< ယောဘ 6 >
1 ၁ တဖန် ယောဘ မြွက်ဆို သည်ကား၊
Then Job responded:
2 ၂ ငါ ဝမ်းနည်း ခြင်းအကြောင်းကို သေချာစွာ ချိန်တွယ် ပါစေ။ ငါ ခံရသောဒုက္ခ များကိုလည်း ချိန်ခွင် ၌ စု ထား ပါစေ။
“If my grief could be weighed and my troubles placed on the scales
3 ၃ သို့ဖြစ်လျှင် သမုဒ္ဒရာ သဲ ထက် သာ၍လေး လိမ့်မည်။ ထိုကြောင့် ငါ့ စကား လွန် မိပြီ။
they would be heavier than the sand of the sea. That's why I spoke so rashly.
4 ၄ အနန္တ တန်ခိုးရှင်ပစ်တော်မူသောမြှား တို့သည် ငါ ၌ စွဲ၍၊ အဆိပ် အတောက်ဖြင့် ငါ့ ဝိညာဉ် ကိုမွန်း စေ၏။ ဘုရား သခင်ပြတော်မူသောကြောက်မက် ဘွယ်အရာတို့သည် ငါ့ ရှေ့မှာ စီ လျက်ရှိကြ၏။
For the arrows of the Almighty are in me; their poison saps my spirit. God's terrors are lined up against me.
5 ၅ တောမြည်း သည် မြက်ပင် ပေါသောအခါ မြည် တတ်သလော။ နွား သည်စား စရာရှိသောအခါ အော် တတ်သလော။
Don't wild donkeys bray when their grass is gone? Don't cattle groan when they don't have food!
6 ၆ မ မြိန်သောအရာကို ဆား မ ပါဘဲ စား နိုင် သလော။ ကြက်ဥ အကာ သည် ဆိမ့်သောအရသာ ရှိ သလော။
Can something that's tasteless be eaten without salt? Is there any taste in the white of an egg?
7 ၇ လက်နှင့်မျှမ တို့ နိုင်၊ ငါ မ နှစ်သက်နိုင်သောအရာကို ရွံလျက်နှင့် ငါစားရ၏။
I just can't touch any food—even the thought makes me feel sick!
8 ၈ ငါ တောင်း သောအရာကို ရပါစေ။ ငါ တောင့်တ သောအရာကို ဘုရား သခင်ပေး သနားတော်မူပါစေ။
Oh, if only I could have what I really want, that God would give me what I most desire—
9 ၉ တောင့်တ သောအရာဟူမူကား ၊ ဘုရား သခင်သည် ငါ့ ကိုဖျက်ဆီး တော်မူပါစေ။ လက် တော်ကိုဆန့် ၍ ငါ့ ကိုဆုံး စေတော်မူပါစေ။
that God would be willing to crush me to death, that he would just let me die!
10 ၁၀ ထိုသို့ ဖြစ်လျှင်ငါ သည် သက်သာ ရ၏။ ငြိုငြင် သော်လည်းသည်းခံ မည်။ ငါ့ကိုနှမြော တော်မ မူပါစေနှင့်။ သန့်ရှင်း တော်မူသောသူ၏စကား တော်ကို ငါမ ငြင်း မဆန်ပြီ။
But it still comforts me to know, making me happy through the never-ending pain, that I have never rejected the words of God.
11 ၁၁ ငါမြော်လင့် စရာအခွင့်ရှိရမည်အကြောင်း ၊ ငါ့ ခွန်အား ကားအဘယ် သို့နည်း။ ငါသည်ကိုယ် အသက် ကို စောင့် ရမည်အကြောင်း ၊ နောက်ဆုံး ခံရသောအကျိုးကား အဘယ် သို့နည်း။
Why should I go on waiting when I don't have the strength? Why should I keep going when I don't know what is going to happen to me?
12 ၁၂ ငါ့ ခွန်အား သည် ကျောက် ခွန်အား ဖြစ်သလော။ ငါ့ အသား သည် ကြေးဝါ ဖြစ်သလော။
Am I as strong as rock? Am I made out of bronze?
13 ၁၃ ငါ သည်ကိုယ် ကို မ မစ နိုင်။ ငါ့ ဉာဏ် လည်း ကုန် ပြီ။
How can I help myself now that any chance of success is ripped away from me?
14 ၁၄ ဆင်းရဲ ခြင်းသို့ရောက်သောသူ၏ အဆွေ ခင်ပွန်းသည် သနား အပ်၏။ မသနားလျှင် အနန္တ တန်ခိုးရှင်ကို ကြောက်ရွံ့ သောသဘောနှင့်ကင်းလွတ် ၏။
Anyone who isn't kind to a friend has given up respecting the Almighty.
15 ၁၅ ငါ့ ညီအစ်ကို တို့သည် ချောင်း ရေကဲ့သို့ လှည့်စား ၍၊ ချိုင့် ၌စီးသောရေကဲ့သို့ ရွေ့သွား ကွယ်ပျောက် တတ်ကြ၏။
My brothers have acted as deceptively as a desert stream, rushing waters in the desert that vanish.
16 ၁၆ ထိုချောင်းရေသည် ရေခဲ ကြောင့် ၎င်း၊ မ ထင်ရှားသော မိုဃ်းပွင့် ကြောင့်၎င်း၊
The stream floods when it is full of dark ice and melting snow,
17 ၁၇ အလွန်စီးတတ်သော်လည်း၊ နွေး သောအခါ ကွယ်ပျောက် တတ်၏။ နေပူ သောအခါ မိမိ နေရာ ၌ ခန်းခြောက် တတ်၏။
but in the heat it dries up and disappears, vanishing from where it once was.
18 ၁၈ ထိုရေစီးသောချောင်းတို့သည် လွဲ သွား ၍ တရွေ့တရွေ့ကွယ်ပျောက် တတ်ကြ၏။
Camel caravans turn aside to look for water, but don't find any and they die.
19 ၁၉ တေမန် အမျိုးသားအစု အဝေးတို့သည် ရှာ ကြ၏။ ရှေဘ ပြည်မှ ခရီး သွားသောသူအစုအဝေးတို့သည် မြော်လင့် လျက် လာကြ၏။
Caravans from Tema looked, travelers from Sheba were confident,
20 ၂၀ မြော်လင့် ၍စိတ်ပျက် ကြ၏။ ထိုအရပ်သို့ ရောက် သောအခါ ရှက်ကြောက် လျက် နေကြ၏။
but their hopes were dashed—they came and found nothing.
21 ၂၁ ထိုအတူ သင်တို့သည်အချည်းနှီးသက်သက်ဖြစ် ကြ၏။ ငါနှိမ့်ချ ခြင်းကိုမြင် လျှင် ဆုတ် ၍နေကြ၏။
Now you are no help, just like that—you see my trouble and you're afraid.
22 ၂၂ ငါ့ ထံ သို့လက်ဆောင်ကို ယူ ခဲ့ကြပါ။ သင် တို့ပစ္စည်း ဥစ္စာထဲက ထုတ်၍ ငါ့ ကိုပေး ကြပါ။
Have I asked you for anything? Have I told you to bribe anyone for me from your wealth?
23 ၂၃ ရန်သူ လက် မှ ငါ့ ကိုကယ် ယူကြပါ။ သူရဲ လက် မှ ရွေးနှုတ် ကြပါဟု ငါပြော သလော။
Have I asked you to rescue me from an enemy? Have I told you to save me from my oppressors?
24 ၂၄ ငါ့ ကိုဆုံးမ ကြပါ။ တိတ်ဆိတ် လျက်နေပါမည်။ ငါမှား သောအရာကို ငါ့ အား ဘော်ပြ ကြပါ။
Explain this to me, and I'll be quiet. Show me where I'm wrong.
25 ၂၅ မှန် သောစကား သည် တန်ခိုးကြီး ၏။ သင် တို့ကဲ့ရဲ့သောစကားသည် အဘယ် မှာနေရာကျသနည်း။
Honest words are painful, but what do your arguments prove?
26 ၂၆ ငါစကား ပြောရုံကာမျှကို အပြစ် တင်မည်ကြံစည် ကြသလော။ မြော်လင့် စရာမရှိသောသူ ပြောသော စကား သည် လေ သက်သက်ဖြစ်၏။
Are you going to argue over what I said, when the words of someone in despair should be left to blow away in the wind?
27 ၂၇ အကယ်၍ သင်တို့သည် မိဘ မရှိသောသူငယ်ကို နှိပ်စက် ကြ၏။ အဆွေ ခင်ပွန်းဘို့ တွင်းကိုတူး ကြ၏။
You would play dice to win an orphan; you would bargain away your friend!
28 ၂၈ ငါ့ ကို စိတ်မရှိဘဲကြည့်ရှု ကြပါလော့။ သင် တို့ရှေ့ မှာ ငါလှည့်စား သလော။
Look me in the eye and see if I'm lying to your face!
29 ၂၉ ပြန် ၍ဆင်ခြင်ကြပါ။ မ တရားသဖြင့်မ ပြု ကြပါ နှင့်။ ပြန် ၍ဆင်ခြင်ကြပါ။ ဤအမှု၌ ငါ သည် ဖြောင့်မတ် ပါ၏။
Don't talk like this! Don't be unjust! What I'm saying is right.
30 ၃၀ ငါ့ လျှာ ၌ ကောက် သောသဘောရှိ သလော။ ငါ သည် မြည်းစမ်း ၍ အပြစ် ပါသောအရာကို ပိုင်းခြား မ သိနိုင်သလော။
I'm not telling lies—don't you think I wouldn't know if I was wrong?”