< ယောလ 2 >

1 ဇိအုန် တောင်ပေါ် မှာ တံပိုး ကို မှုတ် ကြလော့။ သန့်ရှင်း သော ငါ့ တောင် ပေါ် မှာ သတိပေးသော အသံ ကို ပြုကြလော့။ ပြည်သူ ပြည်သားအပေါင်း တို့သည် တုန်လှုပ် ကြစေ။ အကြောင်း မူကား၊ ထာဝရဘုရား ၏ နေ့ ရက်သည် လာ ၍ နီး ပြီ။
ဇိအုန်တောင်ပေါ်မှာ တံပိုးကို မှုတ်ကြလော့။ သန့်ရှင်းသော ငါတောင်ပေါ်မှာ သတိပေးသော အသံကို ပြုကြလော့။ ပြည်သူပြည်သားအပေါင်းတို့သည် တုန်လှုပ် ကြစေ။ အကြောင်းမူကား၊ ထာဝရဘုရား၏ နေ့ရက်သည် လာ၍ နီးပြီ။
2 မိုက်မဲ သောနေ့ ၊ မိုဃ်း အုံ့၍ မှောင်မိုက် ထူထပ် သောနေ့ ဖြစ်၏။ နေအာရုန် သည် တောင် ထိပ်တို့ကို နှံ့ပြား သကဲ့သို့ ၊ အများ ဖြစ်၍အားကြီး သော အမျိုး သည် လာ၏။ ရှေး ကာလ ၌ ထိုသို့ မ ဖြစ် စဖူး။ နောင် ကာလ အစဉ်အဆက်၌လည်း မ ဖြစ် ရ လတံ့။
မိုက်မဲသောနေ့၊ မိုဃ်းအုံ၍ မှောင်မိုက်ထူထပ် သော နေ့ဖြစ်၏။ ဓနအာရုန်သည် တောင်ထိပ်တို့ကို နှံ့ ပြားသကဲ့သို့၊ အများဖြစ်၍ အားကြီးသော အမျိုးသည် လာ၏။ ရှေးကာလ၌ ထိုသို့ မဖြစ်စဖူး။ နောင်ကာလ အစဉ်အဆက်၌လည်း မဖြစ်ရလတံ့။
3 သူ တို့ရှေ့ မှာ မီး လောင် ၏။ နောက် ၌လည်း မီးလျှံ တောက် ၏။ ရှေ့ တွင်ရှိသောပြည် သည် ဧဒင် ဥယျာဉ် ကဲ့သို့ ဖြစ်၏။ နောက် ၌ကား၊ သုတ်သင် ပယ်ရှင်းသော လွင်ပြင် ဖြစ်၏။ အကယ် စင်စစ်သူ တို့လက်မှ အဘယ်အရာမျှ မ လွတ် ရ။
သူတို့ရှေ့မှာ မီးလောင်၏။ နောက်၌လည်း မီးလျှံတောက်၏။ ရှေ့တွင်ရှိသော ပြည်သည် ဧဒင် ဥယျာဉ်ကဲ့သို့ ဖြစ်၏။ နောက်၌ကား၊ သုတ်သင်ပယ်ရှင်း သော လွင်ပြင်ဖြစ်၏။ အကယ်စင်စစ် သူတို့လက်မှ အဘယ်အရာမျှ မလွတ်ရ။
4 သူ တို့သည် အဆင်း အားဖြင့်မြင်း နှင့်တူ ၍ ၊ မြင်းစီး သူရဲကဲ့သို့ ပြေး ကြလိမ့်မည်။
သူတို့သည် အဆင်းအားဖြင့် မြင်းနှင့်တူ၍၊ မြင်းစီးသူရဲကဲ့သို့ ပြေးကြလိမ့်မည်။
5 ရထား မြည်သံ ကဲ့သို့ ၎င်း ၊ အမှိုက် ကို လောင် သော မီး မြည်သံ ကဲ့သို့ ၎င်း အသံမြည်၍ တောင် ထိပ် တို့အပေါ် မှာ ခုန် ကြလိမ့်မည်။ စစ်တိုက် ခြင်းငှါခင်းကျင်း ၍ အားကြီး သော လူ အလုံးအရင်းကဲ့သို့ ဖြစ်ကြလိမ့်မည်။
ရထားမြည်သံကဲ့သို့၎င်း၊ အမှိုက်ကို လောင်သော မီးမြည်သံကဲ့သို့၎င်း အသံမြည်၍ တောင်ထိပ်တို့အပေါ် မှာ ခုန်ကြလိမ့်မည်။ စစ်တိုက်ခြင်းငှါ ခင်းကျင်း၍ အားကြီးသော လူအလုံးအရင်းကဲ့သို့ ဖြစ်ကြလိမ့်မည်။
6 သူ တို့ရှေ့ မှာ လူ တို့သည် အလွန်ပင်ပန်း သောစိတ် ရှိ၍၊ ခပ်သိမ်း သောသူတို့ သည် မျက်နှာ မည်း ကြ လိမ့်မည်။
သူတို့ရှေ့မှာ လူတို့သည် အလွန်ပင်ပန်းသော စိတ်ရှိ၍၊ ခပ်သိမ်းသော သူတို့သည် မျက်နှာမည်းကြ လိမ့်မည်။
7 သူတို့သည် သူရဲ ကဲ့သို့ ပြေး ၍ စစ်သူရဲ ကဲ့သို့ မြို့ရိုး ကို တက် ကြလိမ့်မည်။ လမ်း မ လွှဲ ဘဲ အသီးအသီး မိမိ တို့လမ်း သို့ တည့်တည့်လိုက် ကြလိမ့်မည်။
သူတို့သည် သူရဲကဲ့သို့ ပြေး၍ စစ်သူရဲကဲ့သို့ မြို့ရိုးကို တက်ကြလိမ့်မည်။ လမ်းမလွှဲဘဲ အသီးအသီး မိမိတို့လမ်းသို့ တည့်တည့်လိုက်ကြလိမ့်မည်။
8 တဦး ကိုတဦးမ တိုက် ဘဲ မိမိ လမ်း သို့ မိမိလိုက် ကြလိမ့်မည်။ ထားသွား ကို ထိ သော်လည်းရှန ခြင်းကို မ ခံရကြ။
တဦးကိုတဦး မတိုက်ဘဲ မိမိလမ်းသို့ မိမိလိုက် ကြလိမ့်မည်။ ထားသွားကို ထိသော်လည်း ရှနခြင်းကို မခံရကြ။
9 မြို့ ထဲမှာတလည်လည် ပြေး လျက်၊ မြို့ရိုး ကို ကျော် လျက်၊ အိမ် ပေါ် သို့ တက် လျက်၊ သူခိုး ကဲ့သို့ ပြတင်းပေါက် ထဲသို့ ဝင် လျက်ရှိကြလိမ့်မည်။
မြို့ထဲမှာတလည်လည် ပြေးလျက်၊ မြို့ရိုးကို ကျော်လျက်၊ အိမ်ပေါ်သို့ တက်လျက်၊ သူခိုးကဲ့သို့ ပြတင်း ပေါက်ထဲသို့ ဝင်လျက်ရှိကြလိမ့်မည်။
10 ၁၀ သူ တို့ရှေ့ မှာ မြေကြီး လှုပ် လိမ့်မည်။ မိုဃ်း ကောင်းကင် လည်း တုန်ခိုက် လိမ့်မည်။ နေ နှင့် လ သည် မိုက် ၍ ၊ ကြယ် တို့သည် မ ထွန်းလင်းဘဲနေကြလိမ့်မည်။
၁၀သူတို့ရှေ့မှာ မြေကြီးလှုပ်လိမ့်မည်။ မိုဃ်း ကောင်းကင်လည်း တုန်ခိုက်လိမ့်မည်။ နေနှင့်လ သည် မိုက်၍၊ ကြယ်တို့သည် မထွန်းလင်းဘဲ နေကြလိမ့်မည်။
11 ၁၁ ထာဝရဘုရား သည်လည်း မိမိ တပ် တော်ရှေ့ မှာ အသံ ကို လွှင့် တော်မူမည်။ တပ် တော်သည် အလွန် ကြီးမား ၏။ စကား တော်အတိုင်း စီရင် သောသူသည် တန်ခိုး ကြီး တော်မူ၏။ ထာဝရဘုရား ၏နေ့ ရက်သည် ကြီး ၍ အလွန် ကြောက်မက် ဘွယ်သော နေ့ရက်ဖြစ်၏။ အဘယ်သူ ခံနိုင် သနည်း။
၁၁ထာဝရဘုရားသည်လည်း မိမိတပ်တော်ရှေ့မှာ အသံကို လွှင့်တော်မူမည်။ တပ်တော်သည် အလွန်ကြီးမား ၏။ စကားတော်အတိုင်း စီရင်သော သူသည် တန်ခိုးကြီး တော်မူ၏။ ထာဝရဘုရား၏နေ့ရက်သည် ကြီး၍ အလွန် ကြောက်မက်ဘွယ်သော နေ့ရက်ဖြစ်၏။ အဘယ်သူခံနိုင် သနည်း။
12 ၁၂ သို့ဖြစ်၍ ၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ယခု တွင် အစာရှောင် ခြင်း၊ ငိုကြွေး မြည်တမ်း ခြင်းနှင့်တကွ စိတ် နှလုံး အကြွင်းမဲ့ ငါ့ ထံ သို့ပြန် လာကြလော့။
၁၂သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယခုတွင် အစာရှောင်ခြင်း၊ ငိုကြွေးမြည်တမ်းခြင်းနှင့်တကွ စိတ်နှလုံးအကြွင်းမဲ့ ငါ့ထံသို့ ပြန်လာကြလော့။
13 ၁၃ အဝတ် ကို မ ဆုတ်ဘဲ နှလုံး ကို ဆုတ် လျက် ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ထံ တော်သို့ ပြန် လာကြလော့။ ချစ် သနားခြင်းမေတ္တာ ကရုဏာနှင့် ပြည့်စုံ၍ စိတ်ရှည် သော သဘော၊ အလွန် ကျေးဇူး ပြုချင်သော သဘော၊ အပြစ် ပေး ခြင်းကို နောင်တရ တတ်သော သဘောရှိတော်မူ၏။
၁၃အဝတ်ကို မဆုတ်ဘဲ နှလုံးကို ဆုတ်လျက်၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားထံတော်သို့ ပြန်လာ ကြလော့။ ချစ်သနားခြင်း မေတ္တာကရုဏာနှင့် ပြည့်စုံ၍ စိတ်ရှည်သောသဘော၊ အလွန်ကျေးဇူးပြုချင်သော သဘော၊ အပြစ်ပေးခြင်းကို နောင်တရတတ်သော သဘောရှိတော်မူ၏။
14 ၁၄ သင်တို့သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား အား ဘောဇဉ် ပူဇော်သက္ကာနှင့် သွန်းလောင်း ရာ ပူဇော်သက္ကာကို ဆက်ကပ်ရန် ဖြစ်စေခြင်းငှါ၊ ဘုရားသခင် သည် တဖန် ပြန်လာ၍ နောင်တရ ပြီးလျှင် ၊ ကောင်းကြီး မင်္ဂလာကို ထား ရစ်စေတော်မူမည်မမူမည်ကို အဘယ်သူ သိ နိုင် သနည်း။
၁၄သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရ ဘုရားအား ဘောဇဉ်ပူဇော်သက္ကာနှင့် သွန်းလောင်းရာ ပူဇော်သက္ကာကို ဆက်ကပ်ရန် ဖြစ်စေခြင်းငှါ၊ ဘုရား သခင်သည် တဖန် ပြန်လာ၍ နောင်တရပြီးလျှင်၊ ကောင်းကြီးမင်္ဂလာကို ထားရစ်စေတော်မူမည်မမူမည်ကို အဘယ်သူသိနိုင်သနည်း။
15 ၁၅ ဇိအုန် တောင်ပေါ် မှာ တံပိုး ကို မှုတ် ကြလော့။ အစာရှောင် ရသောအချိန်ကို ခန့် ထား၍ ခြိုးခြံ စွာကျင့် ရသောအချိန်ကို ကြော်ငြာ ကြလော့။
၁၅ဇိအုန်တောင်ပေါ်မှာ တံပိုးကို မှုတ်ကြလော့။ အစာရှောင်ရသော အချိန်ကို ခန့်ထား၍ ခြိုးခြံစွာ ကျင့်ရသော အချိန်ကို ကြော်ငြာကြလော့။
16 ၁၆ လူ များတို့ကို ခေါ် ၍ စုဝေးသော ပရိသတ် တို့ကို သန့်ရှင်း စေကြလော့။ အသက်ကြီး သောသူတို့ ကို၎င်း၊ ငယ် သောသူနှင့်နို့စို့ သောသူတို့ ကို၎င်းစုဝေး စေကြလော့။ မင်္ဂလာဆောင် လုလင်သည် မိမိ အခန်း ထဲက ၎င်း ၊ မင်္ဂလာဆောင် သတို့သမီးသည် မိမိ ကွယ်၍နေသော ကုလားကာ တွင်းက ၎င်း ထွက် စေ။
၁၆လူများတို့ကို ခေါ်၍ စုဝေးသော ပရိသတ်တို့ကို သန့်ရှင်းစေကြလော့။ အသက်ကြီးသော သူတို့ကို၎င်း၊ ငယ်သောသူနှင့်နို့စို့သော သူတို့ကို၎င်း စုဝေးစေကြလော့။ မင်္ဂလာဆောင်လုလင်သည် မိမိအခန်းထဲက၎င်း၊ မင်္ဂလာ ဆောင်သတို့သမီးသည် မိမိကွယ်၍နေသော ကုလားကာ တွင်းက၎င်း ထွက်စေ။
17 ၁၇ ထာဝရဘုရား ၏ အမှု တော်စောင့်၊ ယဇ် ပုရောဟိတ်တို့သည် အိမ်တော်ဦး နှင့် ယဇ် ပလ္လင်စပ်ကြား မှာ ငိုကြွေး လျက် ၊ အိုထာဝရဘုရား ၊ ကိုယ်တော် ၏လူ များကို သနား တော်မူပါ။ တပါးအမျိုးသားတို့သည် အစိုးရ၍ အမွေ တော်လူတို့ကို ကဲ့ရဲ့ စေခြင်းငှါ အပ်နှံ တော်မ မူပါ နှင့်။ သူ တို့ ဘုရား သခင်ကား၊ အဘယ်မှာ ရှိသနည်းဟု တပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆို ရကြပါ သနည်းဟု လျှောက် ကြစေ။
၁၇ထာဝရဘုရား၏ အမှုတော်စောင့်၊ ယဇ်ပုရော ဟိတ်တို့သည် အိမ်တော်ဦးနှင့် ယဇ်ပလ္လင်စပ်ကြားမှာ ငိုကြွေးလျက်၊ အိုထာဝရဘုရား၊ ကိုယ်တော်၏လူများကို သနားတော်မူပါ။ တပါးအမျိုးသားတို့သည် အစိုးရ၍ အမွေတော်လူတို့ကို ကဲ့ရဲ့စေခြင်းငှါ အပ်နှံတော်မမူပါ နှင့်။ သူတို့ ဘုရားသခင်ကား၊ အဘယ်မှာ ရှိသနည်းဟု တပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆိုရကြပါ သနည်းဟု လျှောက်ကြစေ။
18 ၁၈ သို့ပြုလျှင်၊ ထာဝရဘုရား သည် ပြည် တော်ကို မစချင်သောစိတ် အားကြီး၍ မိမိ လူ တို့ကို ကယ်မ သနား တော်မူလိမ့်မည်။
၁၈သို့ပြုလျှင်၊ ထာဝရဘုရားသည် ပြည်တော်ကို မစချင်သော စိတ်အားကြီး၍ မိမိလူတို့ကို ကယ်မသနား တော်မူလိမ့်မည်။
19 ၁၉ အကယ်စင်စစ်ထာဝရဘုရား သည် ထူး တော်မူလျက် ၊ ငါ သည် ဆန် စပါး၊ စပျစ်ရည် ၊ ဆီ ကို ပေး လိုက်၍ သင်တို့သည် ဝ ကြလိမ့်မည်။ နောက် တဖန် တပါးအမျိုးသား ကဲ့ရဲ့ ရာဖြစ်စေခြင်းငှါ ငါမ ပြု ။
၁၉အကယ်စင်စစ် ထာဝရဘုရားသည် ထူးတော်မူ လျက်၊ ငါသည် ဆန်စပါး၊ စပျစ်ရည်၊ ဆီကို ပေးလိုက်၍ သင်တို့သည် ဝကြလိမ့်မည်။ နောက်တဖန် တပါးအမျိုး သားကဲ့ရဲ့ရာဖြစ်စေခြင်းငှါ ငါမပြု။
20 ၂၀ မြောက် မျက်နှာတပ်သားတို့ကို သင် တို့နေရာ မှ ငါပယ် ရှားမည်။ အဘယ်သူ မျှမရှိ၊ သွေ့ခြောက် သော အရပ် သို့ နှင် ထုတ်မည်။ အရှေ့ ပင်လယ် ကို မျက်နှာ ပြု လျက် ၊ အနောက် ပင်လယ် ကို ကျောခိုင်း လျက် ချီ သွားလိမ့်မည် ။ ပုပ်စပ်နံစော်သော အနံ့ ထွက် လိမ့်မည်။ ထာဝရဘုရား သည် ကြီး သော အမှုတို့ကို ပြု တော်မူမည်ဟု မိန့် တော်မူလိမ့်မည်။
၂၀မြောက်မျက်နှာတပ်သားတို့ကို သင်တို့နေရာမှ ငါပယ်ရှားမည်။ အဘယ်သူမျှမရှိ၊ သွေ့ခြောက်သော အရပ်သို့ နှင်ထုတ်မည်။ အရှေ့ပင်လယ်ကို မျက်နှာပြု လျက်၊ အနောက်ပင်လယ်ကို ကျောခိုင်းလျက် ချီသွားလိမ့် မည်။ ပုပ်စပ်နံစော်သော အနံ့ထွက်လိမ့်မည်။ ထာဝရ ဘုရားသည် ကြီးသော အမှုတို့ကို ပြုတော်မူမည်ဟု မိန့်တော်မူလိမ့်မည်။
21 ၂၁ အိုပြည် တော်၊ မ စိုးရိမ် နှင့်။ ဝမ်းမြောက် ရွှင်လန်းခြင်းရှိလော့။ ထာဝရဘုရား သည် ကြီး သောအမှုတို့ကို ပြု တော်မူမည်။
၂၁အိုပြည်တော်၊ မစိုးရိမ်နှင့်။ ဝမ်းမြောက်ရွှင်လန်း ခြင်းရှိလော့။ ထာဝရဘုရားသည် ကြီးသောအမှုတို့ကို ပြုတော်မူမည်။
22 ၂၂ အိုတော သားရဲ တို့၊ မ စိုးရိမ် ကြနှင့်။ တော မြက်ပင် ပေါက် လျက်၊ သစ်ပင် တို့သည် အသီး ကို သီး လျက်၊ သင်္ဘော သဖန်းပင်နှင့် စပျစ် နွယ်ပင်တို့လည်း အား ထုတ် လျက်ရှိကြ၏။
၂၂အိုတော သားရဲတို့၊ မစိုးရိမ်ကြနှင့်။ တောမြက် ပင်ပေါက်လျက်၊ သစ်ပင်တို့သည် အသီးကို သီးလျက်၊ သင်္ဘောသဖန်းပင်နှင့် စပျစ်နွယ်ပင်တို့လည်း အားထုတ် လျက်ရှိကြ၏။
23 ၂၃ အိုဇိအုန် မြို့သား တို့၊ ဝမ်းမြောက် ၍ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ကို အမှီပြုလျက် ရွှင်လန်း ကြလော့။ အကြောင်း မူကား၊ ဓမ္မ ဆရာကို ပေး တော်မူ၍ အစ အဦး၌ လည်း အရင် မိုဃ်းနှင့် နောက်မိုဃ်း ကို သင် တို့အပေါ် မှာ ရွာ စေတော်မူမည်။
၂၃အိုဇိအုန်မြို့သားတို့၊ ဝမ်းမြောက်၍ သင်တို့၏ ဘုရားသခင်ထာဝရဘုရားကို အမှီပြုလျက် ရွှင်လန်း ကြလော့။ အကြောင်းမူကား၊ ဓမ္မဆရာကို ပေးတော်မူ၍ အစအဦး၌လည်း အရင်မိုဃ်းနှင့်နောက်မိုဃ်းကို သင်တို့ အပေါ်မှာ ရွာစေတော်မူမည်။
24 ၂၄ ကောက်နယ် တလင်းတို့သည် စပါး နှင့် ပြည့် ၍ ၊ အသီး နယ်ရာ ကျင်းတို့၌လည်း စပျစ်ရည် နှင့် ဆီ လျှံ ကြ လိမ့်မည်။
၂၄ကောက်နယ်တလင်းတို့သည် စပါးနှင့်ပြည့်၍၊ အသီးနယ်ရာ ကျင်းတို့၌လည်း စပျစ်ရည်နှင့်ဆီ လျှံကြ လိမ့်မည်။
25 ၂၅ အရာဘကျိုင်း ၊ ယာလက်ကျိုင်း ၊ ခါသိလကျိုင်း ၊ ဂါဇံ ကျိုင်းတည်းဟူသောငါစေလွှတ် သော ငါ ၏ မဟာ ဗိုလ်ခြေတို့ ကိုက်စား သော နှစ် ပေါင်းကာလကို ငါပြန် ပေး မည်။
၂၅အရာဘကျိုင်း၊ ယာလက်ကျိုင်း၊ ခါသိလကျိုင်း၊ ဂါဇံကျိုင်းတည်းဟူသော ငါစေလွှတ်သော ငါ၏ မဟာ ဗိုလ်ခြေတို့ ကိုက်စားသော နှစ်ပေါင်းကာလကို ငါပြန်ပေး မည်။
26 ၂၆ သင် တို့သည် ဝ စွာ စား ရကြလိမ့်မည်။ အံ့ဩ ဘွယ်သောအမှုတို့ကို သင် တို့၌ ပြု သော သင် တို့၏ဘုရား သခင် ထာဝရဘုရား ၏နာမတော် ကို ချီးမွမ်း ကြလိမ့်မည်။ နောက် တဖန် ငါ ၏လူ တို့သည်လည်း ရှက် ကြောက်ခြင်းမ ရှိရကြ။
၂၆သင်တို့သည် ဝစွာ စားရကြလိမ့်မည်။ အံ့ဩ ဘွယ်သောအမှုတို့ကို သင်တို့၌ ပြုသော သင်တို့၏ဘုရား သခင်ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းကြလိမ့်မည်။ နောက်တဖန် ငါ၏လူတို့သည်လည်း ရှက်ကြောက်ခြင်း မရှိရကြ။
27 ၂၇ ငါ သည် ဣသရေလ အမျိုး၏အလယ် ၌ ရှိ ကြောင်း ကို၎င်း ၊ အခြား သော ဘုရားမ ရှိ၊ ငါ ထာဝရဘုရား သည် သင် တို့၏ဘုရား သခင်ဖြစ်ကြောင်း ကို၎င်းသင်တို့သိ ရကြလိမ့်မည်။ နောက် တဖန်ငါ ၏လူ တို့သည် ရှက်ကြောက် ခြင်းမ ရှိရကြ။
၂၇ငါသည် ဣသရေလအမျိုး၏အလယ်၌ရှိ ကြောင်းကို၎င်း၊ အခြားသော ဘုရားမရှိ၊ ငါထာဝရဘုရား သည် သင်တို့၏ဘုရားသခင်ဖြစ်ကြောင်းကို၎င်း သင်တို့ သိရကြလိမ့်မည်။ နောက်တဖန်ငါ၏လူတို့သည် ရှက် ကြောက်ခြင်း မရှိရကြ။
28 ၂၈ ထိုနောက်မှ လူမျိုး တကာ တို့ အပေါ် သို့ ငါ ၏ ဝိညာဉ် တော်ကို ငါသွန်းလောင်း မည်။ သင် တို့၏ သား သမီး တို့သည် ပရောဖက် ဉာဏ်နှင့် ဟောပြောရကြ လိမ့်မည်။ အသက်ကြီး သောသူတို့သည် နိမိတ်အိပ်မက် တို့ကို မြင်မက် ရကြလိမ့်မည်။ အသက် ငယ်သောသူတို့ သည်လည်း ဗျာဒိတ် ရူပါရုံတို့ကို မြင် ရကြလိမ့်မည်။
၂၈ထိုနောက်မှ လူမျိုးတကာတို့ အပေါ်သို့ ငါ၏ ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏ သားသမီးတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြ လိမ့်မည်။ အသက်ကြီးသောသူတို့သည် နိမိတ်အိပ်မက် တို့ကို မြင်မက်ရကြလိမ့်မည်။ အသက်ငယ်သော သူတို့ သည်လည်း ဗျာဒိတ်ရူပါရုံတို့ကို မြင်ရကြလိမ့်မည်။
29 ၂၉ ငါ၏အမှု ကို ဆောင်ရွက်သော ယောက်ျားမိန်းမ တို့အပေါ် သို့ ငါ ၏ဝိညာဉ် တော်ကို ငါသွန်းလောင်း ၍၊ သူတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။
၂၉ငါ၏အမှုကို ဆောင်ရွက်သော ယောက်ျားမိန်းမ တို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်း၍၊ သူတို့သည် ပရောဖက်ဥာဏ်နှင့် ဟောပြောရကြလိမ့်မည်။
30 ၃၀ မိုဃ်းကောင်းကင် ၌ ၎င်း ၊ မြေကြီး ပေါ်၌ ၎င်း ၊ အံ့ဘွယ် သောအရာတည်းဟူသောသွေး ၊ မီးလျှံ ၊ မီးခိုး တိုင် တို့ကို ငါပြ မည်။
၃၀မိုဃ်းကောင်းကင်၌၎င်း၊ မြေကြီးပေါ်၌၎င်း၊ အံ့ဘွယ်သောအရာတည်းဟူသော သွေး၊ မီးလျှံ၊ မီးခိုးတိုင် တို့ကို ငါပြမည်။
31 ၃၁ ထာဝရ ဘုရား၏ ကြောက်မက် ဘွယ်သောနေ့ ကြီး မတိုင်မှီ၊ နေ သည်မှောင်မိုက် အတိ ဖြစ် လိမ့်မည်။ လ သည်လည်း သွေး ဖြစ် လိမ့်မည်။
၃၁ထာဝရဘုရား၏ ကြောက်မက်ဘွယ်သော နေ့ကြီးမတိုင်မှီ၊ နေသည်မှောင်မိုက်အတိ ဖြစ်လိမ့်မည်။လသည်လည်း သွေးဖြစ်လိမ့်မည်။
32 ၃၂ ထိုအခါ ထာဝရဘုရား ကို ပဌနာ ပြု သောသူ ရှိသမျှ တို့သည် ကယ်တင် တော်မူခြင်းသို့ ရောက်ရကြ လတံ့။ အကြောင်း မူကား၊ ထာဝရဘုရား မိန့် တော်မူသည် အတိုင်း ဇိအုန် တောင် ၊ ယေရုရှလင် မြို့၌ ၊ ထာဝရဘုရား ခေါ် တော်မူသောသူ အကျန် အကြွင်းတို့အဘို့ ကယ်တင် ခြင်းအခွင့် ရှိ ရလတံ့။
၃၂ထိုအခါ ထာဝရဘုရားကို ပဌနာ ပြုသောသူ ရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြ လတံ့။ အကြောင်းမူကား၊ ထာဝရဘုရားမိန့်တော်မူသည် အတိုင်း ဇိအုနတောင်၊ ယေရုရှလင်မြို့၌၊ ထာဝရဘုရား ခေါ်တော်မူသောသူ အကျန်အကြွင်းတို့အဘို့ ကယ်တင် ခြင်းအခွင့် ရှိရလတံ့။

< ယောလ 2 >