< ယောဘ 20 >
1 ၁ တဖန် နေမတ် အမျိုးသားဇောဖာ မြွက်ဆို သည်ကား၊
And Zophar the Naamathite answers and says:
2 ၂ ငါ ပြန် ပြောရမည်အကြောင်း၊ ငါ့စိတ်နှလုံးသည် နှိုးဆော် သောကြောင့် ၊ ပြောချင်သောစိတ်အားကြီး၏။
“Therefore my thoughts cause me to answer, And because of my sensations in me.
3 ၃ ငါသည်ကိုယ်ခံရသောကဲ့ရဲ့ ပြစ်တင်ခြင်း စကား ကိုကြား ၍၊ ငါ့ ဉာဏ် သဘောနှိုးဆော်သဖြင့် ငါ ပြန် ပြော ရ၏။
I hear the discipline of my shame, And the spirit of my understanding causes me to answer:
4 ၄ ရှေ့ဦးစွာသောကာလ၊ လူ ကို မြေကြီး ပေါ် မှာ နေရာချ စကာလမှစ၍၊
Have you known this from antiquity? Since the placing of man on earth?
5 ၅ ဆိုး သောသူသည်ကြာမြင့်စွာကာလ မဝါကြွားရ ကြောင်းကို၎င်း ၊ အဓမ္မ လူသည် ခဏ သာ ဝမ်းမြောက် ကြောင်း ကို၎င်းမသိသလော။
That the singing of the wicked [is] short, And the joy of the profane for a moment,
6 ၆ သူ ၏ ဘုန်း သည် မိုဃ်း ပေါ် သို့တက် ၍ ၊ သူ ၏ ခေါင်း သည် မိုဃ်းတိမ် တိုင်အောင် မှီ သော်လည်း၊
Though his excellence goes up to the heavens, He strikes his head against a cloud—
7 ၇ မိမိ မစင် ကဲ့သို့ အစဉ် ပျက် ရလိမ့်မည်။ သူ့ ကို မြင် ဘူးသောသူတို့ က၊ ထိုသူ သည် အဘယ် မှာရှိသနည်းဟုမေး ကြလိမ့်မည်။
He perishes as his own dung forever, His beholders say, Where [is] he?
8 ၈ သူသည်အိပ်မက် ကဲ့သို့ လွင့် ပြား၍ နောက်တဖန် မ တွေ့ ရ။ ညဉ့် ရူပါရုံ ကဲ့သို့ ကွယ်ပျောက် ရလိမ့်မည်။
He flees as a dream, and they do not find him, And he is driven away as a vision of the night,
9 ၉ သူ့ ကိုမြင် ဘူးသော မျက်စိ သည် နောက် တဖန် သူ့ကို မ ကြည့်မရှုရ။ သူ ၏နေရာ အရပ်သည် နောက် တဖန်သူ့ ကိုမ မြင် ရ။
The eye has not seen him, and does not add. And his place does not behold him again.
10 ၁၀ သူ ၏သား တို့သည် ဆင်းရဲသား တို့ကို ဖျောင်းဖျ ရကြ၏။ သိုထားသောဥစ္စာ ကို ကိုယ် လက် နှင့် ပြန် ပေး ရကြ၏။
His sons oppress the poor, And his hands give back his wealth.
11 ၁၁ သူ ၏အရိုး တို့သည် ပျို သောအရွယ်၏ အရှိန် နှင့်ပြည့်စုံ သော်လည်း၊ သူ နှင့်တကွ မြေမှုန့် ၌ အိပ် ရကြ လိမ့်မည်။
His bones have been full of his youth, and it lies down with him on the dust.
12 ၁၂ သူသည်မိမိ ပစပ် ၌ ဒုစရိုက်ကိုချို နိုးထင်၍၊ မိမိ လျှာ အောက် မှာ ဝှက်ထား လျက်၊
Though he sweetens evil in his mouth, hides it under his tongue,
13 ၁၃ နှမြော သဖြင့် မ စွန့် ရက်ဘဲ၊ မိမိ ပစပ် ၌ ငုံ သော်လည်း ၊
has pity on it, and does not forsake it, and keeps it back in the midst of his palate,
14 ၁၄ စားပြီးလျှင်သူ ၏ ဝမ်း ထဲမှာ သဘောပြောင်း ၍ မြွေဆိုး အဆိပ် အတောက်ဖြစ်လိမ့်မည်။
his food is turned in his bowels, the bitterness of cobras [is] in his heart.
15 ၁၅ သူမျို သောစည်းစိမ် ဥစ္စာကို တဖန်အန် ရ လိမ့်မည်။ ဘုရား သခင်လည်း သူ့ ကို ဝမ်း နှုတ် တော်မူမည်။
He has swallowed wealth, and vomits it. God drives it out from his belly.
16 ၁၆ သူသည် မြွေဆိုး အဆိပ် အတောက်ကို စို့ ၍ မြွေဟောက် ကိုက်သဖြင့် သေ ရလိမ့်မည်။
He sucks [the] gall of cobras, the tongue of a viper slays him.
17 ၁၇ အသွယ်သွယ်သောမြစ် ၊ နို့ နှင့် ပျားရည် စီးသော မြစ် တို့ကို မ မြင် ရ။
He does not look on streams, Flowing of brooks of honey and butter.
18 ၁၈ မိမိလုပ် ၍ရသောဥစ္စာကို မိမိမ သုံး ဘဲ ပြန် ပေး ရ၏။ ပြန်ပေးရသောဥစ္စာ ဖြစ်သောကြောင့် အားရ ခြင်းမ ရှိရ။
He is giving back [what] he labored for, and does not consume [it]; As a bulwark [is] his exchange, and he does not exult.
19 ၁၉ ဆင်းရဲသား တို့ကို ညှဉ်းဆဲ စွန့်ပစ် ၍၊ မိမိ မ ဆောက် သော အိမ် ကို လုယူ သောကြောင့် ၎င်း၊
For he oppressed—he forsook the poor, He has taken a house away violently, And he does not build it.
20 ၂၀ လောဘ မပြေ နိုင် သောကြောင့် ၎င်း၊ အလိုရှိ သော ဥစ္စာ တစုံတခု မျှ မကြွင်း ဆုံးရှုံး ရ လိမ့်မည်။
For he has not known ease in his belly. With his desirable thing he does not deliver himself.
21 ၂၁ သူ လုယူ ချင ်သော လောဘ လက်နှင့် အဘယ် အရာမျှ မလွတ် သောကြောင့်၊ သူ၏ စည်းစိမ် မတည်ရ။
There is not a remnant to his food, Therefore his good does not stay.
22 ၂၂ ဥစ္စာကြွယ်ဝ စဉ် တွင်ပင် ဆင်းရဲ ခြင်းနှင့်တွေ့၍၊ အမျိုးမျိုး သော အမှုတို့သည် ရောက် ကြလိမ့်မည်။
In the fullness of his sufficiency he is constricted. Every perverse hand meets him.
23 ၂၃ သို့သော်လည်းသူသည်ဝ စွာစားရ၏။ ဘုရား သခင်သည် အမျက် တော်အရှိန် ကို လွှတ် ၍သူစားစရာဘို့ အမျက်တော် မိုဃ်း ကို ရွာစေတော်မူမည်။
It comes to pass, at the filling of his belly, He sends forth against him The fierceness of His anger, Indeed, He rains on him in his eating.
24 ၂၄ သံ လက်နက် ကိုရှောင် ၍ ပြေးသော်လည်း၊ ကြေးဝါ လေး ဖြင့် ထုတ်ချင်း ခွင်းလိမ့်မည်။
He flees from an iron weapon, A bow of bronze passes through him.
25 ၂၅ မြှားကိုနှုတ် လျှင် မိမိကိုယ်ထဲက ထွက် လာ၏။ အရောင် တောက် သောထားသည်သူ ၏ သည်းခြေ ထဲက ထွက် လာ၍၊ သူသည် မိန်းမော တွေဝေလျက် နေရ၏။
One has drawn, And it comes out from the body, And a glittering weapon proceeds from his gall. Terrors [are] on him.
26 ၂၆ ခပ်သိမ်း သောဘေး တို့သည် သူ့ အဘို့ သိုထား လျက်ရှိကြ၏။ လူမ မွေး သောမီး သည် သူ့ ကိုလောင် လိမ့်မည်။ သူ ၏နေရာ ၌ ကြွင်း သမျှသောအရာတို့ကို လောင် လိမ့်မည်။
All darkness is hid for his treasures, A fire not blown consumes him, The remnant is broken in his tent.
27 ၂၇ မိုဃ်းကောင်းကင် သည် သူ ၏အပြစ် ကို ဘော်ပြ ၍ ၊ မြေကြီး သည်လည်း သူ့ တစ်ဘက် ၌ ထ လိမ့်မည်။
The heavens reveal his iniquity, And earth is raising itself against him.
28 ၂၈ သူ ၏အိမ် ၌ရှိသောဥစ္စာ သည်ကွယ်ပျောက် ၍၊ အမျက် တော် ထွက်သာနေ့ ၌ ရေကဲ့သို့စီး သွားလိမ့်မည်။
The increase of his house is removed, Poured forth in a day of His anger.
29 ၂၉ ထိုသို့ သောဆုလပ် ကို ဘုရား သခင်သည် လူဆိုး အားပေးတော်မူ၏။ ထိုသို့သောအမွေ ဥစ္စာကို ဘုရား သခင် ခွဲဝေစီရင်တော်မူသည်ဟု မြွက်ဆို ၏။
This [is] the portion of a wicked man from God. And an inheritance appointed him by God.”