< ယောဘ 7 >

1 လူ တို့သည် မြေကြီး ပေါ် မှာ ပင်ပန်းစွာအမှု ထမ်း ရသည် မ ဟုတ်လော။ သူ နေရသော နေ့ ရက်တို့သည် အငှါး ခံသောသူ၏ နေ့ ရက်ကဲ့သို့ ဖြစ်သည်မဟုတ်လော။
Is there not an appointed time to man upon earth? are not his days also like the days of an hireling?
2 ကျွန် ခံရသောသူသည် မိုဃ်းချုပ် သောအချိန်ကို တောင့်တ ၍၊ အငှါး ခံသောသူသည် အခ ရမည့်အချိန်ကို မြော်လင့် သကဲ့သို့၊
As a servant earnestly desireth the shadow, and as an hireling looketh for the reward of his work:
3 ထိုနည်းတူငါသည် ဒုက္ခနေ့လ တို့နှင့်ဆိုင် ရ၏။ ပင်ပန်း စွာခံရသောညဉ့် တို့သည်လည်း ငါ ၏အငန်း အတာ ဖြစ်၏။
So am I made to possess months of vanity, and wearisome nights are appointed to me.
4 အဘယ် အခါမှ ညဉ့် ကုန်၍ ငါထ ရပါမည်နည်းဟုငါသည် ညည်းတွားလျက် အိပ် ရ၏။ မိုဃ်းလင်း သည် တိုင်အောင် လှိမ့် လျက် လူးလျက်နေရ၏။
When I lie down, I say, When shall I arise, and the night be gone? and I am full of tossings to and fro to the dawning of the day.
5 လောက် နှင့် ရွှံ့ တို့သည် အဝတ်ကဲ့သို့ငါ့ ကိုယ် ကို ဖုံးလွှမ်း ကြ၏။ ငါ့ အရေ သည်ကွဲ ၍ ယိ လျက်ရှိ၏။
My flesh is clothed with worms and clods of dust; my skin is broken, and become loathsome.
6 ငါ့ နေ့ ရက်တို့သည် ရက်ကန်းလွန်း ထက် မြန် ၍ မြော်လင့် ခြင်းမ ရှိဘဲ လွန် သွားတတ်ကြ၏။
My days are swifter than a weaver’s shuttle, and are spent without hope.
7 ငါ့ အသက် သည် လေ သက်သက်ဖြစ်ကြောင်း ကို အောက်မေ့ တော်မူပါ။ နောက်တဖန် ကောင်း သော အကျိုးကို ငါ မ မြင် ရ။
O remember that my life is a breath: my eye shall no more see good.
8 ငါ့ ကို မြင် သောသူသည် နောက်တဖန်မ မြင် ရ။ ကိုယ်တော် သည် ကြည့်ရှု တော်မူသောအခါ ငါ ပျောက် ပါပြီ။
The eye of him that hath seen me shall see me no more: thy eyes are upon me, and I am not.
9 မိုဃ်းတိမ် သည် ပြယ်ပျောက် ကွယ်လွင့် သကဲ့သို့၊ သင်္ချိုင်း တွင်းထဲသို့ ဆင်း သောသူသည် နောက်တဖန် မ တက် ရ။ (Sheol h7585)
As the cloud is consumed and vanisheth away: so he that goeth down to the grave shall come up no more. (Sheol h7585)
10 ၁၀ မိမိ အိမ် သို့ မ ပြန် ရ။ သူ ၏နေရင်းအရပ် သည် နောက် တဖန် သူ့ ကိုမ သိ ရ။
He shall return no more to his house, neither shall his place know him any more.
11 ၁၁ ထို့ကြောင့် ငါ သည်ကိုယ် နှုတ် ကို မ ချုပ်တည်း။ စိတ် ပင်ပန်း လျက်နှင့်စကားပြော ရ၏။ အလွန်ညှိုးငယ် သောစိတ် နှင့် မြည်တမ်း ရ၏။
Therefore I will not restrain my mouth; I will speak in the anguish of my spirit; I will complain in the bitterness of my soul.
12 ၁၂ ငါ သည် ပင်လယ် ဖြစ်သလော။ နဂါး ဖြစ်သလော။ ထိုသို့ ဖြစ်သောကြောင့်ငါ့ ကို အစောင့် ထား တော်မူရသလော။
Am I a sea, or a whale, that thou settest a watch over me?
13 ၁၃ ငါ သည်အိပ် ၍ သက်သာ မည်။ ငါ့ ခုတင် သည် ချမ်းသာ ပေးမည်ဟု ငါဆို လျှင်၊
When I say, My bed shall comfort me, my couch shall ease my complaint;
14 ၁၄ ကိုယ်တော်သည် ကြောက်မက် ဘွယ်သော အိပ်မက် ကို ပေးတော်မူ၏။ ညဉ့်ရူပါရုံ အားဖြင့် ငါ့ ကို ထိတ်လန့် စေတော်မူ၏။
Then thou scarest me with dreams, and terrifiest me through visions:
15 ၁၅ ငါ သည်ကိုယ်အရိုး ကို နှမြောသည်ထက် အသက် ချုပ် ၍သေ ရသောအခွင့်ကို သာ၍ တောင့်တပါ၏။
So that my soul chooseth strangling, and death rather than my life.
16 ၁၆ ငါသည်အားလျော့ လျက်ရှိ၏။ အစဉ် မပြတ်အသက် မ ရှင်ရာ။ ငါ့ ကိုတတ် တိုင်း ရှိစေတော်မူပါ။ ငါ့ အသက် သည် အခိုး အငွေ့ဖြစ်၏။
I loathe it; I would not live always: let me alone; for my days are vanity.
17 ၁၇ ကိုယ်တော်သည် လူ ကိုပမာဏ ပြု၍ စိတ် စွဲလမ်း တော်မူမည်အကြောင်း၊
What is man, that thou shouldest magnify him? and that thou shouldest set thy heart upon him?
18 ၁၈ သူ့ ကိုနံနက် တိုင်း အကြည့် အရှုကြွလာ၍ ၊ ခဏ ခဏစုံစမ်း တော်မူမည်အကြောင်း၊ လူသည် အဘယ် သို့သောသူဖြစ်ပါသနည်း။
And that thou shouldest visit him every morning, and try him every moment?
19 ၁၉ အဘယ် ကာလမှငါ့ ကိုမ ကြည့်မရှု မျက်နှာ လွှဲတော်မူမည်နည်း။ ငါသည်ကိုယ် တံထွေး ကို မျို ရသည် တိုင်အောင် ၊ အဘယ်ကာလမှတတ်တိုင်းရှိစေတော်မူမည်နည်း။
How long wilt thou not look away from me, nor let me alone till I swallow my spittle?
20 ၂၀ လူ ကိုစောင့် တော်မူသောအရှင်၊ အကျွန်ုပ်အပြစ် ရှိသည်မှန်ပါစေတော့။ ကိုယ်တော် ရှေ့ မှာ အဘယ် သို့ပြု ရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ် ကိုကိုယ်ရွံ့ရှာရ သည်တိုင်အောင်အကျွန်ုပ် ကို အဘယ်ကြောင့် ပစ် စရာ စက်သွင်းတော်မူသနည်း။
I have sinned; what shall I do to thee, O thou preserver of men? why hast thou set me as a mark against thee, so that I am a burden to myself?
21 ၂၁ အကျွန်ုပ် ပြစ်မှား ခြင်းကို အဘယ်ကြောင့် သည်းခံ တော်မ မူသနည်း။ အကျွန်ုပ် အပြစ် ကို အဘယ်ကြောင့် ဖြေရှင်း တော်မမူသနည်း။ ယခု မှာအကျွန်ုပ်သည် မြေမှုန့် ၌ အိပ် ရပါမည်။ ကိုယ်တော်သည် နံနက်အချိန်၌ ရှာ တော်မူသောအခါ၊ အကျွန်ုပ် မ ရှိပါဟု မြွက်ဆို၏။
And why dost thou not pardon my transgression, and take away my iniquity? for now shall I sleep in the dust; and thou shalt seek me in the morning, but I shall not be.

< ယောဘ 7 >