< ယောဘ 30 >
1 ၁ ယခု မူကား ၊ ငါ့ ထက် အသက် ငယ် သောသူတို့ သည် ငါ့ ကို ကဲ့ရဲ့ တတ်ကြ၏။ သူ တို့အဘ များကို ငါသည် ရွံ့ရှာ ၍၊ ငါ့ သိုးစု ကိုစောင့်သော ခွေး တို့တွင် မျှနေရာမပေး။
"But now those who are younger than I have me in derision, whose fathers I would have disdained to put with my sheep dogs.
2 ၂ သူ တို့သည် အစွမ်း သတ္တိကုန်ပြီးမှ၊ ငါ့ အမှုကို အဘယ်သို့ ဆောင်ရွက်နိုင်သနည်း။
Of what use is the strength of their hands to me, men in whom ripe age has perished?
3 ၃ ဆင်းရဲ ငတ်မွတ် သောကြောင့်၊ သူတပါးများနှင့် မ ပေါင်းဘော်။ နက်နဲသောတော အရပ်နှင့် လူ ဆိတ်ညံရာအရပ် သို့ ပြေး ကြ၏။
They are gaunt from lack and famine. They gnaw the dry ground, in the gloom of waste and desolation.
4 ၄ စားစရာ ဘို့ ချုံဖုတ် နား မှာ မလွှမြက်ကိုရိတ်၍၊ ရသမ် မြစ် ကိုလည်း တူးကြ၏။
They pluck salt herbs by the bushes. The roots of the broom are their food.
5 ၅ လူနေရာမှ နှင်ထုတ် ခြင်းကို ခံရ၍၊ သူခိုး ကိုလိုက် သကဲ့သို့ သူတပါးတို့သည်လိုက်၍ အော်ဟစ် ကြ၏။
They are driven out from the midst of men. They cry after them as after a thief;
6 ၆ ကြောက်မက်ဘွယ်သော တောင်ကြား ၊ မြေ တွင်း ၊ ကျောက် ခေါင်း၌ နေ ကြ၏။
So that they dwell in frightful valleys, and in holes of the earth and of the rocks.
7 ၇ ချုံဖုတ် အောက်မှာ မြည်တမ်း လျက်၊ ဆူးပင် အောက် မှာ စုဝေး လျက် နေကြ၏။
Among the bushes they bray; and under the nettles they are gathered together.
8 ၈ လူမိုက် သား ၊ လူယုတ်သား ဖြစ်၍၊ အရပ် ရပ်နှင်ထုတ် ခြင်းကိုခံရကြ၏။
They are children of fools, yes, children of base men. They were flogged out of the land.
9 ၉ ယခု မူကား ၊ ငါသည်သူ တို့သီချင်း ဆိုရာ၊ ကဲ့ရဲ့ပုံခိုင်းရာ ဖြစ် ပါသည်တကား။
"Now I have become their song. Yes, I am a byword to them.
10 ၁၀ ငါ့ ကို ရွံရှာ ၍ ဝေး စွာရှောင်တတ်ကြ၏။ ငါ့ မျက်နှာ ကို တံတွေး နှင့် မ ထွေးဘဲ မနေကြ။
They abhor me, they keep their distance from me, and do not hesitate to spit in my face.
11 ၁၁ ဘုရားသခင်သည် ငါ့ ကိုလေးနှင့်ပစ်၍ ညှဉ်းဆဲ တော်မူသောကြောင့် ၊ သူတို့သည် ငါ့ ရှေ့ မှာ ဇက်ကြိုး ကို လွှတ် တတ်ကြ၏။
For he has untied his cord, and afflicted me; and they have thrown off restraint before me.
12 ၁၂ သူငယ်တို့သည်ငါ့လက်ျာ ဘက်၌ ထ ၍၊ ငါ့ ခြေ ကို တွန်း ကြ၏။ ငါ့ ကို ဖျက်ဆီး ခြင်းငှါလမ်း ဖို့ ကြ၏။
On my right hand rise the rabble. They thrust aside my feet, They cast up against me their ways of destruction.
13 ၁၃ ငါ့ လမ်း ကို ဖျက် ၍ ငါ့ ကိုဖျက်ဆီး ခြင်းငှါကြိုးစားကြ၏။ သူတို့တွင် သတိပေး သောသူမ ရှိ။
They mar my path, They set forward my calamity, without anyone's help.
14 ၁၄ ကျယ် သော တွင်းပေါက် ၌ ဝင်သကဲ့သို့ ၊ ငါ့ကို တိုက်၍ ဖြိုဖျက် ရာကို ခိုလှုံလျက်၊ ငါ့ထံသို့တဟုန်တည်း ပြေးလာကြ၏။
As through a wide breach they come, in the midst of the ruin they roll themselves in.
15 ၁၅ ကြောက်မက် ဘွယ်သော အရာတို့သည် ငါ့ အပေါ် သို့ရောက် ၍၊ လေ တိုက်သကဲ့သို့ ငါ့ ဘုန်း ကို လိုက် သဖြင့် ၊ ငါ့ စည်းစိမ် သည် မိုဃ်းတိမ် ကဲ့သို့ လွင့် ကုန်ပြီ။
Terrors have turned on me. They chase my honor as the wind. My welfare has passed away as a cloud.
16 ၁၆ ယခု မူကား ၊ ငါ့ နှလုံး ကြေကွဲ ပြီ။ ဒုက္ခ ဆင်းရဲခံရာကာလ သည် ငါ့ ကိုမှီ ပြီ။
"Now my soul is poured out within me. Days of affliction have taken hold on me.
17 ၁၇ ညဉ့် အခါ ငါ့ အရိုး တို့သည် အလွန်ကိုက်ခဲ ၍၊ ငါ့ အကြော တို့သည် သက်သာ ခြင်းမ ရှိရကြ။
In the night season my bones are pierced in me, and the pains that gnaw me take no rest.
18 ၁၈ ငါ့အနာသည် ပြင်းထန် သဖြင့် ၊ အဝတ် နှင့် ဖုံးလွှမ်းသကဲ့သို့၊ ငါ့ကို ဖုံးလွှမ်း၍ အင်္ကျီ လည်စွပ် ကဲ့သို့ ငါ့ ကိုစည်း လျက်နေ၏။
By great force is my garment disfigured. It binds me about as the collar of my coat.
19 ၁၉ ငါ့ ကိုရွှံ့ ထဲသို့ တွန်းချ တော်မူသဖြင့် ၊ ငါသည် မြေမှုန့် နှင့် မီးဖိုပြာ ကဲ့သို့ ဖြစ် လေပြီ။
He has cast me into the mire. I have become like dust and ashes.
20 ၂၀ ကိုယ်တော် အား အကျွန်ုပ်အော်ဟစ် သော်လည်း ကြား တော်မ မူ။ အကျွန်ုပ်သည် မတ်တတ် နေသော်လည်း မှတ် တော်မမူ။
I cry to you, and you do not answer me. I stand up, and you gaze at me.
21 ၂၁ အကျွန်ုပ် ကို ကြမ်းတမ်း စွာပြု၍၊ အားကြီး သော လက် တော်နှင့် ညှဉ်းဆဲ တော်မူ၏။
You have turned to be cruel to me. With the might of your hand you persecute me.
22 ၂၂ အကျွန်ုပ် ကို ချီသွား ၍ ၊ လေ ကိုစီး စေသဖြင့်၊ အကျွန်ုပ် ၏ ကိုယ် ခန္ဓါကို ဖြုတ် လွှင့်တော်မူ၏။
You lift me up to the wind, and drive me with it. You dissolve me in the storm.
23 ၂၃ သေ ခြင်းသို့၎င်း ၊ အသက် ရှင်သောသူခပ်သိမ်း တို့ အဘို့ စီရင် သော နေရာ သို့၎င်း၊ အကျွန်ုပ် ကို ပို့ဆောင် တော်မူမည်ဟု အကျွန်ုပ်သိ ပါ၏။
For I know that you will bring me to death, To the house appointed for all living.
24 ၂၄ ဘုရားသခင်သည် လက် ဆန့် တော်မူသောအခါ ၊ တောင်းပန်သော်လည်းအချည်းနှီးဖြစ်၏။ ဖျက်ဆီး တော်မူ သောအခါ ၊ အော်ဟစ် သော်လည်းကျေးဇူးမရှိ။
"However doesn't one stretch out a hand in his fall? Or in his calamity therefore cry for help?
25 ၂၅ အမှု ရောက်သော သူအတွက် ငါငိုကြွေး ဘူးပြီ မ ဟုတ်လော။ ဆင်းရဲ သောသူအတွက် ငါ စိတ် နာကြဉ်းဘူး ပြီမဟုတ်လော။
Did I not weep for him who was in trouble? Wasn't my soul grieved for the needy?
26 ၂၆ သို့သော်လည်း ၊ ငါသည် ကောင်းကျိုး ကိုမြော်လင့် သောအခါ ဘေး ရောက် လာ၏။ အလင်း ကို တောင့်တ သောအခါ မှောင်မိုက် ဖြစ် ၏။
When I looked for good, then evil came; When I waited for light, there came darkness.
27 ၂၇ ငါ့ အသည်း သည် ပူလောင် ၍ ငြိမ်း ခြင်းမ ရှိ။ ဒုက္ခ ဆင်းရဲခံရာကာလ သည် ငါ့ ကိုတွေ့ မိပြီ။
My heart is troubled, and doesn't rest. Days of affliction have come on me.
28 ၂၈ နေ ရောင်ကွယ်၍ မှောင်မိုက် ၌ လှည့်လည် ရ၏။ ပရိသတ် အလယ် ၌ မတ်တတ် နေ၍ ကြွေးကြော် ရ၏။
I go mourning without the sun. I stand up in the assembly, and cry for help.
29 ၂၉ မြေခွေး တို့နှင့်ညီအစ်ကို တော်၏။ ကုလားအုပ်ငှက် တို့နှင့် ပေါင်းဘော် ရ၏။
I am a brother to jackals, and a companion to ostriches.
My skin grows black and peels from me. My bones are burned with heat.
31 ၃၁ အဆင်းမည်း လျက် အရိုး ပူလောင် လျက်ရှိ၏။ ငါ့ စောင်း သည် ညည်းတွား သောအသံ၊ ငါ့ ပုလွေ သည် ငိုကြွေး သောအသံ ကို သာပေးတတ်၏။
Therefore my harp has turned to mourning, and my pipe into the voice of those who weep.