< ယောဘ 27 >
1 ၁ ယောဘ သည် လင်္ကာ စကားကိုဆက် ၍ မြွက်ဆို သည် ကား၊
Moreover, Job continued his parable, and said,
2 ၂ ငါ့ ကိုအမှု ရှုံး စေတော်မူသောဘုရား သခင်၊ ငါ့ ဝိညာဉ် ကို ညှဉ်းဆဲ တော်မူသောအနန္တ တန်ခိုးရှင်သည် အသက် ရှင်တော်မူသည် မှန်လျှင်၊
[As] God liveth, [who] hath taken away my judgment; and the Almighty [who] hath afflicted my soul;
3 ၃ ငါ့ အသက် ရှင်လျက်၊ ငါ့ နှာခေါင်း ၌ ဘုရား သခင်ပေးတော်မူသောအသက် တည်သမျှကာလပတ်လုံး၊
All the while my breath [is] in me, and the spirit of God [is] in my nostrils;
4 ၄ တခါမျှအဓမ္မ စကားကို ငါ့ နှုတ် မ မြွက်။ လှည့်စား သော စကားကို ငါ့ လျှာ ဖြင့် ငါမ ပြော ဘဲနေမည်။
My lips shall not speak wickedness, nor my tongue utter deceit.
5 ၅ သင် တို့သဘော ဖြောင့်သည်ဟု ဝန်ခံသောစကားသည် ငါ နှင့် ဝေး ပါစေသော။ ငါသည် ကိုယ် သဘော ဖြောင့်သည်ကို သေ သည်တိုင်အောင် မ ငြင်း။
Far be it from me that I should justify you: till I die I will not remove my integrity from me.
6 ၆ ငါသည် တရား သောအကျင့်ကို လက် မ လွှတ်၊ စွဲကိုင် လျက်နေမည်။ အသက်ရှင်သမျှကာလ ပတ်လုံးကိုယ် စိတ်နှလုံး သည် ကိုယ်ကိုအပြစ် မ တင်ရ။
My righteousness I hold fast, and will not let it go: my heart shall not reproach [me] so long as I live.
7 ၇ ငါ့ ရန်သူ သည် ဆိုး သောသူကဲ့သို့ ၎င်း ၊ ငါ့ တစ်ဘက်၌ ထ သောသူသည် မ ဖြောင့်မတ်သော သူကဲ့သို့ ၎င်း ဖြစ် ပါစေသော။
Let my enemy be as the wicked, and he that riseth up against me as the unrighteous.
8 ၈ အဓမ္မ လူသည် ဆုံး ခြင်းသို့ရောက်၍၊ အသက် ဝိညာဉ်ကိုဘုရား သခင်နှုတ် တော်မူသောအခါ အဘယ် မြော်လင့် စရာရှိသေးသနည်း။
For what [is] the hope of the hypocrite, though he hath gained, when God taketh away his soul?
9 ၉ ထိုအမှု ရောက် သောအခါ ၊ သူ အော်ဟစ် ခြင်းကို ဘုရား သခင်နားထောင် တော်မူမည်လော။
Will God hear his cry when trouble cometh upon him?
10 ၁၀ ထိုသူသည် အနန္တ တန်ခိုးရှင်၌ မွေ့လျော် လိမ့်မည်လော။ ဘုရား သခင်ကို အစဉ် ပဌာန ပြုလိမ့်မည်လော။
Will he delight himself in the Almighty? will he always call upon God?
11 ၁၁ ဘုရား သခင်၏အမှုတော်တို့ကို သင် တို့အား ငါပြသ မည်။ အနန္တ တန်ခိုးရှင်ကြံစည်တော်မူသောအရာ တို့ကို ငါထိမ်ဝှက် ၍မ ထား။
I will teach you by the hand of God: [that] which [is] with the Almighty will I not conceal.
12 ၁၂ သင် တို့သည်ကိုယ်တိုင်သိမြင် လျက် ၊ ဤ မျှလောက်အချည်းနှီး သောစိတ်ကို အဘယ်ကြောင့် ပြုစုကြသနည်း။
Behold, all ye yourselves have seen [it]; why then are ye thus altogether vain?
13 ၁၃ လူ ဆိုး အား ဘုရား သခင်ပေးတော်မူသောဆုလပ် ၊ ညှဉ်းဆဲ တတ်သောသူသည်အနန္တ တန်ခိုးရှင်၏ လက်တော်မှ ခံရ သောအမွေ ဥစ္စာဟူမူကား၊
This [is] the portion of a wicked man with God, and the heritage of oppressors, [which] they shall receive of the Almighty.
14 ၁၄ သူ ၏သားသမီး များပြား သော်လည်း ထား စာ ဖြစ်ကြ၏။ မွတ်သိပ် ခြင်းကိုလည်း ခံရကြ၏။
If his children are multiplied, [it is] for the sword: and his offspring shall not be satisfied with bread.
15 ၁၅ သူ ၌ ကျန်ကြွင်း သောသူတို့ ကို သေမင်း သင်္ဂြိုဟ် လိမ့်မည်။ သူ ၏မုတ်ဆိုးမ တို့သည် ငိုကြွေး ခြင်းကို မ ပြု ရကြ။
Those that remain of him shall be buried in death: and his widows shall not weep.
16 ၁၆ သူသည်ငွေ ကို မြေမှုန့် ကဲ့သို့ ပုံ ၍ ၊ အဝတ် တန်ဆာကို ရွှံ့ ကဲ့သို့ ပြင်ဆင် သော်လည်း၊
Though he should heap up silver as the dust, and prepare raiment as the clay?
17 ၁၇ ထိုအဝတ်တန်ဆာကို ဖြောင့်မတ် သောသူသည် ဝတ်ဆင် လိမ့်မည်။ ထိုငွေ ကို အပြစ်ကင်း သောသူသည် ဝေငှ လိမ့်မည်။
He may prepare [it], but the just shall put [it] on, and the innocent shall divide the silver.
18 ၁၈ သူဆောက် သော အိမ်သည်ပိုးရွ အိမ် ကဲ့သို့ ၎င်း ၊ ကင်း တဲ ကဲ့သို့ ၎င်း ဖြစ် ၏။
He buildeth his house as a moth, and as a booth [that] the keeper maketh.
19 ၁၉ ထိုရ တတ်သောသူသည် သေသောအခါ သင်္ဂြိုဟ်ခြင်းကို မခံရ။ မျက်စိ တမှိတ်၌ ဆုံးရှုံးပြီ။
The rich man shall lie down, but he shall not be gathered: he openeth his eyes, and he [is] not.
20 ၂၀ ထသောရေ ကဲ့သို့ ဘေးဥပဒ် တို့သည် သူ့ ကိုလိုက်တတ်၏။ ညဉ့် အခါ မိုဃ်းသက် မုန်တိုင်းတိုက် သွား တတ်၏။
Terrors take hold on him as waters, a tempest stealeth him away in the night.
21 ၂၁ အရှေ့ လေလွှင့် ၍ သူသည်မိမိ နေရာ ၌ မတည်။ လေ အဟုန်ဖြင့် ပါသွား တတ်၏။
The east wind carrieth him away, and he departeth: and as a storm hurleth him out of his place.
22 ၂၂ ဘုရားသခင်သည် မ သနား ဘဲ ဒဏ်ခတ် တော်မူသဖြင့် ၊ လက် တော်မှ လွတ် ခြင်းငှါအလိုရှိလိမ့်မည်။
For [God] shall cast upon him, and not spare: he would fain flee out of his hand.
23 ၂၃ လူတို့သည်လက်ခုပ် တီး၍ ကဲ့ရဲ့ သံကိုပြုလျက် ၊ သူ့ကိုမောင်း ကြလိမ့်မည်။
[Men] shall clap their hands at him, and shall hiss him out of his place.