< ယောဘ 34 >

1 တဖန် ဧလိဟု ဆက်၍ မြွက်ဆို သည်ကား၊
Moreover Elihu answered,
2 အကြားအမြင်များသော ပညာရှိ တို့၊ ငါ့ စကား ကို နားထောင် နာယူ ကြလော့။
"Hear my words, you sages. Give ear to me, you who have knowledge.
3 ခံတွင်း သည် အစာကို မြည်းစမ်း သကဲ့သို့၊ နား သည် စကား ကို စုံစမ်း တတ်၏။
For the ear tries words, as the palate tastes food.
4 ငါတို့သည် ကိုယ် အဘို့ အလိုငှါ စစ် ၍တရား သဖြင့် စီရင်ကြကုန်အံ့။ ကောင်း သောအရာ ကို ကိုယ်တိုင် အားဖြင့်သိမှတ် ကြကုန်အံ့။
Let us choose for us that which is right. Let us know among ourselves what is good.
5 ယောဘ က၊ ငါဖြောင့်မတ် ၏။ ဘုရား သခင်သည် ငါ့ ကို အမှု ရှုံး စေတော်မူ၏။
For Job has said, 'I am righteous, God has taken away my right:
6 ငါသည် ကိုယ်အကျိုးကို ပျက်စီးစေခြင်းငှါ မုသာပြောရမည်လော။ ငါမပြစ်မှားသော်လည်း၊ မပျောက်နိုင်သောအနာရောဂါစွဲပါသည်တကားဟု ဆိုမိပြီ။
Notwithstanding my right I am considered a liar. My wound is incurable, though I am without disobedience.'
7 ယောဘ နှင့် တူသော သူ တစုံတယောက်ရှိလိမ့်မည်လော။ ရေ ကို သောက်သကဲ့သို့ ကဲ့ရဲ့ ခြင်းကို မျို တတ်၏။
What man is like Job, who drinks scorn like water,
8 မ တရားသဖြင့်ကျင့် သောသူတို့ နှင့် ပေါင်းဘော် ၍၊ လူဆိုး တို့နှင့် သွား လာတတ်၏။
Who goes in company with evildoers, and walks with wicked men?
9 လူ သည်ဘုရား သခင်၌ မွေ့လျော် ၍၊ အကျိုး မ ရှိဟု ယောဘသည် ဆို မိပြီ။
For he has said, 'It profits a man nothing that he should delight himself with God.'
10 ၁၀ သို့ဖြစ်၍ ဉာဏ်ကောင်းသောသူတို့၊ ငါ့ စကားကို နားထောင် ကြလော့။ ဒုစရိုက် သည် ဘုရား သခင်နှင့် ၎င်း ၊ အပြစ် သည် အနန္တ တန်ခိုးရှင်နှင့်၎င်း ဝေး ပါစေ။
"Therefore listen to me, you men of understanding: far be it from God, that he should do wickedness, from Shaddai, that he should commit iniquity.
11 ၁၁ လူ ပြုသော အမှု ၏အကျိုးအပြစ်ကိုပေး တော်မူမည်။ လူတိုင်း ကိုယ်ကျင့်သောအကျင့်နှင့်အထိုက် အလျောက်ခံစေတော်မူမည်။
For the work of a man he will render to him, and cause every man to find according to his ways.
12 ၁၂ အကယ် စင်စစ်ဘုရား သခင်သည် ဒုစရိုက် ကို ပြုတော်မ မူ။ အနန္တ တန်ခိုးရှင်သည် မ တရားသဖြင့် စီရင် တော်မ မူ။
Yes surely, God will not do wickedly, neither will Shaddai pervert justice.
13 ၁၃ မြေကြီး ကို ဘုရားသခင်၌ အဘယ်သူ အပ် သနည်း။ လောကဓါတ်လုံး ကို အဘယ်သူ စီရင်ပြုပြင် သနည်း။
Who put him in charge of the earth? or who has appointed him over the whole world?
14 ၁၄ ဘုရားသခင်သည် လူကို အလို တော်မရှိ၍ ၊ လူ၏အသက် ဝိညာဉ် ကို ရုပ်သိမ်း တော်မူလျှင်၊
If he set his heart on himself, If he gathered to himself his spirit and his breath,
15 ၁၅ ခပ်သိမ်း သော လူ သတ္တဝါတို့သည် ချက်ခြင်း သေ ပျောက်၍ မြေမှုန့် သို့ တဖန် ရောက်ရကြလိမ့်မည်။
all flesh would perish together, and man would turn again to dust.
16 ၁၆ ယခု မှာသင်သည် ဉာဏ် ရှိသည်ဖြစ်၍ ဆင်ခြင် ဦးလော့။ ငါ့ စကား သံ ကို နားထောင် ဦးလော့။
"If now you have understanding, hear this. Listen to the voice of my words.
17 ၁၇ တရား ကို မုန်း သောသူသည် အစိုးရ ရမည်လော။ တရား သဖြင့် စီရင်၍ တန်ခိုး ကြီးသောသူကို အပြစ် တင်သင့်သလော။
Shall even one who hates justice govern? Will you condemn him who is righteous and mighty?
18 ၁၈ သင်သည်လူဆိုး ဖြစ်၏ဟု ရှင်ဘုရင် ကို ၎င်း၊ သင်တို့သည် အဓမ္မ လူဖြစ်ကြ၏ဟုမင်း တို့ကို ၎င်းဆို သင့် သလော ။
Who says to a king, 'Vile.' or to nobles, 'Wicked.'?
19 ၁၉ ထိုမျှမက၊ မင်း တို့၏မျက်နှာ ကို ထောက် တော်မ မူ။ ဆင်းရဲ သောသူကို အားနာသည်ထက်၊ ရ တတ် သောသူကိုသာ၍အားနာ တော်မ မူသောဘုရားသခင်ကို မဆိုသင့်သည်မဟုတ်လော။ ဘုရားသခင်သည် ခပ်သိမ်း သောသတ္တဝါတို့ကို ဖန်ဆင်း တော်မူပြီ။
Who doesn't respect the persons of princes, nor regards the rich more than the poor; for they all are the work of his hands.
20 ၂၀ တခဏ ခြင်းတွင် သတ္တဝါတို့သည် သေ တတ်ကြ၏။ သန်းခေါင် အချိန်၌ လူမျိုး တစုံတမျိုး တုန်လှုပ် ကွယ်ပျောက် ၍၊ အားကြီး သောသူသော်လည်းအဘယ်သူမျှမ ပြု ဘဲ သုတ်သင် ပယ်ရှင်းခြင်းသို့ ရောက်တတ်၏။
In a moment they die, even at midnight. The people are shaken and pass away. The mighty are taken away without a hand.
21 ၂၁ အကြောင်း မူကား၊ လူ သွားရာလမ်း တို့ကို ဘုရားသခင် ကြည့်ရှု ၍၊ လူခြေရာ ရှိသမျှ တို့ကို မြင် တော်မူ၏။
"For his eyes are on the ways of a man. He sees all his goings.
22 ၂၂ မ တရားသဖြင့် ကျင့် သောသူ၏ ပုန်းရှောင် ရာ မှောင်မိုက် ၊ သေမင်း အရိပ်တစုံတခုမျှမ ရှိ။
There is no darkness, nor thick gloom, where evildoers may hide themselves.
23 ၂၃ ဘုရား သခင့်ရှေ့တော်၌ လူ သည် တရား တွေ့ သောအခါ ၊ အထပ်ထပ် စစ်ကြော တော်မူစရာ အကြောင်းမ ရှိ။
For he doesn't need to consider a man further, that he should go before God in judgment.
24 ၂၄ အားကြီး သောသူတို့ကိုပင် မ စစ်ကြော ဘဲ ချိုးဖျက် ၍ ၊ သူ တို့အရာ ၌ အခြား သောသူကို ခန့်ထား တော်မူ၏။
He breaks in pieces mighty men in ways past finding out, and sets others in their place.
25 ၂၅ သို့ဖြစ်၍ သူ တို့ပြု သမျှကို သိ တော်မူသဖြင့် ၊ ညဉ့် မှောင်မိုက်ကို ရောက်စေ၍ ဖျက်ဆီး တော်မူ၏။
Therefore he takes knowledge of their works. He overturns them in the night, so that they are destroyed.
26 ၂၆ သူ တို့အပြစ် ကြောင့် ပရိသတ်ရှေ့မှာ ဒဏ်ခတ် တော်မူ၏။
He strikes them as wicked men in the open sight of others;
27 ၂၇ အကြောင်း မူကား၊ သူတို့သည် ဘုရားသခင်ကိုငြင်းပယ် ကြ၏။ ပြုတော်မူသောအမှု တို့ကို အလျှင်း မ ဆင်ခြင် ကြ။
because they turned aside from following him, and wouldn't pay attention to any of his ways,
28 ၂၈ ထိုသို့ပြုသောကြောင့်ဆင်းရဲသား ငိုကြွေး သံသည် ရှေ့တော်သို့ တက်၍ ၊ ညှဉ်းဆဲ ခံရသောသူ၏ ငိုကြွေး သံကိုကြား တော်မူရ၏။
so that they caused the cry of the poor to come to him. He heard the cry of the afflicted.
29 ၂၉ ဘုရားသခင်သည်ချမ်းသာ ပေးတော်မူလျှင် အဘယ်သူ နှောင့်ရှက် နိုင်သနည်း။ မျက်နှာ လွှဲတော်မူလျှင် လူ တမျိုးလုံးဖြစ်စေ၊ တယောက် တည်းဖြစ်စေ၊ အဘယ်သူ သည် မျက်နှာတော်ကို ဖူးမြင် နိုင်သနည်း။
When he gives quietness, who then can condemn? When he hides his face, who then can see him? Alike whether to a nation, or to a man,
30 ၃၀ ထိုသို့ဆင်းရဲသားတို့ကို မမှားယွင်းစေမည်အကြောင်းအဓမ္မ မင်းတို့ကို နှိမ့်ချတော်မူ၏။
that the godless man may not reign, that there be no one to ensnare the people.
31 ၃၁ အကျွန်ုပ်သည် ဆုံးမ တော်မူခြင်းကိုခံရပါပြီ။ နောက်တဖန် မ ပြစ်မှား ပါ။
"For has any said to God, 'I am guilty, but I will not offend any more.
32 ၃၂ အကျွန်ုပ်နား မ လည်သောအရာကိုသွန်သင် တော်မူပါ။ ဒုစရိုက် ကို ပြု မိသည်ဖြစ်၍၊ နောက် တဖန် မ ပြုဘဲ နေပါမည်ဟု ဘုရား သခင်အား လျှောက်သင့် သည် မဟုတ်လော။
Teach me that which I do not see. If I have done iniquity, I will do it no more'?
33 ၃၃ သင်သည် ငြင်းပယ် သည်ဖြစ်စေ၊ ရွေးယူ သည် ဖြစ်စေ၊ သင်၏အလိုသို့သာ ဘုရားသခင်လိုက်၍ ၊ အလိုတော် သို့မ လိုက်ဘဲ အကျိုးအပြစ်ကိုပေး တော်မူရမည် လော ။ သို့ဖြစ်လျှင် နားလည် သည်အတိုင်း ပြော ပါ။
Shall his recompense be as you desire, that you refuse it? For you must choose, and not I. Therefore speak what you know.
34 ၃၄ ဉာဏ် ကောင်းသောသူ တို့ သည် စကားပြော ပါစေ။ ပညာ ရှိသောသူတို့ သည် ငါ့ စကားကို နားထောင် ပါစေ။
Men of understanding will tell me, yes, every wise man who hears me:
35 ၃၅ ယောဘ သည် နား မ လည်ဘဲပြော မိပြီ။ သူ ပြော သောစကား သည် ပညာ စကားမ ဟုတ်။
'Job speaks without knowledge. His words are without wisdom.'
36 ၃၆ ယောဘ သည် မတရား သော သူ ကဲ့သို့ပြန်ပြော တတ်သောကြောင့် ၊ အဆုံး တိုင်အောင် စုံစမ်း စေခြင်းငှါ ငါအလိုရှိ ၏။
I wish that Job were tried to the end, because of his answering like wicked men.
37 ၃၇ ဒုစရိုက် ကိုပြုသည်သာမက၊ ပုန်ကန်သော အပြစ် ရှိသေး၏။ ငါ တို့တွင် အောင်ပွဲ ကိုခံ၍ ၊ ဘုရား သခင်ကို ပြစ်မှားသောစကား နှင့် များစွာ ပြော တတ်သည်ဟု မြွက်ဆို၏။
For he adds rebellion to his sin. He claps his hands among us, and multiplies his words against God."

< ယောဘ 34 >