< ယောဘ 21 >
1 ၁ ယောဘ ပြန် ၍ မြွက်ဆိုသည်ကား၊
BUT Job answered and said,
2 ၂ ငါ့ စကား ကိုစေ့စေ့နားထောင် ၍ ငါ့အားနှစ်သိမ့် ခြင်းကို ပြု ကြလော့။
Hear diligently my speech, and let this be your consolations.
3 ၃ ငါ ပြော ရသောအခွင့်ရှိစေခြင်းငှါသည်းခံ ကြလော့။ ငါပြော ပြီးမှ ပြက်ယယ် ပြုချင်လျှင် ပြုကြလော့။
Suffer me that I may speak; and after that I have spoken, mock on.
4 ၄ ငါ မြည်တမ်း သောအရာနှင့် လူ ဆိုင်သလော။ အဘယ်ကြောင့် စိတ် မ တို သင့်သနည်း။
As for me, is my complaint to man? and if it were so, why should not my spirit be troubled?
5 ၅ ငါ့ ကို ကြည့်ရှု လျက် မိန်းမော တွေဝေ၍ ၊ သင်တို့ပစပ် ကို သင်တို့လက် နှင့် ဖုံးအုပ် ကြလော။
Mark me, and be astonished, and lay your hand upon your mouth.
6 ၆ ငါသည်အောက်မေ့ သောအခါ ၊ မိန်းမော တွေဝေ၍ ၊ ကိုယ် အသားသည် တုန်လှုပ် လျက်ရှိ၏။
Even when I remember I am afraid, and trembling taketh hold on my flesh.
7 ၇ လူဆိုး တို့သည် အသက် ရှင်ရုံမျှမက၊ အဘယ်ကြောင့် အသက် ကြီး၍ ဘုန်း စည်းစိမ်နှင့် ပြည့်စုံ ကြသနည်း။
Wherefore do the wicked live, become old, yea, are mighty in power?
8 ၈ သူ တို့သား သမီးတို့သည် သူ တို့ပတ်ဝန်းကျင်အရပ်၌ ၎င်း၊ သူ တို့အမျိုးအနွယ် သည် သူ တို့ရှေ့မှောက် ၌၎င်း နေရာ ကျကြ၏။
Their seed is established in their sight with them, and their offspring before their eyes.
9 ၉ သူ တို့အိမ် များသည်လည်း ဘေး နှင့်လွတ်၍ ငြိမ်ဝပ် ကြ၏။ ဘုရား သခင်ဒဏ်ခတ် တော်မူခြင်းနှင့် ကင်းလွတ် ကြ၏။
Their houses are safe from fear, neither is the rod of God upon them.
10 ၁၀ သူ တို့နွားလား သည် မ ချွတ်မလွှဲ အရွယ် လိုက်တတ်၏။ နွားမ သည်လည်း ဝမ်းပိုး မ ပျက်ဘွား တတ်၏။
Their bull gendereth, and faileth not; their cow calveth, and casteth not her calf.
11 ၁၁ သူ တို့သူငယ် များကို သိုးစု ကဲ့သို့ လွှတ် ၍ ၊ သား သမီးတို့သည် ကခုန် တတ်ကြ၏။
They send forth their little ones like a flock, and their children dance.
12 ၁၂ သူတို့သည် ပတ်တာ နှင့် စောင်း ကို တီးလျက်၊ သီချင်းဆို၍ နှဲခရာ မှုတ်သံ နှင့် ဝမ်းမြောက် တတ်ကြ၏။
They take the timbrel and harp, and rejoice at the sound of the organ.
13 ၁၃ ပျော်မွေ့လျက် အသက်ကာလ ကို လွန် စေ၍၊ ချက်ခြင်း သေမင်း နိုင်ငံသို့ ဆင်းသက် တတ်ကြ၏။ (Sheol )
They spend their days in wealth, and in a moment go down to the grave. (Sheol )
14 ၁၄ ဘုရား သခင်အား လည်း ၊ ငါ တို့ထံမှ ထွက်သွား လော့။ ကိုယ်တော် ၏တရား ကို ငါတို့မ သိ လို ဟူ၍၎င်း၊
Therefore they say unto God, Depart from us; for we desire not the knowledge of thy ways.
15 ၁၅ အနန္တ တန်ခိုးရှင်သည် အဘယ်သို့ သောသူဖြစ်၍ငါတို့သည် ဝတ်ပြု ရမည်နည်း။ သူ့ ကို ဆုတောင်း လျှင် အဘယ် ကျေးဇူး ရှိလိမ့်မည်နည်းဟူ၍၎င်း ဆိုတတ်ကြ၏။
What is the Almighty, that we should serve him? and what profit should we have, if we pray unto him?
16 ၁၆ သို့သော်လည်း သူတို့သည် ကိုယ် စည်းစိမ် ကို ကိုယ်မ ပိုင်ကြ။ မ တရားသောသူတို့၏ အကြံအစည် ကို ငါသည် ဝန်မခံ။
Lo, their good is not in their hand: the counsel of the wicked is far from me.
17 ၁၇ မ တရားသောသူတို့၏ မီးခွက် သည် သေ ၍ ၊ သူ တို့ကို ဖျက်ဆီး ခြင်းငှါဘုရားသခင်သည် အမျက် တော် ထွက်သဖြင့်၊ ဘယ် နှစ်ကြိမ်ဘေးဥပဒ် တို့ကို စီရင် တော်မူဘူးသည်ကို၎င်း၊
How oft is the candle of the wicked put out! and how oft cometh their destruction upon them! God distributeth sorrows in his anger.
18 ၁၈ သူတို့သည် လေ ရှေ့မှာအမှိုက် နှင့် မုန်တိုင်း တိုက် သွားသော ဖွဲ ကဲ့သို့ ဘယ်နှစ်ကြိမ်ဖြစ် ဘူးသည်ကို၎င်း၊
They are as stubble before the wind, and as chaff that the storm carrieth away.
19 ၁၉ ဘုရား သခင်သည် သူ ၏အပြစ် ကို သူ ၏သားသမီး တို့အဘို့ ဘယ်နှစ်ကြိမ်သိုထားတော်မူဘူးသည်ကို၎င်း၊ သူသည်ကိုယ်တိုင်သိ ၍၊
God layeth up his iniquity for his children: he rewardeth him, and he shall know it.
20 ၂၀ ကိုယ် ပျက်စီးခြင်းကိုကိုယ် မျက်စိ နှင့် မြင်လျက်၊ အနန္တ တန်ခိုးရှင်၏အမျက် တော်ကို သောက် စိမ့်သောငှါ၊ သူ၏အပြစ်ကို ဘယ်နှစ်ကြိမ်ဆပ်ပေးတော်မူဘူးသည်ကို၎င်း သိမှတ် ကြလော့။
His eyes shall see his destruction, and he shall drink of the wrath of the Almighty.
21 ၂၁ သူ နေရသောနှစ်လ စေ့သောအခါ ၊ သူ့ သားသမီးတို့၌ ရောက်သောအမှုနှင့် သူသည် အဘယ်သို့ ဆိုင်သနည်း။
For what pleasure hath he in his house after him, when the number of his months is cut off in the midst?
22 ၂၂ မြင့် သောအရပ်၌နေသောသူတို့ကို အစိုးရ တော်မူသောဘုရား သခင်ကို အဘယ်သူ သွန်သင် လိမ့်မည်နည်း။
Shall any teach God knowledge? seeing he judgeth those that are high.
23 ၂၃ တ ယောက်သောသူကား ခွန်အား နှင့် ပြည့်စုံ လျက် ၊ ငြိမ်ဝပ် ချမ်းသာ စွာ သေ တတ်၏။
One dieth in his full strength, being wholly at ease and quiet.
24 ၂၄ သူ ၏နံဖေး တို့သည် ဆူဖြိုး ၍၊ အရိုး တို့လည်း ခြင်ဆီ နှင့် စိုစွတ် ကြ၏။
His breasts are full of milk, and his bones are moistened with marrow.
25 ၂၅ တ ယောက်သောသူကား တခါမျှမ ပျော်မွေ့ ၊ စိတ် ညှိုးငယ် လျက် သေ တတ်၏။
And another dieth in the bitterness of his soul, and never eateth with pleasure.
26 ၂၆ နှစ် ယောက်လုံးတို့သည် မခြားမနာ၊ မြေမှုန့် ၌ အိပ် ၍ တီကောင် များ ဖုံးလွှမ်း ခြင်းကိုခံရကြ၏။
They shall lie down alike in the dust, and the worms shall cover them.
27 ၂၇ သင် တို့သည် အောက်မေ့ သောအရာ၊ ငါ့ ကို မနာလို သောစိတ် နှင့်ဆင်ခြင်သောအရာတို့ကို ငါသိ ၏။
Behold, I know your thoughts, and the devices which ye wrongfully imagine against me.
28 ၂၈ အာဏာ ထားတတ်သောသူ ၏အိမ် သည် အဘယ် မှာရှိသနည်း။ မ တရားသောသူတို့၏ ဘုံဗိမာန်တို့ သည် အဘယ် မှာရှိသနည်းဟု သင်တို့သည် ဆို ကြလိမ့်မည်။
For ye say, Where is the house of the prince? and where are the dwelling places of the wicked?
29 ၂၉ ခရီးသွား သောသူတို့ကို မ မေး ကြဘူးသလော။
Have ye not asked them that go by the way? and do ye not know their tokens,
30 ၃၀ ဖျက်ဆီး ရာနေ့ရက် ကာလဘို့ မ တရားသောသူတို့ သည် ယခုဘေးလွတ် လိမ့်မည်အကြောင်း၊ ဒေါသ အမျက်ခံရာနေ့ရက် ကာလဘို့ ယခုထွက်မြောက်လိမ့်မည်အကြောင်းတည်းဟူသောသူ တို့လက္ခဏာ သက်သေများကို မ သိ ကြသလော။
That the wicked is reserved to the day of destruction? they shall be brought forth to the day of wrath.
31 ၃၁ သူ ပြု သောအမှုကို သူ့ ရှေ့ မှာ အဘယ်သူ ဘော်ပြ လိမ့်မည်နည်း။ သူ၏အပြစ်နှင့်အလျောက်အဘယ် သူဆပ်ပေး လိမ့်မည်နည်း။
Who shall declare his way to his face? and who shall repay him what he hath done?
32 ၃၂ သူ သည် သင်္ဂြိုဟ် ခြင်းသို့ရောက်၍ ၊ သူ၏သင်္ချိုင်း ပုံကို အစောင့် ထားကြလိမ့်မည်။
Yet shall he be brought to the grave, and shall remain in the tomb.
33 ၃၃ သူသည် ချိုင့် မြေစိုင် တို့ကို ချိုနိုး ထင်လိမ့်မည်။ မ ရေတွက်နိုင်အောင်များစွာသောသူတို့သည် သူ့ ရှေ့ ၌ သွားနှင့်သကဲ့သို့၊ သူသည် လူ ခပ်သိမ်း တို့ကို မိမိ နောက် ၌ သွေးဆောင်လိမ့်မည်။
The clods of the valley shall be sweet unto him, and every man shall draw after him, as there are innumerable before him.
34 ၃၄ သို့ဖြစ်၍ သင် တို့ပြန် ပြောသော စကား၌ မုသာ ပါသောကြောင့်၊ အဘယ်သို့ ငါ့ ကို အချည်းနှီး နှစ်သိမ့် စေ ကြလိမ့်မည်နည်းဟု မြွက်ဆို၏။
How then comfort ye me in vain, seeing in your answers there remaineth falsehood?