< ယောဘ 41 >
1 ၁ လဝိသန် ကိုငါးမျှား နှင့် ဆွဲယူ ၍ ၊ သူ ၏လျှာ ကို ကြိုး နှင့် နှိပ် နင်းမည်လော။
“Can you pull in Leviathan with a hook or tie down his tongue with a rope?
2 ၂ သူ့ ကို နှာရှုတ် တပ် ၍ ၊ ပါးရိုး ၌သံကွင်း လျှို မည် လော။
Can you put a cord through his nose or pierce his jaw with a hook?
3 ၃ သူသည်သင့် ကို များ စွာ တောင်းပန် လိမ့်မည်လော။ ချော့မော့ သောစကားကို ပြော လိမ့်မည်လော။
Will he beg you for mercy or speak to you softly?
4 ၄ သင် နှင့် ဝန်ခံခြင်း ပဋိညာဉ် ကို ပြု လိမ့်မည်လော။ သင်၏အမှု ကို အစဉ် ဆောင်ရွက်စေခြင်းငှါ သူ့ ကို ခန့်ထား မည်လော။
Will he make a covenant with you to take him as a slave for life?
5 ၅ ငှက် နှင့်ကစားသကဲ့သို့ သူ နှင့် ကစား မည်လော။ သင် ၏မိန်းမ ကလေးတို့အဘို့ သူ့ ကိုချည်နှောင် မည်လော။
Can you pet him like a bird or put him on a leash for your maidens?
6 ၆ သင်၏အပေါင်း အဘော်တို့သည် သူ့ ကိုဝိုင်း၍ စားသောက် ပွဲခံကြလိမ့်မည်လော။ ကုန်သည် တို့တွင် ဝေ ကြလိမ့်မည်လော။
Will traders barter for him or divide him among the merchants?
7 ၇ သူ ၏အရေ ကို မှိန်း နှင့် ၎င်း ၊ သူ ၏ခေါင်း ကို ငါး ထိုးသောလှံ နှင့် ၎င်း၊ အနှံ့အပြား ထိုးဖောက်နိုင် သလော ။
Can you fill his hide with harpoons or his head with fishing spears?
8 ၈ သူ့ အပေါ် မှာ လက် တင် ရုံမျှသာ ပြုပါ။ သူ့ကို တိုက် မည်အကြံကို နောက် တဖန်မ အောက်မေ့ ရ။
If you lay a hand on him, you will remember the battle and never repeat it!
9 ၉ တိုက်သောသူသည်နိုင်မည်ဟု အချည်းနှီးထင်၏။ မြင် ကာမျှနှင့် စိတ်မပျက်သလော။
Surely hope of overcoming him is false. Is not the sight of him overwhelming?
10 ၁၀ သူ့ ကိုနှိုးဆော် ခြင်းငှါ အဘယ်သူမျှမ ရဲရင့်။ သို့ဖြစ်၍ ငါ့ ရှေ့ မှာ အဘယ်သူ ရပ် နိုင်သနည်း။
No one is so fierce as to rouse Leviathan. Then who is able to stand against Me?
11 ၁၁ ငါသည် ကျေးဇူး တုံ့ပြုရမည်အကြောင်း အဘယ်သူ သည် ငါ ၌ ကျေးဇူး ပြုဘူးသနည်း။ မိုဃ်း ကောင်းကင်အောက် ၌ ရှိရှိသမျှ တို့သည် ငါ ၏ ဥစ္စာဖြစ်ကြ၏။
Who has given to Me that I should repay him? Everything under heaven is Mine.
12 ၁၂ လဝိသန်၏အင်္ဂါများ၊ ခွန်အား ၊ တင့်တယ် သော တန်ဆာ တို့ကို ငါသည်ဝှက် ၍မ ထား။
I cannot keep silent about his limbs, his power and graceful form.
13 ၁၃ သူ ၏အဝတ် ကို အဘယ်သူ လှန် နိုင်သနည်း။ နှစ် ထပ်ရှိ သောပါးရိုး ကို အဘယ်သူ ချဉ်းကပ် လိမ့်မည်နည်း။
Who can strip off his outer coat? Who can approach him with a bridle?
14 ၁၄ သူ ၏မျက်နှာ တံခါး ကို အဘယ်သူ ဖွင့် လိမ့်မည်နည်း။ သူ ၏ သွား တန်းတို့သည် ကြောက်မက် ဘွယ် ဖြစ်ကြ၏။
Who can open his jaws, ringed by his fearsome teeth?
15 ၁၅ လုံခြုံ စွာ တံဆိပ် ခတ်သကဲ့သို့တချပ်နှင့် တချပ် ပူးကပ်သောအကြေး များနှင့် ဝါကြွား တတ်၏။
His rows of scales are his pride, tightly sealed together.
16 ၁၆ လေ မျှမ ဝင် နိုင်အောင် တချပ် နှင့်တချပ် ပူးကပ် လျက်ရှိကြ၏။
One scale is so near to another that no air can pass between them.
17 ၁၇ တချပ် နှင့်တချပ် မ ခွါ နိုင်အောင် တခဲနက် ရှက်တင် လျက်ရှိကြ၏။
They are joined to one another; they clasp and cannot be separated.
18 ၁၈ သူ ချေဆတ် သောအခါ အလင်း တောက် တတ်၏။ သူ့ မျက်စိ သည် နံနက် မျက်တောင် ခတ်သကဲ့သို့ ဖြစ်၏။
His snorting flashes with light, and his eyes are like the rays of dawn.
19 ၁၉ ပစပ် ထဲက မီးရူး ထွက်၍ မီးပွါး တို့လည်း လွင့် ကြ၏။
Firebrands stream from his mouth; fiery sparks shoot forth!
20 ၂၀ ကြွက်ကြွက်ဆူ သော အိုးကင်း ထဲက အခိုးအငွေ့တက်သကဲ့သို့ သူ့ နှာခေါင်း ထဲက အခိုးအငွေ့ တက် တတ် ၏။
Smoke billows from his nostrils as from a boiling pot over burning reeds.
21 ၂၁ အသက် ရှူသောအခါ မီးခဲ တောက် ၍ ပစပ် ထဲက မီးလျှံ ထွက် တတ်၏။
His breath sets coals ablaze, and flames pour from his mouth.
22 ၂၂ လည်ပင်း ၌ တန်ခိုး နေ တတ်၏။ သူ့ ရှေ့ မှာ ကြောက်လန့် ခြင်းသည် ကခုန် တတ်၏။
Strength resides in his neck, and dismay leaps before him.
23 ၂၃ အသား အကြောတို့သည် တခဲနက် ဖြစ်၍မ ရွေ့ နိုင်အောင် ခိုင်မာ လျက် ရှိကြ၏။
The folds of his flesh are tightly joined; they are firm and immovable.
24 ၂၄ နှလုံး သည် ကျောက် ကဲ့သို့ မာ ၏။ အောက် ကြိတ်ဆုံ ကျောက်ကဲ့သို့ မာ ၏။
His chest is as hard as a rock, as hard as a lower millstone!
25 ၂၅ သူ ထ သောအခါ ခွန်အား ကြီးသောသူတို့သည် ကြောက်လန့် ကြ၏။ ကြောက်လန့်အားကြီးသောကြောင့်အရူးကဲ့သို့ဖြစ်ကြ၏။
When Leviathan rises up, the mighty are terrified; they withdraw before his thrashing.
26 ၂၆ သူ့ကိုတိုက်လျှင်ထား မ ခိုင် တတ်။ လှံ ၊ မြှား ၊ သံချပ် မခိုင်တတ်။
The sword that reaches him has no effect, nor does the spear or dart or arrow.
27 ၂၇ သံ ကို ကောက်ရိုး ကဲ့သို့ ၎င်း၊ ကြေးဝါ ကို သစ် ဆွေး ကဲ့သို့ ၎င်း မှတ် တတ်၏။
He regards iron as straw and bronze as rotten wood.
28 ၂၈ လေး နှင့်ပစ်၍ သူ့ ကိုမ ပြေး စေနိုင်။ လောက်လွှဲ နှင့်ပစ်သောကျောက်ခဲ တို့သည် သူ ၌ အမှိုက် ကဲ့သို့ ဖြစ် ကြ၏။
No arrow can make him flee; slingstones become like chaff to him.
29 ၂၉ ဒုတ် ကြီးကို ဖွဲ ကဲ့သို့ မှတ် ၍ ၊ လှံ နှင့်ရွယ်သောအခါ ရယ် တတ်၏။
A club is regarded as straw, and he laughs at the sound of the lance.
30 ၃၀ သူ့ အောက် မှာ ထက် သောအိုး စောင်းခြမ်းများရှိ၏။ ရွံ့ ပေါ် မှာ ထွန်သွား များကို ဖြန့် တတ်၏။
His undersides are jagged potsherds, spreading out the mud like a threshing sledge.
31 ၃၁ အိုးကင်း ဆူသကဲ့သို့ ပင်လယ်ကိုဆူ စေတတ်၏။ သမုဒ္ဒရာ ကို ဘယောင်းချက် ကဲ့သို့ ဖြစ် စေတတ်၏။
He makes the depths seethe like a cauldron; he makes the sea like a jar of ointment.
32 ၃၂ သူ လွန် သွားသောလမ်း သည် ထွန်းတောက် သဖြင့်၊ ပင်လယ် သည် ဆံပင် ဖြူယောင်ဆောင် တတ်၏။
He leaves a glistening wake behind him; one would think the deep had white hair!
33 ၃၃ မြေ ပေါ် မှာသူ နှင့်ခိုင်းနိုင်သော တိရစ္ဆာန်မ ရှိ။ ပကတိအားဖြင့်ကြောက် တတ်သောသဘောနှင့်ကင်းလွတ် ၏။
Nothing on earth is his equal— a creature devoid of fear!
34 ၃၄ ကြီး မြင့်သောအရာရှိသမျှ တို့ကို မထီမဲ့မြင်ပြုတတ် ၏။ မာန ထောင်လွှားသောသူအပေါင်း တို့အပေါ် ၌ မင်း ဖြစ်သည်ဟု မိန့်တော်မူ၏။
He looks down on all the haughty; he is king over all the proud.”