< ယောဘ 3 >
၁ထိုနောက်၊ ယောဘသည် နှုတ်ကိုဖွင့်၍
2 ၂ ထိုနောက် ၊ ယောဘ သည် နှုတ် ကိုဖွင့် ၍ မိမိဘွားသောနေ့ရက် ကိုကျိန်ဆဲ လျက် မြွက်ဆို သည်ကား။
၂မိမိဘွားသောနေ့ရက်ကို ကျိန်ဆဲလျက် မြွက်ဆိုသည်ကား။
3 ၃ ငါဘွား သော နေ့ ရက်ပျက်စီး ပါစေ။ သား ယောက်ျားကို ပဋိသန္ဓေ ယူပြီဟုသိတင်းကြား ပြောသော ညဉ့် လည်း ပျက်စီးပါစေ။
၃ငါဘွားသော နေ့ရက်ပျက်စီးပါစေ။ သားယောက်ျားကို ပဋိသန္ဓေယူပြီဟုသိတင်းကြားပြောသော ညဉ့်လည်း ပျက်စီးပါစေ။
4 ၄ ထို နေ့ ရက်မိုက် ပါစေ။ ဘုရား သခင်သည် မျက်နှာ ပြုတော်မ မူပါစေနှင့်။ အလင်း မ ပေါ်ထွန်း ပါစေနှင့်၊
၄ထိုနေ့ရက်မိုက်ပါစေ။ ဘုရားသခင်သည် မျက်နှာပြုတော်မမူပါစေနှင့်။ အလင်းမပေါ်ထွန်းပါ စေနှင့်၊
5 ၅ မှောင်မိုက် ၊ သေမင်း အရိပ်သည် ထိုနေ့ရက်အသရေကို ရှုတ်ချ ပါစေ။ မိုဃ်းတိမ် ထပ် လွှမ်းမိုး ပါစေ။ မွန်းတည့်အရှိန်ဖြင့် ကြောက်မက် ဘွယ် ဖြစ်ပါစေ။
၅မှောင်မိုက်၊ သေမင်းအရိပ်သည် ထိုနေ့ရက် အသရေကို ရှုတ်ချပါစေ။ မိုဃ်းတိမ်ထပ် လွှမ်းမိုးပါစေ။ မွန်းတည့်အရှိန်ဖြင့် ကြောက်မက်ဘွယ် ဖြစ်ပါစေ။
6 ၆ ထို ညဉ့် သည်မှောင်မိုက် ၌ ပျောက် ပါစေ။ နှစ် စဉ် နေ့ ရက်တို့နှင့် မ ပေါင်း ပါစေနှင့်၊
၆ထိုညဉ့်သည်မှောင်မိုက်၌ ပျောက်ပါစေ။ နှစ်စဉ် နေ့ရက်တို့နှင့် မပေါင်းပါစေနှင့်၊
7 ၇ လ အရေ အတွက်၌ မ ဝင် ပါစေနှင့်။ အော်၊ ထို ညဉ့် သည်ဆိတ်ညံ ပါစေ။ ရွှင်လန်း သောအသံမ ရှိ ပါစေနှင့်။
၇လအရေအတွက်၌ မဝင်ပါစေနှင့်။ အော်၊ ထိုညဉ့်သည်ဆိတ်ညံပါစေ။ ရွှင်လန်းသောအသံမရှိပါ စေနှင့်။
8 ၈ နေ့ ရက်ကိုရွေး၍ ကျိန်ဆဲ တတ်သောသူ၊ မိကျောင်း ကို ထ စေတတ်သောသူတို့သည် ထိုညဉ့်ကို ကျိန်ဆဲ ပါစေ။
၈နေ့ရက်ကိုရွေး၍ ကျိန်ဆဲတတ်သောသူ၊ မိကျောင်းကို ထစေတတ်သောသူတို့သည် ထိုညဉ့်ကို ကျိန်ဆဲပါစေ။
9 ၉ ညဦးယံ ကြယ် တို့သည် မိုက် ပါစေ။ ထိုညဉ့်သည် အလင်း ကိုတောင့်တ ၍ မ ရပါစေနှင့်။ နံနက် မိုဃ်းလင်းကို မ မြင် ပါစေနှင့်။ အကြောင်းမူကား၊
၉ညဦးယံကြယ်တို့သည် မိုက်ပါစေ။ ထိုညဉ့်သည် အလင်းကိုတောင့်တ၍ မရပါစေနှင့်။ နံနက်မိုဃ်းလင်း ကို မမြင်ပါစေနှင့်။ အကြောင်းမူကား၊
10 ၁၀ ငါ့ အမိ၏ဝမ်း ကို ပိတ် မ ထား၊ ဒုက္ခ ဆင်းရဲကို ငါ မမြင်စေခြင်းငှါ မကွယ် မကာ။
၁၀ငါ့အမိ၏ဝမ်းကို ပိတ်မထား၊ ဒုက္ခဆင်းရဲကို ငါမမြင်စေခြင်းငှါ မကွယ်မကာ။
11 ၁၁ ငါသည်မွေး စက အဘယ်ကြောင့် မ သေ သနည်း။ အမိဝမ်း ထဲမှ ထွက် စက အဘယ်ကြောင့်အသက် မချုပ် သနည်း။
၁၁ငါသည်မွေးစက အဘယ်ကြောင့်မသေသနည်း။ အမိဝမ်းထဲမှ ထွက်စက အဘယ်ကြောင့် အသက်မချုပ် သနည်း။
12 ၁၂ ငါ့ ကိုအဘယ်ကြောင့် ပိုက်ပွေ့ ရသနည်း။ အဘယ်ကြောင့် နို့ တိုက်ရသနည်း။
၁၂ငါ့ကိုအဘယ်ကြောင့် ပိုက်ပွေ့ရသနည်း။ အဘယ်ကြောင့် နို့တိုက်ရသနည်း။
13 ၁၃ ထိုသို့မပြုလျှင် ငါသည်အိပ် ၍ငြိမ်း ပြီ။ ပျော် လျက်နေရပြီ။
၁၃ထိုသို့မပြုလျှင် ငါသည်အိပ်၍ငြိမ်းပြီ။ ပျော်လျက်နေရပြီ။
၁၄မြို့ပျက်တို့ကို ပြင်ဆင်ပြုစုသော လောကီရှင်ဘုရင်၊
15 ၁၅ မြို့ပျက် တို့ကို ပြင်ဆင် ပြုစုသော လောကီ ရှင်ဘုရင် ၊ မှူးမတ် တို့နှင့်၎င်း၊ ရွှေ ကိုရတတ်၍ ဘဏ္ဍာတိုက် ၌ ငွေ ကိုအပြည့် သိုထားသောမင်းတို့နှင့်၎င်း ငါငြိမ်းရပြီ။
၁၅မှူးမတ်တို့နှင့်၎င်း၊ ရွှေကိုရတတ်၍ ဘဏ္ဍာတိုက်၌ ငွေကိုအပြည့်သိုထားသောမင်းတို့နှင့်၎င်း ငါငြိမ်းရပြီ။
16 ၁၆ သို့မဟုတ် အချိန် နေ့လမစေ့မှီ မွေးသောသူငယ်၊ အလင်း ကို မမြင် ရသောသူငယ် ကဲ့သို့ ငါပျက်စီးရပြီ။
၁၆သို့မဟုတ် အချိန်နေ့လမစေ့မှီ မွေးသောသူငယ်၊ အလင်းကို မမြင်ရသောသူငယ်ကဲ့သို့ ငါပျက်စီးရပြီ။
17 ၁၇ ထို အရပ်၌ လူဆိုး တို့သည် နောက်တဖန်မ နှောင့်ရှက် ရ။ ပင်ပန်း သောသူတို့သည် ချမ်းသာ ရကြ၏။
၁၇ထိုအရပ်၌ လူဆိုးတို့သည် နောက်တဖန်မနှောင့်ရှက်ရ။ ပင်ပန်းသောသူသည်တို့သည် ချမ်းသာ ရကြ၏။
18 ၁၈ အချုပ် ခံရသောသူတို့သည်လည်း အတူ ငြိမ်ဝပ် ရကြ၏။ ညှဉ်းဆဲ သောသူ၏စကား သံကိုမ ကြား ရကြ။
၁၈အချုပ်ခံရသောသူတို့သည်လည်း အတူငြိမ်ဝပ်ရကြ၏။ ညှဉ်းဆဲသောသူ၏စကားသံကိုမကြားရကြ။
19 ၁၉ ထို အရပ်၌ ကြီး သောသူနှင့် ငယ် သောသူရှိကြ၏။ ကျွန် သည်လည်း သခင် လက်နှင့် လွတ် ရ၏။
၁၉ထိုအရပ်၌ ကြီးသောသူနှင့် ငယ်သောသူရှိကြ၏။ ကျွန်သည်လည်း သခင်လက်နှင့်လွတ်ရ၏။
20 ၂၀ ဒုက္ခ ဆင်းရဲခံရသောသူအား အဘယ်ကြောင့် အလင်း ကိုပေး သနည်း။ စိတ် နှလုံးခါး သောသူအား အဘယ်ကြောင့်အသက် ကိုပေးသနည်း။
၂၀ဒုက္ခဆင်းရဲခံရသောသူအား အဘယ်ကြောင့်အလင်းကိုပေးသနည်း။ စိတ်နှလုံးခါးသောသူအား အဘယ်ကြောင့် အသက်ကိုပေးသနည်း။
21 ၂၁ သူတို့သည် သေ ခြင်းကို တောင့်တ ၍မ ရနိုင်။ ဝှက်ထား သော ဥစ္စာကိုဘော်ခြင်းငှါတူး သည် ထက် သေခြင်း အကြောင်းကို ဘော်ခြင်းငှါသာ၍ထူးကြ၏။
၂၁သူတို့သည် သေခြင်းကို တောင့်တ၍မရနိုင်။ ဝှက်ထားသော ဥစ္စာကိုဘော်ခြင်းငှါ တူးသည် ထက်သေ ခြင်းအကြောင်းကို ဘော်ခြင်းငှါ သာ၍ထူးကြ၏။
22 ၂၂ သူတို့သည်သင်္ချိုင်း တွင်းကို တွေ့ သောအခါ အလွန်ဝမ်းမြောက် ၍ အထူးသဖြင့်ရွှင်လန်း ကြ၏။
၂၂သူတို့သည်သင်္ချိုင်းတွင်းကို တွေ့သောအခါ အလွန်ဝမ်းမြောက်၍ အထူးသဖြင့် ရွှင်လန်းကြ၏။
23 ၂၃ မိမိ သွားသောလမ်း ကွယ်ပျောက် သော သူ၊ ဘုရား သခင်ဆီးကာ ချုပ်ထားသောသူအား အလင်းနှင့် အသက်ကို အဘယ်ကြောင့်ပေးသနည်း။
၂၃မိမိသွားသောလမ်း ကွယ်ပျောက်သောသူ၊ ဘုရားသခင်ဆီးကာ ချုပ်ထားသောသူအား အလင်းနှင့် အသက်ကို အဘယ်ကြောင့် ပေးသနည်း။
24 ၂၄ အစာ စားခြင်းအရာ၌ ငါ ညည်းတွား ခြင်းရှိ၏။ ငါ ငိုကြွေး မြည်တမ်းခြင်း မျက်ရည်သည်လည်း ရေ စီးသကဲ့သို့ ဖြစ်၏။
၂၄အစာစားခြင်းအရာ၌ ငါညည်းတွားခြင်းရှိ၏။ ငိုကြွေးမြည်တမ်းခြင်း မျက်ရည်သည်လည်း ရေစီးသကဲ့သို့ ဖြစ်၏။
25 ၂၅ ငါကြောက် သော အမှုသည် ငါ ၌ရောက်လာ ပြီ။ ငါအလွန်ကြောက် သောဘေးသည် ငါ့ ကို တွေ့ မိပြီ။
၂၅ငါကြောက်သော အမှုသည် ငါ၌ရောက်လာပြီ။ ငါအလွန်ကြောက်သောဘေးသည် ငါ့ကိုတွေ့မိပြီ။
26 ၂၆ ငါသည်ငြိမ်ဝပ် ခြင်းမ ရှိ။ ချမ်းဧ ခြင်းမ ရှိ။ သက်သာ ခြင်းမ ရှိ။ ဒုက္ခ ဆင်းရဲသက်သက်ရှိသည်ဟု မြွက်ဆို လေ၏။
၂၆ငါသည်ငြိမ်ဝပ်ခြင်းမရှိ။ ချမ်းဧခြင်းမရှိ။ သက်သာခြင်းမရှိ။ ဒုက္ခဆင်းရဲသက်သက်ရှိသည်ဟု မြွက်ဆို လေ၏။