< ယောဘ 29 >
1 ၁ ယောဘ သည် လင်္ကာ စကားကို ဆက် ၍မြွက်ဆို သည် ကား၊
Job again took up his parable, and said,
2 ၂ ငါသည် လွန် လေပြီသောနှစ်၊ လ ၊ ဘုရား သခင်စောင့်မ တော်မူသော နေ့ ရက်၌ဖြစ်သကဲ့သို့ တဖန်ဖြစ် ပါစေ။
“Oh that I were as in the months of old, as in the days when God watched over me;
3 ၃ ထိုအခါ ဘုရားသခင်၏မီးခွက် သည် ငါ့ ခေါင်း ပေါ် မှာ ထွန်းလင်း သည်ဖြစ်၍ ၊ ထို အလင်း ကို ငါအမှီပြု လျက်၊ မိုက် သောအရပ်၌ ရှောက် သွားနိုင်၏။
when his lamp shone on my head, and by his light I walked through darkness,
4 ၄ ငါ့ အသက် ပျိုသောကာလ ၊ ငါ့ အိမ် ၌ ဘုရား သခင်နှင့် မိဿဟာယ ဖွဲ့ရသောအခွင့်ရှိသောကာလ၌ ၊ ငါဖြစ် သကဲ့သို့ တဖန်ဖြစ်ပါစေ။
as I was in my prime, when the friendship of God was in my tent,
5 ၅ ထိုအခါ အနန္တ တန်ခိုးရှင်သည် ငါ့ ဘက် ၌ရှိတော်မူ၏။ ငါ့ သားသမီး တို့သည်လည်း ငါ့ ကိုဝိုင်း လျက် နေကြ၏။
when the Almighty was yet with me, and my children were around me,
6 ၆ ထိုအခါငါ သွား သောလမ်း၌ နို့ရည် စီးလေ၏။ ကျောက်ခဲ သည်လည်း ငါ့ အဘို့ ဆီ ကိုသွန်းလောင်း လေ၏။
when my steps were washed with butter, and the rock poured out streams of oil for me,
7 ၇ ငါ သည်မြို့အလယ်၌ ရှောက်၍ ၊ မြို့ တံခါး သို့ သွား လျက်၊ လမ်း ၌ ထိုင် ရာကို ပြင်ဆင် လျက်နေစဉ်တွင်၊
when I went out to the city gate, when I prepared my seat in the street.
8 ၈ လူပျို တို့သည် ငါ့ ကိုမြင် သဖြင့် ပုန်းရှောင် ၍ နေကြ၏။ အသက် ကြီးသူတို့သည်လည်း ထ ၍ မတ်တတ် နေကြ၏။
The young men saw me and hid themselves. The aged rose up and stood.
9 ၉ မင်းသား တို့သည် စကား မပြောဘဲနေ၍ ၊ မိမိ တို့ နှုတ် ကို လက် နှင့် ပိတ် ကြ၏။
The princes refrained from talking, and laid their hand on their mouth.
10 ၁၀ မှူးမတ် တို့သည်လည်း တိတ်ဆိတ် စွာနေ၍ ၊ သူ တို့လျှာ သည် အာခေါင် ၌ ကပ် လေ၏။
The voice of the nobles was hushed, and their tongue stuck to the roof of their mouth.
11 ၁၁ လူတို့သည် ငါ့စကားသံကိုကြား သောအခါ ကောင်းကြီး ပေးကြ၏။ ငါ့ကိုမြင် သောအခါ ချီးမွမ်း ကြ၏။
For when the ear heard me, then it blessed me, and when the eye saw me, it commended me,
12 ၁၂ အကြောင်း မူကား၊ ငါသည်ဆင်းရဲ သောသူ၊ မိဘ မရှိသောသူ၊ ကိုးကွယ် ရာမ ရသောသူ အော်ဟစ် သောအခါ ကယ်တင် တတ်၏။
because I delivered the poor who cried, and the fatherless also, who had no one to help him,
13 ၁၃ ပျက် လုသောသူကောင်းကြီး ပေးခြင်းကို ငါ ခံရ၏။ မုတ်ဆိုးမ စိတ် နှလုံးကို ရွှင်လန်း စေ၏။
the blessing of him who was ready to perish came on me, and I caused the widow’s heart to sing for joy.
14 ၁၄ ဖြောင့်မတ် ခြင်းပါရမီကို အဝတ် လုပ်၍ ငါဝတ်ဆင် ၏။ တရား သည် ငါ့ ဝတ်လုံ ငါ့ပေါင်း ဖြစ်၏။
I put on righteousness, and it clothed me. My justice was as a robe and a diadem.
15 ၁၅ မျက်စိ ကန်းသောသူတို့ အား ငါသည် မျက်စိ ဖြစ် ၏။ ခြေဆွံ့ သောသူတို့ အား ခြေ ဖြစ်၏။
I was eyes to the blind, and feet to the lame.
16 ၁၆ ဆင်းရဲ သောသူတို့၏ အဘ ဖြစ်၏။ အသိအကျွမ်း မ ရှိသောသူ တို့ ၏အမှု ကို ငါနားထောင် ၏။
I was a father to the needy. I researched the cause of him whom I didn’t know.
17 ၁၇ မ တရားသောသူ၏အစွယ် တို့ကို ငါချိုး ၍ ၊ သူ လုယူ ကိုက်စားသော အရာကိုနှုတ် ၏။
I broke the jaws of the unrighteous and plucked the prey out of his teeth.
18 ၁၈ ငါသည် ကိုယ် အသိုက် ၌ သေ ရသောအခွင့် ရှိလိမ့်မည်။ ငါ့အသက်ရှင်သော နေ့ ရက်တို့သည် သဲလုံး နှင့် အမျှ များပြား လိမ့်မည်ဟု အောက်မေ့၏။
Then I said, ‘I will die in my own house, I will count my days as the sand.
19 ၁၉ ငါ့ အမြစ် သည် ရေ နား မှာပြန့်ပွါး ၏။ ဆီးနှင်း သည် တညဉ့်လုံး ငါ့ အခက် အလက်၌ ကျ၏။
My root is spread out to the waters. The dew lies all night on my branch.
20 ၂၀ ငါ့ ဘုန်း သည် အစဉ်ပွင့်လန်း လျက်၊ ငါ လေး သည် လည်း ငါ့ လက် ၌ အားဖြည့် လျက်ရှိ၏။
My glory is fresh in me. My bow is renewed in my hand.’
21 ၂၁ သူတပါးတို့သည် ငါ့ စကားကို နားထောင် ၍ ၊ ငါ ပေးသောအကြံ ကို ငံ့လင့် လျက် တိတ်ဆိတ် စွာနေကြ၏။
“Men listened to me, waited, and kept silence for my counsel.
22 ၂၂ ငါ ပြောပြီးသည်နောက် သူတို့သည် ပြန် ၍ မ ပြော။ ငါ့ စကား သည် သူ တို့အပေါ် မှာ ရေစက်ကဲ့သို့ကျ ၏။
After my words they didn’t speak again. My speech fell on them.
23 ၂၃ မိုဃ်းရေ ကိုငံ့လင့် သကဲ့သို့ ငါ့ ကို ငံ့လင့်လျက်၊ နောက်ကျ သော မိုဃ်းရေကို ခံချင်သကဲ့သို့ ၊ သူ တို့သည် ပစပ် ကို ကျယ်ကျယ်ဖွင့် လျက်နေကြ၏။
They waited for me as for the rain. Their mouths drank as with the spring rain.
24 ၂၄ ငါသည် ပြုံး လျက်သူ တို့ကို ကြည့်ရှုသောအခါ၊ သူတို့သည် မ ယုံ နိုင်ကြ။ ငါ့မျက်နှာ ၏အလင်း ကိုလည်း မပျောက် စေကြ။
I smiled on them when they had no confidence. They didn’t reject the light of my face.
25 ၂၅ ငါသည် သူ တို့လမ်း ကိုပဲ့ပြင် ၍ အမြတ် ဆုံးသော နေရာ၌ ထိုင် ၏။ ဗိုလ်ခြေ အလုံးအရင်းနှင့်တကွ ရှင်ဘုရင် ကဲ့သို့ ၎င်း ၊ ညှိုးငယ် သောသူတို့ ကို နှစ်သိမ့် စေသော သူကဲ့သို့ ၎င်း ငါဖြစ်၏။
I chose out their way, and sat as chief. I lived as a king in the army, as one who comforts the mourners.