< ယောဘ 40 >
1 ၁ တဖန် ထာဝရဘုရား က၊ အနန္တ တန်ခိုးရှင်ကို ဆုံးမ သောသူသည် ဆန့်ကျင် ဘက်ပြုဦးမလော။
၁တဖန်ထာဝရဘုရားက၊ အနန္တတန်ခိုးရှင်ကို ဆုံးမသော သူသည် ဆန့်ကျင်ဘက်ပြုဦးမလော။
2 ၂ ဘုရားသခင်ကို အပြစ်တင်သောသူသည် ပြန်ပြော စေတော့ဟု ယောဘ အား မိန့် တော်မူလျှင်၊
၂ဘုရားသခင်ကို အပြစ်တင်သော သူသည် ပြန်ပြောစေတော့ဟု ယောဘအား မိန့်တော်မူလျှင်၊
3 ၃ ယောဘ က အကျွန်ုပ်သည် ဆိုးယုတ် ပါ၏။
၃ယောဘက အကျွန်ုပ်သည် ဆိုးယုတ်ပါ၏။
4 ၄ ကိုယ်တော် အား အဘယ်သို့ ပြန် လျှောက်ရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ် နှုတ် ကို ကိုယ် လက် နှင့် ပိတ် ပါမည်။
၄ကိုယ်တော်အား အဘယ်သို့ ပြန်လျှောက်ရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ်နှုတ်ကို ကိုယ်လက်နှင့် ပိတ်ပါမည်။
5 ၅ တကြိမ် ပြော မိပါပြီ။ တဖန် မ ပြောဝံ့ပါ။ နှစ် ကြိမ်တိုင်အောင်ပြောမိပါပြီ။ သို့ရာတွင် ထပ်၍ မ ပြောဝံ့ပါဟု ထာဝရဘုရား အား ပြန် ၍ လျှောက်လေ၏။
၅တကြိမ်ပြောမိပါပြီ။ တဖန်မပြောဝံ့ပါ။ နှစ်ကြိမ်တိုင်အောင် ပြောမိပါပြီ။ သို့ရာတွင် ထပ်၍မပြောဝံ့ပါဟု ထာဝရဘုရားအား ပြန်၍ လျှောက်လေ၏။
6 ၆ တဖန် ထာဝရဘုရား သည် မိုဃ်းသက်မုန်တိုင်း ထဲက ယောဘ အား မိန့် တော်မူသည်ကား၊
၆တဖန်ထာဝရဘုရားသည် မိုဃ်းသက်မုန်တိုင်း ထဲက ယောဘအား မိန့်တော်မူသည်ကား၊
7 ၇ လူ ယောက်ျားကဲ့သို့ သင် ၏ခါး ကိုစည်း လော့။ ငါမေးမြန်း သောပြဿနာတို့ကို ဖြေ လော့။
၇လူယောက်ျားကဲ့သို့ သင်၏ခါးကိုစည်းလော့။ ငါမေးမြန်း သောပြဿနာတို့ကို ဖြေလော့။
8 ၈ သင်သည် ငါ တရား စီရင်ချက်ကို ပယ် မည်လော။ သင်သည် ကိုယ်တိုင်ဖြောင့်မတ် ဟန်ရှိစေခြင်းငှါ ၊ ငါ ကိုအပြစ်ရှိသည်ဟု စီရင် မည်လော။
၈သင်သည် ငါတရားစီရင်ချက်ကို ပယ်မည်လော။ သင်သည် ကိုယ်တိုင်ဖြောင့်မတ်ဟန်ရှိစေခြင်းငှါ၊ ငါကိုအပြစ်ရှိသည်ဟု စီရင်မည်လော။
9 ၉ သင် သည်ဘုရား သခင်၏ လက်ရုံး ကဲ့သို့ သော လက်ရုံးရှိသလော။ ဘုရားသခင်၏ အသံကဲ့သို့ သော အသံ နှင့် မိုဃ်းချုန်း နိုင်သလော။
၉သင်သည်ဘုရားသခင်၏ လက်ရုံးကဲ့သို့သော လက်ရုံးရှိသလော။ ဘုရားသခင်၏ အသံကဲ့သို့သော အသံနှင့် မိုဃ်းချုန်းနိုင်သလော။
10 ၁၀ ထူးဆန်းသော ဘုန်း တန်ခိုးအာနုဘော်ကို ဝတ်ဆောင် လော့။ တင့်တယ်သော ဂုဏ် အသရေနှင့် တန်ဆာဆင် လော့။
၁၀ထူးဆန်းသော ဘုန်းတန်ခိုးအာနုဘော်ကို ဝတ်ဆောင်လော့။ တင့်တယ်သော ဂုဏ်အသရေနှင့် တန်ဆာဆင်လော့။
11 ၁၁ သင် ၏အမျက် အရှိန်ကို လွှတ် လော့။ မာန ထောင်လွှားသောသူအပေါင်း တို့ကို ကြည့်ရှု ၍ နှိမ့်ချ လော့။
၁၁သင်၏အမျက်အရှိန်ကို လွှတ်လော့။ မာန ထောင်လွှားသောသူအပေါင်းတို့ကို ကြည့်ရှု၍ နှိမ့်ချ လော့။
12 ၁၂ မာန ထောင်လွှားသော သူအပေါင်း တို့ကို ကြည့်ရှု ၍ ရှုတ်ချ လော့။ အဓမ္မ လူတို့ကို နှိပ် နင်း၍၊
၁၂မာနထောင်လွှားသော သူအပေါင်းတို့ကို ကြည့်ရှု၍ ရှုတ်ချလော့။ အဓမ္မလူတို့ကို နှိပ်နင်း၍၊
13 ၁၃ သူ တို့ကိုမြေမှုန့် ၌ တစုတည်း ဝှက်ထား လော့။ သူ တို့မျက်နှာ များကို မှောင်မိုက် ၌ ဖုံးအုပ် လော့။
၁၃သူတို့ကိုမြေမှုန့်၌ တစုတည်း ဝှက်ထားလော့။ သူတို့မျက်နှာများကို မှောင်မိုက်၌ ဖုံးအုပ်လော့။
14 ၁၄ သို့ပြုလျှင် သင် ၏လက်ျာ လက်ရုံးသည် သင့် ကို ကယ်တင် နိုင်သည်ဟု ငါဝန်ခံ မည်။
၁၄သို့ပြုလျှင် သင်၏လက်ျာလက်ရုံးသည် သင့်ကို ကယ်တင်နိုင်သည်ဟု ငါဝန်ခံမည်။
15 ၁၅ သင် နှင့်အတူ ငါဖန်ဆင်း သော ဗေဟမုတ် ခြင်း ကို ကြည့်ရှု လော့။ နွား ကဲ့သို့ မြက် ကို စား တတ်၏။
၁၅သင်နှင့်အတူ ငါဖန်ဆင်းသော ဗေဟမုတ်ခြင်း ကို ကြည့်ရှုလော့။ နွားကဲ့သို့ မြက်ကို စားတတ်၏။
16 ၁၆ သူ ၏တန်ခိုး သည် ခါး ၌ ၎င်း ၊ သူ ၏ခွန်အား သည် ဝမ်း ကြော ၌ ၎င်း တည်လျက်ရှိ၏။
၁၆သူ၏တန်ခိုးသည် ခါး၌၎င်း၊ သူ၏ခွန်အားသည် ဝမ်းကြော၌၎င်း တည်လျက်ရှိ၏။
17 ၁၇ သူ့ အမြီး သည် အာရဇ် ပင်ကဲ့သို့ လှုပ် တတ်၏။ ပေါင်ကြော တို့သည် အထပ်ထပ် ရှိကြ၏။
၁၇သူ့အမြီးသည် အာရဇ်ပင်ကဲ့သို့ လှုပ်တတ်၏။ ပေါင်ကြောတို့သည် အထပ်ထပ်ရှိကြ၏။
18 ၁၈ အရိုး ငယ်တို့သည် ကြေးဝါ ချောင်း ၊ အရိုး ကြီး တို့သည် သံ တုံး ကဲ့သို့ ဖြစ်ကြ၏။
၁၈အရိုးငယ်တို့သည် ကြေးဝါချောင်း၊ အရိုးကြီး တို့သည် သံတုံးကဲ့သို့ဖြစ်ကြ၏။
19 ၁၉ ဘုရား သခင်ဖန်ဆင်းသော သတ္တဝါတို့တွင် ထူးဆန်းသော သတ္တဝါဖြစ်၏။ သူ့ ကိုဖန်ဆင်း သော ဘုရားသာလျှင် သူ၏တံစဉ်ကိုပေးပြီ။
၁၉ဘုရားသခင်ဖန်ဆင်းသော သတ္တဝါတို့တွင် ထူးဆန်းသော သတ္တဝါဖြစ်၏။ သူ့ကိုဖန်ဆင်းသော ဘုရားသာလျှင် သူ၏တံစဉ်ကို ပေးပြီ။
20 ၂၀ မြေ တိရစ္ဆာန် အပေါင်း တို့ ကစား ရာတောင်ရိုး သည် သူ၏ကျက်စားရာအရပ်ဖြစ်၏။
၂၀မြေတိရစ္ဆာန်အပေါင်းတို့ ကစားရာတောင်ရိုး သည် သူ၏ကျက်စားရာအရပ်ဖြစ်၏။
21 ၂၁ အရိပ် ကောင်းသော အပင်အောက် ၊ ကျူပင် ချုံဖုတ်အောက်၊ ရေ များသောအရပ်၌ နေ တတ်၏။
၂၁အရိပ်ကောင်းသော အပင်အောက်၊ ကျူပင် ချုံဖုတ်အောက်၊ ရေများသောအရပ်၌ နေတတ်၏။
22 ၂၂ ထိုအပင်တို့သည် အရိပ် နှင့်လွှမ်းမိုး ၍ ချောင်း နားမိုဃ်းမခ ပင်တို့သည် ဝိုင်း ကြ၏။
၂၂ထိုအပင်တို့သည် အရိပ်နှင့်လွှမ်းမိုး၍ ချောင်း နားမိုဃ်းမခပင်တို့သည် ဝိုင်းကြ၏။
23 ၂၃ မြစ် ရေထသော်လည်း သူသည်မ ပြေး တတ်။ သူ ၏ခံတွင်း ကို ယော်ဒန် မြစ်ရေ ဝှေ့တိုက်သော်လည်း မ တုန်မလှုပ်ဘဲ နေတတ်၏။
၂၃မြစ်ရေထသော်လည်း သူသည်မပြေးတတ်။ သူ၏ခံတွင်းကို ယော်ဒန်မြစ်ရေ ဝှေ့တိုက်သော်လည်း မတုန်မလှုပ်ဘဲ နေတတ်၏။
24 ၂၄ ထိုမြင်းကို ထင်ရှားစွာ ဘမ်းယူ မည်လော။ သူ၏နှာခေါင်း ကို သံချိတ် နှင့် ဖောက် မည်လော။
၂၄ထိုမြင်းကို ထင်ရှားစွာ ဘမ်းယူမည်လော။ သူ၏နှာခေါင်းကို သံချိတ်နှင့် ဖောက်မည်လော။