< ယောဘ 13 >

1 ထိုအမှုအရာအလုံးစုံ တို့ကို ငါ့ မျက်စိ သည် မြင် ပြီ။ ငါ့ နား သည်လည်း ကြား ၍ နားလည် ပြီ။
Ĉion ĉi tion mia okulo vidis, Mia orelo aŭdis kaj komprenis.
2 သင် တို့သိ သမျှကို ငါသိ ၏။ သင် တို့ထက် ငါ ယုတ်ညံ့ သည်မ ဟုတ်။
Kion vi scias, mi ankaŭ scias; Kaj mi ne estas malpli valora ol vi.
3 အနန္တ တန်ခိုးရှင်အား ငါ လျှောက် ရသောအခွင့်၊ ဘုရား သခင်နှင့် ငါဆွေးနွေး ရသောအခွင့်ရှိ ပါစေသော။
Sed mi volus paroli kun la Plejpotenculo, Mi dezirus disputi kun Dio.
4 သင် တို့သည် တယောက်မျှမကြွင်း၊ မုသာ ကို ပြုပြင် သောသူ၊ အသုံး မရသောဆေးသမား ဖြစ်ကြ၏။
Tamen vi komentarias malvere, Vi ĉiuj estas senutilaj kuracistoj.
5 သင်တို့သည် စကားတခွန်းကိုမျှ မပြောဘဲတိတ်ဆိတ် စွာနေကြပါစေ။ ထိုသို့နေလျှင် စင်စစ်ပညာရှိ ကဲ့သို့ ဖြစ် ကြလိမ့်မည်။
Ho, se vi silentus, Tio estus saĝeco de via flanko.
6 ငါ ပြောမည်အကျိုး အကြောင်းစကားကို နားထောင် ကြပါလော့။ ငါ့ နှုတ် နှင့် ဆွေးနွေး နှီးနှောမည့် စကားကို နှလုံးသွင်း ကြပါလော့။
Aŭskultu do mian moralinstruon, Kaj atentu la defendan parolon de mia buŝo.
7 သင်တို့သည် လျစ်လျူသောစိတ်မရှိဘဲ ဘုရား သခင့်ဘက် ၌ ပြော ချင်သလော။ ဘုရား သခင့်ဘက် ၌နေ၍ မုသာ ကိုသုံးချင်သလော။
Ĉu pro Dio vi volas paroli malveron, Kaj pro Li paroli falsaĵon?
8 မျက်နှာ တော်ကိုထောက် လျက်သာ၊ ဘုရား သခင့်ဘက် ၌နေ၍ ငြင်းခုံ စစ်တိုက်ချင်သလော။
Ĉu vi volas esti personfavoraj al Li, Aŭ pro Dio vi volas disputi?
9 သင် တို့ကိုကျပ်တည်းစွာ စစ် တော်မူလျှင် ၊ သင်တို့၌ ကျေးဇူး ရှိလိမ့်မည်လော။ လူ ကို လှည့်စား သကဲ့သို့ ဘုရား သခင်ကို လှည့်စားနိုင်သလော။
Ĉu estos bone, kiam Li esploros vin? Ĉu vi volas trompi Lin, kiel oni trompas homon?
10 ၁၀ သင်တို့သည် လျှို့ဝှက် ၍ သူ့မျက်နှာ ကို ထောက် လျှင် ၊ စင်စစ်သင် တို့ကို ဆုံးမ တော်မူမည်။
Li certe vin punos, Se vi sekrete estos personfavoraj.
11 ၁၁ သင် တို့သည် တန်ခိုး အာနုဘော်တော်ကြောင့် မ ကြောက် ကြသလော။ ကြောက်မက် ဘွယ်သော ဂုဏ် တော်ကြောင့် မထိတ်လန့်ကြသလော။
Ĉu Lia majesto ne konfuzas vin? Ĉu ne falas sur vin timo antaŭ Li?
12 ၁၂ သင် တို့၏နည်း ဥပဒေသစကားသည် မြေမှုန့် ထက်သာ၍ပေါ့၏။ သင် တို့ခိုလှုံသောမြို့ရိုးသည်လည်း သရွတ် မြို့ရိုးကဲ့သို့ ဖြစ်၏။
Viaj memorigoj estas sentencoj polvaj, Via bastionoj estas amasoj da argilo.
13 ၁၃ တိတ်ဆိတ် စွာနေ၍ ငါပြော ပါရစေ။ သို့ပြီးမှ အမှုရောက်ချင်တိုင်း ရောက် ပါလေစေ။
Silentu antaŭ mi, kaj parolos mi, Kio ajn trafos min.
14 ၁၄ သို့သော်လည်းငါသည် ကိုယ် အသား ကို ပစပ် နှင့် ကိုက်ချီ လျက်၊ ကိုယ် အသက် ကိုလည်း လက် နှင့် ကိုင် လျက် ဆောင်သွားမည်။
Por kio mi portu mian karnon en miaj dentoj Kaj metu mian animon en mian manon?
15 ၁၅ ငါ့ ကိုသတ် တော်မူ၍၊ ငါမြော်လင့် စရာမရှိသော်လည်း ၊ ရှေ့ တော်၌ ကိုယ်အပြစ် ဖြေရာစကားကို ငါလျှောက်ထားမည်။
Li ja mortigos min, kaj mi ne havas esperon; Sed pri mia konduto mi volas disputi antaŭ Li.
16 ၁၆ ထိုသို့ ပြုလျှင် ငါ ၏ကယ်တင် ရာအကြောင်း ဖြစ်လိမ့်မည်။ အဓမ္မ လူသည် အထံ တော်သို့ မ ဝင် ရ။
Tio jam estos savo por mi, Ĉar ne hipokritulo venos antaŭ Lin.
17 ၁၇ ငါ့ စကား ကို စေ့စေ့မှတ် ကြလော့။ ငါ့ လျှောက် ထားချက်ကို နားထောင် ကြလော့။
Aŭskultu mian parolon Kaj mian klarigon antaŭ viaj oreloj.
18 ၁၈ ယခု ငါ့အမှု ကို ငါပြင်ဆင် ပြီ။ ငါ ၌အပြစ် လွတ်ခြင်းထင်ရှားမည်ဟု ငါသိ ၏။
Jen mi pretigis juĝan aferon; Mi scias, ke mi montriĝos prava.
19 ၁၉ ငါ့ အပြစ် ကို ဘော်ပြမည့်သူကား၊ အဘယ် သူနည်း။ ထိုသို့ ဘော်ပြလျှင် ငါသည် တိတ်ဆိတ် စွာနေ၍ အသေခံ ပါမည်။
Kiu povas procesi kontraŭ mi? Tiam mi eksilentus kaj mortus.
20 ၂၀ ဒဏ်ခတ် ခြင်းနှစ်ပါး ကိုသာ လျှော့တော်မူပါ။ ထိုသို့လျှော့လျှင် ကိုယ်တော် ကို မ ရှောင် ပါ။
Nur du aferojn ne faru al mi, Tiam mi ne kaŝos min antaŭ Via vizaĝo:
21 ၂၁ လက် တော်ကိုသိမ်း တော်မူပါ။ ကြောက်မက် ဘွယ်သော အခြင်းအရာတော်အားဖြင့်အကျွန်ုပ် ကို ချောက် တော်မ မူပါနှင့်။
Malproksimigu de mi Vian manon, Kaj Via teruro ne timigu min.
22 ၂၂ ထိုအခါ ခေါ် တော်မူပါ။ အကျွန်ုပ် ပြန် လျှောက်ပါမည်။ သို့မဟုတ် အကျွန်ုပ်သည် အရင်လျှောက် ပါမည်။ ကိုယ်တော်အမိန့် ရှိတော်မူပါ။
Tiam voku, kaj mi respondos; Aŭ mi parolos, kaj Vi respondu al mi.
23 ၂၃ အကျွန်ုပ် ပြုမိသော ဒုစရိုက် အပြစ်တို့သည် အဘယ် မျှလောက်များပါသနည်း။ အကျွန်ုပ် ပြစ်မှား ကျူးလွန်ခြင်းအပြစ် တို့ကို အကျွန်ုပ် အား ပြ တော်မူပါ။
Kiom da malbonagoj kaj pekoj estas sur mi? Sciigu al mi miajn krimojn kaj pekojn.
24 ၂၄ ကိုယ်တော် သည် မျက်နှာ တော်ကိုလွှဲ ၍ အဘယ်ကြောင့် အကျွန်ုပ် ကို ရန်သူ ကဲ့သို့ မှတ် တော်မူသနည်း။
Kial Vi kaŝas Vian vizaĝon Kaj rigardas min kiel Vian malamikon?
25 ၂၅ လေ တိုက်သော သစ်ရွက် ကို ချောက် လှန့်တော်မူမည် လော။ မြက် ခြောက် ကို မှီအောင်လိုက် တော်မူမည် လော။
Ĉu Vi volas montri Vian forton kontraŭ deŝirita folio? Kaj ĉu sekiĝintan pajleron Vi volas persekuti?
26 ၂၆ အကျွန်ုပ် ၌ ပြင်းစွာ သောအပြစ်တင်သော စကားကိုမှတ် ထားတော်မူ၏။ အကျွန်ုပ် အသက် ငယ်စဉ်တွင် ပြုမိသောအပြစ် ကြောင့် ယခုခံ စေတော်မူ၏။
Ĉar Vi skribas kontraŭ mi maldolĉaĵon Kaj venigas sur min la pekojn de mia juneco.
27 ၂၇ အကျွန်ုပ် ကိုထိတ်ခတ် လျက်၊ အကျွန်ုပ် ထွက်ရာ လမ်း ရှိသမျှ ကို စောင့် လျက်နေ၍ ၊ အကျွန်ုပ် ပတ်လည်၌ စည်း လုပ်တော်မူ၏။
Vi metis miajn piedojn en ŝtipon, Vi observas ĉiujn miajn vojojn, Kaj Vi observas la plandojn de miaj piedoj;
28 ၂၈ ထိုသို့ ခံရသောသူ သည် ဆွေးမြေ့ သောအရာကဲ့သို့ ၎င်း၊ ပိုးရွ ကိုက်စား သောအဝတ် ကဲ့သို့ ၎င်း အားလျော့ ပျက်ရပါ၏။
Dum mi ja disfalas kiel putraĵo, Kiel vesto dismanĝita de tineoj.

< ယောဘ 13 >