< ယောဘ 31 >
1 ၁ ငါသည်အပျို ကို မျှမကြည့်ရှု မည်အကြောင်း ၊ ကိုယ် မျက်စိ နှင့် ပဋိညာဉ် ဝန်ခံခြင်းကို ပြု ပြီ။
I vowed to myself never to look with desire at young women.
2 ၂ သို့မဟုတ်အထက် အရပ်က ဘုရား သခင်သည်အဘယ် ကျေးဇူးကို၎င်း၊ မြင့် ရာအရပ်က အနန္တ တန်ခိုးရှင်သည် အဘယ်သို့သော အမွေ ဥစ္စာကို၎င်း ပေးတော်မူမည်နည်း။
What should people expect to receive from God? What reward should the Almighty on high give them?
3 ၃ ဆိုး သောသူတို့ သည် ပျက်စီး ခြင်းသို့၎င်း၊ မ တရားသဖြင့် ကျင့် သောသူတို့သည် ဆုံးရှုံး ခြင်းသို့၎င်း ရောက်ရကြမည် မ ဟုတ်လော။
Isn't it disaster for the wicked and destruction for those who do wrong?
4 ၄ ဘုရားသခင်သည် ငါ သွားရာလမ်း တို့ကို မြင် တော်မူသည်မ ဟုတ်လော။ ငါ့ ခြေရာ ရှိသမျှ တို့ကို ရေတွက် တော်မူသည်မဟုတ်လော။
Doesn't God see everything I do—even count every step I take?
5 ၅ မုသာ လမ်းသို့ ငါလိုက် မိသော်၎င်း ၊ လှည့်စား ခြင်းငှါငါပြေး မိသော်၎င်း၊
Have I lived a deceitful life? Have I been eager to tell lies?
6 ၆ မှန် သောချိန်ခွင် ၌ ငါ့ ကိုချိန် ပါစေ။ ဘုရား သခင်သည် ငါ ဖြောင့်မတ် ခြင်းကို သိ တော်မူပါစေ။
No! Let God weigh me on the scales of his justice and let him discover my integrity.
7 ၇ ငါ သည်လမ်း လွှဲ မိသော်၎င်း ၊ ငါ့ စိတ် နှလုံးသည် ငါ့ မျက်စိ အလိုသို့လိုက် မိသော်၎င်း၊ ငါ့ လက် ၌ အညစ် အကြေးကပ် မိသော်၎င်း၊
If I have wandered from God's way, if I have let what I see become my desires, if there's any stain of sin on my hands,
8 ၈ ငါကြဲ သောမျိုးစေ့၏ အသီးအနှံကို သူတပါး စား ပါစေ။ ငါ့ ပျိုးပင် များကို သူတပါးနှုတ် ပါစေ။
then let someone else eat what I have sown, and all that I have grown be uprooted.
9 ၉ သူ့မယား ကို ငါ တပ်မက် မိသော်၎င်း ၊ အိမ်နီးချင်း တံခါး နား မှာ ငါချောင်း မိသော်၎င်း၊
If a woman has seduced me, or if I have looked for an opportunity to sleep with my neighbor's wife,
10 ၁၀ ငါ့ မယား သည် သူတပါး ထံ ၌ ကြိတ်ဆုံကြိတ် ရ ပါစေ။ သူတပါး သည် ငါ့မယားကိုရှုတ်ချ ပါစေ။
then let my wife serve another, let other men sleep with her.
11 ၁၁ ငါသည်ထိုသို့ ပြုမိလျှင် အပြစ် ကြီး၏။ ရာဇဝတ် ခံထိုက်သော အပြစ်ရှိ၏။
For that would be wicked, a sin deserving punishment,
12 ၁၂ ထိုအပြစ်သည် အကုန်အစင်လောင် သောမီး ၊ ငါ့ စည်းစိမ် ရှိသမျှ ကိုသုတ်သင်ပယ်ရှင်း သောမီးဖြစ်၏။
for this sin is like a fire that leads to destruction, destroying everything I have.
13 ၁၃ ငါ့ ကျွန် နှင့် ငါ့ ကျွန် မသည် ငါ နှင့်တရား တွေ့စရာ အမှုရှိသောအခါ ၊ ငါနား မထောင်ဘဲနေမိလျှင်၊
If I had refused to listen to my menservants or maidservants when they brought their complaints to me,
14 ၁၄ ဘုရား သခင်ထ တော်မူသောအခါ အဘယ်သို့ ငါပြု ရမည်နည်း။ စစ်ကြော တော်မူသောအခါ အဘယ်သို့ ပြန် လျှောက်ရမည်နည်း။
what would I do when God came to judge me? How would I reply if he investigated me?
15 ၁၅ ငါ့ ကို ဖန်ဆင်း တော်မူသောဘုရားသည် သူ့ ကိုလည်း ဖန်ဆင်း တော်မူသည်မ ဟုတ်လော။ တပါး တည်း သောဘုရားသည် ငါ တို့နှစ်ယောက်ကို အမိဝမ်း ထဲ ၌ဖန်ဆင်း တော်မူသည်မဟုတ်လော။
Didn't the same God make all of us?
16 ၁၆ ငါသည် ဆင်းရဲသား တောင့်တ သော အရာကို မ ပေးဘဲနေဘူးသလော။ မုတ်ဆိုးမ မျက်စိ ကို ပျက် စေခြင်းငှါပြုဘူးသလော။
Have I refused to give the poor what they needed, or caused widows to despair?
17 ၁၇ မိဘ မရှိသောသူတို့အား စား စရာကိုမ မျှဘဲ၊ ငါတ ယောက်တည်း စား ဘူးသလော။
Have I even eaten just a piece of bread by myself? Haven't I always shared my food with orphans?
18 ၁၈ ဆင်းရဲသားသည် အဘ ထံမှာ နေသကဲ့သို့ ၊ ငါ့ အသက် ငယ်စဉ်ကာလမှစ၍ ငါ နှင့်အတူ ကျွေးမွေးခြင်းကိုခံ ပြီ။ ငါသည် ဘွားမြင် သောနေ့ မှစ၍ မုတ်ဆိုးမကို မစ ပြီ။
From when I was young I was a father to orphans and took care of widows.
19 ၁၉ အဝတ် မ ရှိသောကြောင့်သေခြင်း သို့ ရောက် သော သူတစုံတယောက်နှင့် ၊ ခြုံ စရာမ ရှိဘဲ ဆင်းရဲ စွာနေသောသူ တစုံတယောက်ကို ငါမြင် ၍၊
If ever I saw someone needing clothes, the poor without anything to wear,
20 ၂၀ သူ ၏ခါး သည် ငါ့ ကို ကောင်းကြီး မ ပေး။ ငါ့ သိုး မွေး အားဖြင့် မနွေး ဘဲနေသော်၎င်း၊
they always thanked me for the wool clothing that kept them warm.
21 ၂၁ ရုံး တော်တွင် ငါ့ ဘက်၌ နေသောမင်းကို ငါသည် မြင် ၍ ၊ မိဘ မရှိသောသူကို ညှဉ်းဆဲ မိသော်၎င်း၊
If I raised my hand to hit an orphan, confident that if it came to court the judges would be on my side,
22 ၂၂ ငါ့ လက်မောင်း သည် ပခုံး က ကျ ပါစေ။ ငါ့ လက် ရိုး ကျိုး ပါစေ။
then let my shoulder be pulled from its joint, my arm wrenched out of its socket.
23 ၂၃ ငါ သည် ဘုရား သခင်ဖျက်ဆီး တော်မူခြင်းဘေး ကို ကြောက်ရွံ့ ၍ ၊ တန်ခိုး အာနုဘော်တော်ကြောင့် မ ပြစ်မှား ဝံ့ဘဲနေပါပြီ။
Since I'm terrified of what punishment God may have in store for me, and because of his majesty, I could never do this.
24 ၂၄ ငါ သည်ရွှေ ကိုကိုးစား ၍ ရွှေစင် အား ၊ သင်သည် ငါ ခိုလှုံ ရာဖြစ်၏ဟုဆို မိသော်၎င်း၊
Have I put my trust in gold, calling fine gold, ‘My security’?
25 ၂၅ ငါ ၌စည်းစိမ် ကြီး ၍ များစွာသော ဥစ္စာရ တတ် သောကြောင့် ၊ ငါဝါကြွားဝမ်းမြောက် မိသော်၎င်း၊
Have I delighted in being rich, happy at all my wealth I had gained?
26 ၂၆ ရောင်ခြည် ထွက်သောနေ ၊ ထွန်းလင်း လျက် သွား သောလ ကိုငါကြည့်ရှု သောအခါ၊
Have I looked at the sun shining so brilliantly or the moon moving in majesty across the sky
27 ၂၇ ငါ့ စိတ် နှလုံးသည် တိတ်ဆိတ် စွာ နူးညွတ် ၍ ငါ့ လက် ကို ငါနမ်း မိသော်၎င်း၊
and been tempted to secretly worship them by kissing my hand to them in devotion?
28 ၂၈ ရာဇဝတ် ခံထိုက်သော အပြစ်ရှိ၏။ အထက်အရပ်၌ ရှိတော်မူသောဘုရား သခင်ကို ငြင်းပယ် ရာ ရောက်၏။
This too would be a sin deserving punishment for it would mean I had denied God above.
29 ၂၉ ငါ့ ကိုမုန်း သောသူသည် ပျက်စီး သောအခါ ငါဝမ်းမြောက် သလော။ သူ ၌ဘေး ရောက် သောအခါ ၊ ငါဝါကြွား သလော။
Have I ever been happy when disaster destroyed those who hated me, or celebrated when evil took them down?
30 ၃၀ ငါသည်သူ့ အသက် ကို ကျိန်ဆဲ ၍၊ ကိုယ် နှုတ် ၌ အပြစ် ရောက်စေ ခြင်းငှါ အခွင့် မ ပေး။
I have never allowed my mouth to sin by putting a curse on someone's life.
31 ၃၁ ငါ့ အိမ်သူ အိမ်သားတို့က၊ အဘယ်သူ သည် ငါတို့သခင်၏ အမဲသား ကို တောင့်တ၍ မ ဝ ဘဲနေရ သနည်းဟု မ ဆို တတ်သလော။
Haven't my family asked, ‘Is there anyone who has not eaten as much as they wanted of his food?’
32 ၃၂ ဧည့်သည် သည် လမ်း ၌ ညဉ့် ကို မ လွန်ရမည်အကြောင်း၊ ငါသည် ခရီး သွားသောသူတို့ အား ကိုယ် တံခါး ကို ဖွင့် ထားပြီ။
I have never let strangers sleep in the street; I have opened my doors to travelers.
33 ၃၃ ငါသည်လူ ပြုတတ်သကဲ့သို့ ၊ ကိုယ် ဒုစရိုက် ကိုဖုံး ၍၊ ကိုယ် ရင် ထဲ ၌ကိုယ် အပြစ် ကိုဝှက် ထားဘူးသလော။
Have I concealed my sins from others, hiding my wrongdoing deep inside me?
34 ၃၄ ထိုသို့ပြုမိလျှင်၊ ကြီး သော ပရိသတ် ရှေ့မှာ ငါ့မျက်နှာ ပျက်ပါစေ။ လူ အမျိုးမျိုးတို့သည် ကဲ့ရဲ့ ၍ ငါ့ အရှက်ကွဲပါစေ။ အိမ်ပြင်သို့မ ထွက် ဘဲ တိတ်ဆိတ် စွာ နေရပါစေ။
Was I afraid of what everybody else would think, scared of the contempt families would show me, so that I kept quiet and didn't go outside?
35 ၃၅ တစုံတယောက် သောသူ သည် ငါ့ စကားကို နားထောင် ပါစေသော။ ငါ့ လက်မှတ် ကိုငါ ပေး မည်။ အနန္တ တန်ခိုးရှင်သည် ငါ့ ကိုစစ်ကြောတော်မူပါစေ။ ငါ့ တရား တွေ့ဘက်သည် စာ ထား ပါစေ။
Why won't anyone listen to what I'm saying! I'm signing my name to endorse everything I've said. Let the Almighty answer me. Let my accuser write down what he is charging me with.
36 ၃၆ အကယ် စင်စစ်ထိုစာကို ပခုံး ပေါ် မှာ ငါတင် ထားပါမည်။ ဗေါင်း ကဲ့သို့ဆောင်းပါမည်။
I would hold them up high; I would wear them on my head like a crown.
37 ၃၇ ငါသည် ကိုယ် အပြုအမူအလုံးစုံတို့ကို ဘော်ပြ ပါမည်။ မင်း ကဲ့သို့ အထံတော်သို့ ချဉ်းကပ် ပါမည်။
I would explain to him everything I'd done; I would hold my head high before him.
38 ၃၈ ငါ့ မြေ သည် ငါ့ ကို အပြစ်တင်သဖြင့်၊ အော်ဟစ် ၍ လည်ချောင်းတို့သည် တညီတည်း မြည်တမ်း သော်၎င်း၊
If my land has cried out against me; if her furrows have wept over me;
39 ၃၉ စရိတ် မ ကုန်ဘဲမြေအသီးအနှံ ကို ငါစား ၍ မြေဆိုင် သောသူတို့ကို ညှဉ်းဆဲ မိသော်၎င်း၊
if I have taken its crops without payment or if I have caused harm to the farmers;
40 ၄၀ စပါး ပင်အတွက် ဆူး ပင်ပေါက် ပါစေ။ မုယော ပင်အတွက် ဗောရှ ပင်ပေါက်ပါစေဟုမြွက်ဆို၏။ ယောဘ မြွက်ဆိုသောစကား ပြီး ၏။
then let thorns grow instead of wheat, and weeds instead of barley.” The words of Job are ended.