< ယောဘ 16 >
1 ၁ ယောဘ ပြန် ၍ မြွက်ဆိုသည်ကား၊
Darauf antwortete Hiob folgendermaßen:
2 ၂ ထိုသို့ သောစကားများ တို့ကို ငါကြား ဘူးပြီ။ သင် တို့ရှိသမျှ သည် နှစ်သိမ့် စေခြင်းငှါ ပြုသော်လည်း၊ ပင်ပန်း စေသောသူဖြစ် ကြပါသည်တကား။
»Dergleichen habe ich nun schon vieles gehört: leidige Tröster seid ihr allesamt!
3 ၃ အချည်းနှီး သော စကားမကုန် နိုင်သလော။ သင် သည်စကားတုံ့ပြန် ပြောခြင်းငှါ အဘယ်ကြောင့် ရဲရင့် သနည်း။
Haben die windigen Reden nun ein Ende? Oder was drängt dich dazu, mir noch weiter zu erwidern?
4 ၄ သင် တို့ပြော သကဲ့သို့ငါ သည်လည်း ပြော နိုင်၏။ သင် တို့သည် ငါ ကဲ့သို့ဖြစ် လျှင် ၊ ငါသည်သင် တို့တစ်ဘက် က စကား များကို ပုံ၍ထားနိုင်၏။ ခေါင်း ကိုလည်း ခါ နိုင်၏။
Auch ich könnte reden wie ihr – o wärt ihr nur an meiner Stelle! –, ich würde (aber) freundliche Worte gegen euch aufbringen und beifällig mit dem Kopfe euch zunicken;
5 ၅ ထိုသို့ငါသည်မပြုဘဲ၊ သင် တို့ကို ငါ့ စကား နှင့် မစ မည်။ အချည်းနှီးသောစကားကို ငါချုပ်တည်း မည်။
ich wollte euch mit meinem Munde Mut zusprechen, und das Beileid meiner Lippen sollte euch Trost bringen!«
6 ၆ ယခုမှာငါသည် ပြော သော်လည်း မ သက်သာ ၊ မပြောဘဲနေလျှင်လည်း ခြားနားခြင်းမရှိ။
»Wenn ich rede, wird mein Schmerz nicht gelindert, und wenn ich’s unterlasse – um was werde ich erleichtert?
7 ၇ ဘုရားသခင်သည် ငါ့ ကိုပင်ပန်း စေတော်မူပြီ။ ငါ့ အိမ် ကို သုတ်သင် ပယ်ရှင်းတော်မူပြီ။
Doch nunmehr hat er meine Kraft erschöpft! Verwüstet hast du meinen ganzen Hausstand
8 ၈ ငါ့ ကိုခြေချင်းခတ်တော်မူ၍၊ ထိုခြေချင်းသည်ငါ့ တစ်ဘက်က သက်သေခံ ၏။ ငါ ပိန်ကြုံ ခြင်းအရာသည် လည်း ငါ့ တစ်ဘက် ကထ ၍ မျက်နှာ ချင်းဆိုင်လျက် သက်သေခံ ၏။
und hast mich gepackt; das muß als Zeugnis gegen mich gelten, und mein Siechtum tritt gegen mich auf, klagt mich ins Angesicht an.
9 ၉ အမျက် တော်သည် ငါ့ ကိုအပိုင်းပိုင်းဆွဲဖြတ် ၍ ညှဉ်းဆဲတတ်၏။ ငါ့ အပေါ် မှာ အံသွား ခဲကြိတ် ခြင်းကို ပြုတော်မူ၏။ ငါ့ ရန်သူ သည်ငါ့ ကို မျက်စောင်း ထိုး၏။
Sein Zorn hat mich zerfleischt und befeindet; er hat mit den Zähnen gegen mich geknirscht; als mein Gegner wirft er mir durchbohrende Blicke zu.
10 ၁၀ သူတပါးတို့သည် ငါ့ ကို ပစပ် ဟ ကြ၏။ အရှက် ခွဲ၍ ပါး ကိုပုတ် ကြ၏။ ငါ့ တဘက် က တညီတညွတ် တည်းစုဝေး ကြ၏။
Ihr Maul haben sie gegen mich aufgerissen, unter Schmähung mir Faustschläge ins Gesicht versetzt; zusammen hat man sich vollzählig gegen mich aufgestellt.
11 ၁၁ ဘုရား သခင်သည်ငါ့ ကို မ တရားသောသူတို့တွင် ချုပ်ထား တော်မူပြီ။ လူဆိုး တို့၏ လက် သို့ အပ် တော်မူပြီ။
Gott hat mich Bösewichten preisgegeben und mich in die Hände von Frevlern fallen lassen.
12 ၁၂ ငါသည်ငြိမ်ဝပ် လျက်နေသောအခါ ငါ့ အရိုးတို့ကို ချိုး တော်မူ၏။ လည်ပင်း ကိုကိုင် ၍ အပိုင်းပိုင်းပြတ်စေ ခြင်းငှါလှုပ် တော်မူ၏။ ငါ့ ကို ပစ်စရာစက်သွင်းတော်မူ ၏။
In Frieden lebte ich, da schreckte er mich auf, faßte mich beim Genick und schmetterte mich nieder und ließ mich nur wieder aufstehen, damit ich ihm als Zielscheibe diente:
13 ၁၃ မြှား တော်တို့သည် ငါ့ ကိုဝိုင်း ၍ ကရုဏာ တော် မ ရှိဘဲ၊ ငါ့ ကျောက်ကပ် ကို စူးစေတော်မူ၏။ ငါ့ သည်းခြေ အရည်ကိုမြေ ပေါ် ၌ သွန်း တော်မူ၏။
seine Pfeile umschwirren mich, er durchbohrt mir die Nieren erbarmungslos, läßt mein Herzblut zur Erde fließen.
14 ၁၄ ငါ့ ကိုအထပ်ထပ်ဆွဲဖြတ်၍၊ သူရဲ ကဲ့သို့ ငါ့ ကို ဟုန်းဟုန်းတိုက်လာတော်မူ၏။
Er schlägt mir Wunde auf Wunde, stürmt gegen mich an wie ein wilder Krieger.
15 ၁၅ ငါသည်ကိုယ် အရေ ပေါ် မှာ လျှော်တေ အဝတ်ကို ချုပ် ၍ ကိုယ် ဦးချို ကို ရွှံ့ နှင့် လူး ပြီ။
Das Trauergewand habe ich mir um den krustigen Leib geheftet und mein Horn tief in den Staub hineingebohrt.
16 ၁၆ ငို ခြင်းအားဖြင့် ငါ့ မျက်နှာ ပျက်လျက်၊ ငါ့မျက်ခမ်း အပေါ် မှာ သေခြင်း အရိပ်လွှမ်းမိုးလျက် ရှိ၏။
Mein Gesicht ist vom Weinen hochgerötet, und auf meinen Augenlidern lagert Todesschatten,
17 ၁၇ သို့သော်လည်းငါ့ လက် ၌ မ တရားသော အမှုမ ရှိ။ ငါပြုသော ပဌနာ သည် သန့်ရှင်း ၏။
obwohl keine Schuld an meinen Händen klebt und mein Gebet aufrichtig ist.«
18 ၁၈ အိုမြေကြီး ၊ ငါ့ အသွေး ကိုဖုံး ၍ မ ထားပါနှင့်။ ငါ အော်ဟစ် ခြင်းအသံကို သင်၌မ နေ စေနှင့်။
»O Erde, decke mein Blut nicht zu, und mein Wehgeschrei finde keine Ruhestatt!
19 ၁၉ ဤအမှု၌ ငါ့ သက်သေ သည် ကောင်းကင် ပေါ် မှာ ရှိ၏။
Schon jetzt – wisset es wohl! – ist ein Zeuge für mich im Himmel vorhanden und mein Bürge in der Höhe.
20 ၂၀ ငါ့သဘောကို သိသောသူသည် မြင့် သောအရပ်၌ ရှိ၏။ ငါ့ အဆွေ ခင်ပွန်းတို့သည် ငါ့ ကိုကဲ့ရဲ့ ၍၊ ငါသည် ဘုရား သခင့်ရှေ့တော်၌ မျက်ရည် ကျလျက်နေ၏။
Meine Freunde verhöhnen mich – zu Gott blickt mein Auge tränenvoll empor,
21 ၂၁ လူ သည် မိမိ အသိ အကျွမ်းနှင့် ဆွေးနွေး သကဲ့သို့ဘုရား သခင်နှင့် ဆွေးနွေးရသောအခွင့်ရှိပါစေသော။
daß er dem Manne Recht schaffe Gott gegenüber und zwischen dem Menschen und seinem Freunde entscheide.
22 ၂၂ နှစ် ပေါင်းမကြာမမြင့်မှီတဖန်ပြန် ၍ မ လာရ သောလမ်း သို့ ငါလိုက်သွား ရတော့မည်။
Denn nur noch wenige Jahre werden kommen, dann werde ich den Pfad wandeln, auf dem es keine Rückkehr für mich gibt.