< ယောဘ 5 >
1 ၁ ယခု ဟစ်ခေါ် ပါ။ အဘယ်သူထူး လိမ့်မည်နည်း။ သန့်ရှင်း သူတို့တွင် အဘယ် သူကို ကြည့် မျှော်မည်နည်း။
“Call out if you please, but who will answer? To which of the holy ones will you turn?
2 ၂ ဒေါသ သည် လူမိုက် ကို ဖျက်ဆီး တတ်၏။ ပညာ မရှိသောသူသည် လည်း ငြူစူ သောသဘောအားဖြင့်သေ ခြင်းသို့ ရောက်တတ်၏။
For resentment kills a fool, and envy slays the simple.
3 ၃ မိုက် သောသူအမြစ် စွဲသည်ကို ငါ မြင် သောအခါ ၊ သူ ၏နေရာ ကို ချက်ခြင်း ကျိန်ဆဲ ၏။
I have seen a fool taking root, but suddenly his house was cursed.
4 ၄ သူ ၏သား သမီးတို့သည် ဘေး လွတ်ရာအရပ်နှင့် ဝေး ကြ၏။ ရုံး တော်ရှေ့၌ ညှဉ်းဆဲ ခြင်းကို ခံရသောအခါ ကယ်နှုတ် သောသူ တ ယောက်မျှမရှိ။
His sons are far from safety, crushed in court without a defender.
5 ၅ သူ ရိတ် သောစပါးကို မွတ်သိပ် သောသူသည်၊ ဆူး ပင်ကာသောခြံ အထဲ ကယူ သွား၍ စား တတ်၏။ သူ ၏ ပစ္စည်း ဥစ္စာကိုလည်း ရေငတ်သောသူသည် မျို တတ်၏။
The hungry consume his harvest, taking it even from the thorns, and the thirsty pant after his wealth.
6 ၆ မြေမှုန့် ထဲက အမှုရောက်သည်မ ဟုတ်။ ဒုက္ခ သည် မြေ ပေါ်မှာ မပေါက်တတ်။
For distress does not spring from the dust, and trouble does not sprout from the ground.
7 ၇ မီးပွါး တို့သည် အထက် သို့ပျံ တက်သည်နည်းတူ ၊ လူ သည်ဒုက္ခ ၌ ကျင်လည်ခြင်းငှါ မွေးဘွား ၏။
Yet man is born to trouble as surely as sparks fly upward.
8 ၈ ငါ မူကား ဘုရား သခင်ကို မျှော်လင့် မည်။ ကိုယ် အမှု ကို ဘုရား သခင်၌ အပ် မည်။
However, if I were you, I would appeal to God and lay my cause before Him—
9 ၉ ဘုရားသခင် သည် ကြီး သောအမှု၊ စစ် ၍မ ကုန်နိုင်သောအမှု၊ ရေတွက် ၍မ ဆုံး၊ အံ့ဩ ဘွယ်သော အမှု တို့ကို ပြု တော်မူ၏။
the One who does great and unsearchable things, wonders without number.
10 ၁၀ မြေ ပေါ် မှာမိုဃ်း ရွာစေသဖြင့် လယ် တို့၌ ရေ ကိုပေး တော်မူ၏။
He gives rain to the earth and sends water upon the fields.
11 ၁၁ ထိုသို့နှိမ့်ချ လျက်ရှိသောသူတို့ကို ချီးမြှောက် တော်မူ၏။ ငြိုငြင် သောသူတို့ကိုလည်း ဝမ်းသာစေတော်မူ ၏။
He sets the lowly on high, so that mourners are lifted to safety.
12 ၁၂ ပရိယာယ် ပြုသောသူတို့၏ အမှုကိုမ အောင်စေခြင်းငှါ သူတို့အကြံ ကို ဖျက် တော်မူ၏။
He thwarts the schemes of the crafty, so that their hands find no success.
13 ၁၃ ပညာ ရှိတို့ကို သူ တို့၏ပရိယာယ် အားဖြင့် ဘမ်းဆီး တော်မူ၏။ လှည့်စားတတ်သောသူတို့၏ တိုင်ပင် ခြင်း ကို အချည်းနှီး ဖြစ်စေတော်မူ၏။
He catches the wise in their craftiness, and sweeps away the plans of the cunning.
14 ၁၄ ထိုသူတို့သည် နေ့ အချိန်၌ မှောင်မိုက် ကိုတွေ့ ၍၊ ညဉ့် အချိန်၌ကဲ့သို့ မွန်းတည့် အချိန်၌ စမ်းသပ် လျက် သွားလာရကြ၏။
They encounter darkness by day and grope at noon as in the night.
15 ၁၅ ထိုသူ တို့စီရင်သောထား ဘေးမှ ၎င်း ၊ အားကြီး သောသူတို့၏ လက် မှ ၎င်း ၊ ဆင်းရဲသား တို့ကို ကယ်နှုတ် တော်မူ၏။
He saves the needy from the sword in their mouth and from the clutches of the powerful.
16 ၁၆ ထိုသို့ ဆင်းရဲသား တို့သည် မြော်လင့် ရာအခွင့် ရှိ ကြ၏။ အဓမ္မ သည်လည်း မိမိ နှုတ် ကို ပိတ် ထားရ၏။
So the poor have hope, and injustice shuts its mouth.
17 ၁၇ အပြစ်နှင့်အလျောက်ဘုရား သခင်စစ်ဆေး တော်မူခြင်းကို ခံရသောသူသည် မင်္ဂလာ ရှိ၏။ ထိုကြောင့် အနန္တ တန်ခိုးရှင် ဆုံးမ တော်မူခြင်းကို မထီမဲ့မြင် မ ပြုပါနှင့်။
Blessed indeed is the man whom God corrects; so do not despise the discipline of the Almighty.
18 ၁၈ ထိုအရှင်သည် အနာ ကိုဖြစ်စေ၍ ၊ ထိုအနာ ကိုလည်း စည်း တော်မူ၏။ ဒဏ်ခတ်တော်မူ၍ လက် တော်နှင့် သက်သာ စေတော်မူ၏။
For He wounds, but He also binds; He strikes, but His hands also heal.
19 ၁၉ သင့် ကိုအမှု ခြောက် ပါးထဲက နှုတ် ယူတော်မူသည် သာမက၊ ခုနစ် ပါးသောအမှု၌ လည်း ဘေး တစုံတခုမျှ မ ထိ မခိုက်ရ။
He will rescue you from six calamities; no harm will touch you in seven.
20 ၂၀ အစာခေါင်းပါး သောအခါ သေဘေး မှ ၎င်း ၊ စစ်တိုက် သောအခါ ထား ဘေးမှ ၎င်း၊ သင့် ကို ရွေးနှုတ် တော်မူလိမ့်မည်။
In famine He will redeem you from death, and in battle from the stroke of the sword.
21 ၂၁ သင်သည်ကဲ့ရဲ့ ခြင်းဘေးနှင့် ကင်းလွတ် ၍ ပျက်စီး ခြင်းဘေးရောက် သော်လည်း မ ကြောက် ရ။
You will be hidden from the scourge of the tongue, and will not fear havoc when it comes.
22 ၂၂ ပျက်စီး ခြင်းဘေးနှင့် အစာ ခေါင်းပါးခြင်းဘေးကို ရယ်မော ၍ တော သားရဲ တို့ကိုလည်း မ ကြောက် ရ။
You will laugh at destruction and famine, and need not fear the beasts of the earth.
23 ၂၃ အကြောင်း မူကား၊ လယ် ၌ကျောက်ခဲ တို့သည် သင် နှင့် ပဋိညာဉ် ပြု၍ တော သားရဲ တို့သည် သင် နှင့် မိဿဟာယ ဖွဲ့ကြလိမ့်မည်။
For you will have a covenant with the stones of the field, and the wild animals will be at peace with you.
24 ၂၄ သင်သည်ကိုယ် အိမ် ၌ ငြိမ်သက် ခြင်းရှိကြောင်း ကို တွေ့ ၍ ကိုယ် နေရာ အရပ်သို့ပြန်ရောက်သောအခါ စိတ်ပျက် စရာအကြောင်းမ ရှိရ။
You will know that your tent is secure, and find nothing amiss when inspecting your home.
25 ၂၅ သင် ၌သား သမီးများပြား ၍ ၊ သင့် အမျိုး အနွယ်သည် မြေ ပေါ်မှာ မြက်ပင် နှင့်အမျှ ဖြစ်ကြောင်းကို တွေ့မြင် ရလိမ့်မည်။
You will know that your offspring will be many, your descendants like the grass of the earth.
26 ၂၆ အချိန် တန်လျှင် သိမ်းယူ သောကောက် လှိုင်းကဲ့သို့ ၊ သင်သည် အသက် ကြီးရင့်၍ သင်္ချိုင်း သို့ ရောက် ရ လိမ့်မည်။
You will come to the grave in full vigor, like a sheaf of grain gathered in season.
27 ၂၇ ဤ အမှုကို ငါတို့သည် စစ်ဆေး ၍ ယခုပြောသည်အတိုင်း မှန်ပါ၏။ နားထောင် ပါ။ အသင့်နှလုံး သွင်း ထားပါဟု မြွက်ဆို၏။
Indeed, we have investigated, and it is true! So hear it and know for yourself.”