< ယောဘ 37 >
1 ၁ ဤ အမှုကြောင့် ငါ့ နှလုံး သည် တုန်လှုပ် ၍ မိမိ နေရာ မှ ရွေ့ သွား၏။
Indeed, my heart trembles at this; it is moved out of its place.
2 ၂ မြွက်တော်မူသောအသံ နှင့် နှုတ် တော်မှ ထွက် သောအသံ ကို စေ့စေ့နားထောင် ကြလော့။
Hear, oh, hear the noise of his voice, the sound that goes out from his mouth.
3 ၃ မိုဃ်း ကောင်းကင်အောက် ၌ အနှံ့အပြား လွှတ်၍ ၊ မြေကြီး စွန်း တိုင်အောင် လျှပ်စစ် ပြက်စေတော်မူ၏။
He sends it out under the whole sky, and he sends out his lightning to the edges of the earth.
4 ၄ လျှပ်စစ်ပြက်ပြီးမှ အသံ တော်ထွက်၏။ ဘုန်း အာနုဘော်တော်အသံ နှင့် မိုဃ်းချုန်း တော်မူ၏။ အသံ တော်မြည်သောအခါ မိုဃ်းသက်မုန်တိုင်းကို ချုပ်တည်း တော်မ မူ။
A voice roars after it; he thunders with the voice of his majesty; he does not restrain the lightning bolts when his voice is heard.
5 ၅ အံ့ဩ ဘွယ်သော အခြင်းအရာပါလျက်၊ ဘုရား သခင်သည် အသံ တော်နှင့် မိုဃ်းချုန်း တော်မူ၏။ ကြီး သောအမှု ငါတို့နား မ လည်နိုင်သော အမှုတို့ကို ပြု တော်မူ၏။
God thunders marvelously with his voice; he does great things that we cannot comprehend.
6 ၆ မြေ ပေါ်မှာဖြစ် စေဟု မိုဃ်းပွင့် ကို ၎င်း၊ သုန်ဖျင်းသောမိုဃ်းရေနှင့် တန်ခိုးတော်ကြောင့် ပြင်းထန်သော မိုဃ်းရေကို၎င်းမိန့်တော်မူ၏။
For he says to the snow, 'Fall on the earth'; likewise to the rain shower, 'Become a great shower of rain.'
7 ၇ ဖန်ဆင်း တော်မူသောလူ အပေါင်း တို့သည် ကိုယ်တော်ကို သိ မည်အကြောင်း လူ တိုင်းလုပ်သော အလုပ် ကို ဆီးတား တော်မူ၏။
He stops the hand of every man from working, so that all people whom he has made may see his deeds.
8 ၈ ထိုအခါ သားရဲ တို့သည် မြေတွင်း ထဲ သို့ဝင် ၍ ၊ သူ တို့နေရာ ၌ နေ တတ်ကြ၏။
Then the beasts go into hiding and stay in their dens.
9 ၉ လေဘွေ သည် တောင် မျက်နှာမှ ၎င်း ၊ အချမ်း သည် မြောက် မျက်နှာမှ ၎င်း ထွက် လာတတ်၏။
The storm comes from its chamber in the south and the cold from the scattering winds in the north.
10 ၁၀ ဘုရား သခင်မှုတ်တော်မူသဖြင့်၊ ရေခဲ ဖြစ် ၍ ရေ မျက်နှာသည် ခဲလျက်ရှိ၏။
By the breath of God ice is given; the expanse of the waters is frozen like metal.
11 ၁၁ မိုဃ်းတိမ် မှမိုဃ်းရေ ကို သက်ရောက် စေ၍၊ ရောင်ခြည် တော်အားဖြင့်မိုဃ်းတိမ် ကို ပျောက်လွင့် စေတော်မူ၏။
Indeed, he weighs down the thick cloud with moisture; he scatters his lightning through the clouds.
12 ၁၂ လောကဓါတ် မြေကြီး တရှောက်လုံးကို မှာထား တော်မူသမျှ အတိုင်း ပြု စေ ခြင်းငှါ ပညာ တော်အားဖြင့် လှည့်လည် စေတော်မူ၏။
He swirls the clouds around by his guidance, so that they may do whatever he commands them above the surface of the whole world.
13 ၁၃ ဒဏ်ခတ် သော်၎င်း ၊ မြေ တော် ကို ပြုစုသော်၎င်း ၊ ချမ်းသာ ပေးသော်၎င်း လာ စေတော်မူ ၏။
He makes all of this happen; sometimes it happens for correction, sometimes for his land, and sometimes as acts of covenant faithfulness.
14 ၁၄ အိုယောဘ ၊ ဤ စကားကိုနားထောင် လော့။ ဘုရား သခင်၏ အံ့ဘွယ် သောအမှုတော်တို့ကို ငြိမ်သက်စွာနေ ၍ ဆင်ခြင် လော့။
Listen to this, Job; stop and think about God's marvelous deeds.
15 ၁၅ ထိုအမှုတို့ကို ဘုရား သခင်စီရင် ၍၊ မိုဃ်းတိမ် တော်အလင်း ကို ထွန်းလင်း စေတော်မူသောအခါ ၊ သင်သည် သိ သလော။
Do you know how God establishes the clouds and makes the lightning bolts to flash in them?
16 ၁၆ ပညာ စုံလင် သောဘုရား၏ အံ့ဘွယ် သောအမှုတော်တည်းဟူသောမိုဃ်းတိမ် တို့သည် မပေါ့မလေး မှန်မှန်မိုးမည်အကြောင်း၊ ပြုတော်မူသောအမှုကို၎င်း၊
Do you understand the floating of the clouds, the marvelous deeds of God, who is perfect in knowledge?
17 ၁၇ မြေ ပေါ်မှာ တောင် လေဖြင့်အချမ်း ပျောက်စေ တော်မူသောအခါ ၊ သင် ၏အဝတ် သည် အဘယ်သို့သော အားဖြင့်နွေး သည်ကို၎င်းနားလည် သလော။
Do you understand how your garments become hot when the land is still because the wind comes from the south?
18 ၁၈ သွန်း သော ကြေးမုံ ကဲ့သို့ တည်လျက်ရှိသောမိုဃ်း ကောင်းကင်ကို သင်သည် ဘုရားသခင်နှင့် ဝိုင်းညီ၍ ကြက် သလော။
Can you spread out the sky as he can— the sky, which is as strong as a mirror of cast metal?
19 ၁၉ ငါ တို့သည် အဘယ်သို့ လျှောက် ရမည်ကို သွန်သင် ပါ။ ငါတို့သည် မိုက် သောကြောင့် ၊ အလိုအလျောက်မ လျှောက် တတ်ကြ။
Teach us what we should say to him, for we cannot lay out our arguments in order because of the darkness of our minds.
20 ၂၀ ငါပြော သော စကားကို ဘုရား သခင်အား ကြား လျှောက်လိမ့်မည်လော။ အကယ်၍လူ သည် ဘုရားသခင်ကို လျှောက် ဝံ့လျှင် ပျက်စီး ခြင်းသို့ ရောက် လိမ့်မည်။
Should he be told that I wish to speak with him? Would a person wish to be swallowed up?
21 ၂၁ လေ သည် လာ၍မိုဃ်း ကောင်းကင်ကို ရှင်းလင်း စေသောအခါ ၊ လူသည် ထွန်းလင်း သောရောင်ခြည် ကို မ ကြည့် နိုင်။
Now, people cannot look at the sun when it is bright in the sky after the wind has passed through and has cleared it of its clouds.
22 ၂၂ မြောက် မျက်နှာမှ ရွှေ ရောင်ခြည်ထွက် တတ်၏။ ဘုရား သခင်သည် ကြောက်မက် ဘွယ်သော ဘုန်း အာနုဘော် နှင့် ပြည့်စုံတော်မူ၏။
Out of the north comes golden splendor— over God is fearsome majesty.
23 ၂၃ အနန္တ တန်ခိုးရှင်ကို ငါတို့သည် စစ် ၍မ ကုန်နိုင်ကြ။ အစွမ်း သတ္တိအားဖြင့်၎င်း၊ တရားစီရင် ခြင်းနှင့် ဖြောင့်မတ် ခြင်းအားဖြင့်၎င်း ထူးဆန်း တော်မူ၏။ အဘယ် သူကိုမျှ ညှဉ်းဆဲ တော်မ မူ။
As for the Almighty, we cannot find him! He is great in power; he does not oppress justice and abundant righteousness.
24 ၂၄ သို့ဖြစ်၍ လူ တို့သည် ကြောက်ရွံ့ စရာအကြောင်းရှိကြ၏။ ဉာဏ် ကောင်းသောသူ တစုံ တယောက်မျှ ဘုရားသခင်ကို မ ဖူး မကြည့်နိုင်ဟု မြွက်ဆို၏။
Therefore, people fear him. He does not pay any attention to those who are wise in their own minds.”