< ယောဘ 26 >

1 ယောဘ ပြန် ၍ မြွက်ဆိုသည်ကား၊
ယောဘပြန်၍ မြွက်ဆိုသည်ကား၊
2 သင်သည်အားနည်း သောသူကို အဘယ်သို့ မစ သနည်း။ လက် ကျ သောသူကို အဘယ်သို့ထောက်ပင့် သနည်း။
သင်သည်အားနည်းသောသူကို အဘယ်သို့မစသနည်း။ လက်ကျသောသူကို အဘယ်သို့ ထောက်ပင့်သနည်း။
3 မိုက် သောသူကို အဘယ်သို့ အကြံ ပေးသနည်း။ ထူးဆန်း သော ပညာ ကို အဘယ်သို့ပြ သနည်း။
မိုက်သောသူကို အဘယ်သို့ အကြံပေးသနည်း။ ထူးဆန်းသော ပညာကို အဘယ်သို့ပြသနည်း။
4 ဤစကား ကို အဘယ်သူ အားမြွက်ဆို သနည်း။ အဘယ်သူ ၏ ဝိညာဉ် အားဖြင့်ဟောပြောသနည်း။
ဤစကားကို အဘယ်သူအားမြွက်ဆိုသနည်း။ အဘယ်သူ၏ ဝိညာဉ်အားဖြင့် ဟောပြောသနည်း။
5 အောက် အရပ်၌ သင်္ချိုင်း သားတို့နှင့်တကွရေ များနှင့် ရေ၌ နေ သောသူများတို့သည် တုန်လှုပ် ကြ၏။
အောက်အရပ်၌ သင်္ချိုင်းသားတို့နှင့်တကွ ရေ များနှင့်ရေ၌ နေသောသူများတို့သည် တုန်လှုပ်ကြ၏။
6 မရဏ နိုင်ငံသည် ရှေ့ တော်၌ လှန် လျက်ရှိ၏။ အဗဒ္ဒုန် နိုင်ငံကို ဖုံးအုပ် ခြင်းမ ရှိရာ။ (Sheol h7585)
မရဏနိုင်ငံသည် ရှေ့တော်၌ လှန်လျက်ရှိ၏။ အဗဒ္ဒုန်နိုင်ငံကို ဖုံးအုပ်ခြင်းမရှိရာ။ (Sheol h7585)
7 မိုဃ်းကောင်းကင်ကို လွတ်လပ် လဟာ၌ ကြက် တော်မူ၏။ မြေကြီး ကိုအခုအခံမ ရှိ ဆွဲထား တော်မူ၏။
မိုဃ်းကောင်းကင်ကို လွတ်လပ်လဟာ၌ ကြက် တော်မူ၏။ မြေကြီးကိုအခုအခံမရှိ ဆွဲထားတော်မူ၏။
8 ထူထပ်သော မိုဃ်းတိမ် တော်နှင့် ရေ ကို ထုပ် တော်မူ၍၊ မိုဃ်းတိမ် သည် မ စုတ် မပြတ်နေ၏။
ထူထပ်သော မိုဃ်းတိမ်တော်နှင့် ရေကို ထုပ်တော်မူ၍၊ မိုဃ်းတိမ်သည် မစုတ်မပြတ်နေ၏။
9 မိုဃ်းတိမ် တော်ကို ဖြန့် ၍ ပလ္လင် တော်မျက်နှာ ကို ဖုံးအုပ် တော်မူ၏။
မိုဃ်းတိမ်တော်ကို ဖြန့်၍ ပလ္လင်တော်မျက်နှာကို ဖုံးအုပ်တော်မူ၏။
10 ၁၀ အလင်း နှင့် အမိုက် ဆုံမိရာ အပိုင်းအခြား၌ စကြဝဠာကို ကန့်ကွက်တော်မူ၏။
၁၀အလင်းနှင့်အမိုက်ဆုံမိရာ အပိုင်းအခြား၌ စကြဝဠာကို ကန့်ကွက်တော်မူ၏။
11 ၁၁ ဆုံးမ တော်မူခြင်းကြောင့် ၊ မိုဃ်း ကောင်းကင်တိုင် တို့သည် တုန်လှုပ် ၍ မိန်းမော တွေဝေလျက်နေကြ၏။
၁၁ဆုံးမတော်မူခြင်းကြောင့်၊ မိုဃ်းကောင်းကင်တိုင် တို့သည် တုန်လှုပ်၍ မိန်းမောတွေဝေလျက်နေကြ၏။
12 ၁၂ တန်ခိုး တော်အားဖြင့် သမုဒ္ဒရာ ကို ဆုံးမ တော်မူ ၏။ ပညာ တော်အားဖြင့် သူ၏ မာန ကို ချိုးဖျက် တော်မူ ၏။
၁၂တန်ခိုးတော်အားဖြင့် သမုဒ္ဒရာကို ဆုံးမတော် မူ၏။ ပညာတော်အားဖြင့်သူ၏ မာနကို ချိုးဖျက်တော် မူ၏။
13 ၁၃ ဝိညာဉ် တော်အားဖြင့် မိုဃ်း ကောင်းကင်တန်ဆာများကိုပြင် ၍၊ လျင်မြန်သော နဂါး ကိုလည်း ဖန်ဆင်းတော်မူ၏။
၁၃ဝိညာဉ်တော်အားဖြင့် မိုဃ်းကောင်းကင် တန်ဆာများကိုပြင်၍၊ လျင်မြန်သောနဂါးကို ကင်တန် ဆာများကိုပြင်၍၊ လျင်မြန်သော နဂါးကိုလည်း ဖန်ဆင်း တော်မူ၏။
14 ၁၄ ဤ ရွှေ့ကား၊ အမှု တော်အရိပ်အမြွက်သာဖြစ်၏။ စကား တော် အသံအနည်းငယ် ကိုသာ နားကြား ရ၏။ တန်ခိုး တော်မိုဃ်းကြိုး သံကို အဘယ်သူ နားလည် နိုင် သနည်းဟု မြွက်ဆို ၏။
၁၄ဤရွှေ့ကား၊ အမှုတော်အရိပ်အမြွက်သာဖြစ်၏။ စကားတော် အသံအနည်းငယ်ကိုသာ နားကြားရ၏။ တန်ခိုးတော်မိုဃ်းကြိုးသံကို အဘယ်သူနားလည်နိုင် သနည်းဟု မြွက်ဆို၏။

< ယောဘ 26 >