< ယောဟန် 1 >

1 အစအဦး ၌ နှုတ်ကပတ် တော်ရှိ ၏။ နှုတ်ကပတ် တော်သည် ဘုရားသခင် နှင့်အတူ ရှိ ၏။ နှုတ်ကပတ် တော် သည်လည်း ဘုရားသခင် ဖြစ် တော်မူ၏။
In the beginning was the Word, and the Word was with God, and the Word was God.
2 ထိုနှုတ်ကပတ် တော်သည် အစအဦး ၌ ဘုရားသခင် နှင့်အတူ ရှိ ၏။
The same was in the beginning with God.
3 နှုတ်ကပတ်တော်သည် ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်း တော်မူ၏။ ဖန်ဆင်း တော်မူခြင်းနှင့် ကင်းလွတ် လျက်ဖြစ် သော အရာတစ်စုံတစ်ခု မျှ မရှိ။
By Him were all things made, and without Him was not any one thing made that was made.
4 ထိုနှုတ်ကပတ် တော်၌ အသက် ရှိ ၏။ ထိုအသက် သည်လည်း လူ တို့၏အလင်း ဖြစ် ၏။
In Him was life, and the life was the light of men.
5 ထိုအလင်း သည် မှောင်မိုက် ၌ လင်း ၍ မှောင်မိုက် သည် မ ခံ မယူ။
And the light shineth in darkness, and the darkness attained it not.
6 ယောဟန် အမည် ရှိသော သူ တစ်ယောက်ကို ဘုရားသခင် စေလွှတ် တော်မူ၏။
There was a man sent from God, whose name was John:
7 ထိုသူ ကိုလူအပေါင်း တို့သည် အမှီပြု ၍ယုံကြည် ခြင်းသို့ ရောက်မည်အကြောင်း ထိုသူ သည် သက်သေခံ ဖြစ်၍၊ အလင်း တော်၏အကြောင်း ကိုသက်သေခံ ခြင်းငှာ လာ ၏။
this man came for witness, that he might testify concerning the light, that through him all might believe.
8 ထိုသူ သည် အလင်း တော်မ ဟုတ် ။ အလင်း တော်၏အကြောင်း ကို သက်သေခံ ခြင်းငှာ သာ လာ၏။
He was not that light, but was sent to bear witness of the light.
9 ဟုတ်မှန် သောအလင်း မူကား၊ ဤလောက သို့ ကြွလာ လျက် ခပ်သိမ်း သောလူ အပေါင်းတို့အား အလင်း ကို ပေးသော သူဖြစ် သတည်း။
The true light was that which enlightneth every man that cometh into the world.
10 ၁၀ ထိုသူသည်ဤလောက ၌ ရှိ တော်မူပြီ။ ဤလောက ကိုလည်း ဖန်ဆင်း တော်မူပြီ။ သို့သော်လည်း ဤလောက သည် ထိုသူ ကိုမ သိ ။
He was in the world, and the world was made by Him, and yet the world knew Him not:
11 ၁၁ သူသည်မိမိ ဒေသအရပ်သို့ ကြွလာ သော်လည်း၊ မိမိ လူမျိုးတို့သည် သူ့ ကိုလက် မ ခံဘဲနေကြ၏။
yea, He came to his own peculiar right, and even his own people received Him not.
12 ၁၂ ထိုသူ ကိုလက်ခံ သမျှ သောသူတည်းဟူသောကိုယ်တော် ကို ယုံကြည် သောသူ တို့အား၊ ဘုရားသခင် ၏ သား ဖြစ် ရသောအခွင့် ကို ပေး တော်မူ၏။
But as many as received Him, to them granted He the privilege to become the children of God, even to them that believe on his name;
13 ၁၃ ထိုသား တို့မူကား၊ လူမျိုး နှင့်စပ်ဆိုင် ၍ ဘွားသောသားမ ဟုတ်။ မေထုန် သံဝါသအားဖြင့် ဘွားသော သားမ ဟုတ်။ လူ့ အလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွား တော်မူသောသားဖြစ်သတည်း။
who were born not of blood, nor of the will of the flesh, nor of the will of man, but of God.
14 ၁၄ နှုတ်ကပတ် တော်သည်လည်း လူ့ ဇာတိအဖြစ် ကို ခံယူ၍၊ ကျေးဇူး တော်နှင့် ၎င်း၊ သစ္စာ တော်နှင့်၎င်း ပြည့်စုံ လျက် ငါ တို့တွင် တည်နေ တော်မူသည်ဖြစ်၍၊ ခမည်းတော် ၌ တစ်ပါးတည်း သောသားတော်၏ ဘုန်း ကဲ့သို့ သူ ၏ဘုန်း တော်ကို ငါတို့သည် မြင် ရကြပြီ။
And the Word was made flesh, and dwelt among us, being full of grace and truth: and we beheld his glory, the glory as of the only-begotten of the Father.
15 ၁၅ ယောဟန် သည် ထိုသခင် ၏အကြောင်း ကို သက်သေခံ ၍ ကြွေးကြော် သည်ကား၊ ငါ့ နောက် ကြွလာ သောသူ သည် ငါ မ ရှိမှီရှိ နှင့်သည်ဖြစ် ၍၊ ငါ့ ထက်သာ၍ ကြီးမြတ်သည်ဟု ငါဆိုရာ၌၊ ထိုသူ ကိုဆိုလို သည်ဟု သက်သေခံလေ၏။
Of Him did John bare witness, and publicly declared, saying, This was He of whom I spake, He that cometh after me is preferred before me; for He was before me.
16 ၁၆ ထိုသူ ၏ပြည့်စုံ ခြင်းမှ လည်းကျေးဇူး တစ်ပါး၌ ထပ်ဆင့် ၍ ကျေးဇူး တစ်ပါးကိုငါ တို့ရှိသမျှ သည်ခံရ ကြပြီ။
And of his fulness have we all received, even grace for grace.
17 ၁၇ အကြောင်းမူကား ၊ ပညတ် တရားတော်ကို မောရှေ လက်တွင်ပေး တော်မူ၏။ ကျေးဇူး တရားနှင့် သစ္စာ တရားမူကား ယေရှု ခရစ် အားဖြင့် ဖြစ် သတည်း။
For the law was given by Moses, but grace and truth came by Jesus Christ:
18 ၁၈ ဘုရားသခင် ကို အဘယ်သူ မျှ မမြင် စဖူး သော်လည်း၊ ခမည်းတော် ၏ရင်ခွင် ၌ ရှိ သော တစ်ပါးတည်း သောသားတော်သည် ဘုရားသခင် ကို ထင်ရှား စေတော်မူပြီ။
and though no one hath ever seen God, or can see Him: yet the only-begotten Son, who is in the bosom of the Father, hath made Him known.
19 ၁၉ ယုဒ လူတို့က၊ သင် သည်အဘယ်သူ နည်းဟု ယောဟန် ကိုမေးမြန်း စေခြင်းငှာ ယဇ် ပုရောဟိတ်နှင့် လေဝိ လူတို့ကို ယေရုရှလင် မြို့မှ စေလွှတ် သောအခါ ၊ ယောဟန် သည် သက်သေခံ လေသည်မှာ၊
And this is the testimony of John, when the Jews sent from Jerusalem priests and Levites to ask him, Who art thou?
20 ၂၀ ငါ သည် ခရစ်တော် မ ဟုတ် ဟု ထိမ်ဝှက် ခြင်းမ ရှိ။ အတည့်အလင်းပြောဆို ၏။
he confessed, and denied not; but declared openly, I am not the Christ.
21 ၂၁ ထိုသူ တို့ကလည်း ၊ သို့ဖြစ်လျှင် သင် သည်အဘယ်သူ နည်း။ ဧလိယ ဖြစ် သလောဟု မေးမြန်း ပြန်၏။ ယောဟန်က၊ ငါ သည် ဧလိယမ ဟုတ်ဟုဆို ၏။ ဤမည်သောပရောဖက် ဖြစ် သလောဟု မေးပြန်လျှင်၊ မ ဟုတ်ဟု ဆို ပြန်၏။
And they asked him, What then? art thou Elias? And he said, I am not. Art thou a prophet? and he answered, No.
22 ၂၂ ထိုသူတို့ကလည်း ၊ သင်သည်အဘယ်သူ နည်း။ ငါ တို့ကိုစေလွှတ် သောသူ တို့အား ပြန်လျှောက် စရာ ရှိ စေခြင်းငှာ ၊ သင်သည်ကိုယ် ကို အဘယ်သို့ ဆို သနည်းဟု မေး ပြန်ကြ၏။
Therefore said they unto him, Who art thou? that we may give an answer to them that sent us: What dost thou say of thy self?
23 ၂၃ ယောဟန်ကလည်း၊ ငါ သည်ပရောဖက် ဟေရှာယ ဟောပြော သည်နှင့်အညီ ၊ ထာဝရ ဘုရား၏ လမ်းခရီး တော်ကို ဖြောင့် စေကြလော့ဟု တော ၌ ဟစ်ကြော် သောသူ၏အသံ ဖြစ်သည်ဟု ဆို ၏။
and he said, I am the voice of one crying in the wilderness, "Make straight the way of the Lord," according to Esaias the prophet.
24 ၂၄ အစေခံ သောသူတို့ကား၊ ဖာရိရှဲ ဖြစ် ကြသတည်း။
Now they that were sent, were of the pharisees:
25 ၂၅ ထိုသူတို့ကလည်း ၊ သင် သည် ခရစ်တော် မ ဟုတ် ၊ ဧလိယ မ ဟုတ်၊ ဤမည်သောပရောဖက် မ ဟုတ်သည် မှန်လျှင် အဘယ်ကြောင့် ဗတ္တိဇံ ကိုပေးသနည်းဟု မေး ပြန်ကြ၏။
and they asked him, and said to him, Why then dost thou baptize, if thou art not the Christ, nor Elias, nor a prophet?
26 ၂၆ ယောဟန် ကလည်း၊ ငါ သည်ရေ ၌ ဗတ္တိဇံ ကိုပေး၏။ သင် တို့အလယ် ၌သင် တို့မ သိ သော သူတစ်ယောက် ရှိ၏။
John answered them, saying, I baptize with water: but there standeth one among you, whom ye know not;
27 ၂၇ ထိုသူ သည်ငါ့ နောက် ကြွလာ သော်လည်းငါ့ထက်သာ၍ကြီးမြတ်၏။ ထိုသူ ၏ခြေနင်း တော်ကြိုး ကိုမျှ ဖြည် ခြင်းငှာ ငါ မ ထိုက် ဟုပြန်ပြော ၏။
that cometh after me, but is preferred before me, the latchet of whose shoe I am not worthy to unloose.
28 ၂၈ ယောဟန် သည်ဗတ္တိဇံ ကိုပေးရာ အရပ် ၊ ယော်ဒန် မြစ်တစ်ဘက် ဗေသနိ ရွာ၌ ဤအမှုအရာဖြစ် သတည်း။
These things passed at Bethabara beyond Jordan, where John was baptizing.
29 ၂၉ နက်ဖြန် နေ့၌ယေရှု ကြွလာ တော်မူသည်ကို ယောဟန်သည်မြင် လျှင်၊ ဤလောက ၏အပြစ် ကို ဆောင်သွား သော ဘုရားသခင် ၏ သိုးသငယ် ကိုကြည့် လော့။
The next day John seeth Jesus coming towards him, and saith, Behold the Lamb of God that taketh away the sin of the world.
30 ၃၀ ငါ မ ရှိမှီရှိ နှင့်သည်ဖြစ်၍ ၊ ငါ့ ထက်သာ၍ကြီးမြတ်သောသူ သည်ငါ့ နောက် ကြွလာ သည်ဟု ငါ ဆို ရာ၌၊ ထိုသူ ကိုဆိုလို ၏။
This is He of whom I said, After me cometh a man, who is preferred before me: for He was before me.
31 ၃၁ အစကထိုသူ ကိုငါ မ သိ ။ သို့သော်လည်း ထိုသူကို ဣသရေလ လူတို့အား ထင်ရှား စေခြင်းငှာ ငါ သည် ရေ ၌ ဗတ္တိဇံ ကိုပေးလျက်လာ ၏။
And I knew Him not: but therefore came I baptizing with water, that He might be made known to Israel.
32 ၃၂ ထိုမှတစ်ပါး ဝိညာဉ် တော်သည်ကောင်းကင် မှ ချိုးငှက် ကဲ့သို့ ဆင်းသက် ၍ ထိုသူ ၏အပေါ် ၌နား တော်မူသည်ကို ငါမြင် ရပြီ။
And John testified saying, I saw the Spirit descending like a dove from heaven, and it abode upon Him.
33 ၃၃ အစကထို သူကိုငါ မ သိ ။ ရေ ၌ ဗတ္တိဇံ ကိုပေးစေခြင်းငှာငါ့ ကိုစေလွှတ် တော်မူသောသူ က၊ အကြင်သူ ၏ အပေါ် ၌ဝိညာဉ် တော်ဆင်းသက် ၍ နား တော်မူသည်ကို သင်သည်မြင် လျှင်၊ ထို သူကားသန့်ရှင်း သော ဝိညာဉ် တော်၌ ဗတ္တိဇံ ကိုပေးသောသူ ပေတည်းဟု မိန့် တော်မူသည်နှင့်အညီ။
And I knew Him not: but He that sent me to baptize with water, said unto me, Upon whom thou shalt see the Spirit descending and abiding on Him, the same is he that baptizeth with the Holy Spirit.
34 ၃၄ ငါ သည်မြင် ၍ ဤသူ သည် ဘုရားသခင် ၏ သား တော်ဖြစ် တော်မူကြောင်း ကို သက်သေခံ သည်ဟု ယောဟန် ဆို လေ၏။
And I saw it, and therefore testified that this is the Son of God.
35 ၃၅ တစ်ဖန် ယောဟန် သည် နက်ဖြန် နေ့၌ တပည့် နှစ် ယောက်တို့နှင့်အတူရပ် နေ၍၊
The day following John was standing, (and two of his disciples, )
36 ၃၆ ယေရှု ကြွ တော်မူသည်ကိုမြင် လျှင် ၊ ဘုရားသခင် ၏ သိုးသငယ် ကို ကြည့် လော့ဟုဆို ၏။
and looking upon Jesus as He was walking, he saith, "Behold the lamb of God."
37 ၃၇ တပည့် နှစ် ယောက်တို့သည် ထိုစကား ကိုကြား လျှင် ၊ ယေရှု နောက်တော်သို့ လိုက် ကြ၏။
And when the two disciples heard what he said, they followed Jesus.
38 ၃၈ ယေရှု သည်လှည့် ၍ ထိုသူ တို့ လိုက် ကြသည်ကိုမြင် တော်မူလျှင်၊ အဘယ် အလိုရှိ သနည်း ဟု မေး တော်မူ၏။ ထိုသူ တို့က၊ ရဗ္ဗိ ၊ ကိုယ်တော် သည် အဘယ်မှာ နေ တော်မူသနည်းဟု မေးလျှောက် ကြ၏။ ရဗ္ဗိ၊ အနက် ကား၊ အရှင် ဘုရားဟု ဆိုလို သတည်း။
And Jesus turning, and seeing them following Him, saith unto them, What do ye seek? They said unto Him, Rabbi (that is to say, Master, ) where is thine abode?
39 ၃၉ ယေရှုကလည်း လာ ၍ ကြည့် ကြလော့ ဟု မိန့် တော်မူ၏။ ထို သူတို့သည်သွား၍ နေ တော်မူရာအရပ် ကို ကြည့် ကြ၏။ ထိုအချိန် သည် ဆယ် နာရီအချိန်ဖြစ် ၍ မိုဃ်းချုပ် သည်တိုင်အောင်အထံ တော်၌နေ ကြ၏။
He saith unto them, Come and see. And they came and saw where He dwelt, and abode with Him that day: and it was about the tenth hour.
40 ၄၀ ယောဟန် ၏စကား ကိုကြား၍ နောက် တော်သို့ လိုက်သောသူနှစ် ယောက်တို့တွင် တစ်ယောက်ကား ရှိမုန် ပေတရု ညီ အန္ဒြေ ပေတည်း။
Now Andrew the brother of Simon Peter, was one of the two that heard what John said, and thereupon followed Jesus.
41 ၄၁ ထိုသူ သည် မိမိ အစ်ကို ရှိမုန် ကို ရှေးဦးစွာ တွေ့ လျှင် ၊ ငါတို့သည် မေရှိ ကိုတွေ့ ကြပြီဟု ပြောဆို လျက်၊
He first meeteth with his own brother Simon, and telleth him, "We have found the Messiah, which is to say, the Christ."
42 ၄၂ သူ့ ကိုယေရှု ထံသို့ ပို့ဆောင် လေ၏။ မေရှိအနက် ကား ခရစ်တော် ဟုဆိုလို သတည်း။ ယေရှု သည် ထို သူ ကိုကြည့်ရှု ၍၊ သင် သည်ယောန ၏သား ရှိမုန် ဖြစ် ၏ ကေဖ အမည် သစ်ကို ရလတံ့ ဟုမိန့် တော်မူ၏၊ ကေဖ အနက် ကား ပေတရု ဟုဆိုလိုသတည်း။
And Andrew brought him to Jesus: and Jesus looking at him said, Thou art Simon the son of Jonas, thou shalt be called Cephas; which is interpreted a stone.
43 ၄၃ နက်ဖြန် နေ့၌ ဂါလိလဲ ပြည်သို့ ကြွ ခြင်းငှာအလို တော်ရှိလျှင် ဖိလိပ္ပု ကိုတွေ့ ၍ ၊ ငါ့ နောက် သို့ လိုက်လော့ ဟု မိန့် တော်မူ၏။
The day following Jesus had a mind to go out into Galilee, and meeting with Philip, saith unto him, Follow me.
44 ၄၄ ဖိလိပ္ပု ကား၊ အန္ဒြေ နှင့် ပေတရု မွေးဘွားရာ ဗက်ဇဲဒ မြို့မှ လာသောသူဖြစ် သတည်း။
Now Philip was of Bethsaida the city of Andrew and Peter.
45 ၄၅ ဖိလိပ္ပု သည်နာသနေလ ကိုတွေ့ လျှင် ၊ မောရှေ သည် ပညတ္တိ ကျမ်း၌ ၎င်း၊ ပရောဖက် တို့သည် သူတို့ ကျမ်း ၌၎င်း အကြောင်းပြု ၍ ရေး ထားသောသူ ၊ နာဇရက် မြို့သား ဖြစ်သော ယောသပ် ၏သား ယေရှု ကို ငါတို့သည် တွေ့ ကြပြီဟုဆို ၏။
Philip meeting Nathaniel, saith unto him, We have found Him, of whom Moses in the law, and of whom the prophets also wrote, Jesus of Nazareth, the son of Jeseph.
46 ၄၆ နာသနေလ ကလည်း ၊ နာဇရက် မြို့ထဲက ကောင်း သောအရာတစ်စုံတစ်ခု မျှ ထွက် နိုင် သလောဟုမေး လျှင်၊ ဖိလိပ္ပု က၊ လာ ၍ ကြည့် ပါဟုဆို ၏။
And Nathaniel said unto him, Can any thing good come out of Nazareth? Philip replied, Come and see.
47 ၄၇ နာသနေလ လာ သည်ကို ယေရှု သည် မြင် တော်မူလျှင်၊ လှည့်စား ခြင်းအပြစ်နှင့်ကင်းလွတ် သော ဣသရေလ လူစစ် ကိုကြည့် လော့ ဟု ထိုသူ ကိုအမှတ် ပြု၍ မိန့် တော်မူ၏။
And when Jesus saw Nathaniel coming towards Him, He saith concerning him, "Behold an Israelite indeed, in whom is no guile."
48 ၄၈ နာသနေလ ကလည်း၊ ကိုယ်တော်သည် အဘယ်သို့ သောအားဖြင့်အကျွန်ုပ် ကို သိ တော်မူသနည်းဟု မေးလျှောက် သော်၊ ယေရှု က၊ ဖိလိပ္ပု သည် သင့် ကိုမ ခေါ် မှီ၊ သင် သည် သင်္ဘောသဖန်း ပင်အောက် ၌ရှိ သည်ကို ငါ မြင်သည် ဟု ပြန် ၍မိန့်တော်မူလျှင်၊
Nathaniel saith unto Him, Whence knowest thou me? Jesus answered him, Before Philip called thee, I saw thee, when under the fig-tree.
49 ၄၉ အရှင် ဘုရား၊ ကိုယ်တော် သည် ဘုရားသခင် ၏သား တော်ဖြစ် တော်မူ၏၊ ဣသရေလ လူတို့၏ ရှင်ဘုရင် လည်းဖြစ် တော်မူ၏ဟု နာသနေလ လျှောက် လေ၏။
Nathaniel replied, Rabbi, thou art the Son of God; thou art the king of Israel.
50 ၅၀ တစ်ဖန် ယေရှု က၊ သင်္ဘောသဖန်း ပင်အောက် ၌ သင့် ကိုငါ မြင်သည် ဟုဆို သောကြောင့် ယုံ သလော။ ထိုမျှမက သင်သည် သာ၍ ကြီးစွာ သောအကြောင်း အရာကို မြင် လတံ့။
Jesus answered and said unto him, Because I told thee that I saw thee under the fig-tree, thou believest: thou shalt see greater things than these.
51 ၅၁ သင် တို့အား ငါအမှန်အကန် ဆို သည်ကား၊ နောင်ကာလ၌ ကောင်းကင် ဖွင့်လှစ် သည်ကို၎င်း ၊ ဘုရားသခင် ၏ ကောင်းကင် တမန်တို့သည် လူ သား ၏အပေါ် ၌ဆင်း လျက်တက် လျက်ရှိနေသည်ကို၎င်း ၊ သင်တို့ သည် မြင် ရကြလတံ့ ဟု မိန့် တော်မူ၏။
And He saith unto him, Verily verily I say unto you, Ye shall hereafter see heaven opened, and the angels of God ascending and descending upon the Son of man.

< ယောဟန် 1 >