< ယောဘ 42 >
1 ၁ ယောဘ သည်ထာဝရဘုရား အား ပြန် လျှောက်သည်ကား၊
Then answered Job unto the Lord, and said,
2 ၂ ကိုယ်တော်သည် အလုံးစုံ တို့ကို တတ်နိုင် တော်မူကြောင်း ကို၎င်း ၊ အကြံအစည် တော်ကို အဘယ်သူမျှမဆီးတား နိုင်ကြောင်းကို၎င်းအကျွန်ုပ်သိ ပါ၏။
I acknowledge that thou art able to do every thing, and that no deep plan of thine can be restrained.
3 ၃ ပညာ မ ရှိဘဲ အကြံအစည် တော်ကိုမိုက် စေသော သူကားအဘယ်သူ နည်း။ သို့ရာတွင် အကျွန်ုပ်သည် နား မ လည်သောအရာတို့ကို၎င်း ၊ ကိုယ်တိုင်မ သိ ၊ အံ့ဩ ၍ မကုန်နိုင်သော အရာတို့ကို၎င်းပြော မိပါပြီ။
Who is he that dareth to conceal [thy] counsel without knowledge? Truly I have spoken of what I understood not, of things too wonderful for me, which I knew not.
4 ၄ နားထောင် တော်မူပါ။ အကျွန်ုပ် လျှောက် ပါမည်။ အကျွန်ုပ်မေးလျှောက် သော အရာတို့ကို သွန်သင် တော်မူပါ။
Oh do but hear [me], and I will indeed speak: I will ask of thee, and do thou inform me.
5 ၅ သိတင်း တော်ကို အကျွန်ုပ်သည် နား နှင့် ကြား ဘူး ပါပြီ။ ယခု မူကား ၊ ကိုယ်တော် ကို မျက်စိ နှင့်မြင် ရပါ၏။
I had only heard of thee by the hearing of the ear; but now my eye hath seen thee.
6 ၆ ထိုကြောင့် အကျွန်ုပ်သည် ကိုယ်ကိုရွံ့ရှာ ပါ၏။ မြေမှုန့် နှင့် မီးဖိုပြာ ၌ထိုင်၍ နောင်တရ ပါ၏ဟု လျှောက် လေ၏။
Therefore I reject [what I have said], and repent; because I am dust and ashes.
7 ၇ ထိုသို့ ထာဝရဘုရား သည် ယောဘ အား မိန့် တော်မူပြီးမှ ၊ တေမန် အမျိုးသားဧလိဖတ် အား လည်း သင် နှင့် သင် ၏ အဆွေ ခင်ပွန်းနှစ် ယောက် ကို ငါ အမျက် ထွက် ၏။ အကြောင်း မူကား၊ ငါ့ ကျွန် ယောဘ သည် ငါ့ အကြောင်း အရာတို့ကို ဟုတ်မှန် စွာ ပြောသကဲ့သို့သင်တို့သည် မ ပြော။
And it came to pass, after the Lord had spoken these words unto Job, that the Lord said to Eliphaz the Themanite, My wrath is kindled against thee, and against thy two friends; because ye have not spoken of me properly, like my servant Job.
8 ၈ သို့ဖြစ်၍ နွားထီး ခုနစ် ကောင်နှင့် သိုးထီး ခုနစ် ကောင်တို့ကိုယူ ပြီးလျှင် ၊ ငါ့ ကျွန် ယောဘ ထံသို့ သွား ၍ ၊ မိမိတို့အဘို့မီးရှို့ ရာယဇ်ကို ပူဇော် ကြလော့။ ငါ့ ကျွန် ယောဘ သည် သင် တို့အဘို့ ဆုတောင်း ရမည်။ သူ ၏မျက်နှာ ကို ငါထောက် မည်။ သို့မဟုတ်ငါ့ ကျွန် ယောဘ သည် ငါ့ အကြောင်းအရာတို့ကို ဟုတ်မှန် စွာပြောသကဲ့သို့၊ သင်တို့သည် မ ပြော သောအပြစ် နှင့် အလျောက်ငါစီရင် မည်ဟု မိန့် တော်မူ၏။
And now take unto yourselves seven bullocks and seven rams, and go to my servant Job, and offer up a burnt-offering in your behalf; and my servant Job shall pray for you; for him alone will I receive favorably, so as not to deal with you after your folly; because ye have not spoken of me properly, like my servant Job.
9 ၉ ထိုသို့ ထာဝရဘုရား မှာ ထား တော်မူသည် အတိုင်း တေမန် အမျိုးသားဧလိဖတ် ၊ ရှုအာ အမျိုးသားဗိလဒဒ် ၊ နေမတ် အမျိုးသားဇောဖာ တို့သည် သွား ၍ ပြု ကြ၏။ ထာဝရဘုရား သည်လည်း ယောဘ ၏မျက်နှာ ကိုထောက် တော်မူ၏။
Then went Eliphaz the Themanite and Bildad the Shuchite and Zophar the Na'amathite, and did in accordance with what the Lord had spoken to them: and the Lord received Job in favor.
10 ၁၀ ယောဘသည် အဆွေ ခင်ပွန်းတို့အဘို့ ဆုတောင်း ပြီးမှ ၊ သူခံရ သောဒုက္ခအကြောင်းကို ထာဝရဘုရား သည် ပယ်ရှင်း ၍ ၊ အရင်ထက် နှစ် ဆသောဥစ္စာကို ပေး တော်မူ၏။
And the Lord brought back the captivity of Job, when he prayed in behalf of his friends; and the Lord increased all that Job had had twofold.
11 ၁၁ ထိုအခါ သူ ၏ညီအစ်ကို နှမ များ၊ အရင်သိကျွမ်း သောသူများအပေါင်း တို့သည် သူ့ ထံသို့ လာ ၍ သူ ၏ အိမ် ၌ သူ နှင့်အတူ စားသောက် ကြ၏။ သူအပေါ် မှာ ထာဝရဘုရား ရောက် စေတော်မူသော ဒုက္ခဆင်းရဲ ရှိသမျှ ကို အောက်မေ့၍ သူ နှင့်အတူညည်းတွား ခြင်းနှင့် နှစ်သိမ့် စေခြင်းကို ပြုကြ၏။ ထိုသူအပေါင်းတို့သည်လည်း ၊ ငွေ တပြား စီ နှင့် ရွှေ နားတောင်း တဘက် စီ ပေး ကြ၏။
And then came unto him all his brothers, and all his sisters, and all that had been of his acquaintance before, and ate bread with him in his house; and they condoled with him, and comforted him for all the evil that the Lord had brought upon him; and they gave him, every one, a kessitah, and every one an earring of gold.
12 ၁၂ ထိုသို့ ထာဝရဘုရား သည် ယောဘ ၏ ရှေ့ဖြစ်ဟန် ကို ကောင်းကြီးပေးတော်မူသည်ထက် ၊ နောက်ဖြစ်ဟန် ကိုသာ၍ကောင်းကြီး ပေးတော်မူသဖြင့် ၊ သူသည် သိုး တသောင်း လေးထောင်၊ ကုလားအုပ် ခြောက် ထောင် ၊ နွားယှဉ် တထောင် ၊ မြည်းမ တထောင် ကို ရ တတ်၏။
And the Lord blessed the latter end of Job more than his beginning: and he had fourteen thousand sheep, and six thousand camels, and a thousand yoke of oxen, and a thousand she-asses.
13 ၁၃ သား ခုနစ် ယောက်နှင့် သမီး သုံး ယောက်ကိုလည်း ရ ပြန်၏။
He had also seven sons and three daughters.
14 ၁၄ သမီးကြီး ကား၊ ယေမိမ ၊ သမီးလပ် ကား ကေဇိ ၊ သမီးငယ် ကား ကေရင်္ဟပ္ပုတ် အမည် ရှိသတည်း။
And he called the name of the first Jemimah; and the name of the second, Keziah; and the name of the third, Keren-happuch.
15 ၁၅ တပြည်လုံး ၌ ယောဘ ၏ သမီး ကဲ့သို့ လှ သောမိန်းမ တစုံတယောက်မျှမ ရှိ။ သူ တို့၏အဘ သည်သူ တို့ မောင် များနှင့်အညီအမျှ သူ တို့အား အမွေ ဥစ္စာကို ဝေပေး လေ၏။
And there were not found such handsome women as the daughters of Job in all the land; and their father gave them an inheritance among their brothers.
16 ၁၆ ထိုနောက် ယောဘ သည် အနှစ် တရာ လေးဆယ် အသက် ရှင်၍ မိမိ သား ၊ မြေး ၊ မြစ်တို့ကိုပင် မြင် ရပြီးမှ၊
And Job lived after this one hundred and forty years: and he saw his sons, and his sons' sons, even four generations.
17 ၁၇ အသက် ကြီးရင့်၍ နေ့ရက် ကာလနှင့် ကြွယ်ဝ သော်၊ အနိစ္စ ရောက်လေ၏။
Then died Job, being old and full of days.