< ယောဘ 39 >
1 ၁ သင်သည် တောဆိတ် မွေး ရသောကာလ ကို သိ သလော။ သမင် ဒရယ်မ သားဘွား ခြင်းဝေဒနာခံရသောအချိန်ကို မှတ် နိုင်သလော။
2 ၂ ကိုယ်ဝန်ဆောင်ရသောနေ့လ တို့ကို ရေတွက် ၍၊ ဘွား ရသောအချိန် ကာလကို သိ သလော။
3 ၃ သူတို့သည် ကျောကိုင်း ၍သား ငယ်ကို မွေးဘွား သဖြင့် ဝေဒနာ ငြိမ်း ကြ၏။
4 ၄ သား ငယ်တို့သည် ကျန်းမာ ၍၊ လွင်ပြင် ၌ ကြီးပွါး တတ်ကြ၏။ အခြားသို့သွား၍ အမိထံသို့ပြန် မ လာဘဲ နေတတ်ကြ၏။
5 ၅ တောမြည်း ကိုအဆီးအတား မရှိစေခြင်းငှါ အဘယ်သူ လွှတ် သနည်း။ တောမြင်း ၌ချည်နှောင် ခြင်းကို အဘယ်သူ ဖြေ သနည်း။
6 ၆ တော ကို သူ့ အိမ် ဘို့၎င်း ၊ လွင်ပြင် ကိုသူ့ နေရာ ဘို့ ၎င်း ငါခန့် ထားပြီ။
7 ၇ မြို့ ၌ ဖြစ်သောလူတို့၏ အသံ ဗလံကို သူသည် မထီမဲ့မြင် ပြုတတ်၏။ နှင် သောသူအော်ဟစ် နှိုးဆော်သံကို မ မှတ် တတ်။
8 ၈ တောင်ရိုး ၌ ကျက်စား ၍ ၊ စိမ်း သော အပင် အမျိုးမျိုး ကို ရှာ တတ်၏။
9 ၉ ကြံ့ သည် သင်၏အမှု ကိုဆောင်ရွက်၍၊ သင် ၏ တင်းကုပ် ၌ နေ ခြင်းငှါအလိုရှိ လိမ့်မည်လော။
10 ၁၀ ကြံ့ ကိုထွန် ကြောင်းသို့ လိုက်စေခြင်းငှါ ကြိုး နှင့် ချည် နိုင်သလော။ သို့မဟုတ် သင့် နောက် သို့ လိုက်၍ချိုင့် ၌ လယ်ထွန် လိမ့်မည်လော။
11 ၁၁ ကြံ့သည် အား ကြီး သောကြောင့် သူ့ ကို ယုံ မည်လော။ သင် လုပ်ရသောအလုပ် ကိုသူ ၌ အပ် မည်လော။
12 ၁၂ သင် ၏စပါး ကို ဆောင် ခဲ့၍ စပါးကျီ ၌ စုသိမ်း လိမ့်မည်ဟု ယုံ သလော။
13 ၁၃ ကုလားအုပ် ငှက်သည် အတောင် ခတ်လျက် နေတတ်၏။ တောငန်း သည် အမွေး အတောင် နှင့် ပြည့်စုံ၏။
14 ၁၄ သို့သော်လည်း မြေ ၌ ဥ ၍ အဥတို့ကို မြေမှုန့် ၌ နွေး စေတတ်၏။
15 ၁၅ သူ့ခြေသည်အဥတို့ကို နင်းမိမည်၊ သားရဲခွဲလိမ့် မည်ဟု မစိုးရိမ်။
16 ၁၆ သား ငယ်တို့ကို ကိုယ်သားကဲ့သို့ မ မှတ် ကြမ်းတမ်း စွာ ပြုတတ်၏။ စိုးရိမ် ခြင်းမ ရှိ။ သားဘွားခြင်း ဝေဒနာကို အချည်းနှီး ခံတတ်၏။
17 ၁၇ အကြောင်း မူကား၊ ဘုရား သခင်သည် ပညာ မဲ့ စေခြင်းငှါ ဖန်ဆင်းတော်မူ၏။ ဉာဏ် ကိုပေး တော်မ မူ။
18 ၁၈ သို့သော်လည်းကိုယ်ကို ချီကြွ သောအခါ ၊ မြင်း နှင့် မြင်းစီး သော သူကို ပင် ရယ် တတ်၏။
19 ၁၉ သင်သည် မြင်း ကို ခွန်အား နှင့် ပြည့်စုံ စေသလော။ သူ ၏လည်ပင်း ၌ မိုဃ်းကြိုး လက္ခဏာကို သွင်း သလော။
20 ၂၀ ကျိုင်းကောင် ခုန်သကဲ့သို့ ခုန် တတ်စေသလော။ သူ ၏နှာခေါင်းမြည်သံသည် ကြောက်မက်ဘွယ် ဖြစ်၏။
21 ၂၁ လွင်ပြင် ကိုယက် ၍ ၊ မိမိခွန်အား ၌ ဝါကြွား လျက်၊ သူရဲ များကို တွေ့ အံ့သောငှါ သွား တတ်၏။
22 ၂၂ ကြောက် စရာအကြောင်းကို ကဲ့ရဲ့ ၍ ၊ ကြောက်လန့် သောသဘောနှင့်ကင်းလွတ် သဖြင့် ၊ ထား ဘေးကို မ ရှောင် တတ်။
23 ၂၃ သူ့ တစ်ဘက် ၌ မြှား တောင့်လှုပ်သံမြည် ၍၊ လှံ နှင့် ဒိုင်း လွှားသည် ပြောင်လက် လျက်ရှိ၏။
24 ၂၄ မာနကြီး၍ပြင်းထန် သောစိတ် နှင့် မြေ ကို မျို တတ်၏။ တံပိုး သံ ကို ကြားသောအခါ ၊ ငြိမ်ဝပ် စွာ မ နေနိုင်။
25 ၂၅ တံပိုး များ အလယ်သို့ရောက်၍ အေ့ဟေ ၊ အေ့ဟေဟုဆို တတ်၏။ ဗိုလ်ခြေ အော်ဟစ် ၍ အသံဗလံ ပြုခြင်းနှင့်တကွ ၊ စစ်တိုက်ပွဲ ကို အဝေး က အနံ့ခံ တတ်၏။
26 ၂၆ သင် ပေးသော ဉာဏ် အားဖြင့် သိမ်းငှက် သည် အတောင် ကို ဖြန့် ၍ တောင် မျက်နှာသို့ ပျံ သွားတတ် သလော ။
27 ၂၇ သင် စီရင် သောကြောင့် ရွှေလင်းတ သည် အထက် သို့တက်၍ ၊ မြင့် သောအရပ်၌ အသိုက် ကို လုပ်တတ်သလော။
28 ၂၈ သူသည် ကျောက် ပေါ်မှာနေ ၍ တောင်ထိပ်နှင့် ကျောက် ငူ ပေါ် မှာ နေရာ ကျတတ်၏။
29 ၂၉ ထို အရပ်က ကြည့် ၍ ကိုက်စားစရာ အကောင်ကို အဝေး က ပင် မြင် တတ်၏။
30 ၃၀ သူ ၏သား ငယ်တို့သည် အသွေး ကို သောက် တတ်၏။ အသေကောင် ရှိ ရာအရပ်၌ ထို ငှက်ရှိသည်ဟု မိန့်တော်မူ၏။