< ယောဘ 26 >
1 ၁ ယောဘ ပြန် ၍ မြွက်ဆိုသည်ကား၊
Ṣùgbọ́n Jobu sì dáhùn wí pé,
2 ၂ သင်သည်အားနည်း သောသူကို အဘယ်သို့ မစ သနည်း။ လက် ကျ သောသူကို အဘယ်သို့ထောက်ပင့် သနည်း။
“Báwo ni ìwọ ń ṣe ìrànlọ́wọ́ ẹni tí kò ní ipá, báwo ní ìwọ ń ṣe gbe apá ẹni tí kò ní agbára?
3 ၃ မိုက် သောသူကို အဘယ်သို့ အကြံ ပေးသနည်း။ ထူးဆန်း သော ပညာ ကို အဘယ်သို့ပြ သနည်း။
Báwo ni ìwọ ń ṣe ìgbìmọ̀ fun ẹni tí kò ní ọgbọ́n, tàbí báwo òye rẹ to pọ to bẹ́ẹ̀?
4 ၄ ဤစကား ကို အဘယ်သူ အားမြွက်ဆို သနည်း။ အဘယ်သူ ၏ ဝိညာဉ် အားဖြင့်ဟောပြောသနည်း။
Ta ni ó ràn ọ́ lọ́wọ́ láti sọ àwọn ọ̀rọ̀ wọ̀nyí, àti ẹ̀mí ta ni ó gba ẹnu rẹ sọ̀rọ̀?”
5 ၅ အောက် အရပ်၌ သင်္ချိုင်း သားတို့နှင့်တကွရေ များနှင့် ရေ၌ နေ သောသူများတို့သည် တုန်လှုပ် ကြ၏။
“Àwọn aláìlágbára ti isà òkú wárìrì, lábẹ́ omi pẹ̀lú àwọn tí ń gbé inú rẹ̀.
6 ၆ မရဏ နိုင်ငံသည် ရှေ့ တော်၌ လှန် လျက်ရှိ၏။ အဗဒ္ဒုန် နိုင်ငံကို ဖုံးအုပ် ခြင်းမ ရှိရာ။ (Sheol )
Ìhòhò ni ipò òkú níwájú Ọlọ́run, ibi ìparun kò sí ní ibojì. (Sheol )
7 ၇ မိုဃ်းကောင်းကင်ကို လွတ်လပ် လဟာ၌ ကြက် တော်မူ၏။ မြေကြီး ကိုအခုအခံမ ရှိ ဆွဲထား တော်မူ၏။
Òun ní o nà ìhà àríwá ọ̀run ní ibi òfúrufú, ó sì so ayé rọ̀ ní ojú asán.
8 ၈ ထူထပ်သော မိုဃ်းတိမ် တော်နှင့် ရေ ကို ထုပ် တော်မူ၍၊ မိုဃ်းတိမ် သည် မ စုတ် မပြတ်နေ၏။
Ó di omi pọ̀ nínú ìkùùkuu àwọsánmọ̀ rẹ̀ tí ó nípọn; àwọsánmọ̀ kò sì ya nísàlẹ̀ wọn.
9 ၉ မိုဃ်းတိမ် တော်ကို ဖြန့် ၍ ပလ္လင် တော်မျက်နှာ ကို ဖုံးအုပ် တော်မူ၏။
Ó sì fa ojú ìtẹ́ rẹ̀ sẹ́yìn, ó sì tẹ àwọsánmọ̀ rẹ̀ sí i lórí.
10 ၁၀ အလင်း နှင့် အမိုက် ဆုံမိရာ အပိုင်းအခြား၌ စကြဝဠာကို ကန့်ကွက်တော်မူ၏။
Ó fi ìdè yí omi òkun ká, títí dé ààlà ìmọ́lẹ̀ àti òkùnkùn.
11 ၁၁ ဆုံးမ တော်မူခြင်းကြောင့် ၊ မိုဃ်း ကောင်းကင်တိုင် တို့သည် တုန်လှုပ် ၍ မိန်းမော တွေဝေလျက်နေကြ၏။
Ọ̀wọ́n òpó ọ̀run wárìrì, ẹnu sì yà wọ́n sì ìbáwí rẹ̀.
12 ၁၂ တန်ခိုး တော်အားဖြင့် သမုဒ္ဒရာ ကို ဆုံးမ တော်မူ ၏။ ပညာ တော်အားဖြင့် သူ၏ မာန ကို ချိုးဖျက် တော်မူ ၏။
Ó fi ipá rẹ̀ dààmú omi Òkun; nípa òye rẹ̀, ó gé agbéraga sí wẹ́wẹ́.
13 ၁၃ ဝိညာဉ် တော်အားဖြင့် မိုဃ်း ကောင်းကင်တန်ဆာများကိုပြင် ၍၊ လျင်မြန်သော နဂါး ကိုလည်း ဖန်ဆင်းတော်မူ၏။
Nípa ẹ̀mí rẹ̀ ni ó ti ṣe ọ̀run ní ọ̀ṣọ́; ọwọ́ rẹ̀ ni ó fi dá ejò wíwọ́ nì.
14 ၁၄ ဤ ရွှေ့ကား၊ အမှု တော်အရိပ်အမြွက်သာဖြစ်၏။ စကား တော် အသံအနည်းငယ် ကိုသာ နားကြား ရ၏။ တန်ခိုး တော်မိုဃ်းကြိုး သံကို အဘယ်သူ နားလည် နိုင် သနည်းဟု မြွက်ဆို ၏။
Kíyèsi i, èyí ní òpin ọ̀nà rẹ̀; ohùn èyí tí a gbọ́ ti kéré tó! Ta ni ẹni náà tí òye àrá agbára rẹ̀ lè yé?”