< ယောဘ 18 >
1 ၁ တဖန် ရှုအာ အမျိုးသားဗိလဒဒ် မြွက်ဆို သည် ကား၊
Bildad the Shuhite answered and said:
2 ၂ ဤစကား သည် အဘယ် အခါမှ ပြတ် လိမ့်မည်နည်း။ သတိပြု ကြ။ သို့မှသာ ငါတို့သည် စကား ပြောကြ မည်။
How long ere ye make an end of words? Understand, and then we will speak!
3 ၃ သင်သည်ငါတို့ကို တိရစ္ဆာန် ကဲ့သို့ အဘယ်ကြောင့် မှတ် သနည်း။ အဘယ်ကြောင့်မထီမဲ့မြင်ပြု သနည်း။
Why are we accounted as brutes, And reputed vile in your sight?
4 ၄ အမျက် ထွက်၍ မိမိ ကိုယ်ကို ကိုက် ဖြတ်သောသူ၊ သင့် အတွက် မြေကြီး ကိုစွန့်ပစ် ရမည်လော။ ကျောက် သည် မိမိ နေရာ မှ ရွေ့ ရမည်လော။
Thou that tearest thyself in thine anger! Must the earth be deserted for thee, And the rock removed from its place?
5 ၅ အကယ်စင်စစ်ဆိုး သောသူ၏ အလင်း သည် ကွယ် လိမ့်မည်။ သူ ၏မီး လျှံ မ တောက် ရ။
Behold, the light of the wicked shall be put out, And the flame of his fire shall not shine.
6 ၆ သူ ၏နေရာ အလင်း လည်း မှောင်မိုက် ဖြစ်လိမ့်မည်။ သူ ၏ဆီမီး လည်း သေ လိမ့်မည်။
Light shall become darkness in his tent, And his lamp over him shall go out.
7 ၇ ခိုင်ခံ့ စွာသွားသောအခါ ကျဉ်းမြောင်း ရာသို့ ရောက်လိမ့်မည်။ မိမိ အကြံ အစည်အားဖြင့်ရှုံး ရလိမ့်မည်။
His strong steps shall be straitened, And his own plans shall cast him down.
8 ၈ ပိုက် ထဲသို့ အလိုလိုဝင်တတ်၏။ ကျော့ကွင်း ပေါ် မှာ နင်း တတ်၏။
He is brought into the net by his own feet, And he walketh upon snares.
9 ၉ ဂိုင်းပြုတ်၍ ခြေ ကို မိ သဖြင့် ကျော့ကွင်း နှင့် မ ကျွတ်နိုင်ဘဲ နေရ၏။
The trap layeth hold of him by the heel, And the snare holdeth him fast.
10 ၁၀ မြေ ၌ ဂျမ်းကြိုး ကို သူ့အဘို့ ဝှက်ထား လျက်၊ သူသွားရာလမ်း ၌ ထောင်ချောက် ကို ပြင်လျက်ရှိ၏။
A net is secretly laid for him on the ground, And a trap for him in the pathway.
11 ၁၁ ကြောက်မက် ဘွယ်သော အခြင်းအရာတို့သည် ဝိုင်း ၍ ကျပ်တည်းစွာ လိုက် နှင့်ကြလိမ့်မည်။
Terrors affright him on every side, And harass him at his heels.
12 ၁၂ သူသည် ငတ်မွတ် သောအားဖြင့် အားလျော့လျက်၊ ပျက်စီး ခြင်း ဘေးနှင့် တွေ့လုလျက်ရှိ၏။
His strength is wasted by hunger, And destruction is ready at his side.
13 ၁၃ ထိုဘေးသည် သူ ၏အရိုးတို့ကို ကိုက် ခဲ၍၊ သေမင်း ၏သား ဦးသည် သူ ၏ခွန်အား ကို မျို လိမ့်မည်။
His limbs are consumed, Yea, his limbs are devoured by the first-born of death.
14 ၁၄ သူ ခိုလှုံ ရာအကြောင်းကို သူ ၏နေရာ မှ ပယ်ရှင်း ၍၊ သူ့ကိုယ်ကို ဘေးဒဏ် တို့၏ ရှင် ဘုရင်ထံသို့ ဆောင် သွား ရ၏။
He is torn from his tent, which was his confidence, And is borne away to the king of terrors.
15 ၁၅ သူ ၏နေရာ ၌ အရှင်မ ရှိ။ ပျက်စီးခြင်းဘေးနေ၍ အမိုးပေါ် မှာ ကန့် ဖြူးလျက်ရှိလိမ့်မည်။
They who are none of his shall dwell in his tent; Brimstone shall be scattered upon his habitation.
16 ၁၆ သူ ၏အမြစ် တို့သည် သွေ့ ခြောက်လျက် ၊ အခက် အလက်တို့လည်း သေလျက်ရှိကြလိမ့်မည်။
His roots below shall be dried up, And his branches above shall be withered.
17 ၁၇ မြေ ပေါ် မှာသူ့ ကို အောက်မေ့ စရာအမှတ် ပျောက်ပျက် ၍၊ ပွဲသဘင်၌ သူ ၏နာမ ကို အဘယ်သူမျှမ ခေါ်မပြော။
His memory perisheth from the earth, And no name hath he in the land.
18 ၁၈ သူ့ ကိုအလင်း ထဲက မှောင်မိုက် ထဲသို့ မောင်း ၍ လူ့ ပြည်မှ နှင်ထုတ်ရ၏။
He shall be thrust from light into darkness, And driven out of the world.
19 ၁၉ သူ့ အမျိုး တွင် သူ့ သား မြေး မ ရှိ။ သူ၏အိမ်သူအိမ်သားတယောက်မျှ မ ကျန်ရစ် ရ။
He hath no son, nor kinsman among his people, Nor any survivor in his dwelling-place.
20 ၂၀ သူ ၏လက်ထက် ၌ ရှိသောသူတို့ သည် ထိတ်လန့် သကဲ့သို့၊ သူ့နောက် ၌ဖြစ်သောသူတို့ သည် သူ၏အမှု ကြောင့် မိန်းမော တွေဝေကြလိမ့်မည်။
They that come after him shall be amazed at his fate, As they that were before them were struck with horror.
21 ၂၁ အကယ် စင်စစ်ဆိုး သောသူ ၏နေရာ သည် ထိုသို့ သော လက္ခဏာရှိ၏။ ဘုရား သခင်ကိုမ သိ သောသူသည် ထိုသို့ သော နေရာ သို့ ရောက်လိမ့်မည်ဟု မြွက်ဆို၏။
Yea, such is the dwelling of the unrighteous man; Such is the place of him who knoweth not God!