< ယောဘ 25 >

1 တဖန် ရှုအာ အမျိုးသားဗိလဒဒ် မြွက်ဆို သည် ကား၊
And Bildad the Shuhite answers and says:
2 ဘုရားသခင်သည် အာဏာ တော်နှင့်၎င်း ၊ ကြောက်ရွံ့ ရိုသေဘွယ်သော ဂုဏ်တော်နှင့်၎င်း ပြည့်စုံ၍၊ မြင့် သောဌာနတော်၌ ငြိမ်သက် ခြင်းကို ပြုစု တော်မူ၏။
“The rule and fear [are] with Him, Making peace in His high places.
3 ဗိုလ်ခြေ တော်တို့ကို ရေတွက် နိုင်သလော။ အလင်း တော်သည် အဘယ် သူကို မလင်းဘဲ နေသနည်း။
Is their [any] number to His troops? And on whom does His light not arise?
4 သို့ဖြစ်၍ လူ သည် ဘုရား သခင်ရှေ့ တော်၌ ကုသိုလ် ကို အဘယ်သို့ ရနိုင်သနည်း။ လူမိန်းမ ဘွားမြင် သောသူသည် အဘယ်သို့ သန့်ရှင်း နိုင်သနည်း။
And what? Is man righteous with God? And what? Is he pure—born of a woman?
5 လ သော်လည်း အလင်းမ ရှိ။ ကြယ် သော်လည်း ရှေ့ တော်၌ မ ဖြူစင်။
Behold—to the moon, and it does not shine, And stars have not been pure in His eyes.
6 ထိုမျှမက ၊ တီကောင် ဖြစ်သောလူ ၊ ပိုးရွ ဖြစ်သောလူ သား ကို အဘယ်ဆိုဘွယ်ရာရှိသနည်းဟု မြွက်ဆို၏။
How much less man—a grub, And the son of man—a worm!”

< ယောဘ 25 >