< ယောဘ 14 >

1 လူ သည် မိန်းမ ဘွား သောသူဖြစ်သဖြင့်၊ အသက် တို၍ ဒုက္ခ နှင့် ပြည့်စုံ ပါ၏။
လူသည် မိန်းမဘွားသောသူဖြစ်သဖြင့်၊ အသက်တို၍ ဒုက္ခနှင့် ပြည့်စုံပါ၏။
2 ပန်းပွင့် ကဲ့သို့ ပွင့် ၍ ရိတ် ဖြတ်ခြင်းကိုခံရပါ၏။ မ တည် မရပ်ဘဲ အရိပ် ကဲ့သို့ ရွေ့ သွားတတ်ပါ၏။
ပန်းပွင့်ကဲ့သို့ပွင့်၍ ရိတ်ဖြတ်ခြင်းကိုခံရပါ၏။ မတည်မရပ်ဘဲ အရိပ်ကဲ့သို့ ရွေ့သွားတတ်ပါ၏။
3 ထိုသို့ သောသူကို ကိုယ်တော် ကြည့် မှတ်တော်မူသလော။ အကျွန်ုပ် နှင့်ဘက်၍ တရား တွေ့တော်မူမည် လော။
ထိုသို့သောသူကို ကိုယ်တော်ကြည့်မှတ်တော်မူ သလော။ အကျွန်ုပ်နှင့်ဘက်၍တရားတွေ့တော်မူမည် လော။
4 မ သန့်ရှင်းသောအရာထဲက သန့်ရှင်း သောအရာကို အဘယ် သူထုတ်ဘော် နိုင်သနည်း။ အဘယ်သူ မျှမထုတ်မဘော်နိုင်ပါ။
မသန့်ရှင်းသောအရာထဲက သန့်ရှင်းသောအရာကို အဘယ်သူ ထုတ်ဘော်နိုင်သနည်း။ အဘယ်သူမျှ မထုတ်မဘော်နိုင်ပါ။
5 လူ ၏နေ့ ရက်တို့ကို မှတ်သား ၍၊ သူ နေရသော လ အရေ အတွက်ကို ကိုယ်တော်သည်သိသဖြင့်၊ သူ မ လွန် နိုင်သော အပိုင်း အခြားကို ထား တော်မူသောကြောင့်၊
လူ၏နေ့ရက်တို့ကို မှတ်သား၍၊ သူနေရသော လအရေအတွက်ကို ကိုယ်တော်သည်သိသဖြင့်၊ သူ မလွန်နိုင်သော အပိုင်းအခြားကို ထားတော်မူသော ကြောင့်၊
6 မျက်စိတော်ကို လွှဲ ၍ လူသည်သူငှါး ကဲ့သို့ မိမိ နေ့ ရက်ကို လွန်စေသည်တိုင်အောင် ငြိမ်ဝပ် ရသောအခွင့် ကိုပေးတော်မူပါ။
မျက်စိတော်ကို လွှဲ၍ လူသည်သူငှါးကဲ့သို့ မိမိ နေ့ရက်ကို လွန်စေသည်တိုင်အောင် ငြိမ်ဝပ်ရသောအခွင့် ကို ပေးတော်မူပါ။
7 သစ်ပင် ကိုခုတ် သော်လည်း ၊ အငုတ်အချည်းစည်း မရှိဘဲ အတက် ပေါက် လေဦးမည်ဟု မြော်လင့် စရာ ရှိ ၏။
သစ်ပင်ကိုခုတ်သော်လည်း၊ အငုတ်အချည်း စည်းမရှိဘဲ အတက်ပေါက်လေဦးမည်ဟု မြော်လင့်စရာ ရှိ၏။
8 မြေ ထဲ မှာ အမြစ် ဟောင်း ၍ ၊ မြေ ပေါ် မှာ အငုတ် သေ သော်လည်း၊
မြေထဲမှာ အမြစ်ဟောင်း၍၊ မြေပေါ်မှာ အငုတ်သေသော်လည်း၊
9 ရေ ငွေ့ ကြောင့် အတက် ပေါက်၍ ၊ ပျိုး ပင်ကဲ့သို့ အညွန့်တို့နှင့် ပြည့်စုံ လိမ့်မည်။
ရေငွေ့ကြောင့် အတက်ပေါက်၍၊ ပျိုးပင်ကဲ့သို့ အညွန့်တို့နှင့် ပြည့်စုံလိမ့်မည်။
10 ၁၀ လူ မူကား သေ ၍ ဆွေးမြေ့ တတ်၏။ လူ သည် အသက် ချုပ်ပြီးလျှင် အဘယ် မှာရှိသနည်း။
၁၀လူမူကားသေ၍ ဆွေးမြေ့တတ်၏။ လူသည် အသက်ချုပ်ပြီးလျှင် အဘယ်မှာရှိသနည်း။
11 ၁၁ အိုင် ရေ ပြတ် သကဲ့သို့၎င်း ၊ မြစ် ရေခန်း ခြောက် သကဲ့သို့၎င်း ၊
၁၁အိုင်ရေပြတ်သကဲ့သို့၎င်း၊ မြစ်ရေခန်းခြောက် သကဲ့သို့၎င်း၊
12 ၁၂ လူ သည်အိပ် ပြီးမှ နောက်တဖန်မ ထ ရ။ မိုဃ်း ကောင်းကင် မကုန်မဆုံး မှီတိုင်အောင် မ နိုး ရ။ အအိပ် အပျော်မ ပျက် ရ။
၁၂လူသည်အိပ်ပြီးမှ နောက်တဖန်မထရ။ မိုဃ်း ကောင်းကင်မကုန် မဆုံးမှီတိုင်အောင် မနိုးရ။ အအိပ် အပျော်မပျက်ရ။
13 ၁၃ ကိုယ်တော်သည် အကျွန်ုပ် ကို သင်္ချိုင်း တွင်း၌ ဝှက်ထား တော်မူပါစေ။ အမျက် တော်မလွန် မှီတိုင်အောင် ကွယ်ကာ တော်မူပါစေ။ အကျွန်ုပ် ကိုအောက်မေ့ စရာ အချိန် ကို ချိန်းချက် တော်မူပါစေ။ (Sheol h7585)
၁၃ကိုယ်တော်သည် အကျွန်ုပ်ကို သင်္ချိုင်းတွင်း၌ ဝှက်ထားတော်မူပါစေ။ အမျက်တော်မလွန်မှီတိုင်အောင် ကွယ်ကာတော်မူပါစေ။ အကျွန်ုပ် ကိုအောက်မေ့စရာ အချိန်ကို ချိန်းချက်တော်မူပါစေ။ (Sheol h7585)
14 ၁၄ လူ သည် သေ လျှင် အသက် ရှင်ပြန်ပါလိမ့်မည်လော။ အကျွန်ုပ် ပြောင်းလဲ ချိန်မ ရောက် မှီ၊ ပင်ပန်း စွာ အမှုထမ်းရသော နေ့ ရက်ကာလပတ်လုံး သည်းခံ လျက်နေ ပါမည်။
၁၄လူသည် သေလျှင်အသက်ရှင်ပြန်ပါလိမ့်မည်လော။ အကျွန်ုပ် ပြောင်းလဲချိန်မရောက်မှီ၊ ပင်ပန်းစွာ အမှုထမ်းရသော နေ့ရက်ကာလပတ်လုံးသည်းခံလျက်နေ ပါမည်။
15 ၁၅ အကျွန်ုပ် ကို ခေါ် တော်မူပါ။ အကျွန်ုပ် ပြန် လျှောက်ပါမည်။ ကိုယ်တိုင်ဖန်ဆင်း တော်မူသောအရာကို သနားခြင်းစိတ်ရှိတော်မူပါ။
၁၅အကျွန်ုပ်ကို ခေါ်တော်မူပါ။ အကျွန်ုပ်ပြန် လျှောက်ပါမည်။ ကိုယ်တိုင်ဖန်ဆင်းတော်မူသော အရာကို သနားခြင်း စိတ်ရှိတော်မူပါ။
16 ၁၆ ယခုမှာ အကျွန်ုပ် ခြေရာ တို့ကို ကိုယ်တော်သည် ရေတွက် ၍၊ အကျွန်ုပ် အပြစ် တို့ကို စောင့် တော်မူ၏။
၁၆ယခုမှာ အကျွန်ုပ်ခြေရာတို့ကို ကိုယ်တော်သည် ရေတွက်၍၊ အကျွန်ုပ်အပြစ်တို့ကို စောင့်တော်မူ၏။
17 ၁၇ အကျွန်ုပ် သည် မှား ခြင်းအကြောင်းအရာကို အိတ် ၌ တံဆိပ် ခတ်၍၊ အကျွန်ုပ် ဒုစရိုက် အပြစ်အပေါ် မှာ အထပ်ထပ်အပြစ်တင်တော်မူ၏။
၁၇အကျွန်ုပ်သည် မှားခြင်းအကြောင်းအရာကို အိတ်၌တံဆိပ်ခတ်၍၊ အကျွန်ုပ်ဒုစရိုက်အပြစ်အပေါ်မှာ အထပ်ထပ်အပြစ်တင်တော်မူ၏။
18 ၁၈ ပြို သောတောင် သည် ကွယ်ပျောက် တတ်ပါ၏။ ကျောက် သည်လည်း မိမိ နေရာ မှ ရွေ့ လျော့တတ်ပါ၏။ ရေ တိုက် သောကျောက်ခဲ သည်လည်း ပွန်း တတ်ပါ၏။
၁၈ပြိုသောတောင်သည် ကွယ်ပျောက်တတ်ပါ၏။ ကျောက်သည်လည်း မိမိနေရာမှ ရွေ့လျော့တတ်ပါ၏။ ရေတိုက်သောကျောက်ခဲသည်လည်း ပွန်းတတ်ပါ၏။
19 ၁၉ လွှမ်းမိုးသောရေနှင့်အတူ မြေ မှုန့် ပါသွားတတ်ပါ၏။ ထိုအတူ ကိုယ်တော်သည် လူ မြော်လင့် စရာ အကြောင်းကို ဖျက် တော်မူ၏။
၁၉လွှမ်းမိုးသောရေနှင့်အတူ မြေမှုန့်ပါသွားတတ်ပါ၏။ ထိုအတူ ကိုယ်တော်သည် လူမြော်လင့်စရာ အကြောင်းကို ဖျက်တော်မူ၏။
20 ၂၀ ကိုယ်တော်သည် လူ ကို အစဉ် နိုင် တော်မူ၍ ၊ လူသည်ကွယ်ပျောက် တတ်ပါ၏။ ထူးခြားသောမျက်နှာ ကိုပေး ၍ အခြားသို့ လွှတ် လိုက်တော်မူ၏။
၂၀ကိုယ်တော်သည် လူကို အစဉ်နိုင်တော်မူ၍၊ လူသည်ကွယ်ပျောက်တတ်ပါ၏။ ထူးခြားသောမျက်နှာ ကို ပေး၍ အခြားသို့ လွှတ်လိုက်တော်မူ၏။
21 ၂၁ သူ ၏သား တို့သည် ချီးမြှောက် ခြင်းသို့ ရောက်သော်လည်း သူသည်မ သိ ရပါ။ နှိမ့်ချ ခြင်းသို့ ရောက်သော်လည်း ထိုအမှုကိုပင် မ ရိပ်မိ ပါ။
၂၁သူ၏သားတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သော်လည်း သူသည်မသိရပါ။ နှိမ့်ချခြင်းသို့ ရောက်သော် လည်း ထိုအမှုကိုပင် မရိပ်မိပါ။
22 ၂၂ သို့ရာတွင် သူ ၏ကိုယ် သည်ကိုက်ခဲ လျက်၊ သူ ၏ဝိညာဉ် သည်ညည်းတွား လျက်နေရပါသည်ဟု မြွက်ဆို၏။
၂၂သို့ရာတွင် သူ၏ကိုယ်သည်ကိုက်ခဲလျက်၊ သူ၏ဝိညာဉ်သည်ညည်းတွားလျက်နေရပါသည်ဟု မြွတ်ဆို၏။

< ယောဘ 14 >