< ယောဘ 37 >

1 ဤ အမှုကြောင့် ငါ့ နှလုံး သည် တုန်လှုပ် ၍ မိမိ နေရာ မှ ရွေ့ သွား၏။
“At this my heart also pounds and leaps from its place.
2 မြွက်တော်မူသောအသံ နှင့် နှုတ် တော်မှ ထွက် သောအသံ ကို စေ့စေ့နားထောင် ကြလော့။
Listen closely to the thunder of His voice and the rumbling that comes from His mouth.
3 မိုဃ်း ကောင်းကင်အောက် ၌ အနှံ့အပြား လွှတ်၍ ၊ မြေကြီး စွန်း တိုင်အောင် လျှပ်စစ် ပြက်စေတော်မူ၏။
He unleashes His lightning beneath the whole sky and sends it to the ends of the earth.
4 လျှပ်စစ်ပြက်ပြီးမှ အသံ တော်ထွက်၏။ ဘုန်း အာနုဘော်တော်အသံ နှင့် မိုဃ်းချုန်း တော်မူ၏။ အသံ တော်မြည်သောအခါ မိုဃ်းသက်မုန်တိုင်းကို ချုပ်တည်း တော်မ မူ။
Then there comes a roaring sound; He thunders with His majestic voice. He does not restrain the lightning when His voice resounds.
5 အံ့ဩ ဘွယ်သော အခြင်းအရာပါလျက်၊ ဘုရား သခင်သည် အသံ တော်နှင့် မိုဃ်းချုန်း တော်မူ၏။ ကြီး သောအမှု ငါတို့နား မ လည်နိုင်သော အမှုတို့ကို ပြု တော်မူ၏။
God thunders wondrously with His voice; He does great things we cannot comprehend.
6 မြေ ပေါ်မှာဖြစ် စေဟု မိုဃ်းပွင့် ကို ၎င်း၊ သုန်ဖျင်းသောမိုဃ်းရေနှင့် တန်ခိုးတော်ကြောင့် ပြင်းထန်သော မိုဃ်းရေကို၎င်းမိန့်တော်မူ၏။
For He says to the snow, ‘Fall on the earth,’ and to the gentle rain, ‘Pour out a mighty downpour.’
7 ဖန်ဆင်း တော်မူသောလူ အပေါင်း တို့သည် ကိုယ်တော်ကို သိ မည်အကြောင်း လူ တိုင်းလုပ်သော အလုပ် ကို ဆီးတား တော်မူ၏။
He seals up the hand of every man, so that all men may know His work.
8 ထိုအခါ သားရဲ တို့သည် မြေတွင်း ထဲ သို့ဝင် ၍ ၊ သူ တို့နေရာ ၌ နေ တတ်ကြ၏။
The wild animals enter their lairs; they settle down in their dens.
9 လေဘွေ သည် တောင် မျက်နှာမှ ၎င်း ၊ အချမ်း သည် မြောက် မျက်နှာမှ ၎င်း ထွက် လာတတ်၏။
The tempest comes from its chamber, and the cold from the driving north winds.
10 ၁၀ ဘုရား သခင်မှုတ်တော်မူသဖြင့်၊ ရေခဲ ဖြစ် ၍ ရေ မျက်နှာသည် ခဲလျက်ရှိ၏။
By the breath of God the ice is formed and the watery expanses are frozen.
11 ၁၁ မိုဃ်းတိမ် မှမိုဃ်းရေ ကို သက်ရောက် စေ၍၊ ရောင်ခြည် တော်အားဖြင့်မိုဃ်းတိမ် ကို ပျောက်လွင့် စေတော်မူ၏။
He loads the clouds with moisture; He scatters His lightning through them.
12 ၁၂ လောကဓါတ် မြေကြီး တရှောက်လုံးကို မှာထား တော်မူသမျှ အတိုင်း ပြု စေ ခြင်းငှါ ပညာ တော်အားဖြင့် လှည့်လည် စေတော်မူ၏။
They swirl about, whirling at His direction, accomplishing all that He commands over the face of all the earth.
13 ၁၃ ဒဏ်ခတ် သော်၎င်း ၊ မြေ တော် ကို ပြုစုသော်၎င်း ၊ ချမ်းသာ ပေးသော်၎င်း လာ စေတော်မူ ၏။
Whether for punishment or for His land, He accomplishes this in His loving devotion.
14 ၁၄ အိုယောဘ ၊ ဤ စကားကိုနားထောင် လော့။ ဘုရား သခင်၏ အံ့ဘွယ် သောအမှုတော်တို့ကို ငြိမ်သက်စွာနေ ၍ ဆင်ခြင် လော့။
Listen to this, O Job; stand still and consider the wonders of God.
15 ၁၅ ထိုအမှုတို့ကို ဘုရား သခင်စီရင် ၍၊ မိုဃ်းတိမ် တော်အလင်း ကို ထွန်းလင်း စေတော်မူသောအခါ ၊ သင်သည် သိ သလော။
Do you know how God dispatches the clouds or makes the lightning flash?
16 ၁၆ ပညာ စုံလင် သောဘုရား၏ အံ့ဘွယ် သောအမှုတော်တည်းဟူသောမိုဃ်းတိမ် တို့သည် မပေါ့မလေး မှန်မှန်မိုးမည်အကြောင်း၊ ပြုတော်မူသောအမှုကို၎င်း၊
Do you understand how the clouds float, those wonders of Him who is perfect in knowledge?
17 ၁၇ မြေ ပေါ်မှာ တောင် လေဖြင့်အချမ်း ပျောက်စေ တော်မူသောအခါ ၊ သင် ၏အဝတ် သည် အဘယ်သို့သော အားဖြင့်နွေး သည်ကို၎င်းနားလည် သလော။
You whose clothes get hot when the land lies hushed under the south wind,
18 ၁၈ သွန်း သော ကြေးမုံ ကဲ့သို့ တည်လျက်ရှိသောမိုဃ်း ကောင်းကင်ကို သင်သည် ဘုရားသခင်နှင့် ဝိုင်းညီ၍ ကြက် သလော။
can you, like Him, spread out the skies to reflect the heat like a mirror of bronze?
19 ၁၉ ငါ တို့သည် အဘယ်သို့ လျှောက် ရမည်ကို သွန်သင် ပါ။ ငါတို့သည် မိုက် သောကြောင့် ၊ အလိုအလျောက်မ လျှောက် တတ်ကြ။
Teach us what we should say to Him; we cannot draw up our case when our faces are in darkness.
20 ၂၀ ငါပြော သော စကားကို ဘုရား သခင်အား ကြား လျှောက်လိမ့်မည်လော။ အကယ်၍လူ သည် ဘုရားသခင်ကို လျှောက် ဝံ့လျှင် ပျက်စီး ခြင်းသို့ ရောက် လိမ့်မည်။
Should He be told that I want to speak? Would a man ask to be swallowed up?
21 ၂၁ လေ သည် လာ၍မိုဃ်း ကောင်းကင်ကို ရှင်းလင်း စေသောအခါ ၊ လူသည် ထွန်းလင်း သောရောင်ခြည် ကို မ ကြည့် နိုင်။
Now no one can gaze at the sun when it is bright in the skies after the wind has swept them clean.
22 ၂၂ မြောက် မျက်နှာမှ ရွှေ ရောင်ခြည်ထွက် တတ်၏။ ဘုရား သခင်သည် ကြောက်မက် ဘွယ်သော ဘုန်း အာနုဘော် နှင့် ပြည့်စုံတော်မူ၏။
Out of the north He comes in golden splendor; awesome majesty surrounds Him.
23 ၂၃ အနန္တ တန်ခိုးရှင်ကို ငါတို့သည် စစ် ၍မ ကုန်နိုင်ကြ။ အစွမ်း သတ္တိအားဖြင့်၎င်း၊ တရားစီရင် ခြင်းနှင့် ဖြောင့်မတ် ခြင်းအားဖြင့်၎င်း ထူးဆန်း တော်မူ၏။ အဘယ် သူကိုမျှ ညှဉ်းဆဲ တော်မ မူ။
The Almighty is beyond our reach; He is exalted in power! In His justice and great righteousness He does not oppress.
24 ၂၄ သို့ဖြစ်၍ လူ တို့သည် ကြောက်ရွံ့ စရာအကြောင်းရှိကြ၏။ ဉာဏ် ကောင်းသောသူ တစုံ တယောက်မျှ ဘုရားသခင်ကို မ ဖူး မကြည့်နိုင်ဟု မြွက်ဆို၏။
Therefore, men fear Him, for He is not partial to the wise in heart.”

< ယောဘ 37 >