< ယောဘ 24 >

1 အနန္တ တန်ခိုးရှင်သည် အဘယ်ကြောင့် ကာလ အချိန်တို့ကို သိုထား တော်မ မူသနည်း။ နားလည် သောသူတို့ သည် တရားစီရင်တော်မူရာ နေ့ ရက်ကိုအဘယ်ကြောင့်မ မြင် ရသနည်း။
အနန္တတန်ခိုးရှင်သည် အဘယ်ကြောင့် ကာလအချိန်တို့ကို သိုထားတော်မမူသနည်း။ နားလည်သော သူတို့သည် တရားစီရင်တော်မူရာ နေ့ရက်ကိုအဘယ်ကြောင့် မမြင်ရသနည်း။
2 အချို့သောသူတို့သည် မြေ မှတ်တိုင်တို့ကို ရွှေ့ တတ်ကြ၏။ သူတပါး၏ သိုး ဆိတ်တို့ကို လုယူ ၍ ကိုယ်အဘို့ ထိန်းကျောင်း ကြ၏။
အချို့သောသူတို့သည် မြေမှတ်တိုင်တို့ကို ရွှေ့တတ်ကြ၏။ သူတပါး၏ သိုးဆိတ်တို့ကို လုယူ၍ ကိုယ်အဘို့ ထိန်းကျောင်းကြ၏။
3 မိဘ မရှိသောသူငယ်၏မြည်း ကို မောင်း သွား၍၊ မုတ်ဆိုးမ ၏နွား ကိုအပေါင် ယူကြ၏။
မိဘမရှိသောသူငယ်၏မြည်းကို မောင်းသွား၍၊ မုတ်ဆိုးမ၏နွား ကိုအပေါင်ယူကြ၏။
4 ငတ်မွတ် သောသူတို့ ကို လမ်းလွဲ စေကြ၏။ ဆင်းရဲ သောပြည် သားတို့သည် စုဝေး ၍ ပုန်းရှောင် လျက် နေရကြ၏။
ငတ်မွတ်သော သူတို့ကို လမ်းလွဲစေကြ၏။ ဆင်းရဲသောပြည်သားတို့သည် စုဝေး၍ ပုန်းရှောင်လျက် နေရကြ၏။
5 သူတို့သည်အလုပ် လုပ်ခြင်းငှါတော ၌ ရိုင်းသော မြည်း ကဲ့သို့ထွက် ရကြ၏။ စားစရာ ကို ရှာ ခြင်းငှါနံနက်စောစောသွား၍၊ ကိုယ် အဘို့ နှင့် သားသမီး တို့အဘို့ ကို တော ၌တွေ့ ရကြ၏။
သူတို့သည်အလုပ်လုပ်ခြင်းငှါ တော၌ရိုင်းသော မြည်းကဲ့သို့ ထွက်ရကြ၏။ စားစရာကိုရှာခြင်းငှါ နံနက် စောစောသွား၍၊ ကိုယ်အဘို့နှင့် သားသမီးတို့အဘို့ကို တော၌တွေ့ရကြ၏။
6 လယ်ပြင် ၌ ကား၊ ညှဉ်းဆဲ သောသူ၏ စပါး ကိုရိတ် ၍ ၊ သူ၏စပျစ်သီး ကို သိမ်း ရကြ၏။
လယ်ပြင်၌ကား၊ ညှဉ်းဆဲသောသူ၏ စပါးကို ရိတ်၍၊ သူ၏စပျစ်သီးကို သိမ်းရကြ၏။
7 ချမ်း သောကာလ၌ ကိုယ်ကိုဖုံးလွှမ်း စရာ အဝတ်မ ရှိ။ အချည်းစည်း အိပ် ရကြ၏။
ချမ်းသောကာလ၌ ကိုယ်ကိုဖုံးလွှမ်းစရာ အဝတ်မရှိ။ အချည်းစည်းအိပ်ရကြ၏။
8 တည်းခို စရာတဲမရှိ သောကြောင့်၊ တောင် ပေါ်၌ မိုဃ်းရေ စိုစွတ် လျက် ကျောက် ကြားမှာ ခို ရကြ၏။
တည်းခိုစရာတဲမရှိသောကြောင့်၊ တောင်ပေါ်၌ မိုဃ်းရေ စိုစွတ်လျက် ကျောက်ကြားမှာ ခိုရကြ၏။
9 အဘ မရှိသောသူငယ်သည် အမိနို့ နှင့် ကွာ ရ၏။ ဆင်းရဲ သားသည် မိမိဥစ္စာကို ပေါင် ထားရ၏။
အဘမရှိသောသူငယ်သည် အမိနို့နှင့်ကွာရ၏။ ဆင်းရဲသားသည် မိမိဥစ္စာကို ပေါင်ထားရ၏။
10 ၁၀ အဝတ် မရှိအချည်းစည်း လှည့်လည် ၍ မွတ်သိပ် လျက်၊ သူတပါး ကောက်လှိုင်း ကို ထမ်း ရ၏။
၁၀အဝတ်မရှိအချည်းစည်းလှည့်လည်၍ မွတ်သိပ်လျက်၊ သူတပါး ကောက်လှိုင်းကို ထမ်းရ၏။
11 ၁၁ သူတပါး အိမ် မှာ ဆီ ကိုကြိတ်လျက်၊ စပျစ်သီး ကို နင်းနယ် လျက် အငတ် ခံရ၏။
၁၁သူတပါးအိမ်မှာ ဆီကိုကြိတ်လျက်၊ စပျစ်သီးကို နင်းနယ်လျက် အငတ်ခံရ၏။
12 ၁၂ လူ တို့သည်မြို့ ထဲ မှာ ညည်းတွား ကြ၏။ နာ သောသူတို့သည် အော်ဟစ် ကြ၏။ သို့သော်လည်း သူတို့ဆုတောင်းသော စကားကိုဘုရား သခင်သည် ပမာဏ ပြုတော်မ မူ။
၁၂လူတို့သည်မြို့ထဲမှာ ညည်းတွားကြ၏။ နာသောသူတို့သည် အော်ဟစ်ကြ၏။ နာသောသူတို့သည် အော်ဟစ်ကြ၏။ သို့သော်လည်း သူတို့ဆုတောင်းသော စကားကိုဘုရားသခင်သည် ပမာဏပြုတော်မမူ။
13 ၁၃ အချို့သောသူတို့သည် အလင်း ကို ဆန့်ကျင် ဘက်ပြု၍ အလင်း သဘော ကိုမ သိ။ လင်းသောလမ်း သို့ မ လိုက် တတ်ကြ။
၁၃အချို့သောသူတို့သည် အလင်းကို ဆန့်ကျင်ဘက်ပြု၍ အလင်းသဘောကိုမသိ။ လင်းသောလမ်းသို့ မလိုက်တတ်ကြ။
14 ၁၄ လူသတ် သည် စောစော ထ ၍ ဆင်းရဲ ငတ်မွတ် သောသူတို့ ကိုသတ် တတ်၏။ ညဉ့် အခါ သူခိုး လုပ် တတ် ၏။
၁၄လူသတ်သည် စောစောထ၍ ဆင်းရဲငတ်မွတ် သော သူတို့ကို သတ်တတ်၏။ ညဉ့်အခါ သူခိုးလုပ်တတ် ၏။
15 ၁၅ သူ့မယားကို ခိုး သောသူသည် ညဦးယံ အချိန်ကို မြော်လင့် ၍၊ မိမိမျက်နှာ ကိုဖုံး လျက် အဘယ်သူမျှမ မြင် ရ ဟု ဆို တတ်၏။
၁၅သူ့မယားကို ခိုးသောသူသည် ညဦးယံအချိန်ကို မြော်လင့်၍၊ မိမိမျက်နှာကိုဖုံးလျက် အဘယ်သူမျှ မမြင်ရ ဟု ဆိုတတ်၏။
16 ၁၆ လူဆိုးတို့သည် ညဉ့် အချိန်၌ သူတပါး၏အိမ် ကို ဖောက်ထွင်း တတ်ကြ၏။ နေ့ အချိန်၌ ပုန်း လျက်နေ၍ အလင်း ကိုရှောင်တတ်ကြ၏။
၁၆လူဆိုးတို့သည် ညဉ့်အချိန်၌ သူတပါး၏အိမ်ကို ဖောက်ထွင်းတတ်ကြ၏။ နေ့အချိန်၌ ပုန်းလျက်နေ၍ အလင်းကိုရှောင်တတ်ကြ၏။
17 ၁၇ နံနက်ယံ ကို သေမင်း အရိပ်ကဲ့သို့ထင်မှတ်၍၊ သေမင်း အရိပ်ကြောက်မက် ဘွယ်သောဘေးတို့ကို သိ ရကြ၏။
၁၇နံနက်ယံကို သေမင်းအရိပ်ကဲ့သို့ ထင်မှတ်၍၊ သေမင်းအရိပ်ကြောက်မက်ဘွယ်သောဘေးတို့ကို သိရကြ၏။
18 ၁၈ ရေ ပေါ် မှာပေါ့ပါး ကြ၏။ မြေ ပေါ် မှာ ကျိန်ဆဲ သောအဘို့ ကို ခံရ၍၊ စပျစ် ဥယျာဉ်အနီးသို့ မ ချဉ်း ရကြ။
၁၈ရေပေါ်မှာပေါ့ပါးကြ၏။ မြေပေါ်မှာ ကျိန်ဆဲ သောအဘို့ကို ခံရ၍၊ စပျစ်ဥယျာဉ်အနီးသို့ မချဉ်းရကြ။
19 ၁၉ မိုဃ်း ရေသည် ခန်းခြောက် ခြင်းအားဖြင့်၎င်း၊ နေပူ အရှိန်အားဖြင့်၎င်း၊ ကွယ်ပျောက် တတ်သကဲ့သို့၊ မတရား သောသူသည် သေမင်း နိုင်ငံ၌ ကွယ်ပျောက်တတ် ၏။ (Sheol h7585)
၁၉မိုဃ်းရေသည် ခန်းခြောက်ခြင်းအားဖြင့်၎င်း၊ နေပူအရှိန်အားဖြင့်၎င်း၊ ကွယ်ပျောက်တတ်သကဲ့သို့၊ မတရားသောသူသည် သေမင်းနိုင်ငံ၌ ကွယ်ပျောက်တတ် ၏။ (Sheol h7585)
20 ၂၀ သူ၏အမိ သည် သူ့ ကိုမေ့လျော့ ၍၊ တီကောင် တို့သည် မြိန် စွာ စားလိမ့်မည်။ နောက် တဖန် အဘယ်သူမျှမ အောက်မေ့ ရ။ မတရား သောသူသည်သစ်ပင် ကဲ့သို့ ကျိုး ရလိမ့်မည်။
၂၀သူ၏အမိသည် သူ့ကိုမေ့လျော့၍၊ တီကောင်တို့သည် မြိန်စွာ စားလိမ့်မည်။ နောက်တဖန် အဘယ်သူမျှ မအောက်မေ့ရ။ မတရားသော သူသည်သစ်ပင်ကဲ့သို့ ကျိုးရလိမ့်မည်။
21 ၂၁ မတရားသောသူသည် သားမ ဘွား သောမိန်းမကို ညှဉ်းဆဲတတ်၏။ မုတ်ဆိုးမ ကိုလည်း ကျေးဇူး မ ပြုတတ်။
၂၁မတရားသောသူသည် သားမဘွားသောမိန်းမကို ညှဉ်းဆဲတတ်၏။ မုတ်ဆိုးမကိုလည်း ကျေးဇူး မပြုတတ်။
22 ၂၂ အားကြီး သောသူကိုပင် မိမိ တန်ခိုး ကြောင့် ပယ်ရှင်း တတ်၏။ ထ သောအခါလူတိုင်းကိုယ် အသက် အဘို့ စိုးရိမ်တတ်၏။
၂၂အားကြီးသောသူကိုပင် မိမိတန်ခိုးကြောင့် ပယ်ရှင်းတတ်၏။ ထသောအခါလူတိုင်းကိုယ် အသက် အဘို့ စိုးရိမ်တတ်၏။
23 ၂၃ သို့ရာတွင်ရဲရင့် စွာ ခိုလှုံ ရာအခွင့်ကို သူ့ အား ပေး ၍၊ ထိုသို့သောသူ တို့ ၏ အမှု များကို ပမာဏပြုတော်မူ ၏။
၂၃သို့ရာတွင်ရဲရင့်စွာ ခိုလှုံရာအခွင့်ကို သူ့အားပေး၍၊ ထိုသို့သော သူတို့၏ အမှုများကို ပမာဏပြုတော် မူ၏။
24 ၂၄ ခဏ ချီးမြှောက် ခြင်းသို့ ရောက်၍ တဖန် ကွယ်ပျောက်ကြ၏။ နှိမ့်ချ ခြင်းသို့ရောက်သဖြင့် ၊ အခြားသော သူကဲ့သို့ အသက်ချုပ် ခြင်းကို၎င်း ၊ စပါးနှံ အဖျား ကဲ့သို့ ရိတ်ဖြတ် ခြင်းကို၎င်းခံရကြ၏။
၂၄ခဏချီးမြှောက်ခြင်းသို့ ရောက်၍ တဖန် ကွယ်ပျောက်ကြ၏။ နှိမ့်ချခြင်းသို့ရောက်သဖြင့်၊ အခြားသော သူကဲ့သို့ အသက်ချုပ်ခြင်းကို၎င်း၊ စပါးနှံအဖျားကဲ့သို့ ရိတ်ဖြတ်ခြင်းကို၎င်း ခံရကြ၏။
25 ၂၅ သို့မ ဟုတ်လျှင် ၊ ငါ ၏မုသာ အပြစ်ကို အဘယ်သူ ပြမည်နည်း။ ငါ ၏စကား ကို အဘယ်သူချေမည်နည်းဟု မြွက်ဆို၏။
၂၅သို့မဟုတ်လျှင်၊ ငါ၏မုသာအပြစ်ကို အဘယ်သူ ပြမည်နည်း။ ငါ၏စကားကို အဘယ်သူချေမည်နည်းဟု မြွက်ဆို၏။

< ယောဘ 24 >