< ယောဘ 19 >

1 ယောဘ ပြန် ၍ မြွက်ဆိုသည်ကား၊
Then Job answered and said,
2 သင်တို့သည် ငါ့ စိတ်ဝိညာဉ် ကိုနှောင့်ရှက် ၍ အဘယ်မျှ ကာလပတ်လုံး သင်တို့စကား ဖြင့် ငါ့ ကိုချိုးဖဲ့ ကြလိမ့်မည်နည်း။
How long will all of you vex my soul, and break me in pieces with words?
3 ဆယ် ကြိမ် မြောက်အောင်ငါ့ ကို ကဲ့ရဲ့ ကြပြီ။ ငါ့ ကို မိန်းမော တွေဝေ စေခြင်းငှါ အရှက် မ ရှိဘဲပြုကြပြီ။
These ten times have all of you reproached me: all of you are not ashamed that all of you make yourselves strange to me.
4 ငါပြစ်မှား ပြီ မှန် စေတော့။ ငါ့ အပြစ် နှင့် ငါ သာဆိုင်၏။
And be it indeed that I have erred, mine error remains with myself.
5 သင်တို့သည်ငါ့ အပေါ် ၌ ဝါကြွား ၍၊ ငါအရှက် ခံရသောကြောင့်၊ ငါ၌အပြစ်တင် ကြသော်လည်း၊
If indeed all of you will magnify yourselves against me, and plead against me my reproach:
6 ဘုရား သခင်သည်ငါ့ ကိုလှဲ ၍ မိမိ ကျော့ကွင်း ၌ ကျော့မိတော်မူကြောင်းကို သိမှတ် ကြလော့။
Know now that God has overthrown me, and has compassed me with his net.
7 ငါသည်ကိုယ်ခံရသောညှဉ်းဆဲ ခြင်းကိုအကြောင်းပြု၍ မြည်တမ်း သော်လည်း ၊ အဘယ်သူမျှနား မ ထောင်။ အော်ဟစ် သော်လည်း တရား သဖြင့် စီရင်သောသူမ ရှိ။
Behold, I cry out of wrong, but I am not heard: I cry aloud, but there is no judgment.
8 ငါမ သွား နိုင်အောင် ငါ့ရှေ့မှာအဆီး အကာပြု၍၊ ငါ သွားရာလမ်း ၌ မှောင်မိုက် ကိုထားတော်မူပြီ။
He has fenced up my way that I cannot pass, and he has set darkness in my paths.
9 ငါ့ ဂုဏ် အသရေကိုချွတ် ၍၊ ငါ့ ခေါင်း က ပေါင်းသရဖူ ကိုချ တော်မူပြီ။
He has stripped me of my glory, and taken the crown from my head.
10 ၁၀ ငါ့ ကိုဝိုင်း ၍ ဖျက်ဆီး တော်မူသဖြင့် ငါပျောက် ကုန်ပြီ။ သစ်ပင် ကို နှုတ် သကဲ့သို့ ၊ ငါ မြော်လင့် ရသောအခွင့်ကို နှုတ်တော်မူပြီ။
He has destroyed me on every side, and I am gone: and mine hope has he removed like a tree.
11 ၁၁ ငါ ၌ အမျက် တော်ကိုနှိုးဆော်၍၊ ငါ့ ကိုရန်သူ ကဲ့သို့မှတ် တော်မူ၏။
He has also kindled his wrath against me, and he counts me unto him as one of his enemies.
12 ၁၂ စစ်ချီလာ၍၊ စစ်သူရဲ တော်တို့သည် ငါ့ ရှေ့သို့ ရောက် ခြင်းငှါ၊ ကျုံးတူး၍ ငါ့ ပတ်လည် ၌ တပ်ချ ကြ၏။
His troops come together, and raise up their way against me, and camp round about my tabernacle.
13 ၁၃ ငါ့ ညီအစ်ကို တို့ကို ငါ နှင့် ကွာဝေး စေတော်မူ၏။ ငါ့အသိ အကျွမ်းတို့သည် ငါ့ကိုမသိ၊ ရိုင်း သောသူဖြစ် ကြ၏။
He has put my brethren far from me, and mine acquaintance are verily cut off from me.
14 ၁၄ ငါ့ ပေါက်ဘော် တို့သည် ငါ့ကိုစွန့် ၍၊ ငါ့ သူငယ်ချင်း တို့သည် မေ့လျော့ ကြ၏။
My kinsfolk have failed, and my familiar friends have forgotten me.
15 ၁၅ ငါ့ ကျွန် မများ၊ ငါ့ အိမ်သူ အိမ်သားများတို့သည် ငါ့ ကိုဧည့်သည် ကဲ့သို့ ၎င်း၊ တကျွန်း တနိုင်ငံသားကဲ့သို့၎င်း မှတ် ကြ၏။
They that dwell in mine house, and my maids, count me for a stranger: I am an foreigner in their sight.
16 ၁၆ ငါ့ ကျွန် ကိုငါခေါ် သောအခါသူသည် မ ထူး ၊ သူ့ ကို နှုတ်ဆက်၍ တောင်းပန် ရ၏။
I called my servant, and he gave me no answer; I implored him with my mouth.
17 ၁၇ ငါ့ မယား သည် ငါ့ အသက် လေကို၎င်း၊ ငါ့ သား သမီး တို့သည် ငါမြည်တမ်းခြင်းအသံကို၎င်းရွံ့ကြ၏။
My breath is strange to my wife, though I implored for the children's sake of mine own body.
18 ၁၈ သူငယ် တို့သည်လည်း ငါ့ ကို မထီမဲ့မြင် ပြု၍ ငါထ သောအခါ ကဲ့ရဲ့ကြ၏။
Yea, young children despised me; I arose, and they spoke against me.
19 ၁၉ ငါ့ မိတ်ဆွေ တို့သည် ငါ့ ကိုရွံ ၍၊ ငါချစ် သောသူတို့ သည် ငါ့ ရန်သူဖြစ်ကြ၏။
All my inward friends abhorred me: and they whom I loved are turned against me.
20 ၂၀ ငါ့ အရေ အသား သည်ငါ့ အရိုး တို့၌ ကပ် လျက်ရှိ၏။ သွားဖုံး တခုသာပါလျက်ငါပြေးလွတ် ရ၏။
My bone cleaves to my skin and to my flesh, and I am escaped with the skin of my teeth.
21 ၂၁ အိုအဆွေ ခင်ပွန်းတို့၊ ငါ့ ကိုသနား ကြပါ။ ငါ့ ကိုသနား ကြပါ။ ဘုရား သခင်၏ လက် တော်သည် ငါ့ ကို ထိခိုက် ပါပြီ။
Have pity upon me, have pity upon me, O all of you my friends; for the hand of God has touched me.
22 ၂၂ ဘုရား သခင်ညှဉ်းဆဲတော်မူသည်နည်းတူ အဘယ်ကြောင့် သင်တို့သည် ညှဉ်းဆဲ ကြသနည်း။ အဘယ်ကြောင့်ငါ့ အသား ကို စား၍ မ ရောင့််ရဲ ဘဲနေကြသနည်း။
Why do all of you persecute me as God, and are not satisfied with my flesh?
23 ၂၃ ငါ့ စကား ကိုယခုရေးမှတ် ပါစေသော။ စာရင်း ၌ သွင်းထားပါစေသော။
Oh that my words were now written! oh that they were printed in a book!
24 ၂၄ ခဲပြား ပေါ်မှာကညစ် နှင့် အက္ခရာ တင်လျက်၊ ကျောက်စာ ထိုး လျက်မြဲ ပါစေသော။
That they were graven with an iron pen and lead in the rock for ever!
25 ၂၅ ငါ့ ကို ရွေးနှုတ် သောသခင်သည် အသက် ရှင်၍၊ နောင် ကာလ၌ မြေမှုန့် အပေါ် မှာ ပေါ် လာတော်မူမည် ဟူ၍၎င်း၊
For I know that my redeemer lives, and that he shall stand at the latter day upon the earth:
26 ၂၆ ငါ့ အရေ ကုန်ပြီးမှ ဤ ကိုယ်ကိုပင် ဖျက်ဆီး သော်လည်း၊ ငါသည်ကိုယ်ခန္ဓါ ၌ ဘုရား သခင်ကိုမြင် မည်ဟူ၍၎င်း ငါသိ ၏။
And though after my skin worms destroy this body, yet in my flesh shall I see God:
27 ၂၇ ငါ့ဘက်၌ နေတော်မူသောဘုရားသခင်ကို ငါမြင် မည်။ သူတပါး မြင် သည်သာမက၊ ငါ သည် ကိုယ် မျက်စိ နှင့်ဖူးမြင်မည်။ ထိုသို့မြော်လင့်၍ ငါ့ ကျောက်ကပ် သည် ပျက် လျက်ရှိ၏။
Whom I shall see for myself, and mine eyes shall behold, and not another; though my reins be consumed within me.
28 ၂၈ ယခုမှာသင်တို့က၊ ငါတို့သည် သူ့ ကို အဘယ်သို့ ညှဉ်းဆဲ ရမည်နည်း။ သူ၌အပြစ်တင်သောအခွင့်ကို အဘယ်သို့တွေ့ရမည်နည်းဟု ဆိုကြသည်ဖြစ်၍၊
But all of you should say, Why persecute we him, seeing the root of the matter is found in me?
29 ၂၉ ထား ဘေးကိုကြောက် ကြလော့။ အကြောင်း မူကား၊ အမျက် တော်သည်ထား ဘေးဖြင့် အပြစ် ပေးတတ် ၏။ အပြစ် စီရင်ရသောအချိန်ရှိကြောင်းကို သိမှတ် ကြလော့ဟု မြွက်ဆို ၏။
Be all of you afraid of the sword: for wrath brings the punishments of the sword, that all of you may know there is a judgment.

< ယောဘ 19 >