< ယောဘ 22 >

1 တဖန် တေမန် အမျိုးသားဧလိဖတ် မြွက်ဆို သည် ကား၊
Then Eliphaz the Temanite answered, and said,
2 လူ သည် မိမိပညာ အားဖြင့်မိမိ အကျိုး ကို ပြုစုသကဲ့သို့ဘုရား သခင်၌ ကျေးဇူး ပြုနိုင်သလော။
Can a man be profitable to God? Surely he who is wise is profitable to himself.
3 သင်၏ဖြောင့်မတ် ခြင်းအားဖြင့်၊ အနန္တ တန်ခိုးရှင်သည် ကျေးဇူးရှိတော်မူသလော။ သင် ၏အကျင့် ၌ အပြစ် မပါကြောင်းကို ထင်ရှားစေသောအားဖြင့် အကျိုး စီးပွါးရှိတော်မူသလော။
Is it any pleasure to the Almighty that thou are righteous? Or is it gain to him that thou make thy ways perfect?
4 သင့် ကိုကြောက်ရွံ့ သောကြောင့် ဆုံးမ ပေးတော်မူ မည်လော။ သင် နှင့် တရား တွေ့တော်မူမည်လော။
Is it for thy fear of him that he reproves thee, that he enters with thee into judgment?
5 သင် ပြုသောဒုစရိုက် သည် အလွန် ကြီးသည် မ ဟုတ်လော။ သင့် အပြစ် တို့သည် မ ရေတွက်နိုင်အောင် များပြားသည်မဟုတ်လော။
Is not thy wickedness great? Neither is there any end to thine iniquities.
6 သင်သည်ညီအစ်ကို ပေါင် ထားသော ဥစ္စာကို မ တရားသဖြင့် ခံယူပြီ။ ဆင်းရဲ သောသူတို့၏ အဝတ် ကိုလည်း ချွတ်ယူ ပြီ။
For thou have taken pledges from thy brother for nothing, and stripped the naked of their clothing.
7 မော သောသူသောက်ဘို့ ရေ ကိုမ ပေး။ ငတ်မွတ် သောသူကိုမ ကျွေး။
Thou have not given water to the weary to drink, and thou have withheld bread from the hungry.
8 အားကြီး သောသူ မူကား မြေ ကို ပိုင်ရ၏။ ဂုဏ် အသရေရှိသောသူသည် နေ ရသောအခွင့်ကိုရ၏။
But as for the mighty man, he had the land. And the honorable man, he dwelt in it.
9 သင်သည် မုတ်ဆိုးမ တို့ကို လက်ချည်း လွှတ် လိုက်၍ ၊ မိဘ မရှိသော သူငယ်တို့၏လက် ကိုချိုး ပြီ။
Thou have sent widows away empty, and the arms of the fatherless have been broken.
10 ၁၀ ထိုကြောင့် ကျော့ကွင်း နှင့် ကျော့မိပြီ၊ ထိတ်လန့် သောစိတ်နှင့် ပင်ပန်း ရ၏။
Therefore snares are round about thee, and sudden fear troubles thee,
11 ၁၁ မ မြင် နိုင်သောမှောင်မိုက် သည် ညှဉ်းဆဲ၍ ၊ ပြင်း စွာစီးသောရေ သည် လွှမ်းမိုး ရ၏။
or darkness, so that thou cannot see, and abundance of waters cover thee.
12 ၁၂ ဘုရား သခင်သည် ကောင်းကင် ဘဝဂ်ပေါ်မှာ ရှိတော်မူသည်မ ဟုတ်လော။ ကြယ် တို့သည် အဘယ် မျှလောက် မြင့် ကြသည်တကား။
Is not God in the height of heaven? And behold the height of the stars, how high they are!
13 ၁၃ သို့ဖြစ်၍ သင်က၊ ဘုရား သခင်သည် အဘယ်သို့ သိ တော်မူမည်နည်း။ ထူ သောတိမ်တိုက်ကွယ်လျက်နှင့် စီရင် တော်မူနိုင်မည်လော။
And thou say, What does God know? Can he judge through the thick darkness?
14 ၁၄ မ မြင် နိုင်အောင် ထူထပ်သောတိမ် တို့သည် ကိုယ်တော် ကို လွှမ်းမိုး ကြ၏။ ကောင်းကင် စကြဝဠာ ထိပ်ပေါ်မှာ လှည့်လည် တော်မူသည်ဟု ဆို တတ်၏။
Thick clouds are a covering to him, so that he does not see, and he walks on the vault of heaven.
15 ၁၅ ကာလ အချိန်မ စေ့မှီ ဖျက်ဆီး ခြင်း၊ ရေ လွှမ်းမိုး၍၊
Will thou keep the old way which wicked men have trodden?
16 ၁၆
Who were snatched away before their time, whose foundation was poured out as a stream,
17 ၁၇ အခြေအမြစ် ပယ်ရှင်း ခြင်းကို ခံရသောသူတည်းဟူသောဘုရား သခင်အား ငါ တို့ထံမှ ထွက်သွား လော့ဟူ၍ ၎င်း ၊ အနန္တ တန်ခိုးရှင်သည် ငါ့တို့အဘို့အဘယ်သို့ ပြု နိုင်သနည်းဟူ၍၎င်း၊ဆိုတတ်သောအဓမ္မ လူ တို့လိုက် ဘူးသော လမ်း ဟောင်း ကိုသင်သည်လိုက် ဦးမည်လော။
who said to God, Depart from us, and, What can the Almighty do for us?
18 ၁၈ သို့ရာတွင် ဘုရား သခင်သည် သူ တို့အိမ် ကို ကောင်း သောအရာနှင့် ပြည့် စေတော်မူ၏။ မ တရားသောသူတို့ ၏ အကြံအစည် ကို ငါသည် ဝန် မခံ။
Yet he filled their houses with good things. But the counsel of the wicked is far from me.
19 ၁၉ ဖြောင့်မတ် သောသူတို့သည် ကြည့် မြင်၍ ဝမ်းမြောက် ကြ၏။ အပြစ် ကင်းသောသူတို့သည် ထို အဓမ္မလူ တို့ကို ကဲ့ရဲ့ တတ်ကြ၏။
The righteous see it, and are glad. And the innocent laugh them to scorn,
20 ၂၀ အကယ် စင်စစ်ငါ တို့ရန်သူ သည် ပျက်စီး လေပြီ။ သူ ၏စည်းစိမ် ကို မီး လောင် လေပြီဟု ဆိုရကြ၏။
Saying, Surely those who rose up against us are cut off, and the remnant of them, the fire has consumed.
21 ၂၁ ဘုရား သခင်နှင့် အကျွမ်းဝင် ၍ မိဿဟာယဖွဲ့ လော့။ ထိုသို့ပြုမှ ကောင်းစား ခြင်းသို့ ရောက် ရလိမ့်မည်။
Acquaint now thyself with him, and be at peace. By this good shall come to thee.
22 ၂၂ နှုတ် တော်ထွက်တရား ကို ခံယူ ၍ စကား တော်ကို နှလုံး ၌ သွင်း ပါလော့။
Receive, I pray thee, the law from his mouth, and lay up his words in thy heart.
23 ၂၃ အနန္တ တန်ခိုးရှင်ထံ တော်သို့ ပြန်လာ လျှင် ၊ တည်ဆောက် ခြင်းရှိလိမ့်မည်။ သင့် အိမ် မှ ဒုစရိုက် ကို ပယ်ရှား လျှင်၊
If thou return to the Almighty, thou shall be built up, thou put away unrighteousness far from thy tents.
24 ၂၄ ရွှေ ကိုမြေမှုန့် ကဲ့သို့၎င်း ၊ ဩဖိရ ရွှေကို မြစ် ၌ ရှိသောကျောက်စရစ် ကဲ့သို့၎င်း သိုထား ရလိမ့်မည်။
Then thou shall lay up gold as dust, and the gold of Ophir as the stones of the brooks.
25 ၂၅ ထိုအခါ အနန္တ တန်ခိုးရှင်သည် သင် ၌ရွှေ ရတနာ၊ သင် သုံးရသောငွေ ဘဏ္ဍာဖြစ် တော်မူလိမ့်မည်။
Yea, the Almighty will be thy treasure, and precious silver to thee.
26 ၂၆ သင်သည်အနန္တ တန်ခိုးရှင်၌ မွေ့လျော် ၍ ၊ ဘုရား သခင်ကို ဖူးမြော် ရသောအခွင့်ရှိလိမ့်မည်။
For then shall thou delight thyself in the Almighty, and shall lift up thy face to God.
27 ၂၇ သင်ဆုတောင်း သောအခါ နားထောင် တော်မူမည်။ သစ္စာ ဂတိထားသည်အတိုင်း၊ သစ္စာဝတ်ဖြေ ရသော အခွင့်ရှိလိမ့်မည်။
Thou shall make thy prayer to him, and he will hear thee, and thou shall pay thy vows.
28 ၂၈ သင်ကြံစည်သောအကြံအစည် သည် ထမြောက် ၍၊ သင် သွားသောလမ်း ၌ ရောင်ခြည် ထွန်း လိမ့်မည်။
Thou shall also decree a thing, and it shall be established to thee. And light shall shine upon thy ways.
29 ၂၉ သူတပါးတို့သည် နှိမ့်ချ ခြင်းကိုခံရသောအခါ ၊ သင်ကချီးမြှောက်သောအခွင့်ရှိသည်ဟု ဆို ရလိမ့်မည်။ စိတ် နှိမ့်ချသောသူကို ကယ်တင် တော်မူလိမ့်မည်။
When they cast thee down, thou shall say, There is lifting up, and he will save the humble man.
30 ၃၀ အပြစ် မကင်းသောသူကိုပင် ကယ်နှုတ် တော်မူလိမ့်မည်။ သင် ပြုသောအမှု သန့်ရှင်း သောအားဖြင့် သူသည်ကယ်တင် ခြင်းသို့ ရောက်လိမ့်မည်ဟုမြွက်ဆို၏။
He will deliver even him who is not innocent. Yea, he shall be delivered through the cleanness of thy hands.

< ယောဘ 22 >