< ယောဘ 29 >

1 ယောဘ သည် လင်္ကာ စကားကို ဆက် ၍မြွက်ဆို သည် ကား၊
Job went on speaking.
2 ငါသည် လွန် လေပြီသောနှစ်၊ လ ၊ ဘုရား သခင်စောင့်မ တော်မူသော နေ့ ရက်၌ဖြစ်သကဲ့သို့ တဖန်ဖြစ် ပါစေ။
“I wish I was back in the old days when God looked after me!
3 ထိုအခါ ဘုရားသခင်၏မီးခွက် သည် ငါ့ ခေါင်း ပေါ် မှာ ထွန်းလင်း သည်ဖြစ်၍ ၊ ထို အလင်း ကို ငါအမှီပြု လျက်၊ မိုက် သောအရပ်၌ ရှောက် သွားနိုင်၏။
His light shone above me and lit my way through the darkness.
4 ငါ့ အသက် ပျိုသောကာလ ၊ ငါ့ အိမ် ၌ ဘုရား သခင်နှင့် မိဿဟာယ ဖွဲ့ရသောအခွင့်ရှိသောကာလ၌ ၊ ငါဖြစ် သကဲ့သို့ တဖန်ဖြစ်ပါစေ။
When I was young and strong, God was my friend and spoke to me in my home.
5 ထိုအခါ အနန္တ တန်ခိုးရှင်သည် ငါ့ ဘက် ၌ရှိတော်မူ၏။ ငါ့ သားသမီး တို့သည်လည်း ငါ့ ကိုဝိုင်း လျက် နေကြ၏။
The Almighty was still with me and I was surrounded with my children.
6 ထိုအခါငါ သွား သောလမ်း၌ နို့ရည် စီးလေ၏။ ကျောက်ခဲ သည်လည်း ငါ့ အဘို့ ဆီ ကိုသွန်းလောင်း လေ၏။
My herds produced much milk, and oil flowed freely from my olive presses.
7 ငါ သည်မြို့အလယ်၌ ရှောက်၍ ၊ မြို့ တံခါး သို့ သွား လျက်၊ လမ်း ၌ ထိုင် ရာကို ပြင်ဆင် လျက်နေစဉ်တွင်၊
I went out to the city gate and took my seat in the public square.
8 လူပျို တို့သည် ငါ့ ကိုမြင် သဖြင့် ပုန်းရှောင် ၍ နေကြ၏။ အသက် ကြီးသူတို့သည်လည်း ထ ၍ မတ်တတ် နေကြ၏။
The young men saw me and moved out of the way; the elders would stand up for me.
9 မင်းသား တို့သည် စကား မပြောဘဲနေ၍ ၊ မိမိ တို့ နှုတ် ကို လက် နှင့် ပိတ် ကြ၏။
The leaders remained silent and covered their mouths with their hands.
10 ၁၀ မှူးမတ် တို့သည်လည်း တိတ်ဆိတ် စွာနေ၍ ၊ သူ တို့လျှာ သည် အာခေါင် ၌ ကပ် လေ၏။
The voices of the officials were hushed; they held their tongues in my presence.
11 ၁၁ လူတို့သည် ငါ့စကားသံကိုကြား သောအခါ ကောင်းကြီး ပေးကြ၏။ ငါ့ကိုမြင် သောအခါ ချီးမွမ်း ကြ၏။
Everyone who listened to me praised me; whoever saw me commended me,
12 ၁၂ အကြောင်း မူကား၊ ငါသည်ဆင်းရဲ သောသူ၊ မိဘ မရှိသောသူ၊ ကိုးကွယ် ရာမ ရသောသူ အော်ဟစ် သောအခါ ကယ်တင် တတ်၏။
because I gave to the poor who called out to me and the orphans who had no one to help them.
13 ၁၃ ပျက် လုသောသူကောင်းကြီး ပေးခြင်းကို ငါ ခံရ၏။ မုတ်ဆိုးမ စိတ် နှလုံးကို ရွှင်လန်း စေ၏။
Those who were about to die blessed me; I made the widow sing for joy.
14 ၁၄ ဖြောင့်မတ် ခြင်းပါရမီကို အဝတ် လုပ်၍ ငါဝတ်ဆင် ၏။ တရား သည် ငါ့ ဝတ်လုံ ငါ့ပေါင်း ဖြစ်၏။
Being true and acting right were what I wore for clothing.
15 ၁၅ မျက်စိ ကန်းသောသူတို့ အား ငါသည် မျက်စိ ဖြစ် ၏။ ခြေဆွံ့ သောသူတို့ အား ခြေ ဖြစ်၏။
I was like eyes for the blind and feet for the lame.
16 ၁၆ ဆင်းရဲ သောသူတို့၏ အဘ ဖြစ်၏။ အသိအကျွမ်း မ ရှိသောသူ တို့ ၏အမှု ကို ငါနားထောင် ၏။
I was like a father to the poor, and I defended the rights of strangers.
17 ၁၇ မ တရားသောသူ၏အစွယ် တို့ကို ငါချိုး ၍ ၊ သူ လုယူ ကိုက်စားသော အရာကိုနှုတ် ၏။
I broke the jaw of the wicked and made them drop their prey from their teeth.
18 ၁၈ ငါသည် ကိုယ် အသိုက် ၌ သေ ရသောအခွင့် ရှိလိမ့်မည်။ ငါ့အသက်ရှင်သော နေ့ ရက်တို့သည် သဲလုံး နှင့် အမျှ များပြား လိမ့်မည်ဟု အောက်မေ့၏။
I thought I would die at home, after many years.
19 ၁၉ ငါ့ အမြစ် သည် ရေ နား မှာပြန့်ပွါး ၏။ ဆီးနှင်း သည် တညဉ့်လုံး ငါ့ အခက် အလက်၌ ကျ၏။
Like a tree my roots spread out to the water; the dew rests on my branches overnight.
20 ၂၀ ငါ့ ဘုန်း သည် အစဉ်ပွင့်လန်း လျက်၊ ငါ လေး သည် လည်း ငါ့ လက် ၌ အားဖြည့် လျက်ရှိ၏။
Fresh honors were always being given to me; my strength was renewed like an unfailing bow.
21 ၂၁ သူတပါးတို့သည် ငါ့ စကားကို နားထောင် ၍ ၊ ငါ ပေးသောအကြံ ကို ငံ့လင့် လျက် တိတ်ဆိတ် စွာနေကြ၏။
People listened carefully to what I had to say; they kept quiet as they listened to my advice.
22 ၂၂ ငါ ပြောပြီးသည်နောက် သူတို့သည် ပြန် ၍ မ ပြော။ ငါ့ စကား သည် သူ တို့အပေါ် မှာ ရေစက်ကဲ့သို့ကျ ၏။
Once I had spoken they had nothing else to say; what I said was enough.
23 ၂၃ မိုဃ်းရေ ကိုငံ့လင့် သကဲ့သို့ ငါ့ ကို ငံ့လင့်လျက်၊ နောက်ကျ သော မိုဃ်းရေကို ခံချင်သကဲ့သို့ ၊ သူ တို့သည် ပစပ် ကို ကျယ်ကျယ်ဖွင့် လျက်နေကြ၏။
They waited for me like people waiting for rain; their mouths wide open for the spring rain.
24 ၂၄ ငါသည် ပြုံး လျက်သူ တို့ကို ကြည့်ရှုသောအခါ၊ သူတို့သည် မ ယုံ နိုင်ကြ။ ငါ့မျက်နှာ ၏အလင်း ကိုလည်း မပျောက် စေကြ။
When I smiled at them they could hardly believe it; my approval meant all the world to them.
25 ၂၅ ငါသည် သူ တို့လမ်း ကိုပဲ့ပြင် ၍ အမြတ် ဆုံးသော နေရာ၌ ထိုင် ၏။ ဗိုလ်ခြေ အလုံးအရင်းနှင့်တကွ ရှင်ဘုရင် ကဲ့သို့ ၎င်း ၊ ညှိုးငယ် သောသူတို့ ကို နှစ်သိမ့် စေသော သူကဲ့သို့ ၎င်း ငါဖြစ်၏။
I decided the way forward as their leader, living like a king among his soldiers, and when they were sad I comforted them.

< ယောဘ 29 >