< ယောဘ 1 >
1 ၁ ယောဘ အမည် ရှိသောသူတယောက်သည် ဥဇ ပြည် ၌ နေ ၏။ ထို သူ သည်စုံလင် ဖြောင့်မတ် ခြင်းရှိ ၏။ ဘုရား သခင်ကို ကြောက်ရွံ သောသူ၊ မ ကောင်းသောအကျင့်ကို ရှောင် သောသူဖြစ်၏။
烏斯地有一個人名叫約伯;那人完全正直,敬畏上帝,遠離惡事。
2 ၂ သား ခုနစ် ယောက်နှင့် သမီး သုံး ယောက်ရှိ ၏။
他生了七個兒子,三個女兒。
3 ၃ သူ ၏ဥစ္စာ ကား၊ သိုး ခုနစ် ထောင် ၊ ကုလားအုပ် သုံး ထောင် ၊ နွား ယှဉ်ငါး ရာ ၊ မြည်း မငါး ရာ ၊ ငယ်သား အတိုင်း မသိများ သည်ဖြစ်၍ ၊ ထို သူ သည် အရှေ့ မျက်နှာအရပ် သားတကာ တို့ထက် သာ၍ကြီး သောသူဖြစ် ၏။
他的家產有七千羊,三千駱駝,五百對牛,五百母驢,並有許多僕婢。這人在東方人中就為至大。
4 ၄ ယောဘ ၏ သား တို့သည် နှစ်စဉ်အတိုင်း အသီးအသီးဘွားသောနေ့ရောက်လျှင်၊ မိမိ တို့အိမ် ၌ ပွဲ ခံ သဖြင့် ၊ နှမ သုံး ယောက်ကို လည်းခေါ် ၍ အတူ စား သောက် လေ့ ရှိကြ၏။
他的兒子按着日子各在自己家裏設擺筵宴,就打發人去,請了他們的三個姊妹來,與他們一同吃喝。
5 ၅ ပွဲ ခံသောနေ့ ရက်လွန်သောအခါ ၊ ယောဘ သည်သူ တို့ကိုခေါ်၍ သန့်ရှင်း စေပြီးလျှင် နံနက် စောစောထ ၍ သူ တို့အရေ အတွက်အတိုင်း မီး ရှို့သောယဇ်ကိုပူဇော် လေ့ရှိ၏။ အကြောင်း မူကား၊ ငါ့ သား တို့သည် မှားယွင်း ၍ စိတ် နှလုံးထဲ ၌ဘုရား သခင်ကို စွန့်ပယ်ကြပြီလောဟု ယောဘ အောက်မေ့ ၏။ ထိုသို့ ယောဘ သည် အစဉ် ပြု မြဲ ရှိ၏။
筵宴的日子過了,約伯打發人去叫他們自潔。他清早起來,按着他們眾人的數目獻燔祭;因為他說:「恐怕我兒子犯了罪,心中棄掉上帝。」約伯常常這樣行。
6 ၆ ဘုရား သခင်၏ သား တို့သည်ထာဝရဘုရား ထံ တော်၌ ခစား ခြင်းငှါ လာ ရသော နေ့ ရက်အချိန် ရောက်လျှင် ၊ စာတန် သည်လည်း သူ တို့နှင့်ရောနှော၍လာ ၏။
有一天,上帝的眾子來侍立在耶和華面前,撒但也來在其中。
7 ၇ ထာဝရဘုရား ကလည်း ၊ သင်သည်အဘယ် အရပ်က လာ သနည်းဟုစာတန် ကို မေး တော်မူလျှင် ၊ စာတန် က၊ မြေကြီး ပေါ် မှာ လှည့်လည် ၍ အရပ်ရပ်သွား လာခြင်း အမှုထဲက လာပါသည်ဟု ပြန် လျှောက်လေ၏။
耶和華問撒但說:「你從哪裏來?」撒但回答說:「我從地上走來走去,往返而來。」
8 ၈ ထာဝရဘုရား ကလည်း ၊ ငါ့ ကျွန် ယောဘ ကိုဆင်ခြင် ပြီလော။ မြေကြီး ပေါ် မှာသူ နှင့် တူသောသူ တယောက်မျှမ ရှိ။ စုံလင် ဖြောင့်မတ် ပေ၏။ ဘုရား သခင်ကို ကြောက်ရွံ့ သောသူ၊ မ ကောင်းသောအကျင့်ကို ရှောင် သောသူဖြစ်သည်ဟု စာတန် အား မိန့် တော်မူ၏။
耶和華問撒但說:「你曾用心察看我的僕人約伯沒有?地上再沒有人像他完全正直,敬畏上帝,遠離惡事。」
9 ၉ စာတန် ကလည်း ၊ ယောဘသည် အကျိုး မရဘဲ ဘုရား ဝတ်ကို ပြုသလော။
撒但回答耶和華說:「約伯敬畏上帝,豈是無故呢?
10 ၁၀ ကိုယ်တော် သည် သူ့ ကိုယ်မှစ၍သူ့ အိမ် နှင့် သူ့ ဥစ္စာ ရှိသမျှ ပတ်လည် ၌ စောင်ရန်းကာ တော်မူသည် မဟုတ် လော။ သူ ပြု လေသမျှတို့ကို ကောင်းကြီး ပေးတော်မူပြီ။ သူ့ သိုး နွားအစရှိသော တိရစ္ဆာန်တို့သည် မြေ ပေါ် မှာ အလွန်ပွားများ ကြပြီ။
你豈不是四面圈上籬笆圍護他和他的家,並他一切所有的嗎?他手所做的都蒙你賜福;他的家產也在地上增多。
11 ၁၁ ယခု မူကား ၊ လက် တော်ကိုဆန့် ၍ သူ ၏ဥစ္စာရှိသမျှ ကို ထိခိုက် တော်မူလျှင် ၊ သူသည် မျက်မှောက် တော်၌ ကိုယ်တော် ကို စွန့်ပယ် ပါလိမ့်မည်ဟု ထာဝရဘုရား ကို ပြန် လျှောက်လေ၏။
你且伸手毀他一切所有的;他必當面棄掉你。」
12 ၁၂ ထာဝရဘုရား ကလည်း ၊ သူ ၏ဥစ္စာရှိသမျှ သည် သင့် လက် ၌ ရှိ၏။ သူ့ ကိုယ်တခုကိုသာ မ ထိ မခိုက်နှင့်ဟု မိန့် တော်မူလျှင် ၊ စာတန် သည် ထာဝရဘုရား ထံ တော်မှ ထွက်သွား လေ၏။
耶和華對撒但說:「凡他所有的都在你手中;只是不可伸手加害於他。」於是撒但從耶和華面前退去。
13 ၁၃ တနေ့ သ၌ယောဘ ၏သား သမီး တို့သည် အစ်ကို အကြီး အိမ် တွင် စား ၍ စပျစ်ရည် ကိုသောက် လျက် နေကြစဉ်၊
有一天,約伯的兒女正在他們長兄的家裏吃飯喝酒,
14 ၁၄ ယောဘ ထံ သို့ တမန် တယောက်လာ ၍ ၊ နွား တို့သည် လယ်ထွန် လျက်၊ သူ တို့အနား မှာမြည်း မတို့သည် ကျက်စား လျက် ရှိကြသောအခါ၊
有報信的來見約伯,說:「牛正耕地,驢在旁邊吃草,
15 ၁၅ ရှေဘ အမျိုးသားတို့သည် တိုက် ယူ သွားကြပါပြီ။ လူ စောင့်တို့ကိုလည်း ထား နှင့် သတ် ၍ ကျွန်တော် တယောက် တည်း ကျန်ရစ် လျက် ၊ ကိုယ်တော် အား သိတင်းကြား ပြောရပါသည်ဟု လျှောက် လေ၏။
示巴人忽然闖來,把牲畜擄去,並用刀殺了僕人;惟有我一人逃脫,來報信給你。」
16 ၁၆ ထိုသို့ လျှောက် စဉ် တွင်၊ အခြားသောသူတယောက်သည်လာ ၍၊ ဘုရား သခင်၏မီး သည် မိုဃ်းကောင်းကင် မှ ကျ သဖြင့် ၊ သိုး များနှင့် လူ စောင့်များတို့ကို လောင် ၍ သူတို့သည်ကျွမ်း ကုန်ကြပါပြီ။ ကျွန်တော် တ ယောက် တည်း ကျန်ရစ် လျက် ၊ ကိုယ်တော် အား သိတင်းကြား ပြောရပါသည်ဟုလျှောက် လေ၏။
他還說話的時候,又有人來說:「上帝從天上降下火來,將群羊和僕人都燒滅了;惟有我一人逃脫,來報信給你。」
17 ၁၇ ထိုသို့ လျှောက် စဉ် တွင်၊ အခြားသောသူ တယောက်သည်လာ ၍ ၊ ခါလဒဲ အမျိုးသားတပ် သုံး တပ် တို့သည် ချီ ၍ ကုလားအုပ် တို့ကို တိုက် ယူ သွားကြပါပြီ။ လူ စောင့်တို့ကိုလည်း ထား နှင့် သတ် ၍ ကျွန်တော် တ ယောက်တည်း ကျန်ရစ် လျက် ၊ ကိုယ်တော် အား သိတင်းကြား ပြောရပါသည်ဟု လျှောက် လေ၏။
他還說話的時候,又有人來說:「迦勒底人分作三隊忽然闖來,把駱駝擄去,並用刀殺了僕人;惟有我一人逃脫,來報信給你。」
18 ၁၈ ထိုသို့ လျှောက် စဉ် တွင်၊ အခြားသောသူတယောက်သည်လာ ၍ ၊ ကိုယ်တော် ၏သား သမီး တို့သည် အစ်ကို အကြီး အိမ် ၌ စား ၍ စပျစ်ရည် ကို သောက် လျက်နေကြသောအခါ၊
他還說話的時候,又有人來說:「你的兒女正在他們長兄的家裏吃飯喝酒,
19 ၁၉ တော မှ လေ ကြီး လာ၍ အိမ် လေး ထောင့် ကို တိုက် သဖြင့် ၊ အိမ်သည် ထိုလုလင် တို့အပေါ် ၌ပြိုလဲ ပါ၏။ သူတို့သည်သေ ၍ ကျွန်တော် တ ယောက်တည်း ကျန်ရစ် လျက် ၊ ကိုယ်တော် အား သိတင်းကြား ပြောရပါသည်ဟု လျှောက် လေ၏။
不料,有狂風從曠野颳來,擊打房屋的四角,房屋倒塌在少年人身上,他們就都死了;惟有我一人逃脫,來報信給你。」
20 ၂၀ ထိုအခါ ယောဘ သည် ထ ၍ မိမိ ဝတ်လုံ ကို ဆုတ် လေ၏။ ဆံပင် ကိုလည်း ရိတ် ၍ မြေ ပေါ်မှာဝပ် လျက် ကိုးကွယ် ပြီးလျှင် ၊ ငါသည် အဝတ် မပါဘဲ အမိ ဝမ်း ထဲက ထွက် လာ၏။
約伯便起來,撕裂外袍,剃了頭,伏在地上下拜,
21 ၂၁ အဝတ် မပါဘဲ အမိဝမ်းထဲ သို့ ပြန် သွားတော့မည်။ ထာဝရဘုရား ပေး တော်မူ၏။ ထာဝရဘုရား လည်း ရုပ်သိမ်း တော်မူ၏။ ထာဝရဘုရား ၏ နာမ တော်သည် မင်္ဂလာ ရှိပါစေသတည်းဟု ဆို လေ၏။
說:「我赤身出於母胎,也必赤身歸回;賞賜的是耶和華,收取的也是耶和華。耶和華的名是應當稱頌的。」
22 ၂၂ ယောဘ သည် ဤ အမှုများ နှင့် တွေ့ကြုံသော်လည်းမ မှားယွင်း။ ထာဝရဘုရား ကိုလည်းအပြစ် မ တင်ဘဲနေ၏။
在這一切的事上約伯並不犯罪,也不以上帝為愚妄。