< ယောလ 1 >
1 ၁ ပေသွေလ ၏ သား ယောလ သို့ ရောက် လာသော ထာဝရဘုရား ၏ နှုတ်ကပတ် တော် ဟူမူကား၊
La parola dell’Eterno che fu rivolta a Gioele, figliuolo di Pethuel.
2 ၂ အသက်ကြီး သောသူတို့ ၊ ကြား ကြလော့။ ပြည်သူ ပြည်သား အပေါင်း တို့၊ နားထောင် ကြလော့။ ဤသို့ သော အမှုသည် သင် တို့လက်ထက် ၌ ဖြစ် ဘူးသလော။ ဘိုးဘေး တို့ လက်ထက် ၌ ဖြစ်ဘူးသလော။
Udite questo, o vecchi! Porgete orecchio, voi tutti abitanti del paese! Avvenne egli mai simil cosa ai giorni vostri o ai giorni de’ vostri padri?
3 ၃ ကိုယ် သား တို့အား ပြောကြလော့။ သူတို့သည် သူ တို့သား တို့အား ပြော ကြစေ။ သူ တို့သား တို့သည်လည်း ဆက်နွှယ် သော အခြား သူတို့အား ပြောကြစေ။
Raccontatelo ai vostri figliuoli, e i vostri figliuoli ai loro figliuoli, e i loro figliuoli all’altra generazione!
4 ၄ ဂါဇံ ကျိုင်းခြွင်း ထားသော အရာကိုအရာဘကျိုင်း စား ၏။ အရာဘကျိုင်း ခြွင်း ထားသော အရာကို ယာလက်ကျိုင်း စား ၏။ ယာလက်ကျိုင်း ခြွင်း ထားသော အရာကို ခါသိလ ကျိုင်း စား ၏။
L’avanzo lasciato dal bruco l’ha mangiato il grillo; l’avanzo lasciato dal grillo l’ha mangiato la cavalletta; l’avanzo lasciato dalla cavalletta l’ha mangiato la locusta.
5 ၅ သေ သောက်ကြူး တို့၊ နိုး ၍ ငိုကြွေး ကြလော့။ စပျစ်ရည် ကို သောက်ကြူး သောသူတို့၊ သင်တို့သောက်ရန် ချိုသော စပျစ်ရည် ပြတ် သောကြောင့် ငိုကြွေး မြည်တမ်းကြလော့ ။
Destatevi, ubriachi, e piangete! Urlate voi tutti, bevitori di vino, poiché il mosto v’è tolto di bocca!
6 ၆ အကြောင်း မူကား၊ အားကြီး ၍ မ ရေတွက်နိုင်အောင် များပြားသော အမျိုး သည် ငါ့ ပြည် ပေါ် သို့ တက် လာပြီ။ ထိုအမျိုး ၏ သွား သည် ခြင်္သေ့ သွား ကဲ့သို့၎င်း ၊ အံသွားသည်လည်း ခြင်္သေ့ မအံသွား ကဲ့သို့၎င်း ဖြစ်၏။
Un popolo forte e senza numero è salito contro al mio paese. I suoi denti son denti di leone, e ha mascellari da leonessa.
7 ၇ ငါ့ စပျစ် နွယ်ပင်ကို ဖျက်ဆီး ၍ ငါ့ သင်္ဘောသဖန်း ပင်ကို ကျိုးပဲ့ စေပြီ။ သုတ်သင် ပယ်ရှင်း၍ ပစ် လိုက် လေပြီ။ အခက် အလက်တို့သည် ဖြူ ကြ၏။
Ha devastato la mia vigna, ha ridotto in minuti pezzi i miei fichi, li ha del tutto scorzati, e lasciati là, coi rami tutti bianchi.
8 ၈ အသက်ငယ် စဉ်လက်ထပ်သော ခင်ပွန်း အတွက် လျှော်တေ အဝတ်ကို ဝတ် သော သတို့သမီး ကဲ့သို့ ငိုကြွေး မြည်တမ်း လော့။
Laméntati come vergine cinta di sacco che piange lo sposo della sua giovinezza!
9 ၉ ဘောဇဉ် ပူဇော်သက္ကာနှင့် သွန်းလောင်း ရာ ပူဇော်သက္ကာသည် ထာဝရဘုရား ၏အိမ် တော်၌ ပြတ် ၏။ ထာဝရဘုရား ၏အမှု တော်စောင့် ယဇ် ပုရောဟိတ်တို့ သည် ငိုကြွေး မြည်တမ်းကြ၏။
Offerta e libazione sono scomparsi dalla casa dell’Eterno; i sacerdoti, ministri dell’Eterno, fanno cordoglio.
10 ၁၀ လယ် သည် ပျက် ၏။ မြေ သည် ညှိုးငယ် ၏။ စပါး လည်း ပျက် ၏။ ချိုသော စပျစ်ရည် ကုန် ပြီ။ ဆီ လည်း လျော့ ပြီ။
La campagna è devastata, il suolo fa cordoglio, perché il frumento è distrutto, il mosto è seccato, e l’olio languisce.
11 ၁၁ လယ်လုပ်သောသူတို့ ၊ လယ်၌ ရိတ်ရသော အသီးအနှံ ပျက်သောကြောင့်၊ ဂျုံစပါးနှင့် မုယောစပါး အတွက် ရှက်ကြောက်ခြင်း ရှိကြလော့။ ဥယျာဉ်ကို ပြုစု သောသူတို့ ၊ မြည်တမ်းကြလော့။
Siate confusi, o agricoltori, urlate, o vignaiuoli, a motivo del frumento e dell’orzo, perché il raccolto dei campi è perduto.
12 ၁၂ စပျစ် နွယ်ပင်သည် ညှိုးနွမ်း ၏။ သင်္ဘောသဖန်း ပင်လည်း သွေ့ခြောက် ၏။ သလဲ ပင်၊ စွန်ပလွံ ပင်၊ ရှောက်ချို ပင် မှစ၍ တော သစ်ပင် ရှိသမျှ တို့သည် ညှိုးနွမ်း ကြ၏။ အကယ် စင်စစ် လူ သား တို့၌ ဝမ်းမြောက် စရာ အကြောင်းသည် သွေ့ခြောက် ၏။
La vite è secca, il fico languisce; il melagrano, la palma, il melo, tutti gli alberi della campagna son secchi; la gioia è venuta meno tra i figliuoli degli uomini.
13 ၁၃ အို ယဇ်ပုရောဟိတ် တို့၊ လျှော်တေအဝတ်ကို ဝတ် ၍ ငိုကြွေး ကြလော့။ ယဇ် ပလ္လင်တော် အမှု စောင့်တို့၊ မြည်တမ်း ကြလော့။ ငါ ၏ဘုရား သခင့်အမှု တော်စောင့်တို့၊ လာ ကြ။ လျှော်တေ အဝတ်ကို ဝတ်လျက် တညဉ့်လုံးအိပ် ကြလော့။ အကြောင်း မူကား၊ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို သင် တို့ဘုရား သခင်၏ အိမ် တော်၌ မ ဆက်ကပ်ဘဲ နေကြပါပြီတကား။
Cingetevi di sacchi e fate cordoglio, o sacerdoti! Urlate, voi ministri dell’altare! Venite, passate la notte vestiti di sacchi, o ministri del mio Dio! poiché l’offerta e la libazione sono scomparse dalla casa del vostro Dio.
14 ၁၄ အစာရှောင် ရသောအချိန်ကို ခန့် ထားကြလော့ ။ ခြိုးခြံစွာကျင့် ရသောအချိန်ကို ကြော်ငြာ ကြလော့။ အသက်ကြီး သူမှစ၍ပြည်သူ ပြည်သားအပေါင်း တို့ကို သင် တို့ဘုရား သခင်ထာဝရဘုရား ၏ အိမ် တော်၌ စည်းဝေး ၍ ထာဝရဘုရား အား ဟစ်ကြော် ကြလော့။
Bandite un digiuno, convocate una solenne raunanza! Radunate gli anziani, tutti gli abitanti del paese, nella casa dell’Eterno, del vostro Dio, e gridate all’Eterno!
15 ၁၅ ထိုနေ့ ရက်ကြောင့် အ မင်္ဂလာရှိ၏။ ထာဝရဘုရား ၏ နေ့ ရက်နီး ပြီ။ အနန္တ တန်ခိုးရှင် ဖျက်ဆီး ခြင်း ဘေးကဲ့သို့ ရောက် လာလိမ့်မည်။
Ahi, che giorno! Poiché il giorno dell’Eterno è vicino, e verrà come una devastazione mandata dall’Onnipotente.
16 ၁၆ ငါတို့စားစရာ သည် ငါ တို့မျက်မှောက် ၌ ပြတ် သည်မ ဟုတ်လော။ ငါ တို့ ဘုရား သခင်၏ အိမ် တော်၌ ဝမ်းမြောက် ရွှင်လန်း ခြင်းအကြောင်းလည်း ပြတ်သည် မဟုတ်လော။
Il nutrimento non ci è esso tolto sotto i nostri occhi? La gioia e l’esultanza non son esse scomparse dalla casa del nostro Dio?
17 ၁၇ မျိုးစေ့ တို့သည် မြေစိုင် အောက် မှာ ပုပ် ကြ၏။ စပါး ပြတ် သောကြောင့် စပါးကျီ တို့သည် ပျက် ကြ၏။ ဘဏ္ဍာ တိုက် တို့သည် ပြို ကြ၏။
I semi marciscono sotto le zolle, i depositi son vuoti, i granai cadranno in rovina, perché il grano è perito per la siccità.
18 ၁၈ တိရစ္ဆာန် တို့သည် အလွန်မြည်တမ်း ကြ၏။ နွား စု တို့သည် ကျက်စား ရာအရပ်မ ရှိသောကြောင့် ပင်ပန်း ကြ ၏။ သိုး စု တို့သည်လည်း သေ ကြ၏။
Oh come geme il bestiame! Gli armenti son costernati, perché non c’è pastura per loro; i greggi di pecore patiscono anch’essi.
19 ၁၉ အိုထာဝရဘုရား ၊ ကိုယ်တော် ကို အကျွန်ုပ် ဟစ်ကြော် ပါ၏။ တော ၌ ကျက်စား ရာအရပ်တို့ကို မီး ရှို့ ပါပြီ။ တော သစ်ပင် ရှိသမျှ တို့ကို မီးလျှံ လောင် ပါပြီ။
A te, o Eterno, io grido, perché un fuoco ha divorato i pascoli del deserto, e una fiamma ha divampato tutti gli alberi della campagna.
20 ၂၀ တော သားရဲ တို့သည်လည်း ကိုယ်တော် ကို ဟစ်ကြော် ကြပါ၏။ မြစ် ရေ ခန်းခြောက် ပါပြီ။ တော ၌ ကျက်စား ရာအရပ်တို့ကိုလည်း မီး လောင် ပါပြီ။
Anche le bestie dei campi anelano a te, perché i rivi d’acqua sono seccati, e un fuoco ha divorato i pascoli del deserto.