< ယောဘ 15 >

1 တဖန် တေမန် အမျိုးသားဧလိဖတ် မြွက်ဆို သည် ကား၊
Then Eliphaz the Temanite answered and said,
2 ပညာရှိ သောသူသည် လေ နှင့်တူသော အချည်းနှီး စကားကို ပြော သင့်သလော။ မိမိ ဝမ်း ကို အရှေ့ လေ နှင့်ပြည့် စေသင့်သလော။
“Should a wise man answer with useless knowledge and fill himself with the east wind?
3 အကျိုးမဲ့သောစကား ၊ ကျေးဇူး မ ပြုနိုင်သော စကား နှင့် ဆွေးနွေး သင့်သလော။
Should he reason with unprofitable talk or with speeches with which he can do no good?
4 သင် သည် ဘုရား သခင်ကို ကြောက်ရွံ့ ခြင်းအကျင့်၌ အကျိုး မရှိဟု ဆိုလို၏။ ဆုတောင်း ပဌနာပြုရာ ဝတ်ကို ဆီးတား တတ်၏။
Indeed, you diminish respect for God; you obstruct devotion to him,
5 သင်သည်ကိုယ် နှုတ် ဖြင့် ကိုယ် အပြစ် ကို ဘော်ပြ ၏။ ပရိယာယ် ပြုသောသူ ၏စကား ကို သုံး တတ်၏။
for your iniquity teaches your mouth; you choose to have the tongue of a crafty man.
6 ငါ သည် သင့်ကိုအပြစ်မ တင်၊ သင့် နှုတ် သည် သင့် ကိုအပြစ် တင်၏။ သင့် နှုတ်ခမ်း တို့သည် သင့် တစ်ဘက် ၌ သက်သေခံ ၏။
Your own mouth condemns you, not mine; indeed, your own lips testify against you.
7 သင်သည် အဦး ဆုံးဘွား သောလူ ဖြစ်သလော။ တောင် များကို မဖန်ဆင်းမှီ သင့်ကိုဖန်ဆင်း သလော။
Are you the first man that was born? Were you brought into existence before the hills?
8 ဘုရား သခင်နှင့် တိတ်ဆိတ်စွာတိုင်ပင် ဘူး သလော ။ ပညာ ကို ကိုယ် ၌ အကုန်အစင်သိမ်းထားပြီ လော။
Have you heard the secret knowledge of God? Do you limit wisdom to yourself?
9 ငါတို့မ သိ ၊ သင်သိ သောအရာမည်မျှ ရှိသနည်း။ ငါ တို့၌ မ ပါ၊ သင်နားလည် သောအရာမည်မျှရှိသနည်း။
What do you know that we do not know? What do you understand that is not also in us?
10 ၁၀ သင့် အဘ ထက် အသက် ကြီးသောသူ၊ ဆံပင် ဖြူ သောသူတို့သည် ငါ တို့တွင် ရှိကြ၏။
With us are both the gray-headed and the very aged men who are much older than your father.
11 ၁၁ သင် ၌ ဘုရား သခင်ပေးတော်မူသောသက်သာ ခြင်းအကြောင်းနည်း သလော။ သင် ၌ ဝှက် ထားသောအမှု တစုံတခုရှိသလော။
Are the consolations of God too small for you, the words that are gentle toward you?
12 ၁၂ ကိုယ် အလိုသို့လိုက်၍ အဘယ်ကြောင့် လွှဲ သွားသနည်း။ အဘယ်ကြောင့် မျက် စောင်းထိုးသနည်း။
Why does your heart carry you away? Why do your eyes flash,
13 ၁၃ သင် ၏စိတ် သဘောသည် ဘုရား သခင်နှင့် ဆန့်ကျင် ဘက်ဖြစ်၍ ၊ နှုတ် နှင့် ပြစ်မှား ပေ၏။
so that you turn your spirit against God and bring out such words from your mouth?
14 ၁၄ လူ သည်အဘယ် သို့သောသူဖြစ်၍ သန့်ရှင်း နိုင်သနည်း။ မိန်းမ ဘွား သောသူသည် အဘယ်သို့သောသူဖြစ်၍ ဖြောင့်မတ် နိုင်သနည်း။
What is man that he should be clean? What is he who is born of a woman that he should be righteous?
15 ၁၅ ဘုရားသခင်သည် မိမိ သန့်ရှင်း သူတို့ကိုပင် ယုံ တော်မ မူ။ ကောင်းကင် ဘုံသော်လည်း ရှေ့ တော်၌ မ စင်ကြယ်။
See, God puts no trust even in his holy ones; indeed, the heavens are not clean in his sight;
16 ၁၆ သို့ဖြစ်လျှင် ၊ ရေ ကိုသောက်သကဲ့သို့ ဒုစရိုက် အပြစ်ကို သောက် လျက်၊ ဆိုးညစ် ရွံ့ရှာ ဘွယ်သော လူ သတ္တဝါ၌ အဘယ် ဆိုဘွယ် ရှိသနည်း။
how much less clean is one who is abominable and corrupt, a man who drinks iniquity like water!
17 ၁၇
I will show you; listen to me; I will announce to you the things I have seen,
18 ၁၈
the things that wise men have passed down from their fathers, the things that their ancestors did not hide.
19 ၁၉ ငါ့ စကားကို နားထောင် လော့။ တပါး အမျိုးသားနှင့် မ ရောနှော ၊ ကိုယ်အမျိုးတမျိုးတည်းလျှင် မြေ ကို ပိုင်သော ပညာရှိ တို့သည်၊ ဘိုးဘေး လက်ထက်မှစ၍ မ ထိမ် မဝှက်၊ ပြော ဘူးသော အရာ၊ ငါ့ကိုယ်တိုင်မြင် သော အရာကို ငါပြသ မည်။
These were their ancestors, to whom alone the land was given, and among whom no stranger ever passed.
20 ၂၀ ဆိုး သောသူသည် တသက်လုံး ဒုက္ခ ဆင်းရဲကို ခံရ၏။ ညှဉ်းဆဲ တတ်သောသူသည် မိမိအသက် အပိုင်း အခြားကို မသိရ။
The wicked man twists in pain all his days, the number of years that are laid up for the oppressor to suffer.
21 ၂၁ သူသည် ကြောက်မက် ဘွယ်သောအသံ ကို ကြား လျက်နေရ၏။ စည်းစိမ်ကို ခံစားစဉ် တွင်၊ ဖျက်ဆီး သောသူသည် လာတတ်၏။
A sound of terrors is in his ears; while he is in prosperity, the destroyer will come upon him.
22 ၂၂ မှောင်မိုက် ထဲ မှာ ဘေးလွတ် မည်ဟု မြော်လင့် စရာမ ရှိ။ ထား သည်သူ့ကို ချောင်းမြောင်း လျက်ရှိ၏။
He does not think that he will return out of darkness; the sword waits for him.
23 ၂၃ စားစရာ ကို ရှာ၍လှည့်လည် ရ၏။ မိမိအဘို့ မှောင်မိုက် ကာလ သည် အသင့် ရှိသည်ကို သိ ၏။
He goes to various places for bread, saying, 'Where is it?' He knows that the day of darkness is at hand.
24 ၂၄ ဆင်းရဲ ခြင်းဒုက္ခနှင့် နာကြဉ်း ခြင်းဝေဒနာတို့သည် ထိုသူ ကို ချောက် တတ်၏။ စစ်တိုက် ခြင်းငှါ အသင့် နေသောရှင်ဘုရင် ကဲ့သို့ သူ့ ကို နိုင် တတ်၏။
Distress and anguish make him afraid; they prevail against him, as a king ready for battle.
25 ၂၅ အကြောင်း မူကား၊ ထိုသူသည် ဘုရား သခင်၏ အာဏာ တော်ကို ဆန် လျက်၊ အနန္တ တန်ခိုးရှင်တစ်ဘက် ကနေ၍ ကိုယ်ကိုခိုင်ခံ့ စေ၏။
Because he has reached out with his hand against God and has behaved proudly against the Almighty,
26 ၂၆ လည်ပင်း ကို ဆန့်လျက်၊ ထူ သောဒိုင်း ပုနှင့် ဆီးကာလျက်၊ ဘုရား သခင်ကို တိုက်အံ့သောငှါပြေး ၏။
this wicked man runs at God with a stiff neck, with a thick shield.
27 ၂၇ မိမိ မျက်နှာ ကို ဆူဖြိုး ခြင်းနှင့် ဖုံးအုပ် ၍၊ ဝမ်းပျဉ်း အသားသည်လည်း ဆူဖြိုးလျက် အတွန့်တွန့်နေ၏။
This is true, even though he has covered his face with his fat and gathered fat on his loins,
28 ၂၈ သို့သော်လည်း လူဆိတ်ညံ သောမြို့ ၊ အဘယ်သူမျှမ နေ။ လဲလုသော အိမ်တို့၌ သူသည်နေ ရ၏။
and has lived in desolate cities; in houses which no man inhabits now and which were ready to become heaps.
29 ၂၉ ငွေ မ ရတတ်ရ၊ သူ ၏စည်းစိမ် မ တည် ရ။ သူ ၏ ဥစ္စာ ပစ္စည်းသည် မြေကြီး ပေါ် မှာ မ ပြန့်ပွါး ရ။
He will not be rich; his wealth will not last and his possessions will not spread over the land.
30 ၃၀ သူသည် မှောင်မိုက် ဘေးနှင့် မ လွတ် ရ။ မီးလျှံ သည်သူ ၏အခက် အလက်တို့ကို လောင်လိမ့်မည်။ ဘုရား သခင်၏ နှုတ် တော်အသက် အားဖြင့် သုတ်သင် ပယ်ရှင်းခြင်းကို ခံရ၏။
He will not depart out of darkness; a flame will dry up his stalks; at the breath of God's mouth he will go away.
31 ၃၁ အဘယ်သူမျှလှည့်စား ခြင်းကိုခံ၍ အနတ္တ ကို မ ခိုလှုံ စေနှင့်။ သို့မဟုတ်အနတ္တ အကျိုးကိုခံရ လိမ့်မည်။
Let him not trust in useless things, deceiving himself; for uselessness will be his reward.
32 ၃၂ အချိန် မ စေ့မှီဆုံး ခြင်းသို့ ရောက်လိမ့်မည်။ သူ ၏ အခက် အလက်သည် မ စိမ်း ရာ။
It will happen before his time should come to die; his branch will not be green.
33 ၃၃ စပျစ် နွယ်ပင်ကဲ့သို့ မိမိ ၌ မ မှည့်သော အသီးကို၎င်း၊ သံလွင် ပင်ကဲ့သို့ မိမိ အပွင့် ကို၎င်းချွေ ရလိမ့်မည်။
He will drop his unripe grapes like a grapevine; he will cast off his flowers like the olive tree.
34 ၃၄ အဓမ္မ လူ၏အသင်း သည် ဆိတ်ညံ လိမ့်မည်။ တံစိုး စားသောသူတို့၏နေရာ သည် မီး လောင် လိမ့်မည်။
For the company of godless people will be barren; fire will consume their tents of bribery.
35 ၃၅ ထိုသူတို့သည်မကောင်း သောအကြံကို ပဋိသန္ဓေ ယူ၍ အနတ္တ ကိုဘွား တတ်ကြ၏။ သူ တို့ဝမ်း ထဲ၌မုသာ ကို ကိုယ်ဝန်ဆောင်တတ်သည်ဟု မြွက်ဆို၏။
They conceive mischief and give birth to iniquity; their womb conceives deceit.”

< ယောဘ 15 >