ကို ခဲ နှင့်ပစ်ကြမည်နည်း ဟု မေး တော်မူလျှင်၊
Jesus said to them, “You've seen many good deeds that I've done from the Father. Which one are you stoning me for?”
33 ၃၃ ယုဒ လူတို့က၊ ကောင်း သောအမှု ကြောင့် ခဲနှင့်ပစ် မည်မ ဟုတ်။ သင် သည် လူ ဖြစ် လျက်ပင် ဘုရားသခင် ဖြစ်ယောင်ဆောင်၍ ဘုရားသခင်ကို လွန်ကျူး သောစကားကြောင့် ခဲနှင့်ပစ်မည်ဟု ဆို ကြ၏။
The Jews replied, “We're not stoning you for a good deed, but for blasphemy because you are just a man but you're claiming to be God.”
34 ၃၄ ယေရှု ကလည်း၊ သင်တို့သည် ဘုရား ဖြစ် ကြ၏၊ ငါ ဆို သည်ဟု သင် တို့၏ ပညတ္တိ ကျမ်းစာ၌ လာ သည် မ ဟုတ် လော။
Jesus answered them, “Isn't it written in your law, ‘I said, you are gods’?
35 ၃၅ ဘုရားသခင် ၏ဗျာဒိတ် တော်ကို ခံရသောသူ တို့ကို ဘုရား ဟူ၍ခေါ် ရလျှင် ၎င်း ၊ ကျမ်း စကားကို မ ပယ် ရ လျှင်၎င်း၊
He called those people ‘gods,’ the people to whom the word of God came—and Scripture can't be altered.
36 ၃၆ ခမည်းတော် သည်သန့်ရှင်း စေ၍ ၊ ဤလောက သို့ စေလွှတ် တော်မူသောသူ က၊ ငါသည်ဘုရားသခင် ၏ သား တော်ဖြစ် သည်ဟုဆို သောကြောင့် ၊ သင် သည် ဘုရားသခင်ကို လွန်ကျူး ၍ပြောသည်ဟု ထိုသူအား ဆို ရာ သလော။
So why are you saying the one whom the Father set apart and sent into the world is blaspheming because I said ‘I am the Son of God’?
37 ၃၇ ငါသည် ငါ့ ခမည်းတော် ၏အမှု တို့ကို မ ပြု လျှင် ငါ့ ကိုမ ယုံ ကြနှင့်။
If I'm not doing what my Father does, then don't believe me.
38 ၃၈ ပြု လျှင်ငါ့ ကိုမ ယုံသော်လည်း ထိုအမှု တို့ကို ယုံ ကြလော့။ ထိုသို့ ယုံလျှင် ခမည်းတော် သည် ငါ ၌ ရှိတော်မူသည်ကို၎င်း၊ ငါ သည်ခမည်းတော် ၌ ရှိသည်ကို၎င်း ယုံ၍ သိမှတ် ကြလိမ့်မည် ဟု မိန့်တော်မူ၏။
But if that is what I'm doing, even though you don't believe me, you should believe because of the evidence of what I've done. That way you can know and understand that the Father is in me, and I am in the Father.”
39 ၃၉ ထိုအခါ ကိုယ်တော် ကိုဘမ်းဆီး ခြင်းငှာတစ်ဖန် ရှာ ကြပြန်လျှင်၊ ထိုသူ တို့၏လက် မှ ထွက်ကြွ တော်မူ၏။
Once again they tried to arrest him, but he escaped from them.
40 ၄၀ ယောဟန် သည် ဗတ္တိဇံ ကို ရှေးဦးစွာ ပေးရာအရပ် ၊ ယော်ဒန် မြစ်တစ်ဘက် သို့ တစ်ဖန် ကြွ ၍ ထို အရပ်၌ နေ တော်မူ၏။
He went back across the Jordan River to the place where John had begun baptizing, and he stayed there.
41 ၄၁ လူအများ တို့သည် အထံ တော်သို့ ရောက်လာ လျှင် ၊ ယောဟန် သည် နိမိတ် လက္ခဏာကိုမ ပြ ။ သို့သော်လည်း ဤသူ ၏အကြောင်း ကို ယောဟန် ပြော သမျှ မှန် ပေ၏ဟု ဆို ကြသဖြင့်၊
Many people came to him, and they said, “John didn't perform miracles, but everything he said about this man has come true.”
42 ၄၂ ထို အရပ်၌ လူများ တို့သည် ကိုယ်တော် ကိုယုံကြည် ကြ၏။
Many who were there put their trust in Jesus.