< ယောဘ 33 >
1 ၁ သို့ဖြစ်၍အို ယောဘ ၊ ငါ မြွက်ဆို သောစကား အလုံးစုံ တို့ကို နားထောင် နာယူ ပါလော့။
Tena ra, whakarongo, e Hopa, ki aku korero, kia whai taringa ki aku kupu katoa.
2 ၂ ငါသည် ယခု နှုတ် ကိုဖွင့် ၍ လျှာ နှင့်မြွက်ဆို သောအခါ၊
Nana, kua puaki nei toku mangai, kei te korero toku arero i roto i toku mangai.
3 ၃ ငါ သဘော ဖြောင့် သည်နှင့်အညီငါ့ စကား ဖြောင့်လိမ့်မည်။ ငါ့ နှုတ် သည်ရှင်းလင်း သော ပညာ စကား ကို မြွက်ဆို လိမ့်မည်။
Ma aku kupu e whakapuaki te tika o toku ngakau; ka korero pono oku ngutu i ta ratou e matau ana.
4 ၄ ဘုရား သခင်၏ဝိညာဉ် တော်သည် ငါ့ ကို ဖန်ဆင်း တော်မူပြီ။ အနန္တ တန်ခိုးရှင်၏ အသက် တော် သည် ငါ့ ကို အသက် ရှင်စေတော်မူပြီ။
He mea hanga ahau na te Wairua o te Atua, a na te manawa o te Kaha Rawa ahau i whai ora ai.
5 ၅ သင်သည်တတ်နိုင် လျှင် ငါ့ ကို ပြန် ပြောလော့။ ကိုယ် စကားကို ပြင်ဆင် လော့။ ကြိုးစား လော့။
Ki te taea e koe, whakahokia mai e koe he kupu ki ahau; whakatikaia au korero ki toku aroaro, e tu ki runga.
6 ၆ ဘုရား သခင့်ရှေ့ မှာ ငါ သည်သင် နှင့်တူ ၏။ ငါ သည်လည်း မြေမှုန့် ဖြင့် ဖန်ဆင်း တော်မူရာဖြစ်၏။
Nana, ko toku anga ki te Atua he pena hoki i tau; he mea hanga nei ano hoki ahau ki te paru.
7 ၇ သင် သည် ကြောက်ရွံ့ ရမည်အကြောင်းငါ ၌ ကြောက်မက် ဘွယ်သော အရာမ ရှိ။ သင့် အပေါ် မှာ ငါ သည် လေးသောလက် ကိုမတင်။
Nana, e kore te wehi ki ahau e whakawehi i a koe; e kore ano hoki toku ringa e taimaha iho ki a koe.
8 ၈ အကယ် စင်စစ်သင့်စကား သံ ကို ငါကြား သည် အတိုင်း သင်မြွက်ဆို သောစကားဟူမူကား၊
He pono kua hakiri oku taringa ki au kupu, a kua rongo atu ahau i te reo o au kupu, e mea ana,
9 ၉ ငါ သည် စင်ကြယ် သောသဘောရှိ၏။ ပြစ်မှား ခြင်းကို မ ပြုတတ်။ ငါ ၌အပြစ် မ ရှိ။ သန့်ရှင်း ခြင်းရှိ၏။
He ma ahau, kahore oku he; he harakore ahau, kahore hoki he kino i roto i ahau:
10 ၁၀ ဘုရားသခင်သည် ငါ ၌ အပြစ်တင်ခွင့်ကို ရှာ တော်မူ၏။ ငါ့ ကို ရန်သူ ကဲ့သို့ မှတ် တော်မူ၏။
Na e rapu ana ia i te take riri ki ahau, e kiia ana ahau e ia he hoariri nona;
11 ၁၁ ငါ့ ကို ထိတ်ခတ် တော်မူ၏။ ငါ ထွက်ရာလမ်း ရှိသမျှ တို့ ကို စောင့် တော်မူ၏ဟု ဆိုမိပြီ။
E karapitia ana e ia oku waewae ki te rakau, e ata titiro ana ia ki oku hikoinga katoa.
12 ၁၂ ထိုသို့ ဆိုသော်မှား ပြီ။ ငါပြန် ပြောသောစကားဟူမူကား၊ အကယ် စင်စစ်ဘုရား သခင်သည် လူ ထက် ကြီးမြတ် တော်မူ၏။
Nana, maku e whawhati tau kupu, ehara tenei mea au i te mea tika; nui atu hoki te Atua i te tangata.
13 ၁၃ ဘုရားသခင်နှင့်အဘယ်ကြောင့် ဆန့်ကျင် ဘက် ပြုသနည်း။ ပြုတော်မူသောအမှု တို့၏အကြောင်း ကို ပြတော်မ မူ။
He aha koe i totohe ai ki a ia? E kore hoki e korerotia e ia te tikanga o tetahi o ana mea.
14 ၁၄ ဘုရား သခင်သည် တကြိမ် မိန့်မြွက် တော်မူ၏။ လူမ ရိပ်မိ လျှင် နှစ် ကြိမ်တိုင်အောင် မိန့်မြွက်တော်မူ၏။
Kotahi hoki, ae ra, e rua korerotanga a te Atua, otiia kahore e maharatia e te tangata.
15 ၁၅ လူ သည်အိပ်ရာ ပေါ် မှာငိုက် လျက် အိပ်ပျော် လျက်နေသောအခါ အိပ်မက် မြင်၍၊ ညဉ့် ရူပါရုံ ကို ခံရသောအားဖြင့်၊
I te moe, i te putanga moemoea mai o te po, ina au iho te moe o te tangata, i nga moenga i runga i te takotoranga;
16 ၁၆ ဘုရားသခင်သည် လူ ၏နား ကို ဖွင့် ၍ ဆုံးမ ပေးတော်မူတတ်၏။
Ko reira ia whakapuare ai i nga taringa o nga tangata, hiri ai hoki i te ako mo ratou;
17 ၁၇ ထိုသို့လူ သည် မိမိအကြံ ကိုစွန့် စေ ခြင်းငှါ၎င်း ၊ မာန် မာနနှင့် ကင်းလွတ် စေခြင်းငှါ၎င်း ပြုတော်မူ၏။
Kia whakanekehia ai te tangata i tana whakaaro, kia hipokina ai hoki te whakapehapeha o te tangata;
18 ၁၈ သူ ၏အသက် ကို သင်္ချိုင်းတွင်း မှ ကွယ်ကာ ၍ ၊ ထား ဘေးဖြင့် မသေစေခြင်းငှါ စောင့်မ တော်မူ၏။
E puritia ana e ia tona wairua kei tae ki te rua, tona ora kei riro i te hoari.
19 ၁၉ လူသည် အိပ်ရာ ပေါ် မှာနာ ခြင်းဝေဒနာကို ခံရ၍၊ အရိုး ရှိသမျှ တို့သည် ပြင်းထန် စွာ ကိုက်ခဲသဖြင့်၊
E whiua ana hoki ia ki te mamae i runga i tona moenga, ki te ngau tonu hoki o ona wheua;
20 ၂၀ မုန့် နှင့်မြိန် သော ခဲဘွယ် စားဘွယ်တို့ကို သူ ၏ စိတ် ဝိညာဉ်သည် ရွံ့ရှာ ၏။
A whakarihariha ana tona ora ki te taro, tona wairua ki te kai whakaminamina.
21 ၂၁ အသားအရေ ပိန် လျော့ ကွယ်ပျောက်၍၊ မ ထင်ရှား ဘူးသော အရိုး တို့လည်း ပေါ် ကြ၏။
E honia ana ona kiko, a kore noa e kitea; a purero mai ana ona wheua kihai nei i kitea i mua.
22 ၂၂ အသက် ဝိညာဉ် သည် သင်္ချိုင်း တွင်းနားသို့ ၎င်း၊ ဖျက်ဆီး သော တမန်လက်သို့ ၎င်း ရောက် လုပြီ။
Heoi e whakatata ana tona wairua ki te rua, tona ora ki nga kaiwhakamate.
23 ၂၃ သို့ရာတွင်လူ တို့အား တရား လမ်းကို ပြ စေ ခြင်းငှါ၊ တ ထောင် တွင် အထွဋ်ဖြစ်၍၊ တရား စကားကို ပြန်တတ် သော တမန် ရှိ လျှင်၊
Ki te mea he karere tera kei a ia, he kaiwhakaatu tikanga tetahi i roto i te mano, hei whakaatu i tona tika ki te tangata:
24 ၂၄ ဘုရားသခင်က၊ သင်္ချိုင်း တွင်းထဲသို့ထိုသူ ကို မဆင်း စေဘဲ ကယ်တင် လော့။ ရွေး ရာအကြောင်းကို ငါတွေ့ ပြီဟု ကရုဏာ စိတ်ရှိ၍ မိန့် တော်မူသောအားဖြင့်၊
Na ka tohu tera i a ia, a ka mea, Whakaorangia ia kei heke ki te rua, kua kitea hoki e ahau he utu.
25 ၂၅ ထိုသူသည် သူငယ် ထက် အသားအရေ နုထွား ၍ ပျို သောအသက်နှင့်တဖန် ပြည့်စုံလိမ့်မည်။
Ko tona kiri ka ngawari atu i to te tamaiti; ka hoki iho ia ki nga ra o tona tamarikitanga:
26 ၂၆ ဘုရား သခင်ကို ဆုတောင်း ၍ကျေးဇူး တော်ကိုခံရသဖြင့် ၊ ဝမ်းမြောက် သောစိတ်နှင့် မျက်နှာ တော်ကို ဖူးမြင် ရလိမ့်မည်။ ဖြောင့်မတ် ခြင်းအကျိုးကို လူ တို့အား ဘုရားသခင်ပေးတော်မူတတ်၏။
Ka inoi ia ki te Atua, a ka manako tera ki a ia; heoi ka kite ia i tona mata i runga i te koa: a ka utua e ia te tika o te tangata.
27 ၂၇ သူကလည်း ၊ ငါသည် ပြစ်မှား ပါပြီ။ မှန် သော တရားကိုမှောက် ပါပြီ။ သို့သော်လည်း ကိုယ် ခံထိုက်သော အပြစ်ကိုမ ခံရ ဘဲ၊
E waiata ana ia i te aroaro o nga tangata, e mea ana, Kua hara ahau, whakaparoritia ake e ahau te tika, a kahore he pai ki ahau:
28 ၂၈ သင်္ချိုင်း တွင်းထဲ သို့ ငါ့ ကိုမဆင်း စေဘဲ ကယ်တင် တော်မူသဖြင့် ၊ ငါ့ အသက် သည် မှောင်မိုက်နှင့် လွတ် လျက်ရှိ၏ဟု လူ တို့တွင် သီချင်းဆိုရလိမ့်မည်။
Kua whakaorangia e ia toku wairua kei riro ki te rua, a e kite toku wairua i te marama.
29 ၂၉ ထိုသို့ ဘုရား သခင်သည် လူ တို့၌ ရံခါရံခါစီရင် တော်မူသဖြင့်၊
Nana, e meatia ana enei mea katoa e te Atua, e tuaruatia ana, ae, e tuatorutia ana, ki te tangata,
30 ၃၀ သင်္ချိုင်း တွင်းမှ နှုတ် ယူ၍၊ အသက် ရှင်သောသူတို့ ၏အလင်း နှင့် လင်း စေတော်မူ၏။
Hei whakahoki mai i tona wairua i roto i te rua, kia whakamaramatia ai ki te marama o te ora.
31 ၃၁ အိုယောဘ ၊ ငါ့ စကားကို သတိနှင့်နားထောင် လော့။ တိတ်ဆိတ် စွာနေလော့။ ငါ ပြော ပါမည်။
Kia whai whakaaro mai, e Hopa, whakarongo mai ki ahau: kati tau, a ka korero ahau.
32 ၃၂ သို့သော်လည်းပြော စရာရှိ လျှင် ပြန် ပြောလော့။ သင့် ကို အပြစ် လွတ်စေခြင်းငှါ၊ ငါအလိုရှိ သောကြောင့် စကားပြော လော့။
Ki te mea he kupu tau, utua mai taku: korero, ko taku hoki i pai ai kia whakatikaia tau.
33 ၃၃ ပြောစရာမ ရှိလျှင် ၊ တိတ်ဆိတ် စွာနေ၍ ငါ့ စကားကို နားထောင် လော့။ ပညာ ကိုငါသွန်သင် ပါမည် ဟု မြွက်ဆို၏။
Ki te kahore, whakarongo ki ahau: noho puku koe, a maku koe e whakaako ki te whakaaro nui.