< ယောဘ 28 >
1 ၁ ငွေလိုက်သောငွေ ကြောင်းသည် စင်စစ် ရှိ ၏။ လူစစ် တတ်သော ရွှေ နေရာ လည်း ရှိ၏။
၁ငွေလိုက်သောငွေကြောင်းသည် စင်စစ်ရှိ၏။ လူစစ်တတ်သော ရွှေနေရာလည်းရှိ၏။
2 ၂ သံ ကိုမြေကြီး ထဲက တူးယူ တတ်၏။ ကျောက် ကို ချက် ၍ ကြေးနီ ကိုရတတ်၏။
၂သံကိုမြေကြီးထဲက တူးယူတတ်၏။ ကျောက်ကို ချက်၍ ကြေးနီ ကိုရတတ်၏။
3 ၃ လူသည် မှောင်မိုက် ကို ပျောက်စေတတ်၏။ အဆုံး တိုင်အောင် ၎င်း မှောင်မိုက် ကျောက် ၊ သေမင်း အရိပ်တိုင်အောင်၎င်း လိုက်၍ စစ် တတ်၏။
၃လူသည် မှောင်မိုက်ကို ပျောက်စေတတ်၏။ အဆုံးတိုင်အောင်၎င်း မှောင်မိုက်ကျောက်၊ သေမင်း အရိပ်တိုင်အောင်၎င်း လိုက်၍ စစ်တတ်၏။
4 ၄ တောင် ခြေရင်း၌တွင်းတူး၍၊ ခြေ ဖြင့် ကိုယ်ကို မထောက်ဘဲ ဆင်း၍၊ လူ နေရာကို စွန့် သွားတတ်၏။
၄တောင်ခြေရင်း၌တွင်းတူး၍၊ ခြေဖြင့် ကိုယ်ကို မထောက်ဘဲ ဆင်း၍၊ လူနေရာကို စွန့်သွားတတ်၏။
5 ၅ မြေ သည်စားစရာ ကို ပေး တတ်သော်လည်း ၊ အောက် အရပ်၌ မီး ဖြင့်ပျက်သကဲ့သို့ အပျက် ခံရ၏။
၅မြေသည်စားစရာကို ပေးတတ်သော်လည်း၊ အောက်အရပ်၌ မီးဖြင့်ပျက်သကဲ့သို့ အပျက်ခံရ၏။
6 ၆ သူ ၏ကျောက် တို့သည် ကျောက် နီနေရာ ဖြစ်၏။ မြေမှုန့် လည်း ရွှေ ဖြစ်၏။
၆သူ၏ကျောက်တို့သည် ကျောက်နီနေရာဖြစ်၏။ မြေမှုန့်လည်း ရွှေဖြစ်၏။
7 ၇ အဘယ်ငှက် မျှမ သိ ၊ လင်းတ မျက်စိ လည်း မ မြင် သေးသော လမ်း ရှိ၏။
၇အဘယ်ငှက်မျှမသိ၊ လင်းတမျက်စိလည်း မမြင် သေးသော လမ်းရှိ၏။
8 ၈ ထိုလမ်းကိုသားရဲ မ နင်း ၊ ခြင်္သေ့ မ ရှောက် သေး။
၈ထိုလမ်းကိုသားရဲမနင်း၊ ခြင်္သေ့မရှောက်သေး။
9 ၉ လူသည်ကျောက် ပေါ် မှာလက် တင် ၍၊ တောင် တို့ ကို ခြေရင်း တိုင်အောင် မှောက် တတ်၏။
၉လူသည်ကျောက်ပေါ်မှာလက်တင်၍၊ တောင်တို့ ကို ခြေရင်းတိုင်အောင် မှောက်တတ်၏။
10 ၁၀ ကျောက် တို့တွင် ရေစီးစေတတ်၏။ သူ ၏မျက်စိ သည် ထူးဆန်း သောအရာရှိသမျှ တို့ကို ကြည့် မြင် တတ်၏။
၁၀ကျောက်တို့တွင် ရေစီးစေတတ်၏။ သူ၏မျက်စိသည် ထူးဆန်းသောအရာရှိသမျှတို့ကို ကြည့်မြင် တတ်၏။
11 ၁၁ စီးသောရေ ကို တဖန်ဖြတ်၍၊ ဝှက်ထား သော အရာတို့ကို ထုတ်ဘော် တတ်၏။
၁၁စီးသောရေကို တဖန်ဖြတ်၍၊ ဝှက်ထားသော အရာတို့ကို ထုတ်ဘော်တတ်၏။
12 ၁၂ သို့ရာတွင် ၊ ပညာ ကိုအဘယ် မှာ တွေ့ ရလိမ့်မည်နည်း။ ဉာဏ် သည်လည်း အဘယ် အရပ် ၌ နေသနည်း။
၁၂သို့ရာတွင်၊ ပညာကိုအဘယ်မှာ တွေ့ရလိမ့်မည် နည်း။ ဥာဏ်သည်လည်း အဘယ်အရပ်၌ နေသနည်း။
13 ၁၃ ဉာဏ်ပညာအဘိုး ကို လူ မ သိ နိုင်။ အသက် ရှင်သောသူတို့ ၏ နေရာ ၌ ရှာ ၍ မ တွေ့နိုင်။
၁၃ဥာဏ်ပညာအဘိုးကို လူမသိနိုင်။ အသက်ရှင် သော သူတို့၏ နေရာ၌ရှာ၍မတွေ့နိုင်။
14 ၁၄ နက်နဲ သော အရပ်ကငါ ၌ မ ရှိ။ ပင်လယ် ကလည်း ၊ ငါ ၌ မ ရှိဟုဆို တတ်၏။
၁၄နက်နဲသော အရပ်ကငါ၌မရှိ။ ပင်လယ်က လည်း၊ ငါ၌မရှိဟုဆို တတ်၏။
15 ၁၅ ရွှေစင် ကိုပေး ၍ပညာကိုမ ရ။ ငွေ ကိုချိန် ၍ ပညာအဘိုး ကို မ မှီနိုင်။
၁၅ရွှေစင်ကို ပေး၍ပညာကိုမရ။ ငွေကိုချိန်၍ ပညာအဘိုးကို မမှီနိုင်။
16 ၁၆ ဩဖိရ ရွှေ ၊ မြတ် သောရှဟံ ကျောက်၊ နီလာ ကျောက်နှင့် ဝယ် သော်လည်းမ ရနိုင်။
၁၆ဩဖိရရွှေ၊ မြတ်သောရှဟံကျောက်၊ နီလာ ကျောက်နှင့် ဝယ်သော်လည်း မရနိုင်။
17 ၁၇ ရွှေ ဖြစ်စေ ၊ ကျောက် သလင်းဖြစ်စေမ မှီ နိုင်။ ရွှေစင် တန်ဆာ များနှင့်ဖယ်လှည် ၍မရနိုင်။
၁၇ရွှေဖြစ်စေ၊ ကျောက်သလင်းဖြစ်စေမမှီနိုင်။ ရွှေစင်တန်ဆာများနှင့်ဖယ်လှည်၍မရနိုင်။
18 ၁၈ သန္တာ နှင့် ပုလဲ ကိုပြော စရာမ ရှိ။ ပညာ သည် ပတ္တမြား ထက် သာ၍အဘိုး ကြီး၏။
၁၈သန္တာနှင့်ပုလဲကိုပြောစရာမရှိ။ ပညာသည် ပတ္တမြားထက်သာ၍ အဘိုးကြီး၏။
19 ၁၉ ကုရှ ဥဿဘယား သည် မ မှီ နိုင်။ အမြတ် ဆုံးသော ရွှေ နှင့် ဝယ် ၍ မ ရနိုင်။
၁၉ကုရှဥဿဘယားသည် မမှီနိုင်။ အမြတ်ဆုံးသော ရွှေနှင့်ဝယ်၍ မရနိုင်။
20 ၂၀ သို့ဖြစ်၍ ၊ ပညာ သည် အဘယ် က လာ သနည်း။ ဉာဏ် သည် အဘယ် ဆီမှာနေရာ ကျသနည်း။
၂၀သို့ဖြစ်၍၊ ပညာသည် အဘယ်က လာသနည်း။ ဥာဏ်သည် အဘယ်ဆီမှာ နေရာကျသနည်း။
21 ၂၁ အသက် ရှင်သော သတ္တဝါတစုံတယောက်မျှ ကြည့် ၍မမြင်နိုင်။ မိုဃ်း ကောင်းကင်ငှက် တို့သည် ရှာ ၍ မတွေ့နိုင်။
၂၁အသက်ရှင်သော သတ္တဝါတစုံတယောက်မျှ ကြည့်၍မမြင်နိုင်။ မိုဃ်းကောင်းကင်ငှက်တို့သည် ရှာ၍ မတွေ့နိုင်။
22 ၂၂ အဗဒ္ဒုန် မင်းနှင့် သေမင်း တို့က၊ ပညာ၏သိတင်း ကို နား နှင့် ကြား ရုံမျှသာရှိသည်ဟု ဆို တတ်ကြ၏။
၂၂အဗဒ္ဒုန်မင်းနှင့်သေမင်းတို့က၊ ပညာ၏သိတင်းကို နားနှင့် ကြားရုံမျှသာရှိသည်ဟု ဆိုတတ်ကြ၏။
23 ၂၃ ဘုရား သခင်သာလျှင်ပညာလမ်း ကို နားလည် တော်မူ၏။ ပညာနေရာ အရပ်ကို သိ တော်မူ၏။
၂၃ဘုရားသခင်သာလျှင် ပညာလမ်းကို နားလည်တော်မူ၏။
၂၄ပညာနေရာအရပ်ကို သိတော်မူ၏။
25 ၂၅ လေ ကိုချိန် လျက်၊ ရေ ကိုလည်းခြင် လျက်၊ မြေကြီး စွန်း တိုင်အောင် ကြည့်ရှု ၍၊ ကောင်းကင် အောက် ၌ရှိသမျှ တို့ကို မြင် တော်မူ၏။
၂၅လေကိုချိန်လျက်၊ ရေကိုလည်းခြင်လျက်၊ မြေကြီး စွန်းတိုင်အောင် ကြည့်ရှု၍၊ ကောင်းကင်အောက်၌ ရှိသမျှ တို့ကို မြင်တော်မူ၏။
26 ၂၆ မိုဃ်းရွာ မှုကို စီရင်၍၊ မိုဃ်းကြိုး လျှပ်စစ်ပြက်ရာ လမ်း ကို ဖန်ဆင်း သောအခါ၊
၂၆မိုဃ်းရွာမှုကိုစီရင်၍၊ မိုဃ်းကြိုးလျှပ်စစ်ပြက်ရာ လမ်းကို ဖန်ဆင်းသောအခါ၊
27 ၂၇ ပညာကိုမြင် ၍ ဘော်ပြ တော်မူ၏။ ပညာတရားကို ထား ၍ စုံစမ်း တော်မူ၏။
၂၇ပညာကိုမြင်၍ဘော်ပြတော်မူ၏။ ပညာတရားကို ထား၍စုံစမ်းတော်မူ၏။
28 ၂၈ လူ တို့အား လည်း ထာဝရ ဘုရားကို ကြောက်ရွံ့ ခြင်းသည် ပညာ ဖြစ်ကြောင်းနှင့် ၊ ဒုစရိုက် ကို ရှောင် ခြင်း သည် ဉာဏ် ဖြစ်ကြောင်းကို မိန့် တော်မူပြီဟုမြွက်ဆို၏။
၂၈လူတို့အားလည်း ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် ပညာဖြစ်ကြောင်းနှင့်၊ ဒုစရိုက်ကို ရှောင်ခြင်း သည် ဥာဏ်ဖြစ်ကြောင်းကို မိန့်တော်မူပြီဟုမြွက်ဆို၏။