< ယောဘ 41 >

1 လဝိသန် ကိုငါးမျှား နှင့် ဆွဲယူ ၍ ၊ သူ ၏လျှာ ကို ကြိုး နှင့် နှိပ် နင်းမည်လော။
Canst thou draw out leviathan with a fish-hook? or press down his tongue with a cord?
2 သူ့ ကို နှာရှုတ် တပ် ၍ ၊ ပါးရိုး ၌သံကွင်း လျှို မည် လော။
Canst thou put a ring into his nose? or bore his jaw through with a hook?
3 သူသည်သင့် ကို များ စွာ တောင်းပန် လိမ့်မည်လော။ ချော့မော့ သောစကားကို ပြော လိမ့်မည်လော။
Will he make many supplications unto thee? or will he speak soft words unto thee?
4 သင် နှင့် ဝန်ခံခြင်း ပဋိညာဉ် ကို ပြု လိမ့်မည်လော။ သင်၏အမှု ကို အစဉ် ဆောင်ရွက်စေခြင်းငှါ သူ့ ကို ခန့်ထား မည်လော။
Will he make a covenant with thee, that thou shouldest take him for a servant for ever?
5 ငှက် နှင့်ကစားသကဲ့သို့ သူ နှင့် ကစား မည်လော။ သင် ၏မိန်းမ ကလေးတို့အဘို့ သူ့ ကိုချည်နှောင် မည်လော။
Wilt thou play with him as with a bird? Or wilt thou bind him for thy maidens?
6 သင်၏အပေါင်း အဘော်တို့သည် သူ့ ကိုဝိုင်း၍ စားသောက် ပွဲခံကြလိမ့်မည်လော။ ကုန်သည် တို့တွင် ဝေ ကြလိမ့်မည်လော။
Will the bands of fishermen make a banquet of him? Will they part him among the merchants?
7 သူ ၏အရေ ကို မှိန်း နှင့် ၎င်း ၊ သူ ၏ခေါင်း ကို ငါး ထိုးသောလှံ နှင့် ၎င်း၊ အနှံ့အပြား ထိုးဖောက်နိုင် သလော ။
Canst thou fill his skin with barbed irons? or his head with fish-spears?
8 သူ့ အပေါ် မှာ လက် တင် ရုံမျှသာ ပြုပါ။ သူ့ကို တိုက် မည်အကြံကို နောက် တဖန်မ အောက်မေ့ ရ။
Lay thy hand upon him; think upon the battle, thou wilt do so no more.
9 တိုက်သောသူသည်နိုင်မည်ဟု အချည်းနှီးထင်၏။ မြင် ကာမျှနှင့် စိတ်မပျက်သလော။
Behold, the hope of him is in vain; shall not one be cast down even at the sight of him?
10 ၁၀ သူ့ ကိုနှိုးဆော် ခြင်းငှါ အဘယ်သူမျှမ ရဲရင့်။ သို့ဖြစ်၍ ငါ့ ရှေ့ မှာ အဘယ်သူ ရပ် နိုင်သနည်း။
None is so fierce that dare stir him up; who then is able to stand before Me?
11 ၁၁ ငါသည် ကျေးဇူး တုံ့ပြုရမည်အကြောင်း အဘယ်သူ သည် ငါ ၌ ကျေးဇူး ပြုဘူးသနည်း။ မိုဃ်း ကောင်းကင်အောက် ၌ ရှိရှိသမျှ တို့သည် ငါ ၏ ဥစ္စာဖြစ်ကြ၏။
Who hath given Me anything beforehand, that I should repay him? Whatsoever is under the whole heaven is Mine.
12 ၁၂ လဝိသန်၏အင်္ဂါများ၊ ခွန်အား ၊ တင့်တယ် သော တန်ဆာ တို့ကို ငါသည်ဝှက် ၍မ ထား။
Would I keep silence concerning his boastings, or his proud talk, or his fair array of words?
13 ၁၃ သူ ၏အဝတ် ကို အဘယ်သူ လှန် နိုင်သနည်း။ နှစ် ထပ်ရှိ သောပါးရိုး ကို အဘယ်သူ ချဉ်းကပ် လိမ့်မည်နည်း။
Who can uncover the face of his garment? Who shall come within his double bridle?
14 ၁၄ သူ ၏မျက်နှာ တံခါး ကို အဘယ်သူ ဖွင့် လိမ့်မည်နည်း။ သူ ၏ သွား တန်းတို့သည် ကြောက်မက် ဘွယ် ဖြစ်ကြ၏။
Who can open the doors of his face? Round about his teeth is terror.
15 ၁၅ လုံခြုံ စွာ တံဆိပ် ခတ်သကဲ့သို့တချပ်နှင့် တချပ် ပူးကပ်သောအကြေး များနှင့် ဝါကြွား တတ်၏။
His scales are his pride, shut up together as with a close seal.
16 ၁၆ လေ မျှမ ဝင် နိုင်အောင် တချပ် နှင့်တချပ် ပူးကပ် လျက်ရှိကြ၏။
One is so near to another, that no air can come between them.
17 ၁၇ တချပ် နှင့်တချပ် မ ခွါ နိုင်အောင် တခဲနက် ရှက်တင် လျက်ရှိကြ၏။
They are joined one to another; they stick together, that they cannot be sundered.
18 ၁၈ သူ ချေဆတ် သောအခါ အလင်း တောက် တတ်၏။ သူ့ မျက်စိ သည် နံနက် မျက်တောင် ခတ်သကဲ့သို့ ဖြစ်၏။
His sneezings flash forth light, and his eyes are like the eyelids of the morning.
19 ၁၉ ပစပ် ထဲက မီးရူး ထွက်၍ မီးပွါး တို့လည်း လွင့် ကြ၏။
Out of his mouth go burning torches, and sparks of fire leap forth.
20 ၂၀ ကြွက်ကြွက်ဆူ သော အိုးကင်း ထဲက အခိုးအငွေ့တက်သကဲ့သို့ သူ့ နှာခေါင်း ထဲက အခိုးအငွေ့ တက် တတ် ၏။
Out of his nostrils goeth smoke, as out of a seething pot and burning rushes.
21 ၂၁ အသက် ရှူသောအခါ မီးခဲ တောက် ၍ ပစပ် ထဲက မီးလျှံ ထွက် တတ်၏။
His breath kindleth coals, and a flame goeth out of his mouth.
22 ၂၂ လည်ပင်း ၌ တန်ခိုး နေ တတ်၏။ သူ့ ရှေ့ မှာ ကြောက်လန့် ခြင်းသည် ကခုန် တတ်၏။
In his neck abideth strength, and dismay danceth before him.
23 ၂၃ အသား အကြောတို့သည် တခဲနက် ဖြစ်၍မ ရွေ့ နိုင်အောင် ခိုင်မာ လျက် ရှိကြ၏။
The flakes of his flesh are joined together; they are firm upon him; they cannot be moved.
24 ၂၄ နှလုံး သည် ကျောက် ကဲ့သို့ မာ ၏။ အောက် ကြိတ်ဆုံ ကျောက်ကဲ့သို့ မာ ၏။
His heart is as firm as a stone; yea, firm as the nether millstone.
25 ၂၅ သူ ထ သောအခါ ခွန်အား ကြီးသောသူတို့သည် ကြောက်လန့် ကြ၏။ ကြောက်လန့်အားကြီးသောကြောင့်အရူးကဲ့သို့ဖြစ်ကြ၏။
When he raiseth himself up, the mighty are afraid; by reason of despair they are beside themselves.
26 ၂၆ သူ့ကိုတိုက်လျှင်ထား မ ခိုင် တတ်။ လှံ ၊ မြှား ၊ သံချပ် မခိုင်တတ်။
If one lay at him with the sword, it will not hold; nor the spear, the dart, nor the pointed shaft.
27 ၂၇ သံ ကို ကောက်ရိုး ကဲ့သို့ ၎င်း၊ ကြေးဝါ ကို သစ် ဆွေး ကဲ့သို့ ၎င်း မှတ် တတ်၏။
He esteemeth iron as straw, and brass as rotten wood.
28 ၂၈ လေး နှင့်ပစ်၍ သူ့ ကိုမ ပြေး စေနိုင်။ လောက်လွှဲ နှင့်ပစ်သောကျောက်ခဲ တို့သည် သူ ၌ အမှိုက် ကဲ့သို့ ဖြစ် ကြ၏။
The arrow cannot make him flee; slingstones are turned with him into stubble.
29 ၂၉ ဒုတ် ကြီးကို ဖွဲ ကဲ့သို့ မှတ် ၍ ၊ လှံ နှင့်ရွယ်သောအခါ ရယ် တတ်၏။
Clubs are accounted as stubble; he laugheth at the rattling of the javelin.
30 ၃၀ သူ့ အောက် မှာ ထက် သောအိုး စောင်းခြမ်းများရှိ၏။ ရွံ့ ပေါ် မှာ ထွန်သွား များကို ဖြန့် တတ်၏။
Sharpest potsherds are under him; he spreadeth a threshing-sledge upon the mire.
31 ၃၁ အိုးကင်း ဆူသကဲ့သို့ ပင်လယ်ကိုဆူ စေတတ်၏။ သမုဒ္ဒရာ ကို ဘယောင်းချက် ကဲ့သို့ ဖြစ် စေတတ်၏။
He maketh the deep to boil like a pot; he maketh the sea like a seething mixture.
32 ၃၂ သူ လွန် သွားသောလမ်း သည် ထွန်းတောက် သဖြင့်၊ ပင်လယ် သည် ဆံပင် ဖြူယောင်ဆောင် တတ်၏။
He maketh a path to shine after him; one would think the deep to be hoary.
33 ၃၃ မြေ ပေါ် မှာသူ နှင့်ခိုင်းနိုင်သော တိရစ္ဆာန်မ ရှိ။ ပကတိအားဖြင့်ကြောက် တတ်သောသဘောနှင့်ကင်းလွတ် ၏။
Upon earth there is not his like, who is made to be fearless.
34 ၃၄ ကြီး မြင့်သောအရာရှိသမျှ တို့ကို မထီမဲ့မြင်ပြုတတ် ၏။ မာန ထောင်လွှားသောသူအပေါင်း တို့အပေါ် ၌ မင်း ဖြစ်သည်ဟု မိန့်တော်မူ၏။
He looketh at all high things; he is king over all the proud beasts.

< ယောဘ 41 >