< ယောဘ 33 >

1 သို့ဖြစ်၍အို ယောဘ ၊ ငါ မြွက်ဆို သောစကား အလုံးစုံ တို့ကို နားထောင် နာယူ ပါလော့။
“Amma yanzu, Ayuba, ka saurari abin da zan ce; ka sa hankali ga kowane abin da zan faɗa.
2 ငါသည် ယခု နှုတ် ကိုဖွင့် ၍ လျှာ နှင့်မြွက်ဆို သောအခါ၊
Zan yi magana; kalmomina suna dab da fitowa daga bakina.
3 ငါ သဘော ဖြောင့် သည်နှင့်အညီငါ့ စကား ဖြောင့်လိမ့်မည်။ ငါ့ နှုတ် သည်ရှင်းလင်း သော ပညာ စကား ကို မြွက်ဆို လိမ့်မည်။
Abin da zan faɗa gaskiya ne daga cikin zuciyata; bakina zai faɗi gaskiyar abin da na sani.
4 ဘုရား သခင်၏ဝိညာဉ် တော်သည် ငါ့ ကို ဖန်ဆင်း တော်မူပြီ။ အနန္တ တန်ခိုးရှင်၏ အသက် တော် သည် ငါ့ ကို အသက် ရှင်စေတော်မူပြီ။
Ruhun Allah ne ya yi ni; numfashin Maɗaukaki ya ba ni rai.
5 သင်သည်တတ်နိုင် လျှင် ငါ့ ကို ပြန် ပြောလော့။ ကိုယ် စကားကို ပြင်ဆင် လော့။ ကြိုးစား လော့။
Ka amsa mini in za ka iya; ka yi shirin fuskanta ta.
6 ဘုရား သခင့်ရှေ့ မှာ ငါ သည်သင် နှင့်တူ ၏။ ငါ သည်လည်း မြေမှုန့် ဖြင့် ဖန်ဆင်း တော်မူရာဖြစ်၏။
Ni kamar ka nake a gaban Allah; ni ma daga ƙasa aka yi ni.
7 သင် သည် ကြောက်ရွံ့ ရမည်အကြောင်းငါ ၌ ကြောက်မက် ဘွယ်သော အရာမ ရှိ။ သင့် အပေါ် မှာ ငါ သည် လေးသောလက် ကိုမတင်။
Kada ka ji tsorona, ba abin da zai fi ƙarfinka.
8 အကယ် စင်စစ်သင့်စကား သံ ကို ငါကြား သည် အတိုင်း သင်မြွက်ဆို သောစကားဟူမူကား၊
“Amma ka faɗa na ji, na ji daidai abin da ka faɗa,
9 ငါ သည် စင်ကြယ် သောသဘောရှိ၏။ ပြစ်မှား ခြင်းကို မ ပြုတတ်။ ငါ ၌အပြစ် မ ရှိ။ သန့်ရှင်း ခြင်းရှိ၏။
‘ni mai tsarki ne marar zunubi; ina da tsabta kuma ba ni da laifi.
10 ၁၀ ဘုရားသခင်သည် ငါ ၌ အပြစ်တင်ခွင့်ကို ရှာ တော်မူ၏။ ငါ့ ကို ရန်သူ ကဲ့သို့ မှတ် တော်မူ၏။
Duk da haka Allah ya same ni da laifi; ya ɗauke ni maƙiyinsa,
11 ၁၁ ငါ့ ကို ထိတ်ခတ် တော်မူ၏။ ငါ ထွက်ရာလမ်း ရှိသမျှ တို့ ကို စောင့် တော်မူ၏ဟု ဆိုမိပြီ။
ya daure ƙafafuna da sarƙa; yana tsaron duk inda na bi.’
12 ၁၂ ထိုသို့ ဆိုသော်မှား ပြီ။ ငါပြန် ပြောသောစကားဟူမူကား၊ အကယ် စင်စစ်ဘုရား သခင်သည် လူ ထက် ကြီးမြတ် တော်မူ၏။
“Amma na gaya maka, a nan ba ka yi daidai ba, gama Allah ya fi mutum girma.
13 ၁၃ ဘုရားသခင်နှင့်အဘယ်ကြောင့် ဆန့်ကျင် ဘက် ပြုသနည်း။ ပြုတော်မူသောအမှု တို့၏အကြောင်း ကို ပြတော်မ မူ။
Don me ka yi masa gunaguni cewa ba ya amsa tambayoyin mutum?
14 ၁၄ ဘုရား သခင်သည် တကြိမ် မိန့်မြွက် တော်မူ၏။ လူမ ရိပ်မိ လျှင် နှစ် ကြိမ်တိုင်အောင် မိန့်မြွက်တော်မူ၏။
Gama Allah yana magana, yanzu ga wannan hanya, yanzu kuma ga wata hanya ko da yake ba lalle mutum yă lura ba.
15 ၁၅ လူ သည်အိပ်ရာ ပေါ် မှာငိုက် လျက် အိပ်ပျော် လျက်နေသောအခါ အိပ်မက် မြင်၍၊ ညဉ့် ရူပါရုံ ကို ခံရသောအားဖြင့်၊
A cikin mafarki, cikin wahayi da dare, sa’ad da barci mai zurfi ya fāɗo a kan mutane lokacin da suke cikin barci kan gadajensu,
16 ၁၆ ဘုရားသခင်သည် လူ ၏နား ကို ဖွင့် ၍ ဆုံးမ ပေးတော်မူတတ်၏။
mai yiwuwa yă yi musu magana a cikin kunnuwansu yă razana su da gargaɗinsa,
17 ၁၇ ထိုသို့လူ သည် မိမိအကြံ ကိုစွန့် စေ ခြင်းငှါ၎င်း ၊ မာန် မာနနှင့် ကင်းလွတ် စေခြင်းငှါ၎င်း ပြုတော်မူ၏။
don a juyar da su daga abin da yake yi da ba daidai ba a kuma hana su daga girman kai,
18 ၁၈ သူ ၏အသက် ကို သင်္ချိုင်းတွင်း မှ ကွယ်ကာ ၍ ၊ ထား ဘေးဖြင့် မသေစေခြင်းငှါ စောင့်မ တော်မူ၏။
don a kāre su daga fāɗuwa cikin rami, a kāre su daga hallaka ta wurin takobi.
19 ၁၉ လူသည် အိပ်ရာ ပေါ် မှာနာ ခြင်းဝေဒနာကို ခံရ၍၊ အရိုး ရှိသမျှ တို့သည် ပြင်းထန် စွာ ကိုက်ခဲသဖြင့်၊
“Ko kuma mutum yă sha horo ta wurin kwanciya da ciwo da rashin jin daɗi cikin ƙasusuwansa,
20 ၂၀ မုန့် နှင့်မြိန် သော ခဲဘွယ် စားဘွယ်တို့ကို သူ ၏ စိတ် ဝိညာဉ်သည် ရွံ့ရှာ ၏။
yadda zai ji ƙyamar abinci, har yă ƙi son abinci mafi daɗi.
21 ၂၁ အသားအရေ ပိန် လျော့ ကွယ်ပျောက်၍၊ မ ထင်ရှား ဘူးသော အရိုး တို့လည်း ပေါ် ကြ၏။
Naman jikinsa ya lalace ba wani abu mai kyau a ciki kuma ƙasusuwansa da suke a rufe da tsoka yanzu duk sun fito.
22 ၂၂ အသက် ဝိညာဉ် သည် သင်္ချိုင်း တွင်းနားသို့ ၎င်း၊ ဖျက်ဆီး သော တမန်လက်သို့ ၎င်း ရောက် လုပြီ။
Ransa yana matsawa kusa da rami, ransa kuma kusa da’yan aikan mutuwa.
23 ၂၃ သို့ရာတွင်လူ တို့အား တရား လမ်းကို ပြ စေ ခြင်းငှါ၊ တ ထောင် တွင် အထွဋ်ဖြစ်၍၊ တရား စကားကို ပြန်တတ် သော တမန် ရှိ လျှင်၊
Duk da haka, in akwai mala’ika a gefensa kamar matsakanci, ɗaya daga cikin dubu, da zai gaya wa mutum abin da yake daidai gare shi,
24 ၂၄ ဘုရားသခင်က၊ သင်္ချိုင်း တွင်းထဲသို့ထိုသူ ကို မဆင်း စေဘဲ ကယ်တင် လော့။ ရွေး ရာအကြောင်းကို ငါတွေ့ ပြီဟု ကရုဏာ စိတ်ရှိ၍ မိန့် တော်မူသောအားဖြင့်၊
yă yi masa alheri yă ce, ‘Kada ka bari yă fāɗa cikin rami, na samu fansa dominsa.’
25 ၂၅ ထိုသူသည် သူငယ် ထက် အသားအရေ နုထွား ၍ ပျို သောအသက်နှင့်တဖန် ပြည့်စုံလိမ့်မည်။
Sa’an nan fatar jikinsa za tă zama sabuwa kamar ta jariri; za tă zama kamar lokacin da yake matashi.
26 ၂၆ ဘုရား သခင်ကို ဆုတောင်း ၍ကျေးဇူး တော်ကိုခံရသဖြင့် ၊ ဝမ်းမြောက် သောစိတ်နှင့် မျက်နှာ တော်ကို ဖူးမြင် ရလိမ့်မည်။ ဖြောင့်မတ် ခြင်းအကျိုးကို လူ တို့အား ဘုရားသခင်ပေးတော်မူတတ်၏။
Ya yi addu’a ga Allah ya kuwa samu alheri a wurinsa, yana ganin fuskar Allah yana kuma yin sowa don murna; Allah ya mayar da shi ya zama mai adalci.
27 ၂၇ သူကလည်း ၊ ငါသည် ပြစ်မှား ပါပြီ။ မှန် သော တရားကိုမှောက် ပါပြီ။ သို့သော်လည်း ကိုယ် ခံထိုက်သော အပြစ်ကိုမ ခံရ ဘဲ၊
Sa’an nan sai ya zo wurin, wurin mutane ya ce, ‘Na yi zunubi, na kauce wa abin da yake daidai, amma ban samu abin da ya kamata in samu ba.
28 ၂၈ သင်္ချိုင်း တွင်းထဲ သို့ ငါ့ ကိုမဆင်း စေဘဲ ကယ်တင် တော်မူသဖြင့် ၊ ငါ့ အသက် သည် မှောင်မိုက်နှင့် လွတ် လျက်ရှိ၏ဟု လူ တို့တွင် သီချင်းဆိုရလိမ့်မည်။
Ya fanshi raina daga fāɗawa cikin rami, kuma zan rayu in ji daɗin hasken.’
29 ၂၉ ထိုသို့ ဘုရား သခင်သည် လူ တို့၌ ရံခါရံခါစီရင် တော်မူသဖြင့်၊
“Allah ya yi wa mutum duk waɗannan, sau biyu, har ma sau uku.
30 ၃၀ သင်္ချိုင်း တွင်းမှ နှုတ် ယူ၍၊ အသက် ရှင်သောသူတို့ ၏အလင်း နှင့် လင်း စေတော်မူ၏။
Ya juyo da ransa daga fāɗawa cikin rami, don hasken rai ya haskaka a kansa.
31 ၃၁ အိုယောဘ ၊ ငါ့ စကားကို သတိနှင့်နားထောင် လော့။ တိတ်ဆိတ် စွာနေလော့။ ငါ ပြော ပါမည်။
“Ka sa hankali da kyau, Ayuba, ka saurare ni; ka yi shiru zan yi magana.
32 ၃၂ သို့သော်လည်းပြော စရာရှိ လျှင် ပြန် ပြောလော့။ သင့် ကို အပြစ် လွတ်စေခြင်းငှါ၊ ငါအလိုရှိ သောကြောင့် စကားပြော လော့။
In kana da abin da za ka ce, ka amsa mini; yi magana, domin ina so in’yantar da kai.
33 ၃၃ ပြောစရာမ ရှိလျှင် ၊ တိတ်ဆိတ် စွာနေ၍ ငါ့ စကားကို နားထောင် လော့။ ပညာ ကိုငါသွန်သင် ပါမည် ဟု မြွက်ဆို၏။
Amma in ba haka ba, sai ka saurare ni; yi shiru, zan kuma koya maka hikima.”

< ယောဘ 33 >