< ယောလ 2 >
1 ၁ ဇိအုန် တောင်ပေါ် မှာ တံပိုး ကို မှုတ် ကြလော့။ သန့်ရှင်း သော ငါ့ တောင် ပေါ် မှာ သတိပေးသော အသံ ကို ပြုကြလော့။ ပြည်သူ ပြည်သားအပေါင်း တို့သည် တုန်လှုပ် ကြစေ။ အကြောင်း မူကား၊ ထာဝရဘုရား ၏ နေ့ ရက်သည် လာ ၍ နီး ပြီ။
Blow the trumpet in Zion, and sound an alarm in my holy mountain; let all the inhabitants of the land tremble: for the day of Jehovah cometh, for it is at hand;
2 ၂ မိုက်မဲ သောနေ့ ၊ မိုဃ်း အုံ့၍ မှောင်မိုက် ထူထပ် သောနေ့ ဖြစ်၏။ နေအာရုန် သည် တောင် ထိပ်တို့ကို နှံ့ပြား သကဲ့သို့ ၊ အများ ဖြစ်၍အားကြီး သော အမျိုး သည် လာ၏။ ရှေး ကာလ ၌ ထိုသို့ မ ဖြစ် စဖူး။ နောင် ကာလ အစဉ်အဆက်၌လည်း မ ဖြစ် ရ လတံ့။
a day of darkness and gloom, a day of clouds and gross darkness, as the dawn spread upon the mountains; — a great people and a strong; there hath not been ever the like, neither shall be any more after them, to the years of generations and generations.
3 ၃ သူ တို့ရှေ့ မှာ မီး လောင် ၏။ နောက် ၌လည်း မီးလျှံ တောက် ၏။ ရှေ့ တွင်ရှိသောပြည် သည် ဧဒင် ဥယျာဉ် ကဲ့သို့ ဖြစ်၏။ နောက် ၌ကား၊ သုတ်သင် ပယ်ရှင်းသော လွင်ပြင် ဖြစ်၏။ အကယ် စင်စစ်သူ တို့လက်မှ အဘယ်အရာမျှ မ လွတ် ရ။
A fire devoureth before them, and behind them a flame burneth; the land is as a garden of Eden before them, and behind them a desolate wilderness: yea, and nothing escapeth them.
4 ၄ သူ တို့သည် အဆင်း အားဖြင့်မြင်း နှင့်တူ ၍ ၊ မြင်းစီး သူရဲကဲ့သို့ ပြေး ကြလိမ့်မည်။
The appearance of them is as the appearance of horses; and as horsemen, so they run.
5 ၅ ရထား မြည်သံ ကဲ့သို့ ၎င်း ၊ အမှိုက် ကို လောင် သော မီး မြည်သံ ကဲ့သို့ ၎င်း အသံမြည်၍ တောင် ထိပ် တို့အပေါ် မှာ ခုန် ကြလိမ့်မည်။ စစ်တိုက် ခြင်းငှါခင်းကျင်း ၍ အားကြီး သော လူ အလုံးအရင်းကဲ့သို့ ဖြစ်ကြလိမ့်မည်။
Like the noise of chariots, on the tops of the mountains, they leap; like the noise of a flame of fire that devoureth the stubble, as a strong people set in battle array.
6 ၆ သူ တို့ရှေ့ မှာ လူ တို့သည် အလွန်ပင်ပန်း သောစိတ် ရှိ၍၊ ခပ်သိမ်း သောသူတို့ သည် မျက်နှာ မည်း ကြ လိမ့်မည်။
Before them the peoples are in anguish: all faces turn pale.
7 ၇ သူတို့သည် သူရဲ ကဲ့သို့ ပြေး ၍ စစ်သူရဲ ကဲ့သို့ မြို့ရိုး ကို တက် ကြလိမ့်မည်။ လမ်း မ လွှဲ ဘဲ အသီးအသီး မိမိ တို့လမ်း သို့ တည့်တည့်လိုက် ကြလိမ့်မည်။
They run like mighty men; they climb the wall like men of war; and they march every one on his ways, and break not their ranks.
8 ၈ တဦး ကိုတဦးမ တိုက် ဘဲ မိမိ လမ်း သို့ မိမိလိုက် ကြလိမ့်မည်။ ထားသွား ကို ထိ သော်လည်းရှန ခြင်းကို မ ခံရကြ။
Neither doth one press upon another; they march every one in his path; and fall amid weapons, but are not wounded.
9 ၉ မြို့ ထဲမှာတလည်လည် ပြေး လျက်၊ မြို့ရိုး ကို ကျော် လျက်၊ အိမ် ပေါ် သို့ တက် လျက်၊ သူခိုး ကဲ့သို့ ပြတင်းပေါက် ထဲသို့ ဝင် လျက်ရှိကြလိမ့်မည်။
They spread themselves over the city; they run upon the wall; they climb up into the houses; they enter in by the windows like a thief.
10 ၁၀ သူ တို့ရှေ့ မှာ မြေကြီး လှုပ် လိမ့်မည်။ မိုဃ်း ကောင်းကင် လည်း တုန်ခိုက် လိမ့်မည်။ နေ နှင့် လ သည် မိုက် ၍ ၊ ကြယ် တို့သည် မ ထွန်းလင်းဘဲနေကြလိမ့်မည်။
The earth quaketh before them; the heavens tremble; the sun and the moon are darkened, and the stars withdraw their shining.
11 ၁၁ ထာဝရဘုရား သည်လည်း မိမိ တပ် တော်ရှေ့ မှာ အသံ ကို လွှင့် တော်မူမည်။ တပ် တော်သည် အလွန် ကြီးမား ၏။ စကား တော်အတိုင်း စီရင် သောသူသည် တန်ခိုး ကြီး တော်မူ၏။ ထာဝရဘုရား ၏နေ့ ရက်သည် ကြီး ၍ အလွန် ကြောက်မက် ဘွယ်သော နေ့ရက်ဖြစ်၏။ အဘယ်သူ ခံနိုင် သနည်း။
And Jehovah uttereth his voice before his army; for his camp is very great; for strong is he that executeth his word: for the day of Jehovah is great and very terrible; and who can bear it?
12 ၁၂ သို့ဖြစ်၍ ၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ယခု တွင် အစာရှောင် ခြင်း၊ ငိုကြွေး မြည်တမ်း ခြင်းနှင့်တကွ စိတ် နှလုံး အကြွင်းမဲ့ ငါ့ ထံ သို့ပြန် လာကြလော့။
Yet even now, saith Jehovah, turn to me with all your heart, and with fasting, and with weeping, and with mourning;
13 ၁၃ အဝတ် ကို မ ဆုတ်ဘဲ နှလုံး ကို ဆုတ် လျက် ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ထံ တော်သို့ ပြန် လာကြလော့။ ချစ် သနားခြင်းမေတ္တာ ကရုဏာနှင့် ပြည့်စုံ၍ စိတ်ရှည် သော သဘော၊ အလွန် ကျေးဇူး ပြုချင်သော သဘော၊ အပြစ် ပေး ခြင်းကို နောင်တရ တတ်သော သဘောရှိတော်မူ၏။
and rend your heart, and not your garments, and turn unto Jehovah your God: for he is gracious and merciful, slow to anger, and of great loving-kindness, and repenteth him of the evil.
14 ၁၄ သင်တို့သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား အား ဘောဇဉ် ပူဇော်သက္ကာနှင့် သွန်းလောင်း ရာ ပူဇော်သက္ကာကို ဆက်ကပ်ရန် ဖြစ်စေခြင်းငှါ၊ ဘုရားသခင် သည် တဖန် ပြန်လာ၍ နောင်တရ ပြီးလျှင် ၊ ကောင်းကြီး မင်္ဂလာကို ထား ရစ်စေတော်မူမည်မမူမည်ကို အဘယ်သူ သိ နိုင် သနည်း။
Who knoweth? He might return and repent, and leave a blessing behind him, an oblation and a drink-offering for Jehovah your God?
15 ၁၅ ဇိအုန် တောင်ပေါ် မှာ တံပိုး ကို မှုတ် ကြလော့။ အစာရှောင် ရသောအချိန်ကို ခန့် ထား၍ ခြိုးခြံ စွာကျင့် ရသောအချိန်ကို ကြော်ငြာ ကြလော့။
Blow the trumpet in Zion, hallow a fast, proclaim a solemn assembly;
16 ၁၆ လူ များတို့ကို ခေါ် ၍ စုဝေးသော ပရိသတ် တို့ကို သန့်ရှင်း စေကြလော့။ အသက်ကြီး သောသူတို့ ကို၎င်း၊ ငယ် သောသူနှင့်နို့စို့ သောသူတို့ ကို၎င်းစုဝေး စေကြလော့။ မင်္ဂလာဆောင် လုလင်သည် မိမိ အခန်း ထဲက ၎င်း ၊ မင်္ဂလာဆောင် သတို့သမီးသည် မိမိ ကွယ်၍နေသော ကုလားကာ တွင်းက ၎င်း ထွက် စေ။
gather the people, hallow the congregation, assemble the elders, gather the children, and those that suck the breasts; let the bridegroom go forth from his chamber, and the bride from her closet.
17 ၁၇ ထာဝရဘုရား ၏ အမှု တော်စောင့်၊ ယဇ် ပုရောဟိတ်တို့သည် အိမ်တော်ဦး နှင့် ယဇ် ပလ္လင်စပ်ကြား မှာ ငိုကြွေး လျက် ၊ အိုထာဝရဘုရား ၊ ကိုယ်တော် ၏လူ များကို သနား တော်မူပါ။ တပါးအမျိုးသားတို့သည် အစိုးရ၍ အမွေ တော်လူတို့ကို ကဲ့ရဲ့ စေခြင်းငှါ အပ်နှံ တော်မ မူပါ နှင့်။ သူ တို့ ဘုရား သခင်ကား၊ အဘယ်မှာ ရှိသနည်းဟု တပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆို ရကြပါ သနည်းဟု လျှောက် ကြစေ။
Let the priests, the ministers of Jehovah, weep between the porch and the altar, and let them say, Spare, O Jehovah, thy people, and give not thine inheritance to reproach, that they should be a byword of the nations. Wherefore should they say among the peoples, Where is their God?
18 ၁၈ သို့ပြုလျှင်၊ ထာဝရဘုရား သည် ပြည် တော်ကို မစချင်သောစိတ် အားကြီး၍ မိမိ လူ တို့ကို ကယ်မ သနား တော်မူလိမ့်မည်။
Then Jehovah will be jealous for his land, and will have pity on his people.
19 ၁၉ အကယ်စင်စစ်ထာဝရဘုရား သည် ထူး တော်မူလျက် ၊ ငါ သည် ဆန် စပါး၊ စပျစ်ရည် ၊ ဆီ ကို ပေး လိုက်၍ သင်တို့သည် ဝ ကြလိမ့်မည်။ နောက် တဖန် တပါးအမျိုးသား ကဲ့ရဲ့ ရာဖြစ်စေခြင်းငှါ ငါမ ပြု ။
And Jehovah will answer and say unto his people, Behold, I send you corn, and new wine, and oil, and ye shall be satisfied therewith; and I will no more make you a reproach among the nations.
20 ၂၀ မြောက် မျက်နှာတပ်သားတို့ကို သင် တို့နေရာ မှ ငါပယ် ရှားမည်။ အဘယ်သူ မျှမရှိ၊ သွေ့ခြောက် သော အရပ် သို့ နှင် ထုတ်မည်။ အရှေ့ ပင်လယ် ကို မျက်နှာ ပြု လျက် ၊ အနောက် ပင်လယ် ကို ကျောခိုင်း လျက် ချီ သွားလိမ့်မည် ။ ပုပ်စပ်နံစော်သော အနံ့ ထွက် လိမ့်မည်။ ထာဝရဘုရား သည် ကြီး သော အမှုတို့ကို ပြု တော်မူမည်ဟု မိန့် တော်မူလိမ့်မည်။
And I will remove far off from you him [that cometh] from the north, and will drive him into a land barren and desolate, his face toward the eastern sea, and his rear toward the hinder sea; and his stench shall come up, and his ill odour shall come up, for he hath exalted himself to do great things.
21 ၂၁ အိုပြည် တော်၊ မ စိုးရိမ် နှင့်။ ဝမ်းမြောက် ရွှင်လန်းခြင်းရှိလော့။ ထာဝရဘုရား သည် ကြီး သောအမှုတို့ကို ပြု တော်မူမည်။
— Fear not, O land; be glad and rejoice: for Jehovah doeth great things.
22 ၂၂ အိုတော သားရဲ တို့၊ မ စိုးရိမ် ကြနှင့်။ တော မြက်ပင် ပေါက် လျက်၊ သစ်ပင် တို့သည် အသီး ကို သီး လျက်၊ သင်္ဘော သဖန်းပင်နှင့် စပျစ် နွယ်ပင်တို့လည်း အား ထုတ် လျက်ရှိကြ၏။
Be not afraid, ye beasts of the field: for the pastures of the wilderness do spring; for the tree beareth its fruit; the fig-tree and the vine yield full increase.
23 ၂၃ အိုဇိအုန် မြို့သား တို့၊ ဝမ်းမြောက် ၍ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ကို အမှီပြုလျက် ရွှင်လန်း ကြလော့။ အကြောင်း မူကား၊ ဓမ္မ ဆရာကို ပေး တော်မူ၍ အစ အဦး၌ လည်း အရင် မိုဃ်းနှင့် နောက်မိုဃ်း ကို သင် တို့အပေါ် မှာ ရွာ စေတော်မူမည်။
And ye, children of Zion, be glad and rejoice in Jehovah your God; for he giveth you the early rain in due measure, and he causeth to come down for you the rain, the early rain, and the latter rain at the beginning [of the season].
24 ၂၄ ကောက်နယ် တလင်းတို့သည် စပါး နှင့် ပြည့် ၍ ၊ အသီး နယ်ရာ ကျင်းတို့၌လည်း စပျစ်ရည် နှင့် ဆီ လျှံ ကြ လိမ့်မည်။
And the floors shall be full of corn, and the vats shall overflow with new wine and oil.
25 ၂၅ အရာဘကျိုင်း ၊ ယာလက်ကျိုင်း ၊ ခါသိလကျိုင်း ၊ ဂါဇံ ကျိုင်းတည်းဟူသောငါစေလွှတ် သော ငါ ၏ မဟာ ဗိုလ်ခြေတို့ ကိုက်စား သော နှစ် ပေါင်းကာလကို ငါပြန် ပေး မည်။
And I will restore to you the years that the locust hath eaten, the cankerworm, and the caterpillar, and the palmer-worm, my great army which I sent among you.
26 ၂၆ သင် တို့သည် ဝ စွာ စား ရကြလိမ့်မည်။ အံ့ဩ ဘွယ်သောအမှုတို့ကို သင် တို့၌ ပြု သော သင် တို့၏ဘုရား သခင် ထာဝရဘုရား ၏နာမတော် ကို ချီးမွမ်း ကြလိမ့်မည်။ နောက် တဖန် ငါ ၏လူ တို့သည်လည်း ရှက် ကြောက်ခြင်းမ ရှိရကြ။
And ye shall eat in plenty, and be satisfied, and praise the name of Jehovah your God, who hath dealt wondrously with you: and my people shall never be ashamed.
27 ၂၇ ငါ သည် ဣသရေလ အမျိုး၏အလယ် ၌ ရှိ ကြောင်း ကို၎င်း ၊ အခြား သော ဘုရားမ ရှိ၊ ငါ ထာဝရဘုရား သည် သင် တို့၏ဘုရား သခင်ဖြစ်ကြောင်း ကို၎င်းသင်တို့သိ ရကြလိမ့်မည်။ နောက် တဖန်ငါ ၏လူ တို့သည် ရှက်ကြောက် ခြင်းမ ရှိရကြ။
And ye shall know that I am in the midst of Israel, and that I, Jehovah, [am] your God, and there is none else: and my people shall never be ashamed.
28 ၂၈ ထိုနောက်မှ လူမျိုး တကာ တို့ အပေါ် သို့ ငါ ၏ ဝိညာဉ် တော်ကို ငါသွန်းလောင်း မည်။ သင် တို့၏ သား သမီး တို့သည် ပရောဖက် ဉာဏ်နှင့် ဟောပြောရကြ လိမ့်မည်။ အသက်ကြီး သောသူတို့သည် နိမိတ်အိပ်မက် တို့ကို မြင်မက် ရကြလိမ့်မည်။ အသက် ငယ်သောသူတို့ သည်လည်း ဗျာဒိတ် ရူပါရုံတို့ကို မြင် ရကြလိမ့်မည်။
And it shall come to pass afterwards [that] I will pour out my Spirit upon all flesh; and your sons and your daughters shall prophesy, your old men shall dream dreams, your young men shall see visions.
29 ၂၉ ငါ၏အမှု ကို ဆောင်ရွက်သော ယောက်ျားမိန်းမ တို့အပေါ် သို့ ငါ ၏ဝိညာဉ် တော်ကို ငါသွန်းလောင်း ၍၊ သူတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။
Yea, even upon the bondmen and upon the handmaids in those days will I pour out my Spirit.
30 ၃၀ မိုဃ်းကောင်းကင် ၌ ၎င်း ၊ မြေကြီး ပေါ်၌ ၎င်း ၊ အံ့ဘွယ် သောအရာတည်းဟူသောသွေး ၊ မီးလျှံ ၊ မီးခိုး တိုင် တို့ကို ငါပြ မည်။
And I will shew wonders in the heavens and on the earth, blood, and fire, and pillars of smoke.
31 ၃၁ ထာဝရ ဘုရား၏ ကြောက်မက် ဘွယ်သောနေ့ ကြီး မတိုင်မှီ၊ နေ သည်မှောင်မိုက် အတိ ဖြစ် လိမ့်မည်။ လ သည်လည်း သွေး ဖြစ် လိမ့်မည်။
The sun shall be changed to darkness, and the moon to blood, before the great and terrible day of Jehovah come.
32 ၃၂ ထိုအခါ ထာဝရဘုရား ကို ပဌနာ ပြု သောသူ ရှိသမျှ တို့သည် ကယ်တင် တော်မူခြင်းသို့ ရောက်ရကြ လတံ့။ အကြောင်း မူကား၊ ထာဝရဘုရား မိန့် တော်မူသည် အတိုင်း ဇိအုန် တောင် ၊ ယေရုရှလင် မြို့၌ ၊ ထာဝရဘုရား ခေါ် တော်မူသောသူ အကျန် အကြွင်းတို့အဘို့ ကယ်တင် ခြင်းအခွင့် ရှိ ရလတံ့။
And it shall be that whosoever shall call upon the name of Jehovah shall be saved: for in mount Zion and in Jerusalem shall be deliverance, as Jehovah hath said, and for the residue whom Jehovah shall call.