< ယောဘ 39 >

1 သင်သည် တောဆိတ် မွေး ရသောကာလ ကို သိ သလော။ သမင် ဒရယ်မ သားဘွား ခြင်းဝေဒနာခံရသောအချိန်ကို မှတ် နိုင်သလော။
Knowest thou the time when the wild goats of the rock bring forth? [or] canst thou mark when the hinds do calve?
2 ကိုယ်ဝန်ဆောင်ရသောနေ့လ တို့ကို ရေတွက် ၍၊ ဘွား ရသောအချိန် ကာလကို သိ သလော။
Canst thou number the months that they fulfill? or knowest thou the time when they bring forth?
3 သူတို့သည် ကျောကိုင်း ၍သား ငယ်ကို မွေးဘွား သဖြင့် ဝေဒနာ ငြိမ်း ကြ၏။
They bow themselves, they bring forth their young, they cast out their sorrows.
4 သား ငယ်တို့သည် ကျန်းမာ ၍၊ လွင်ပြင် ၌ ကြီးပွါး တတ်ကြ၏။ အခြားသို့သွား၍ အမိထံသို့ပြန် မ လာဘဲ နေတတ်ကြ၏။
Their young ones are in good liking, they grow up in the open field; they go forth, and return not again,
5 တောမြည်း ကိုအဆီးအတား မရှိစေခြင်းငှါ အဘယ်သူ လွှတ် သနည်း။ တောမြင်း ၌ချည်နှောင် ခြင်းကို အဘယ်သူ ဖြေ သနည်း။
Who hath sent out the wild ass free? or who hath loosed the bands of the wild ass?
6 တော ကို သူ့ အိမ် ဘို့၎င်း ၊ လွင်ပြင် ကိုသူ့ နေရာ ဘို့ ၎င်း ငါခန့် ထားပြီ။
Whose house I have made the wilderness, and the salt land his dwelling place.
7 မြို့ ၌ ဖြစ်သောလူတို့၏ အသံ ဗလံကို သူသည် မထီမဲ့မြင် ပြုတတ်၏။ နှင် သောသူအော်ဟစ် နှိုးဆော်သံကို မ မှတ် တတ်။
He scorneth the tumult of the city, neither heareth he the shoutings of the driver.
8 တောင်ရိုး ၌ ကျက်စား ၍ ၊ စိမ်း သော အပင် အမျိုးမျိုး ကို ရှာ တတ်၏။
The range of the mountains is his pasture, and he searcheth after every green thing.
9 ကြံ့ သည် သင်၏အမှု ကိုဆောင်ရွက်၍၊ သင် ၏ တင်းကုပ် ၌ နေ ခြင်းငှါအလိုရှိ လိမ့်မည်လော။
Will the wild-ox be content to serve thee? or will he abide by thy crib?
10 ၁၀ ကြံ့ ကိုထွန် ကြောင်းသို့ လိုက်စေခြင်းငှါ ကြိုး နှင့် ချည် နိုင်သလော။ သို့မဟုတ် သင့် နောက် သို့ လိုက်၍ချိုင့် ၌ လယ်ထွန် လိမ့်မည်လော။
Canst thou bind the wild-ox with his band in the furrow? or will he harrow the valleys after thee?
11 ၁၁ ကြံ့သည် အား ကြီး သောကြောင့် သူ့ ကို ယုံ မည်လော။ သင် လုပ်ရသောအလုပ် ကိုသူ ၌ အပ် မည်လော။
Wilt thou trust him, because his strength is great? or wilt thou leave to him thy labour?
12 ၁၂ သင် ၏စပါး ကို ဆောင် ခဲ့၍ စပါးကျီ ၌ စုသိမ်း လိမ့်မည်ဟု ယုံ သလော။
Wilt thou confide in him, that he will bring home thy seed, and gather [the corn of] thy threshingfloor?
13 ၁၃ ကုလားအုပ် ငှက်သည် အတောင် ခတ်လျက် နေတတ်၏။ တောငန်း သည် အမွေး အတောင် နှင့် ပြည့်စုံ၏။
The wing of the ostrich rejoiceth, [but] are her pinions and feathers kindly?
14 ၁၄ သို့သော်လည်း မြေ ၌ ဥ ၍ အဥတို့ကို မြေမှုန့် ၌ နွေး စေတတ်၏။
For she leaveth her eggs on the earth, and warmeth them in the dust,
15 ၁၅ သူ့ခြေသည်အဥတို့ကို နင်းမိမည်၊ သားရဲခွဲလိမ့် မည်ဟု မစိုးရိမ်။
And forgetteth that the foot may crush them, or that the wild beast may trample them.
16 ၁၆ သား ငယ်တို့ကို ကိုယ်သားကဲ့သို့ မ မှတ် ကြမ်းတမ်း စွာ ပြုတတ်၏။ စိုးရိမ် ခြင်းမ ရှိ။ သားဘွားခြင်း ဝေဒနာကို အချည်းနှီး ခံတတ်၏။
She is hardened against her young ones, as if they were not hers: though her labour be in vain, [she is] without fear;
17 ၁၇ အကြောင်း မူကား၊ ဘုရား သခင်သည် ပညာ မဲ့ စေခြင်းငှါ ဖန်ဆင်းတော်မူ၏။ ဉာဏ် ကိုပေး တော်မ မူ။
Because God hath deprived her of wisdom, neither hath he imparted to her understanding.
18 ၁၈ သို့သော်လည်းကိုယ်ကို ချီကြွ သောအခါ ၊ မြင်း နှင့် မြင်းစီး သော သူကို ပင် ရယ် တတ်၏။
What time she lifteth up herself on high, she scorneth the horse and his rider.
19 ၁၉ သင်သည် မြင်း ကို ခွန်အား နှင့် ပြည့်စုံ စေသလော။ သူ ၏လည်ပင်း ၌ မိုဃ်းကြိုး လက္ခဏာကို သွင်း သလော။
Hast thou given the horse [his] might? hast thou clothed his neck with the quivering mane?
20 ၂၀ ကျိုင်းကောင် ခုန်သကဲ့သို့ ခုန် တတ်စေသလော။ သူ ၏နှာခေါင်းမြည်သံသည် ကြောက်မက်ဘွယ် ဖြစ်၏။
Hast thou made him to leap as a locust? the glory of his snorting is terrible.
21 ၂၁ လွင်ပြင် ကိုယက် ၍ ၊ မိမိခွန်အား ၌ ဝါကြွား လျက်၊ သူရဲ များကို တွေ့ အံ့သောငှါ သွား တတ်၏။
He paweth in the valley, and rejoiceth in his strength: he goeth out to meet the armed men.
22 ၂၂ ကြောက် စရာအကြောင်းကို ကဲ့ရဲ့ ၍ ၊ ကြောက်လန့် သောသဘောနှင့်ကင်းလွတ် သဖြင့် ၊ ထား ဘေးကို မ ရှောင် တတ်။
He mocketh at fear, and is not dismayed; neither turneth he back from the sword.
23 ၂၃ သူ့ တစ်ဘက် ၌ မြှား တောင့်လှုပ်သံမြည် ၍၊ လှံ နှင့် ဒိုင်း လွှားသည် ပြောင်လက် လျက်ရှိ၏။
The quiver rattleth against him, the flashing spear and the javelin.
24 ၂၄ မာနကြီး၍ပြင်းထန် သောစိတ် နှင့် မြေ ကို မျို တတ်၏။ တံပိုး သံ ကို ကြားသောအခါ ၊ ငြိမ်ဝပ် စွာ မ နေနိုင်။
He swalloweth the ground with fierceness and rage; neither believeth he that it is the voice of the trumpet.
25 ၂၅ တံပိုး များ အလယ်သို့ရောက်၍ အေ့ဟေ ၊ အေ့ဟေဟုဆို တတ်၏။ ဗိုလ်ခြေ အော်ဟစ် ၍ အသံဗလံ ပြုခြင်းနှင့်တကွ ၊ စစ်တိုက်ပွဲ ကို အဝေး က အနံ့ခံ တတ်၏။
As oft as the trumpet [soundeth] he saith, Aha! and he smelleth the battle afar off, the thunder of the captains, and the shouting.
26 ၂၆ သင် ပေးသော ဉာဏ် အားဖြင့် သိမ်းငှက် သည် အတောင် ကို ဖြန့် ၍ တောင် မျက်နှာသို့ ပျံ သွားတတ် သလော ။
Doth the hawk soar by thy wisdom, [and] stretch her wings toward the south?
27 ၂၇ သင် စီရင် သောကြောင့် ရွှေလင်းတ သည် အထက် သို့တက်၍ ၊ မြင့် သောအရပ်၌ အသိုက် ကို လုပ်တတ်သလော။
Doth the eagle mount up at thy command, and make her nest on high?
28 ၂၈ သူသည် ကျောက် ပေါ်မှာနေ ၍ တောင်ထိပ်နှင့် ကျောက် ငူ ပေါ် မှာ နေရာ ကျတတ်၏။
She dwelleth on the rock, and hath her lodging [there], upon the crag of the rock, and the strong hold.
29 ၂၉ ထို အရပ်က ကြည့် ၍ ကိုက်စားစရာ အကောင်ကို အဝေး က ပင် မြင် တတ်၏။
From thence she spieth out the prey; her eyes behold it afar off.
30 ၃၀ သူ ၏သား ငယ်တို့သည် အသွေး ကို သောက် တတ်၏။ အသေကောင် ရှိ ရာအရပ်၌ ထို ငှက်ရှိသည်ဟု မိန့်တော်မူ၏။
Her young ones also suck up blood: and where the slain are, there is she.

< ယောဘ 39 >